Sunday, December 16, 2018

ဓာတ္ပံု-Agricorner

အင္ဒိုနီးရွား

အင္ဒိုနီးရွားဘက္ကေန ဆန္အ၀ယ္လိုက္မယ့္ လကၡဏာေတြရွိေနတဲ့အတြက္ ဒီတစ္ပတ္မွာေတာ့ ထုိင္းနဲ႔ ဗီယက္နမ္ဆန္ေစ်းေတြ ေကာင္းေနၿပီး အိႏၵိယဆန္ေစ်းကလည္း ဘဂၤလားေဒ့ရွ္ဘက္က အ၀ယ္လိုက္ေနတဲ့ အတြက္ ေစ်းေကာင္းပါတယ္။

ကမာၻေပၚမွာ ဒုတိယေျမာက္ ဆန္အမ်ားဆံုး တင္သြင္းတဲ့ ႏုိင္ငံျဖစ္တဲ့ ထုိင္းႏုိင္ငံမွာေတာ့ ၅ မွတ္ ဆန္တစ္တန္ဟာ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၁၅ ကေန ၄၂၀ အထိ တက္လာခဲ႔ပါတယ္။ ၿပီးခဲ့တဲ့ အပတ္ကေတာ့ ဆန္ေစ်းက တစ္တန္မွာ အေမရိကန္ေဒၚလာ ၃၉၅ ေဒၚလာကေန ၄၁၀ ေဒၚလာ ရွိခဲ့ပါတယ္။

အင္ဒိုနီးရွားအစိုးရဟာ ဆန္တန္ခ်ိန္ ငါးသိန္းအထိ တင္သြင္းဖို႔ သယ္ယူပို႔ေဆာင္ေရး ေအဂ်င္စီ Bulog ကို ၿပီးခဲ့တဲ့ တနလၤာေန႔က တာ၀န္ေပးခဲ့ပါတယ္။ အဲဒီ ေအဂ်င္စီဟာ ထိုင္းႏုိင္ငံ၊ ဗီယက္နမ္ႏုိင္ငံနဲ႔ ပါကစၥတန္ႏုိင္ငံတုိ႔ကေန ဆန္၀ယ္ဖို႔ လုပ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

"အင္ဒိုနီးရွားနဲ႔ ဆန္တင္ပို႔ေရး စာခ်ဳပ္ခ်ဳပ္ႏုိင္မယ့္ အလားအလာေတြေၾကာင့္ ဆန္ေစ်းတက္သြားပါတယ္။ ဒါေပမယ့္ လာမယ့္အပတ္ ေလလံပြဲက်မွပဲ သူတို႔ တင္သြင္းမယ့္ ဆန္တန္ခ်ိန္ ငါးသိန္းထဲမွာ ထုိင္းႏိုင္ငံက ဆန္တန္ခ်ိန္ ဘယ္ေလာက္တင္ပို႔ႏုိင္မလဲဆုိတာ သိရမယ္"လုိ႔ ဘန္ေကာက္အေျခစိုက္ ကုန္သည္တစ္ဦးက ေျပာပါတယ္။

"အင္ဒိုနီးရွားကလြဲရင္ ဆန္ေစ်းက ၿငိမ္ေနတယ္။ လက္ရွိမွာ ဆန္၀ယ္ဖို႔ လာၿပီး ေဆြးေႏြးတာ မရွိေသးဘူး"လို႔ သူက ဆုိပါတယ္။


အိႏၵိယ

လက္ရွိမွာေတာ့ အိႏၵိယဆန္ေစ်းဟာလည္း ဘဂၤလားေဒ့ရွ္ဘက္က ဆန္အ၀ယ္လုိက္တဲ့အတြက္ ခုန္တက္ သြားပါတယ္။ ဘဂၤလားေဒ့ရွ္ဟာ ေရေဘးသင့္လို႔ သီးႏွံေတြ ပ်က္စီးခဲ့တဲ့အတြက္ ဆန္ေတြ အလံုးအရင္းနဲ႔ တင္သြင္းေနပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ဆန္တင္ပို႔မႈဟာ ၂၀၁၇ ခုႏွစ္မွာ ၂၂ ရာခုိင္ႏႈန္း ပမာဏအားျဖင့္ တန္ခ်ိန္ ၁၂ဒသမ၃ သန္း ျမင့္တက္ဖြယ္ရွိပါတယ္။

