Sunday, December 16, 2018

ဓာတ္ပံု-business standard

အိႏၵိယ၊ မတ္

ဆန္အ၀င္နည္းေနၿပီး အ၀ယ္လိုက္ေနတဲ့အတြက္ ကမာၻေပၚမွာ ဆန္အမ်ားဆံုး တင္ပို႔ေနတဲ့ အိႏၵိယမွာ ဆန္ေစ်း တက္ေနပါတယ္။ အဲဒီလိုပါပဲ ဘတ္ေငြေစ်းတက္ၿပီး ဖိလစ္ပိုင္ဘက္ကအ၀ယ္လိုက္ေနလို႔ ထိုင္း ဆန္ေစ်းလည္း တက္ေနပါတယ္။

အိႏၵိယ

အိႏၵိယႏုိင္ငံရဲ႕ ငါးမွတ္ဆန္ဟာ တစ္တန္ကို အေမရိကန္ေဒၚလာ ၃ ေဒၚလာႏႈန္း တက္လာတဲ့အတြက္ အခု အခါမွာ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၂၂ ကေန ၄၂၆ ၀န္းက်င္ ရွိေနပါတယ္။ ဒါဟာ ႏွစ္ပတ္ဆက္တုိက္ ဆန္ေစ်း တက္ေနတာပါ။

“ အာဖရိကႏုိင္ငံေတြ ဘက္ကလည္း စံုစမ္းလာတာေတြ ရွိတယ္။ အာရွ ၀ယ္လက္ေတြကလည္း စိတ္၀င္စား ေနၾကတယ္” လို႔ အန္ဒါရာပရာဒက္ရွ္ အေျခစိုက္ ကုန္သည္တစ္ဦးက ေျပာပါတယ္။

ဆန္အ၀င္ေတြ က်ေနတဲ့အတြက္ ကုန္သည္ေတြဟာ ဆန္ေစ်းကို ျမႇင့္ၿပီး တင္ပို႔ေနၾကရတာ ျဖစ္တယ္လုိ႔ အျခား ကုန္သည္တစ္ဦးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ ဘီနင္ဘက္ကေန အ၀ယ္လိုက္လာတဲ့အတြက္ အိႏၵိယႏုိင္ငံရဲ႕ ဆန္ေမႊးမဟုတ္တဲ့ ဆန္တင္ ပို႔မႈဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ၃၉ဒသမ၅ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့သည္။

၂၀၁၇ ခုႏွစ္တုန္းက ေရႀကီးလုိ႔ သီးႏွံေတြ ပ်က္စီးသြားတဲ့အတြက္ ဆန္အမ်ားအျပားတင္သြင္းခဲ့ရတဲ့ ဘဂၤလား ေဒ့ရွ္ႏုိင္ငံရဲ႕ ဆန္၀ယ္ယူမႈဟာ ေနာက္လအနည္းငယ္အထိ ဆက္ၿပီး ျမင့္တက္ေနဦးမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ ျပည္တြင္းဆန္ေစ်း ျမင့္ေနလုိ႔ပါ။

ထိုင္း

ထိုင္းႏုိင္ငံမွာေတာ့ ငါးမွတ္ဆန္ေစ်းဟာ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၀၈-၄၁၀ ၀န္းက်င္အထိ တက္ သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အပတ္တုန္းကေတာ့ ဆန္တစ္တန္ေစ်းဟာ အေမရိကန္ေဒၚလာ ၃၉၅-၄၀၀ ၀န္းက်င္ သာ ရွိခဲ့တာပါ။ အခုလို ဆန္ေစ်းတက္တာကလည္း ဘတ္ေငြေစ်းေကာင္းေနတာရယ္၊ ဖိလစ္ပိုင္ဘက္က အ ၀ယ္လိုက္လာမွာရယ္ေၾကာင့္ ျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံဟာ ဒီလေႏွာင္းပိုင္းေလာက္မွာ ဆန္တန္ခ်ိန္ ႏွစ္သိန္းခြဲ ၀ယ္ယူတင္သြင္းဖို႔ ေလလံေခၚလိမ့္မယ္ လုိ႔ ခန္႔မွန္းထားၾကပါတယ္။ ထုိင္းကုန္သည္ ေတာ္ေတာ္မ်ားမ်ားဟာ အဲဒီေလလံမွာ ၀င္ၿပိဳင္ဖို႔ စိတ္၀င္စားေနၾက ပါတယ္။

