Sunday, December 16, 2018

ဓာတ္ပံု-Delta Farm Press

အိႏၵိယ

ကမာၻေပၚမွာ ဆန္တင္ပို႔မႈ အမ်ားဆံုးျဖစ္တဲ့ အိႏၵိယႏုိင္ငံရဲ႕ဆန္ေစ်းဟာ ျပည္ပကေန ၀ယ္လိုအား မ်ားျပားလြန္းေနၿပီး ျပည္တြင္းမွာ ဆန္အ၀င္နည္းေနတာေၾကာင့္ ႐ူပီးေစ်းေတြ ေကာင္းေနတဲ့ၾကားမွာပဲ ေျခာက္ႏွစ္ခြဲအတြင္းမွာ အျမင့္ဆံုးေစ်းအထိ တက္သြားခဲ့ပါတယ္။

“အာရွနဲ႔ အာဖရိက ၀ယ္လက္ေတြကေန ဆန္၀ယ္ဖို႔ ေမးျမန္းတာေတြရွိတယ္။ ဒါေပမယ့္ လက္ရွိမွာ ဆန္အ၀င္ကနည္းေနတယ္။ ႐ူပီးေစ်းတက္တာေၾကာင့္လည္း ဆန္ေစ်းေတြက လိုက္တက္ေနတယ္” လု႔ိ အန္ဒရာ ပရာဒက္ရွ္က ဆန္ကုန္သည္တစ္ဦးက ဆုိပါတယ္။

အိႏၵိယရဲ႕ ငါးမွတ္ဆန္တစ္တန္ဟာ အေမရိကန္ေဒၚလာ ၃ ေဒၚလာတက္သြားတဲ့အတြက္ တစ္တန္ကို ၄၄၇ေဒၚလာကေန ၄၅၁ ေဒၚလာအထိရွိေနပါတယ္။ ဒါဟာ ၂၀၁၁ ခုႏွစ္ကစလို ေလးႏွစ္အတြင္းမွာ အျမင့္ဆံုးတက္သြားတာလည္း ျဖစ္ပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ႐ူပီးေစ်းဟာလည္း ၃၂ လအတြင္းမွာ အျမင့္ဆံုးအထိ တက္ေနတာေၾကာင့္ ဆန္ေစ်း တက္ေပမယ့္ ကုန္သည္ေတြအတြက္ သိပ္မက်န္ဘူးလို႔ ဆိုပါတယ္။

အိႏၵိယႏုိင္ငံရဲ႕ ဆန္တင္ပို႔မႈဟာ ၂၀၁၇ ခုႏွစ္မွာ ၂၂ ရာခိုင္ႏႈန္းအထိျမင့္တက္ခဲ့ၿပီး ပမာဏအားျဖင့္ တန္ခ်ိန္ ၁၂ဒသမ၃ သန္း ရွိတင္ပို႔ႏုိင္ခဲပါတယ္။ ဒါဟာလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္က အ၀ယ္လိုက္ လာတဲ့အတြက္ ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ုႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္က ေရႀကီးလို သီးႏွံေတြ ပ်က္စီးခဲ့တဲ့ အတြက္ ဆန္ေတြ အမ်ားအျပား တင္သြင္းေနရပါတယ္။

ဘဂၤလားေဒ့ရွ္

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံဟာ ထိုင္းႏုိင္ငံကေန ဆန္တန္ခ်ိန္ တစ္သိန္းခြဲ တင္သြင္းမယ့္ အစီအစဥ္ကို ပယ္ဖ်က္လိုက္ၿပီလုိ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ ဆန္၀ယ္ယူေရးဌာနအ ႀကီးအကဲက ေျပာပါတယ္။ ထိုင္းႏုိင္ငံကေန ဆန္တန္ခ်ိန္ တစ္သိန္းကို တစ္တန္ အေမရိကန္ေဒၚလာ ၄၆၅ ေဒၚလာနဲ႔ ၀ယ္ယူဖို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလက သေဘာတူထားပါတယ္။