အိႏၵိယေစ်းကြက္မွာ ၅ မွတ္ဆန္တစ္တန္ကို အေမရိကန္ေဒၚလာ ၉ ေဒၚလာ တက္သြားတဲ့အတြက္ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၃၂ ကေန ၄၃၆ အထိ ရွိပါတယ္။ ဒါကလည္း ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားဘက္ကေန အ၀ယ္လုိက္လာႏုိင္တဲ့ အေနအထားေၾကာင့္လည္း ဒီလို တက္လာတယ္လို႔ ကုန္သည္ေတြက ဆုိပါတယ္။

"ဘဂၤလားေဒ့ရွ္ဘက္က အမ်ားအျပား၀ယ္ေနတယ္။ အခု ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားတို႔ဘက္ကေနလည္း ထပ္ၿပီး အ၀ယ္လိုက္မယ္လို႔ ခန္႔မွန္းေနၾကၿပီး ကုန္သည္ေတြက ေစ်းျမႇင့္လုိက္ၾကတယ္"လို႔ အန္ဒါရာ ပရာဒက္ရွ္အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

တင္ပို႔ရမယ့္ အလားအလာေတြရွိေနတဲ့ အတြက္ အိႏၵိယႏိုင္ငံရဲ႕ ဆန္စက္ေတြဟာ အမ်ားအျပား ၀ယ္ယူေနၿပီး ဆန္အ၀င္နည္းေနတဲ့အတြက္လည္း ဆန္ေစ်းတက္တာျဖစ္တယ္လို႔ အျခားကုန္သည္တစ္ဦးက ဆုိပါတယ္။


ဖိလစ္ပိုင္

ဖိလစ္ပိုင္ႏုိင္ငံဟာ ဆန္တန္ခ်ိန္ ႏွစ္သိန္းခြဲ တင္သြင္းဖို႔ စီစဥ္ေနတယ္လို႔ ဖိလစ္ပိုင္အစိုးရရဲ႕ ဆန္၀ယ္ယူေရး ေအဂ်င္စီက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ ေၾကညာခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံဘက္က အ၀ယ္လုိက္မွာရယ္၊ အင္ဒိုနီးရွားဘက္က အ၀ယ္လိုက္မွာရယ္ေၾကာင့္ ကုန္သည္ေတြဟာ လက္ရွိ ဆန္အ၀င္နည္းေနတဲ့အတြက္ စာခ်ဳပ္အသစ္ေတြ ထပ္မခ်ဳပ္ဘဲေနလို႔ အေရာင္းအ၀ယ္ နည္းေနတဲ့ ဗီယက္နမ္ ဆန္တင္ပို႔ေရး ေစ်းကြက္က လႈပ္ခတ္လာၿပီး ဆန္ေစ်းတက္လာပါတယ္။ စပါးေတြက လာမယ့္ေဖေဖာ္၀ါရီလမွ ရိတ္သိမ္းမွာ ျဖစ္ပါတယ္။

ဗီယက္နမ္

ဗီယက္နမ္ဆန္ေစ်းက ေတာ္ေတာ္တက္ေနၿပီး ငါးမွတ္ဆန္တစ္တန္ကို အေမရိကန္ေဒၚလာ ၄၂၀ ကေန ၄၃၀ အထိ ရွိတဲ့အတြက္ အေရာင္းအ၀ယ္မလုပ္ရဲေအာင္ျဖစ္ေနတယ္လို႔ ကုန္သည္ေတြက ဆုိပါတယ္။

