Tuesday, May 21, 2019

ဓာတ္ပံု-Bangkok Post

ထိုင္းႏုိင္ငံနဲ႔ ဆန္၀ယ္ယူေရးစာခ်ဳပ္ခ်ဳပ္ရာမွာ ထိုင္းႏုိင္ငံဘက္က ၾကန္႔ၾကာေနတဲ့အတြက္ ဘဂၤလား ေဒ့ရွ္ႏုိင္ငံဟာ ထုိင္းဘက္ကေန ဆန္၀ယ္မယ့္အစီအစဥ္ကို ပယ္ဖ်က္လိုက္ပါတယ္။ ျပည္ပကသိပ္ အ၀ယ္မလိုက္ တဲ့အတြက္ အိႏၵိယႏုိင္ငံနဲ႔ ထုိင္းႏိုင္ငံမွာေတာ့ ဒီတစ္ပတ္မွာ ဆန္ေစ်းေတြက်ေနပါ တယ္။

ေရႀကီးလို႔ သီးႏွံေတြပ်က္စီးကုန္တဲ့အတြက္ ဆန္အမ်ားအျပားတင္သြင္းေနရတဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံဟာ ထုိင္းႏိုင္ငံကေန ဆန္တန္ခ်ိန္ တစ္သန္းခြဲကို တစ္တန္ အေမရိကန္ေဒၚလာ ၄၆၅ နဲ႔ တင္သြင္းဖို႔ ေအာက္တို ဘာလကတည္းက စီစဥ္ထားတာပါ။

“သူတုိ႔က စာခ်ဳပ္ကို အၿပီးသတ္ဖို႔ က်န္႔ၾကာေနတဲ့အတြက္ ကၽြန္ေတာ္တုိ႔က ပယ္ဖ်က္လိုက္ရပါတယ္။ ကၽြန္ေတာ္တုိ႔အခု အိႏၵိယဘက္ကေနလည္း ၀ယ္လုိ႔ရေနပါတယ္။ ေဒသတြင္းမွာ ၀ယ္ယူေရး အစီအစဥ္ကလည္း ေကာင္းမြန္ေနပါတယ္”ဟု ဆန္၀ယ္ယူေရးအႀကီးအကဲ ဘဂၢ႐ူ ဟာဆန္က ေျပာပါ တယ္။

အိႏၵိယမွာေတာ့ ငါးမွန္ဆန္တစ္တန္ဟာ အေမရိကန္ေဒၚလာ ၁၂ ေဒၚလာ က်သြားတဲ့အတြက္ အခုအခါမွာ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၂၀ ကေန ၄၂၄ အထိသာရွိပါေတာ့တယ္။ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းကေတာ့ အိႏၵိယဆန္ေစ်းဟာ ၂၀၁၁ ခုႏွကေန အခုအခ်ိန္အထိ အျမင့္ဆံုးကို ေရာက္ခဲ့ပါတယ္။

“အ၀ယ္သိပ္မလိုက္ဘူး။ ၀ယ္မယ့္လူေတြကလည္း ေနာက္ထပ္ေစ်းက်မွာကို ေမွ်ာ္လင့္ၿပီးေတာ့ ၀ယ္ မယ့္ အစီအစဥ္ေတြကို ေရႊ႕ဆိုင္းတာေတြရွိေနပါတယ္”လို႔ အန္ဒရာ ပရာဒက္ရွ္အေျခစုိက္ ကုန္သည္ တစ္ဦးက ေျပာပါတယ္။

အိႏၵိယႏုိင္ငံဟာ ဧၿပီလကေန ဒီဇင္ဘာလအထိ ဆန္ေမႊးမဟုတ္တဲ့ ဆန္တင္ပို႔မႈဟာ အရင္ႏွစ္ ကာလတူထက္ ၃၉ ဒသမ ၅ ရာခုိင္ႏႈန္း တက္လာခဲ့ၿပီး စုစုေပါင္း ပမာဏ တန္ခ်ိန္ ၆ ဒသမ ၂၄ သန္း တိုးတက္လာခဲ့တယ္လို႔ အစိုးရက ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ထိုင္းႏုိင္ငံရဲ႕ ငါးမွန္ဆန္တစ္တန္ဟာေတာ့ ၿပီးခဲ့တဲ့အပတ္က အေမရိကန္ေဒၚလာ ၄၂၀-၄၃၀ ရွိေနရာက အခုအပတ္မွာေတာ့ အေမရိကန္ေဒၚလာ ၄၀၀-၄၁၉ အထိ က်သြားခဲ့ပါတယ္။

