Sunday, December 16, 2018
ဓာတ္ပံု-Business Recorder
အာရှနဲ့ အာဖရိကကနေ ဆန်အ၀ယ်လိုက်လာတဲ့အတွက် အိန္ဒိယမှာ ဆန်ဈေးတွေဟာ ခြောက်နှစ်ခွဲ အတွင်း အမြင့်ဆုံးတက်သွားခဲ့ပါတယ်။ အဲဒီလိုပါပဲ အင်ဒိုနီးရှားနိုင်ငံဘက်က အ၀ယ်လိုက်လာတဲ့ အတွက် ထိုင်းနဲ့ ဗီယက်နမ်ဈေးကွက်မှာလည်း ဆန်ဈေးတက်နေပါတယ်။
အိန္ဒိယ
အိန္ဒိယနိုင်ငံမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကနေ ဆန်ဝယ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆန်ဈေးတွေ တက်နေပါတယ်။
“ဆန်ဈေးတွေက ခုန်တက်သွားတယ်။ ဈေးမြင့်နေတာတောင် ကုန်သည်တွေက ဆန်ဝယ်နေကြတုန်းပဲ။ ဆန်ဈေးနောက်ထပ်တက်သွားမှာကို သူတို့က စိုးရိမ်နေတာ”လို့ အိန္ဒိယတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ အမ် အဒီရှန်ကာ က ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ဆန်ဟာ တစ်တန်ကို ၁၂ ဒေါ်လာနှုန်း တက်သွားတဲ့အတွက် အခုအခါမှာ ဆန်တစ်တန်ဈေးဟာ အမေရိကန်ဒေါ်လာ ၄၄၄ ကနေ ၄၄၈ ဒေါ်လာ ရှိနေပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာကစလို့ အမြင့်ဆုံး ဈေးတက်သွားတာပါ။
ဆန်တင်ပို့နေတဲ့ နိုင်ငံတွေမှာ ဈေးကွက်ထဲ ဆန်အ၀င်များပြားလွန်းနေပေမယ့် ဈေးကွက်ဖြုန်းအား ကောင်းနေတာကြောင့် လာမယ့် အပတ်တွေမှာ တစ်တန်ကို ၁၀ ဒေါ်လာကနေ ၁၅ ဒေါ်လာအထိ တက်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်
ဗီယက်နမ်
ထိုင်း
ထိုင်းနိုင်ငံရဲ့ ဆန်းဈေးကွက်ကတော့ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၁၅ ကနေ ၄၂၀ ဒေါ်လာလောက်သာရှိခဲ့တဲ့ ငါးမှတ်ဆန်ဟာ ဒီအပတ်မှာတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၄၀ ကနေ ၄၄၈ ဒေါ်လာ အထိရှိလာပါတယ်။
Source: Reuters
(Unicode)
အာရှနဲ့ အာဖရိကကနေ ဆန်အဝယ်လိုက်လာတဲ့အတွက် အိန္ဒိယမှာ ဆန်စျေးတွေဟာ ခြောက်နှစ်ခွဲ အတွင်း အမြင့်ဆုံးတက်သွားခဲ့ပါတယ်။ အဲဒီလိုပါပဲ အင်ဒိုနီးရှားနိုင်ငံဘက်က အဝယ်လိုက်လာတဲ့ အတွက် ထိုင်းနဲ့ ဗီယက်နမ်စျေးကွက်မှာလည်း ဆန်စျေးတက်နေပါတယ်။
အိန္ဒိယ
အိန္ဒိယနိုင်ငံမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကနေ ဆန်ဝယ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆန်စျေးတွေ တက်နေပါတယ်။
အင်ဒိုနီးရှားရဲ့ စားနပ်ရိက္ခာဝယ်ယူရေး အေဂျင်စီဟာ ဆန်တန်ချိန် ၃၄၆၀၀၀ ကို ၀ယ်ယူဖို့ ပြီးခဲ့တဲ့ အပတ်က တင်ဒါခေါ်ခဲ့ပြီး ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့ကနေ ၀ယ်ယူနိုင်တဲ့ အလားအလာ တွေရှိနေပါတယ်။