"ဒါေတြက ေပါက္ေစ်းေတြပါ။ အခုလက္ရွိကလည္း ဆန္ေတြ မရွိေတာ့တဲ့အတြက္ စာခ်ဳပ္အသစ္ေတြ မခ်ဳပ္ရဲဘူး။ ဆန္ေတြကလည္း ေဖေဖာ္၀ါရီလကုန္၊ မတ္လဆန္းေလာက္မွာ အသစ္၀င္မွာ" လို႔ ဟိုခ်ီမင္းအေျခစိုက္ ကုန္သည္တစ္ဦးက ဆုိပါတယ္။

အစိုးရပိုင္ဆန္ကုမၸဏီေတြမွာေတာ့ ဆန္တန္ခ်ိန္ ႏွစ္သိန္းေလာက္ က်န္ေနေသးႏုိင္တယ္ဆိုေပမယ့္ အင္ဒိုနီးရွားနဲ႔ ဖိလစ္ပိုင္ဘက္က တင္ဒါေခၚတာကို ၀င္ၿပိဳင္ႏုိင္ေလာက္တဲ့ အေနအထား မရွိဘူးလို႔ အျခား ကုန္သည္တစ္ဦးက ဆိုပါတယ္။

ဘာသာျပန္-မင္းသူေအာင္(AMIA)

Source: Reuters

(Unicode)

အင်ဒိုနီးရှား

အင်ဒိုနီးရှားဘက်ကနေ ဆန်အဝယ်လိုက်မယ့် လက္ခဏာတွေရှိနေတဲ့အတွက် ဒီတစ်ပတ်မှာတော့ ထိုင်းနဲ့ ဗီယက်နမ်ဆန်စျေးတွေ ကောင်းနေပြီး အိန္ဒိယဆန်စျေးကလည်း ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်နေတဲ့ အတွက် စျေးကောင်းပါတယ်။

ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဆန်အများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ၅ မှတ် ဆန်တစ်တန်ဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၁၅ ကနေ ၄၂၀ အထိ တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဆန်စျေးက တစ်တန်မှာ အမေရိကန်ဒေါ်လာ ၃၉၅ ဒေါ်လာကနေ ၄၁၀ ဒေါ်လာ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ ဆန်တန်ချိန် ငါးသိန်းအထိ တင်သွင်းဖို့ သယ်ယူပို့ဆောင်ရေး အေဂျင်စီ Bulog ကို ပြီးခဲ့တဲ့ တနင်္လာနေ့က တာဝန်ပေးခဲ့ပါတယ်။ အဲဒီ အေဂျင်စီဟာ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ကနေ ဆန်ဝယ်ဖို့ လုပ်နေတယ်လို့ ပြောဆိုထားပါတယ်။

"အင်ဒိုနီးရှားနဲ့ ဆန်တင်ပို့ရေး စာချုပ်ချုပ်နိုင်မယ့် အလားအလာတွေကြောင့် ဆန်စျေးတက်သွားပါတယ်။ ဒါပေမယ့် လာမယ့်အပတ် လေလံပွဲကျမှပဲ သူတို့ တင်သွင်းမယ့် ဆန်တန်ချိန် ငါးသိန်းထဲမှာ ထိုင်းနိုင်ငံက ဆန်တန်ချိန် ဘယ်လောက်တင်ပို့နိုင်မလဲဆိုတာ သိရမယ်"လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

"အင်ဒိုနီးရှားကလွဲရင် ဆန်စျေးက ငြိမ်နေတယ်။ လက်ရှိမှာ ဆန်ဝယ်ဖို့ လာပြီး ဆွေးနွေးတာ မရှိသေးဘူး"လို့ သူက ဆိုပါတယ်။
အိန္ဒိယ