ထိုင္း

ထိုင္းႏုိင္ငံမွာေတာ့ ငါးမွတ္ဆန္တစ္တန္ဟာ အေမရိကန္ေဒၚလာ ၄၄၃ ကေန ၄၄၆ ေဒၚလာရွိပါတယ္။ ၿပီးခဲ့တဲ့အပတ္ကေတာ့ အေမရိကန္ေဒၚလာ ၄၄၀ကေန ၄၄၈ ေဒၚလာပဲ ရွိခဲ့ပါတယ္။

ထိုင္းႏုိင္ငံရဲ႕ ဆန္တင္ပို႔သူမ်ားအသင္းကေတာ့ ဆန္တင္ပို႔မႈကို ကာကြယ္ဖို႔အတြက္ ဘတ္ေငြ ေစ်းတက္ေန တာေတြကို ထိန္းညွိေပးဖို႔ အစိုးရကို တိုက္တြန္းထားပါတယ္။ ဘတ္ေငြေစ်း ဟာ ေလးႏွစ္အတြင္းမွာ အျမင့္ဆံုးတက္ေနတာလည္းျဖစ္ပါတယ္။

ဘတ္ေငြေစ်းတက္ရင္ အေမရိကန္ေဒၚလာနဲ႔ တန္ဖိုးျဖတ္တင္ပို႔ေနတဲ့ ဆန္ေစ်းကိုလည္း ျမွင့္ရမွာ ျဖစ္တာေၾကာင့္ ဘတ္ေငြေစ်းတက္မွာကို ကုန္သည္ေတြက စိုးရိမ္ေနၾကပါတယ္။ ၿပီးေတာ့ ကမာၻ႕ ဆန္ေစ်းကြက္မွာ ထိုင္းဆန္ေတြရဲ႕ ယွဥ္ၿပိဳင္ႏုိင္စြမ္းကို ထိခိုက္မွာ စိုးရိမ္ေနၾကပါတယ္။

“အကုန္လံုးက ေငြလဲလွယ္ႏႈန္းအေပၚမွာ မီွခိုေနတယ္။ ကၽြန္ေတာ္လုပ္ငန္းေတြဆို ၿငိမ္ေနတယ္။ ကၽြန္ေတာ့္ေဖာက္သည္ေတြက ထုိင္းဆန္ေစ်းက အရမ္းႀကီးလြန္းတယ္လို႔ ေျပာၾက တယ္"လို႔ ဘန္ေကာက္ အေျခစိုက္ ကုန္သည္တစ္ဦးက ေျပာပါတယ္။

ဗီယက္နမ္

ဗီယက္နမ္ႏုိင္ငံမွာေတာ့ ဆန္လက္က်န္ကုန္ေနတဲ့အတြက္ ငါးမွတ္ဆန္ေစ်းႏႈန္းဟာ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၄၀ ကေန ၄၅၀ အထိ ရွိေနပါတယ္။ ၿပီးခဲ့တဲ့အပတ္က တစ္တန္ကို အေမရိကန္ ေဒၚလာ ၄၅၀ ၀န္းက်င္ရွိခဲ့တာေတာင္ အဲဒီေစ်းဟာ သံုးႏွစ္အတြင္း အျမင့္ဆံုးေစ်းျဖစ္ပါတယ္။

ကုန္သည္ေတြကေတာ့ အင္ဒိုနီးရွားႏုိင္ငံက ၀ယ္လက္ေတြကို ေရာင္းခ်ဖို႔ ဆန္လုံလံုေလာက္ ေလာက္ရွိတယ္လုိ႔ေျပာၾကပါတယ္။ အင္ဒိုနီးရွားႏုိင္ငံဟာ ဗီယက္နမ္ႏုိင္ငံ အပါအ၀င္ ႏုိင္ငံေလး ႏုိင္ငံကေန ဆန္တန္ခ်ိန္ ၃၄၆၀၀၀ ၀ယ္ယူတင္သြင္းသြားမွာျဖစ္ပါတယ္။