“ဆန်စျေးတွေက ခုန်တက်သွားတယ်။ စျေးမြင့်နေတာတောင် ကုန်သည်တွေက ဆန်ဝယ်နေကြတုန်းပဲ။ ဆန်စျေးနောက်ထပ်တက်သွားမှာကို သူတို့က စိုးရိမ်နေတာ”လို့ အိန္ဒိယတောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သူ အမ် အဒီရှန်ကာ က ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ဆန်ဟာ တစ်တန်ကို ၁၂ ဒေါ်လာနှုန်း တက်သွားတဲ့အတွက် အခုအခါမှာ ဆန်တစ်တန်စျေးဟာ အမေရိကန်ဒေါ်လာ ၄၄၄ ကနေ ၄၄၈ ဒေါ်လာ ရှိနေပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ် စက်တင်ဘာကစလို့ အမြင့်ဆုံး စျေးတက်သွားတာပါ။
“စျေးကွက်မျာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က ဆန်တွေ ၀ယ်မယ်လို့ ခန့်မှန်းထားတယ်။ ဘင်္ဂလား ဒေ့ရှ်နဲ့ အာဖရိက နိုင်ငံတွေကတော့ ဆန်တွေ ၀ယ်နေကြတယ်”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ဆန်တင်ပို့နေတဲ့ နိုင်ငံတွေမှာ စျေးကွက်ထဲ ဆန်အဝင်များပြားလွန်းနေပေမယ့် စျေးကွက်ဖြုန်းအား ကောင်းနေတာကြောင့် လာမယ့် အပတ်တွေမှာ တစ်တန်ကို ၁၀ ဒေါ်လာကနေ ၁၅ ဒေါ်လာအထိ တက်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဆန်တွေအများကြီး ၀ယ်ယူခဲ့ပြီး ဒီနှစ်မှာလည်း ပေါင်းဆန် တန်ချိန် တစ်သိန်း ၀ယ်ယူဖို့ အတည်ပြုထားတယ်လို့ စားနပ်ရိက္ခာဝန်ကြီးဌာန တာဝန်ရှိသူက ကြာသပတေးနေ့ တုန်းက ပြောခဲ့ပါတယ်။ တင်ဒါအောင်တဲ့လူက အိန္ဒိယနိုင်ငံကနေ ဆန်တွေကို ၀ယ်ယူတင်သွင်းရမှာဖြစ်တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
ဗီယက်နမ်
ဗီယက်နမ်စျေးကွက်မှာတော့ ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၄၅၀ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၄၂၀ ကနေ ၄၃၀ အထိသာ ရှိခဲ့ပါတယ်။
ဆန်စျေးတွေတက်နေပေမယ့် ဆန်းထုတ်ရောင်းနေတဲ့လူတွေဟာ လက်ထဲမှာ ဆန်နည်းနေတဲ့ အတွက် ဆန်တွေကို ထုတ်ရောင်းလိုတဲ့အနေအထားမရှိပါဘူး။ ဗီယက်နမ်မှာ လာမယ့် ဖေဖော်ဝါရီလကုန် မတ်လဆန်းလောက်မှ စပါးပေါ်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆန်တန်ချိန် နှစ်သိန်းခွဲ တင်သွင်းဖို့ စီစဉ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ ဆန်တင်ပို့ရေး စာချုပ်တွေ ချုပ်ဆိုနိုင်အောင် ကြိုးစားနေပါတယ်။
ထိုင်း
ထိုင်းနိုင်ငံရဲ့ ဆန်းစျေးကွက်ကတော့ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၁၅ ကနေ ၄၂၀ ဒေါ်လာလောက်သာရှိခဲ့တဲ့ ငါးမှတ်ဆန်ဟာ ဒီအပတ်မှာတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၄၀ ကနေ ၄၄၈ ဒေါ်လာ အထိရှိလာပါတယ်။
“အင်ဒိုနီးရှားနိုင်ငံဟာ ထိုင်းနိုင်ငံကတော့ ဆန်တန်ချိန် တစ်သိန်းနှစ်သောင်းလောက် ၀ယ်ယူခဲ့ပါ တယ်။ နောက်ထပ် တန်ချိန် တစ်သိန်းခွဲလောက် တင်သွင်းဖို့ ဆွေးနွေးနေတာရှိပါတယ်” လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။
“ဆန်စျေးတက်ခြင်းရဲ့ အဓိက အကြောင်းရင်းကလည်း ဒါပါပဲ။ အခြားသော ဆွေးနွေးမှုတွေကတော့ လက်ရှိမှာ မရှိသေးပါဘူး။ ဆန်အဝင်ကလည်း ပုံမှန်ပါပဲ”လို့ သူက ဆိုပါတယ်။
ဘာသာပြန်-မင်းသူအောင်(AMIA)
Source: Reuters
Leave a comment