“ အခုေလာေလာဆယ္ ဆန္ေစ်းအတက္အက်ဟာ ထိုင္းဘတ္ေစ်းတက္ေနတာနဲ႔ ပဲဆုိင္ပါတယ္။ ဘာေၾကာင့္ လဲဆိုေတာ့ အခုေလာေလာဆယ္မွာ ဆန္ေစ်းတက္ေလာက္ေအာင္ ဆန္အ၀ယ္လိုက္တာ မရွိေသးပါဘူး” လုိ႔ ဘန္ေကာက္အေျခစိုက္ ကုန္သည္တစ္ဦးက ေျပာပါတယ္။

ထုိင္းဘတ္ေစ်း တက္ေနတာဟာ အခုအခါမွာ ႏွစ္ပတ္ရွိေနပါၿပီ။ ထိုင္းဘတ္ေစ်းတက္တာနဲ႔ ေဒၚလာနဲ႔ ေစ်းျဖတ္ တဲ့ တင္ပို႔ကုန္ေတြရဲ႕ ေစ်းလည္းတက္ပါတယ္။

“ အရင္တုန္းက ဆန္ေစ်းက်ေနလို႔ ဆန္ကုန္သည္ေတာ္ေတာ္မ်ာမ်ားက ဆန္၀ယ္ထားၾကတာေတြလည္း ရွိပါ တယ္” လုိ႔ သူက ေျပာပါတယ္။

ဗီယက္နမ္

ဗီယက္နမ္ဆန္ေစ်းကြက္မွာလည္း ဆန္ေစ်းေတြ တက္ေနၿပီး ငါးမွတ္ဆန္တစ္တန္ဟာ အေမရိကန္ေဒၚလာ ၄၁၈-၄၂၅ ၀န္းက်င္ရွိေနပါတယ္။ ၿပီးခဲ့တဲ့အပတ္ကေတာ့ ဆန္တစ္တန္ကို အေမရိကန္ေဒးလာ ၄၁၀ ကေန ၄၁၅ ၀န္းက်င္ သာရွိခဲ့တာပါ။

လယ္သမားေတြကေတာ့ အစိုးရခ်င္း စာခ်ဳပ္ေတြကေန ဆန္ေတြ အေရာင္းထြက္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင္ေဘၤာနဲ႔ တင္ပို႔တဲ့ႏႈန္းက် က်ေနလို႔ပါ။

“ ကၽြန္ေတာ္တုိ႔ စာခ်ဳပ္အသစ္ေတြ ထပ္ခ်က္ဖို႔ အခက္အခဲ ျဖစ္ေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗီယက္နမ္ ဆန္ေစ်းက အျမင့္ဆံုး ျဖစ္ေနလို႔ပါ” လို႔ ဟိုခ်ီမင္း အေျခစိုက္ကုန္သည္တစ္ဦးက ေျပာပါတယ္။

ကုန္သည္ေတြကေတာ့ ဆန္ေစ်းကို တစ္တန္မွာ ၄၀၅ ကေန ၄၀၈ ေလာက္အထိ က်သြားဖို႔ ေမွ်ာ္လင့္ေန ၾကပါတယ္။

ဗီယက္နမ္ဟာ ေဖာေဖာ္၀ါရီလအတြင္းက ဆန္တန္ခ်ိန္ ၃၃၉,၇၀၆ တန္ တင္ပို႔ခဲ့ေပမယ့္ ဇန္န၀ါရီလနဲ႔ ယွဥ္ လိုက္ရင္ ၃၁ ရာခိုင္ႏႈန္း ေလ်ာ့က်သြားခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ရဲ႕ ပထမႏွစ္လရဲ႕ ဆန္တင္ပို႔မႈဟာ အရင္ႏွစ္ ကထက္ ၁၃ဒသမ၂ ရာခိုင္ႏႈန္း တက္လာပါတယ္။ ၿပီးခဲ့ႏွစ္တုန္းက ဇန္န၀ါရီ၊ ေဖေဖာ္၀ါရီ ႏွစ္လစာအတြက္ တင္ပို႔တဲ့ ပမာဏဟာ တန္ခ်ိန္ ၈၃၁,၅၀၄ ပါ။

ဗီယက္နမ္ႏုိင္ငံဟာ ၂၀၁၈ ခုႏွစ္မွာ ဆန္တန္ခ်ိန္ ၆ဒသမ၅ သန္းေလာက္ တင္ပို႔ႏုိင္ဖြယ္ရွိတယ္လို႔ Viet News Agency က ဆုိပါတယ္။

မင္းသူေအာင္(AMIA)

Source: Reuters

 

