ပြည်တွင်းသတင်း

More +
သီးနှံပေါ်ချိန်တွင် ဈေးနှုန်းချိန်ညှိ၍ ရောင်းချနိုင်ရန်အတွက် သီးနှံသိုလှောင်ရုံတစ်ခုကို စီစဉ်ဆောင် ရွက်ပေးရန် တောင်းဆို

by စိုးချစ်ချစ်ပိုင်(AMIA)

သီးနှံပေါ်ချိန်တွင် ဈေးနှုန်းချိန်ညှိ၍ ရောင်းချနိုင်ရန်အတွက် သီးနှံသိုလှောင်ရုံတစ်ခုကို စီစဉ်ဆောင်ရွက်ပေး ရန် ဒီဇင်ဘာလ၁၄ ရက်နေ့ကပြုလုပ်သည့် ၂၂ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ(၁)နှင့် မြန်မာ့စီးပွား ရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က အသင်း၏ ကိုယ်စားတင်ပြခဲ့ သည်။

Read More
ဂျပန်မှ ပျားရည်ဝယ်ယူမှု များပြားနေသဖြင့် တစ်တန်လျှင် ကန်ဒေါ်လာ ၁၇၀၀ ထိရရှိနေ

by မှိုင်းဝေ(AMIA)

မြန်မာ့ပျားရည်အား ဂျပန်နိုင်ငံမှ တိုးမြှင့်ဝယ်ယူနေသဖြင့် လက်ရှိတွင် ပျားရည် တစ်တန်လျှင် အမေရိကန်ဒေါ် လာ ၁,၇၀၀ ခန့်အထိ ဈေးနှုန်းရရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ပျားလုပ်ငန်းရှင်များအသင်းမှ ဦးသက် ဇင်အောင်က ပြောသည်။

Read More
ပြည်တွင်းမွေးမြူရေးလုပ်ငန်း ၁၃ မျိုး၌ နိုင်ငံခြားသား ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြု

by သုသု(AMIA)

မြန်မာ့မွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် လွယ်ကူစေရေးအတွက် MIC နှင့် ညှိ နှိုင်း၍ ကန့်သတ်မှုများ ဖြေလျော့ပေးခဲ့ရာ မွေးမြူရေးလုပ်ငန်း ၁၃ မျိုး၌ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိ သည်။

Read More

ဈေးကွက်သုံးသပ်ချက်

More +
အိန္ဒိယပြည်တွင်း အခြေအနေများက ကမ္ဘာ့ပဲဈေးကွက်ကို ရိုက်ခတ်မည်

by ကနေဒါ၊ ဒီဇင်ဘာ ၁၄

ပဲအမျိုးမျိုးနှင့် ပတ်သက်လျှင် ကနေဒါနိုင်ငံ၏ ပဲ စိုက်ပျိုးထုတ်လုပ်မှု များပြားကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ကနေဒါနိုင်ငံရှိ Commodious Trading မှ ဒေးဗစ်နယူးမန်းက ပြောသည်။

Read More
ဆန်ဈေးကွက်

by ဘင်္ဂလား၊ အိန္ဒိယ

“ထိုင်းနဲ့ ဗီယက်နက်ဘက်က ဆန်တွေနဲ့ယှဉ်လိုက်ရင် အိန္ဒိယ ဆန်ဈေးက အများကြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါတယ်” လို့ အန်ဒရာပရာဒက် ပြည်နယ်အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

Read More
နိုင်ငံတကာ ဈေးကွက်သုံးသပ်ချက်

by ဘင်္ဂလား၊ အိန္ဒိယ

ဝယ်လိုအားနည်းနေတာရယ်၊ ရူပီးဈေးအားပျော့နေတာရယ်ကြောင့် အိန္ဒိယနိုင်ငံမှာတော့ တင်ပို့ ဆန်ဈေးဟာ ဒုတိယအပတ်မြောက် ဈေးဆက်ကျနေပြီး ထိုင်းနိုင်ငံရဲ့ဆန်ဈေးကတော့ ဆန်အ၀င်နည်းတဲ့ အတွက် တက်နေပြီး ဗီယက်နမ်ဆန်ဈေးဟာလည်း စာချုပ်အသစ်တွေ ထပ်ချုပ်လိုက်နိုင်တဲ့အတွက် ဈေးတက် လာပါတယ်။

Read More

နိုင်ငံတကာ သတင်း

More +
တရုတ်နိုင်ငံ၏ ဆန်မျိုးစိတ်အသစ် စံချိန်တင်အထွက်နှုန်းဖြင့် ထွက်ရှိ

by ပေကျင်း၊ ဒီဇင်ဘာ ၁၁

တရုတ်နိုင်ငံသည် ဒုတိယနှစ်အဖြစ် ဆန်အထွက်နှုန်း စံချိန်သစ်တင်လိုက် ပြန်သည်။ ယခုအခါတွင် ၁ ဟက်တာ (၂ဒသမ၄၇ ဧက)လျှင် ဆန်တန်ချိန် ၁၈ တန်ကျော် (တင်း ၇၀၀ ကျော်) ထွက်ရှိခဲ့သည်။ ဤသည်မှာ အိမ်နီး ချင်း ဂျပန်နိုင်ငံမှ အထွက်နှုန်းထက် ၃ ဆခန့် ပိုများသည်။

