Wednesday, November 14, 2018

လိုအပ်သည့်ပစ္စည်းများ

သစ်ရွက်ခြောက်၊ ကောက်ရိုးခြောက်                 -၂၀၀ - ၃၀၀ ကီလို

ဆွေးမြေ့ပြီး တိရိစ္ဆာန်စွန့်ပစ်ပစ္စည်း                  - ၃၀၀ - ၄၀၀ ကီလို

အော်ဂဲနစ် အကြွင်းအကျန်များ                        - ၇၀၀ - ၈၀၀ ကီလို

တီကောင်                                             - ၁၀၀၀၀

 

ပြုလုပ်ပုံအဆင့်ဆင့်

(၁) အကျယ် (၅) မီ အရှည် (၁၂)မီတာ အရိပ်အမိုးတစ်ခု ပြုလုပ်ပါ။

(၂) အမိုးအောက်မှာ တစ်မီတာအကျယ်(၁) မီတာအရှည် သစ်ရွက်ခြောက်၊ ကောက်ရိုးခြောက်(၆)လက်မ (၁၅) စင်တီ ခင်းပေးပါ။

(၃) ယင်းအပေါ်မှာ ဆွေးမြေ့ပြီး တိရိစ္ဆာန်စွန့်ပစ်ပစ္စည်း (သို့) ဇီဝဓာတ်ငွေ့လောင်စာ အသုံးပြုပြီး နွားချေးကို (၁၅) စင်တီထည့်ပါ။

(၄) အပုံခင်းကို ရေစွတ်စိုအောင်လောင်းပြီး (၄၈) နာရီအကြာထားပါ။

(၅) မွေးမြူမည့်တီကောင်ကို တစ်စတုရန်းမီတာလျှင် အကောင်(၁၀၀၀)နှုန်းဖြင့် ညီညာစွာဖြန့်ပေးပါ။

(၆) တီကောင်အပေါ်မှာ အော်ဂဲနစ် အပင်အကြွင်းအကျန်များကို (၂၀) စင်တီ (၈) လက်မအထိ ဖြန့်ခင်းပေး ပါ။(မြက်ဖြတ်အစို၊ ပေါင်းပင်များ၊ ငှက်ပျောပင်၊ စွန့်ပစ်ပစ္စည်းများ)

(၇) အပေါ်မှာ ဂုံနီစကို ဖုံးအုပ်ပေးပြီး အပုံစွတ်စိုသွားအောင် ရေဖျန်းပေးပါ။ နွေရာသီမှာတော့ တစ်နေ့ကို ရေ (၂) ကြိမ်လောင်းသင့်ပါတယ်။

(၈) ရက်ပေါင်း (၃၀)ကြာတဲ့အခါမှာ အပုံကိုလှည့်ပေးပြီးရင် ဂုံနီစနဲ့ပြန်အုပ်ကာ အစိုဓာတ်ရအောင်လုပ်ပေးပါ။

(၉) ရက်ပေါင်း ၆၅-၇၀ ကြာသောအခါမှာ အဆွေးပစ္စည်းအားလုံးဟာ မြေဆွေးအဖြစ်သို့ ပြောင်းလဲသွားတဲ့အတွက် Vermi – compost တီကောင်မြေဆွေးလို့ ပြောလို့ရပါပြီ။

(၁၀) မိမိတို့အနေနဲ့ နောက်ထပ် ဒုတိယအကြိမ် အပုံပြုလုပ်ရန်အစပြုမယ်ဆိုရင် ပထမထုတ်လုပ်တဲ့ အပုံကနေပြီး ပွားများလာတဲ့ တီကောင်နဲ့ ထုတ်လုပ်မှုကိုဆက်လုပ်နိုင်ပါတယ်။

တီကောင်မွေးမြူပြီး ရက်ပေါင်း ၆၅-၇၀ ရက် အတွင်းမှာ တီကောင်အဆ(၂၀-၂၅)အထိ ပွားများစေပါတယ်။ မြေဆွေးကို ဆန်ကာချပေးခြင်းဖြင့် မြေဆွေးနှင့် တီကောင်ကို သီးခြားခွဲထုတ်နိုင်ပါတယ်။

ယခုမွေးမြူသော တစ်မီတာ အကျယ်၊ အရှည်(၁၀)မီတာ အခင်း (၂)ပုံစာက (၃) လပြည့်တိုင်းမှာ တီကောင်မြေဆွေး တစ်တန် ထုတ်လုပ်ရရှိစေမှာ ဖြစ်ပါတယ်။

Source – မင်းဝင်းထိန်(B.Ag) ရေးသားတဲ့ အခြေခံအော်ဂဲနစ်လယ်ယာ စာအုပ်မှ ပြန်လည်ဖော်ထားခြင်းဖြစ်သည်။

 

Leave a comment