“ဆန္တင္ပို႔တဲ့ ကုန္သည္ေတြက အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ အီရန္နဲ႔ တ႐ုတ္လို ေစ်းကြက္အႀကီးႀကီး ေတြကို ေစာင့္ေနၾကပါတယ္။ ဒါေပမယ့္ အခုအထိေတာ့ ကမ္းလွမ္းလာတာ မရွိေသးပါဘူး”လို႔ ဘန္ေကာက္ အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

“ဒီတစ္ပတ္မွာ ေစ်းက အေျပာင္းအလဲမရွိပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆန္စက္ေတာ္ေတာ္ မ်ားမ်ားက တ႐ုတ္ႏွစ္သစ္ကူးမို႔ ပိတ္ထားၾကပါတယ္”လို႔ အျခားကုန္သည္တစ္ဦးက ေျပာပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးဟာ ထိုင္းႏုိင္ငံမွာ အစိုးရ ႐ုံးပိတ္ရက္မဟုတ္ေသးပါဘူး။ ဒါေပမယ့္ လုပ္ငန္း ေတာ္ေတာ္မ်ားမ်ားကေတာ့ အလုပ္ပိတ္ၾကပါတယ္။

ထိုင္းဘတ္ေစ်းမာေနတာကလည္း တစ္စိတ္တစ္ပိုင္းအားျဖင့္ ဆန္ေစ်းက်သြားေစပါတယ္။

ဗီယက္နမ္ႏုိင္ငံမွာကေတာ့ ေဖေဖာ္၀ါရီလ ၁၄ ရက္ကေန ၂၀ ရက္ေန႔အထိ ေစ်းကြက္ပိတ္ပါတယ္။

ဘာသာျပန္-မင္းသူေအာင္(AMIA)

Source: Reuters

(Unicode)

ထိုင်းနိုင်ငံနဲ့ ဆန်ဝယ်ယူရေးစာချုပ်ချုပ်ရာမှာ ထိုင်းနိုင်ငံဘက်က ကြန့်ကြာနေတဲ့အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာ ထိုင်းဘက်ကနေ ဆန်ဝယ်မယ့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။ ပြည်ပကသိပ် အဝယ်မလိုက် တဲ့အတွက် အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာတော့ ဒီတစ်ပတ်မှာ ဆန်စျေးတွေကျနေပါ တယ်။

ရေကြီးလို့ သီးနှံတွေပျက်စီးကုန်တဲ့အတွက် ဆန်အများအပြားတင်သွင်းနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် တစ်သန်းခွဲကို တစ်တန် အမေရိကန်ဒေါ်လာ ၄၆၅ နဲ့ တင်သွင်းဖို့ အောက်တို ဘာလကတည်းက စီစဉ်ထားတာပါ။

“သူတို့က စာချုပ်ကို အပြီးသတ်ဖို့ ကျန့်ကြာနေတဲ့အတွက် ကျွန်တော်တို့က ပယ်ဖျက်လိုက်ရပါတယ်။ ကျွန်တော်တို့အခု အိန္ဒိယဘက်ကနေလည်း ၀ယ်လို့ရနေပါတယ်။ ဒေသတွင်းမှာ ၀ယ်ယူရေး အစီအစဉ်ကလည်း ကောင်းမွန်နေပါတယ်”ဟု ဆန်ဝယ်ယူရေးအကြီးအကဲ ဘဂ္ဂရူ ဟာဆန်က ပြောပါ တယ်။

အိန္ဒိယမှာတော့ ငါးမှန်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ ကျသွားတဲ့အတွက် အခုအခါမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၂၀ ကနေ ၄၂၄ အထိသာရှိပါတော့တယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကတော့ အိန္ဒိယဆန်စျေးဟာ ၂၀၁၁ ခုနှကနေ အခုအချိန်အထိ အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။