ဆန္ေတြ အသစ္၀င္လာမယ့္ ေဖေဖာ္၀ါရီလကုန္ရင္ေတာ့ ဆန္ေစ်းေတြ က်လိမ့္မယ္လုိ႔ ကုန္သည္ ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။

“ဆန္ေစ်းေတြ က်ႏုိင္တယ္။ ဒါေပမယ့္ ဒါဟာလည္း အဲဒီအခ်ိန္မွာ ၀ယ္လိုအားအေပၚ မူတည္တယ္” လို႔ ဟိုခ်ီမင္း အေျခစိုက္ ကုန္သည္တစ္ဦးက ေျပာပါတယ္။

တျခားကုန္သည္တစ္ဦးကေတာ့ အခုလက္ရွိမွာ စပါးစိုက္ဧကေပါင္း ၃၇၀၆၀၀ကို ရိတ္သိမ္းၿပီးၿပီျဖစ္ တယ္လို႔ ဆိုပါတယ္။ အဲဒီပမာဏဟာ ႏုိင္ငံရဲ႕ စပါးစိုက္ဧက ၁ ဒသမ ၆၅ သန္းနဲ႔ ယွဥ္လိုက္နည္း အနည္းငယ္ပဲရွိပါေသးတယ္။

ဘာသာျပန္-မင္းသူေအာင္(AMIA)

Source: Reuters

(Unicode)

အိန္ဒိယ

ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ဆန်စျေးဟာ ပြည်ပကနေ ၀ယ်လိုအား များပြားလွန်းနေပြီး ပြည်တွင်းမှာ ဆန်အဝင်နည်းနေတာကြောင့် ရူပီးစျေးတွေ ကောင်းနေတဲ့ကြားမှာပဲ ခြောက်နှစ်ခွဲအတွင်းမှာ အမြင့်ဆုံးစျေးအထိ တက်သွားခဲ့ပါတယ်။

“အာရှနဲ့ အာဖရိက ၀ယ်လက်တွေကနေ ဆန်ဝယ်ဖို့ မေးမြန်းတာတွေရှိတယ်။ ဒါပေမယ့် လက်ရှိမှာ ဆန်အဝင်ကနည်းနေတယ်။ ရူပီးစျေးတက်တာကြောင့်လည်း ဆန်စျေးတွေက လိုက်တက်နေတယ်” လို့ အန်ဒရာ ပရာဒက်ရှ်က ဆန်ကုန်သည်တစ်ဦးက ဆိုပါတယ်။

အိန္ဒိယရဲ့ ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာတက်သွားတဲ့အတွက် တစ်တန်ကို ၄၄၇ဒေါ်လာကနေ ၄၅၁ ဒေါ်လာအထိရှိနေပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်ကစလို လေးနှစ်အတွင်းမှာ အမြင့်ဆုံးတက်သွားတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရူပီးစျေးဟာလည်း ၃၂ လအတွင်းမှာ အမြင့်ဆုံးအထိ တက်နေတာကြောင့် ဆန်စျေး တက်ပေမယ့် ကုန်သည်တွေအတွက် သိပ်မကျန်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ၂၀၁၇ ခုနှစ်မှာ ၂၂ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၁၂ဒသမ၃ သန်း ရှိတင်ပို့နိုင်ခဲပါတယ်။ ဒါဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အဝယ်လိုက် လာတဲ့အတွက် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ုနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ရေကြီးလို သီးနှံတွေ ပျက်စီးခဲ့တဲ့ အတွက် ဆန်တွေ အများအပြား တင်သွင်းနေရပါတယ်။
ဘင်္ဂလားဒေ့ရှ်

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် တစ်သိန်းခွဲ တင်သွင်းမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်ဝယ်ယူရေးဌာနအ ကြီးအကဲက ပြောပါတယ်။ ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် တစ်သိန်းကို တစ်တန် အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာနဲ့ ၀ယ်ယူဖို့ ပြီးခဲ့တဲ့အောက်တိုဘာလက သဘောတူထားပါတယ်။
ထိုင်း