လက်ရှိမှာတော့ အိန္ဒိယဆန်စျေးဟာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်အဝယ်လိုက်တဲ့အတွက် ခုန်တက် သွားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ရေဘေးသင့်လို့ သီးနှံတွေ ပျက်စီးခဲ့တဲ့အတွက် ဆန်တွေ အလုံးအရင်းနဲ့ တင်သွင်းနေပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၇ ခုနှစ်မှာ ၂၂ ရာခိုင်နှုန်း ပမာဏအားဖြင့် တန်ချိန် ၁၂ဒသမ၃ သန်း မြင့်တက်ဖွယ်ရှိပါတယ်။

အိန္ဒိယစျေးကွက်မှာ ၅ မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၉ ဒေါ်လာ တက်သွားတဲ့အတွက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၃၂ ကနေ ၄၃၆ အထိ ရှိပါတယ်။ ဒါကလည်း ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားဘက်ကနေ အဝယ်လိုက်လာနိုင်တဲ့ အနေအထားကြောင့်လည်း ဒီလို တက်လာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်က အများအပြားဝယ်နေတယ်။ အခု ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ဘက်ကနေလည်း ထပ်ပြီး အဝယ်လိုက်မယ်လို့ ခန့်မှန်းနေကြပြီး ကုန်သည်တွေက စျေးမြှင့်လိုက်ကြတယ်"လို့ အန်ဒါရာ ပရာဒက်ရှ်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

တင်ပို့ရမယ့် အလားအလာတွေရှိနေတဲ့ အတွက် အိန္ဒိယနိုင်ငံရဲ့ ဆန်စက်တွေဟာ အများအပြား ၀ယ်ယူနေပြီး ဆန်အဝင်နည်းနေတဲ့အတွက်လည်း ဆန်စျေးတက်တာဖြစ်တယ်လို့ အခြားကုန်သည်တစ်ဦးက ဆိုပါတယ်။
ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံဟာ ဆန်တန်ချိန် နှစ်သိန်းခွဲ တင်သွင်းဖို့ စီစဉ်နေတယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ ဆန်ဝယ်ယူရေး အေဂျင်စီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဘက်က အဝယ်လိုက်မှာရယ်၊ အင်ဒိုနီးရှားဘက်က အဝယ်လိုက်မှာရယ်ကြောင့် ကုန်သည်တွေဟာ လက်ရှိ ဆန်အဝင်နည်းနေတဲ့အတွက် စာချုပ်အသစ်တွေ ထပ်မချုပ်ဘဲနေလို့ အရောင်းအဝယ် နည်းနေတဲ့ ဗီယက်နမ် ဆန်တင်ပို့ရေး စျေးကွက်က လှုပ်ခတ်လာပြီး ဆန်စျေးတက်လာပါတယ်။ စပါးတွေက လာမယ့်ဖေဖော်ဝါရီလမှ ရိတ်သိမ်းမှာ ဖြစ်ပါတယ်။
ဗီယက်နမ်

ဗီယက်နမ်ဆန်စျေးက တော်တော်တက်နေပြီး ငါးမှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၂၀ ကနေ ၄၃၀ အထိ ရှိတဲ့အတွက် အရောင်းအဝယ်မလုပ်ရဲအောင်ဖြစ်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

"ဒါတွေက ပေါက်စျေးတွေပါ။ အခုလက်ရှိကလည်း ဆန်တွေ မရှိတော့တဲ့အတွက် စာချုပ်အသစ်တွေ မချုပ်ရဲဘူး။ ဆန်တွေကလည်း ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းလောက်မှာ အသစ်ဝင်မှာ" လို့ ဟိုချီမင်းအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

အစိုးရပိုင်ဆန်ကုမ္ပဏီတွေမှာတော့ ဆန်တန်ချိန် နှစ်သိန်းလောက် ကျန်နေသေးနိုင်တယ်ဆိုပေမယ့် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဘက်က တင်ဒါခေါ်တာကို ၀င်ပြိုင်နိုင်လောက်တဲ့ အနေအထား မရှိဘူးလို့ အခြား ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဘာသာပြန်-မင်းသူအောင်(AMIA)

Source: Reuters

Leave a comment