“အဝယ်သိပ်မလိုက်ဘူး။ ၀ယ်မယ့်လူတွေကလည်း နောက်ထပ်စျေးကျမှာကို မျှော်လင့်ပြီးတော့ ၀ယ် မယ့် အစီအစဉ်တွေကို ရွှေ့ဆိုင်းတာတွေရှိနေပါတယ်”လို့ အန်ဒရာ ပရာဒက်ရှ်အခြေစိုက် ကုန်သည် တစ်ဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ဧပြီလကနေ ဒီဇင်ဘာလအထိ ဆန်မွှေးမဟုတ်တဲ့ ဆန်တင်ပို့မှုဟာ အရင်နှစ် ကာလတူထက် ၃၉ ဒသမ ၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး စုစုပေါင်း ပမာဏ တန်ချိန် ၆ ဒသမ ၂၄ သန်း တိုးတက်လာခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးမှန်ဆန်တစ်တန်ဟာတော့ ပြီးခဲ့တဲ့အပတ်က အမေရိကန်ဒေါ်လာ ၄၂၀-၄၃၀ ရှိနေရာက အခုအပတ်မှာတော့ အမေရိကန်ဒေါ်လာ ၄၀၀-၄၁၉ အထိ ကျသွားခဲ့ပါတယ်။

“ဆန်တင်ပို့တဲ့ ကုန်သည်တွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီရန်နဲ့ တရုတ်လို စျေးကွက်အကြီးကြီး တွေကို စောင့်နေကြပါတယ်။ ဒါပေမယ့် အခုအထိတော့ ကမ်းလှမ်းလာတာ မရှိသေးပါဘူး”လို့ ဘန်ကောက် အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

“ဒီတစ်ပတ်မှာ စျေးက အပြောင်းအလဲမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆန်စက်တော်တော် များများက တရုတ်နှစ်သစ်ကူးမို့ ပိတ်ထားကြပါတယ်”လို့ အခြားကုန်သည်တစ်ဦးက ပြောပါတယ်။

တရုတ်နှစ်သစ်ကူးဟာ ထိုင်းနိုင်ငံမှာ အစိုးရ ရုံးပိတ်ရက်မဟုတ်သေးပါဘူး။ ဒါပေမယ့် လုပ်ငန်း တော်တော်များများကတော့ အလုပ်ပိတ်ကြပါတယ်။

ထိုင်းဘတ်စျေးမာနေတာကလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ဆန်စျေးကျသွားစေပါတယ်။

ဗီယက်နမ်နိုင်ငံမှာကတော့ ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ စျေးကွက်ပိတ်ပါတယ်။

ဘာသာပြန်-မင်းသူအောင်(AMIA)

Source: Reuters

  • I want to get across my appreciation for your kind-heartedness giving support to those who must have help on that topic. Your special commitment to passing the solution across ended up being remarkably good and has consistently helped somebody much like me to arrive at their dreams. Your personal important publication denotes a whole lot a person like me and far more to my office colleagues. Warm regards; from everyone of us. jimmy choo shoes [url=http://www.jimmychoo-shoes.us.com]jimmy choo shoes[/url]
    by wmvqito@gmail.com at May 16 2019
  • I truly wanted to send a quick remark in order to thank you for all of the awesome solutions you are placing on this site. My rather long internet investigation has finally been compensated with useful tips to share with my company. I would express that most of us readers are unequivocally endowed to dwell in a magnificent website with so many perfect people with good techniques. I feel extremely fortunate to have come across your entire webpage and look forward to really more entertaining minutes reading here. Thank you once more for a lot of things.
    by http://www.nikecortez.us.com at May 12 2019
  • I am glad for commenting to make you understand what a terrific encounter my friend's daughter went through browsing yuor web blog. She picked up some pieces, which included how it is like to possess a great teaching mood to let many more completely know precisely some problematic matters. You actually did more than people's expectations. I appreciate you for delivering those interesting, dependable, informative and cool guidance on the topic to Emily.
    by http://www.ferragamobelt.us at May 07 2019

Leave a comment