ထိုင်းနိုင်ငံမှာတော့ ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၄၄၃ ကနေ ၄၄၆ ဒေါ်လာရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ အမေရိကန်ဒေါ်လာ ၄၄၀ကနေ ၄၄၈ ဒေါ်လာပဲ ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့သူများအသင်းကတော့ ဆန်တင်ပို့မှုကို ကာကွယ်ဖို့အတွက် ဘတ်ငွေ စျေးတက်နေ တာတွေကို ထိန်းညှိပေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။ ဘတ်ငွေစျေး ဟာ လေးနှစ်အတွင်းမှာ အမြင့်ဆုံးတက်နေတာလည်းဖြစ်ပါတယ်။

ဘတ်ငွေစျေးတက်ရင် အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးဖြတ်တင်ပို့နေတဲ့ ဆန်စျေးကိုလည်း မြှင့်ရမှာ ဖြစ်တာကြောင့် ဘတ်ငွေစျေးတက်မှာကို ကုန်သည်တွေက စိုးရိမ်နေကြပါတယ်။ ပြီးတော့ ကမ္ဘာ့ ဆန်စျေးကွက်မှာ ထိုင်းဆန်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။

“အကုန်လုံးက ငွေလဲလှယ်နှုန်းအပေါ်မှာ မှီခိုနေတယ်။ ကျွန်တော်လုပ်ငန်းတွေဆို ငြိမ်နေတယ်။ ကျွန်တော့်ဖောက်သည်တွေက ထိုင်းဆန်စျေးက အရမ်းကြီးလွန်းတယ်လို့ ပြောကြ တယ်"လို့ ဘန်ကောက် အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။
ဗီယက်နမ်

ဗီယက်နမ်နိုင်ငံမှာတော့ ဆန်လက်ကျန်ကုန်နေတဲ့အတွက် ငါးမှတ်ဆန်စျေးနှုန်းဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၄၀ ကနေ ၄၅၀ အထိ ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၅၀ ၀န်းကျင်ရှိခဲ့တာတောင် အဲဒီစျေးဟာ သုံးနှစ်အတွင်း အမြင့်ဆုံးစျေးဖြစ်ပါတယ်။

ကုန်သည်တွေကတော့ အင်ဒိုနီးရှားနိုင်ငံက ၀ယ်လက်တွေကို ရောင်းချဖို့ ဆန်လုံလုံလောက် လောက်ရှိတယ်လို့ပြောကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ဗီယက်နမ်နိုင်ငံ အပါအဝင် နိုင်ငံလေး နိုင်ငံကနေ ဆန်တန်ချိန် ၃၄၆၀၀၀ ၀ယ်ယူတင်သွင်းသွားမှာဖြစ်ပါတယ်။

ဆန်တွေ အသစ်ဝင်လာမယ့် ဖေဖော်ဝါရီလကုန်ရင်တော့ ဆန်စျေးတွေ ကျလိမ့်မယ်လို့ ကုန်သည် တွေက မျှော်လင့်နေကြပါတယ်။

“ဆန်စျေးတွေ ကျနိုင်တယ်။ ဒါပေမယ့် ဒါဟာလည်း အဲဒီအချိန်မှာ ၀ယ်လိုအားအပေါ် မူတည်တယ်” လို့ ဟိုချီမင်း အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

တခြားကုန်သည်တစ်ဦးကတော့ အခုလက်ရှိမှာ စပါးစိုက်ဧကပေါင်း ၃၇၀၆၀၀ကို ရိတ်သိမ်းပြီးပြီဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ နိုင်ငံရဲ့ စပါးစိုက်ဧက ၁ ဒသမ ၆၅ သန်းနဲ့ ယှဉ်လိုက်နည်း အနည်းငယ်ပဲရှိပါသေးတယ်။

ဘာသာပြန်-မင်းသူအောင်(AMIA)

Source: Reuters

Leave a comment