Read More
တရုတ် ဝယ်လိုအားကြောင့် မလေးရှားတွင် ဒူးရင်းပင်များ အများအပြား စိုက်ပျိုး

by ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၎

တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်မားလာသောကြောင့် မလေးရှားနိုင်ငံသည် ဒူးရင်းဧက ထောင်ပေါင်းများစွာ တိုး ချဲ့စိုက်ပျိုးလာရာ ဒူးရင်းသီးသည် နောင်တွင် မလေးရှားနိုင်ငံ၏ အဓိကပို့ကုန် ဖြစ်လာတော့မည် ဖြစ်သည်။

Read More
သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု လျော့ကျနိုင်

by နယူးဒေလီ၊ နိုဝင်ဘာ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကဲ့သို့သော အဓိကဈေးကွက်များမှ ဝယ်လိုအားကျလာခြင်း၊ ဆန်အတွက် အနိမ့်ဆုံးဈေး နှုန်း သတ်မှတ်ချက် ၁၃ ရာခိုင်နှုန် မြင့်လာခြင်းကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အိန္ဒိယနိုင်ငံ၏ ဆန် တင်ပို့မှုသည် ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာနိုင်ကြောင်း သိရသည်။

Read More

စိုက်ပျိုးရေး ပညာရပ်ဆောင်းပါး

More +
သီးနှံအရည်အသွေး မျိုးကောင်း၊ မျိုးသန့်၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်း မင်းဒင်နှင့် တွေ့ဆုံမေးမြန်းခြင်း။

by စိုးချစ်ချစ်ပိုင်(AMIA)

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးပို့ကုန်များမှာလည်း မြန်မာနိုင်ငံ၏ အဓိက ပို့ကုန် များထဲမှ တစ်ခုဖြစ်သည်။ အစိုးရကလည်း စိုက်ပျိုးရေးပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေး ပို့ ကုန်များကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထည့်သွင်းဆောင်ရွက်နေသည်။ စိုက်ပျိုးရေးထွက်ကုန်များ ပိုမို တင်ပို့နိုင်ရန်ဆိုလျှင် သီးနှံအရည်အသွေး ကောင်းရန်လိုသည်။ ထိုကဲ့သို့ သီးနှံအရည်အသွေး ကောင်းရန် ဆိုလျှင် မျိုးကောင်း၊ မျိုးသန့်များ ရှိရန်လိုသည်။ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ရှိရန်လိုအပ်သည်။

အရည်အသွေး မပြည့်မှီသ၍ မူဆယ်မှာ သောင်တင်နေဦးမည့် မြန်မာ့ကုန်စည်များ

by စိုးချစ်ချစ်ပိုင်(AMIA)

“ ကိုယ့်ဘက်က တရားဝင်၊ တရုတ်ဘက်မှာ မှောင်ခိုဖြစ်နေတာ ဆိုတော့လေ။ ကျွန်တော်တို့ဘက်က အရှုံးတွေ ချည်းပဲ ’’ ဟု ရင်ဖွင့်လာသူမှာ တရုတ်- မြန်မာ အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ခွာညှိသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းမင်းသူနိုင် ဖြစ်သည်။ ဤသည်မှာ တရုတ်သို့ ပို့ကုန်လုပ်ငန်းများ လုပ်နေသည့် မြန်မာကုန်သည်များ နှစ်ပေါင်းများစွာ ခေါင်းခဲနေရ သည့် ကိစ္စလည်း ဖြစ်သည်။

၂၀၁၂ လယ်ယာမြေဥပဒေနှင့် ပတ်သတ်၍ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောသတ္တုဝန်ကြီး ဦးမန်ဟင်းလ်ဒါးနှင့် တွေ့ဆုံမေးမြန်းခြင်း။

by ဖြိုးလွင်အောင်(AMIA)

၂၀၁၂ လယ်ယာမြေ ဥပဒေတွင်ပါရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် တိုင်းရင်း သားဒေသများရှိ ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလုပ်ကိုင်လာကြသည့် ဓားမဦးချ ရိုးရာမြေများကို လက်လွှတ်ဆုံး ရှုံးခံရမှုများ ဖြစ်ပေါ်နေသည့်အတွက် တိုင်းရင်းသားဒေသအချို့မှ အဆိုပါ ဥပဒေကို ဖြတ်သိမ်းပေးရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာမြေ စီမံခန့်ခွဲမှုကို အသိအမှတ်ပြု ထည့်သွင်းရေးဆွဲထားသည့် ဥပဒေအသစ်ကို ပြင်ဆင်ပြဌာန်းပေးရန် တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်နေကြပါသည်။

အာရှ ဆန်ကုန်သွယ်မှု၏ ပုံစံအပြောင်းအလဲ

by ဒါကာ။ ဘင်္ဂလားဒေ့ရှ်

ဈေးအပြောင်းအလဲဖြစ်စေတဲ့၂၀၀၇-၂၀၀၈ စီးပွားရေးပျက်ကပ်ဟာ ဆန်ထုတ်လုပ်တဲ့နိုင်ငံတွေရော၊ ဆန်ဝယ်ယူ စားသုံးနေတဲ့နိုင်ငံတွေရော အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒါကြောင့် အချိန်တိုတိုနဲ့ စားနပ်ရိက္ခာ လုံလောက် မှုရှိစေရေး ပေါ်လစီတွေချမှတ်၊ သုံးသပ်၊ ပြင်ဆင်တာတွေကို လုပ်လာကြပါတယ်။