Unicode

အိန္ဒိယ၊ မတ်


ဆန်အဝင်နည်းနေပြီး အဝယ်လိုက်နေတဲ့အတွက် ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့နေတဲ့ အိန္ဒိယမှာ ဆန်စျေး တက်နေပါတယ်။ အဲဒီလိုပါပဲ ဘတ်ငွေစျေးတက်ပြီး ဖိလစ်ပိုင်ဘက်ကအဝယ်လိုက်နေလို့ ထိုင်း ဆန်စျေးလည်း တက်နေပါတယ်။


အိန္ဒိယ
အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ဆန်ဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၃ ဒေါ်လာနှုန်း တက်လာတဲ့အတွက် အခု အခါမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၂၂ ကနေ ၄၂၆ ၀န်းကျင် ရှိနေပါတယ်။ ဒါဟာ နှစ်ပတ်ဆက်တိုက် ဆန်စျေး တက်နေတာပါ။


“ အာဖရိကနိုင်ငံတွေ ဘက်ကလည်း စုံစမ်းလာတာတွေ ရှိတယ်။ အာရှ ၀ယ်လက်တွေကလည်း စိတ်ဝင်စား နေကြတယ်” လို့ အန်ဒါရာပရာဒက်ရှ် အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။


ဆန်အဝင်တွေ ကျနေတဲ့အတွက် ကုန်သည်တွေဟာ ဆန်စျေးကို မြှင့်ပြီး တင်ပို့နေကြရတာ ဖြစ်တယ်လို့ အခြား ကုန်သည်တစ်ဦးက ပြောပါတယ်။


ဘင်္ဂလားဒေ့ရှ်နဲ့ ဘီနင်ဘက်ကနေ အဝယ်လိုက်လာတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့ ဆန်မွှေးမဟုတ်တဲ့ ဆန်တင် ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၉ဒသမ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။


၂၀၁၇ ခုနှစ်တုန်းက ရေကြီးလို့ သီးနှံတွေ ပျက်စီးသွားတဲ့အတွက် ဆန်အများအပြားတင်သွင်းခဲ့ရတဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ ဆန်ဝယ်ယူမှုဟာ နောက်လအနည်းငယ်အထိ ဆက်ပြီး မြင့်တက်နေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်တွင်းဆန်စျေး မြင့်နေလို့ပါ။


ထိုင်း
ထိုင်းနိုင်ငံမှာတော့ ငါးမှတ်ဆန်စျေးဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၀၈-၄၁၀ ၀န်းကျင်အထိ တက် သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ဆန်တစ်တန်စျေးဟာ အမေရိကန်ဒေါ်လာ ၃၉၅-၄၀၀ ၀န်းကျင် သာ ရှိခဲ့တာပါ။ အခုလို ဆန်စျေးတက်တာကလည်း ဘတ်ငွေစျေးကောင်းနေတာရယ်၊ ဖိလစ်ပိုင်ဘက်က အ ၀ယ်လိုက်လာမှာရယ်ကြောင့် ဖြစ်ပါတယ်။


ဖိလစ်ပိုင်နိုင်ငံဟာ ဒီလနှောင်းပိုင်းလောက်မှာ ဆန်တန်ချိန် နှစ်သိန်းခွဲ ၀ယ်ယူတင်သွင်းဖို့ လေလံခေါ်လိမ့်မယ် လို့ ခန့်မှန်းထားကြပါတယ်။ ထိုင်းကုန်သည် တော်တော်များများဟာ အဲဒီလေလံမှာ ၀င်ပြိုင်ဖို့ စိတ်ဝင်စားနေကြ ပါတယ်။


“ အခုလောလောဆယ် ဆန်စျေးအတက်အကျဟာ ထိုင်းဘတ်စျေးတက်နေတာနဲ့ ပဲဆိုင်ပါတယ်။ ဘာကြောင့် လဲဆိုတော့ အခုလောလောဆယ်မှာ ဆန်စျေးတက်လောက်အောင် ဆန်အဝယ်လိုက်တာ မရှိသေးပါဘူး” လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။


ထိုင်းဘတ်စျေး တက်နေတာဟာ အခုအခါမှာ နှစ်ပတ်ရှိနေပါပြီ။ ထိုင်းဘတ်စျေးတက်တာနဲ့ ဒေါ်လာနဲ့ စျေးဖြတ် တဲ့ တင်ပို့ကုန်တွေရဲ့ စျေးလည်းတက်ပါတယ်။


“ အရင်တုန်းက ဆန်စျေးကျနေလို့ ဆန်ကုန်သည်တော်တော်မျာများက ဆန်ဝယ်ထားကြတာတွေလည်း ရှိပါ တယ်” လို့ သူက ပြောပါတယ်။


ဗီယက်နမ်
ဗီယက်နမ်ဆန်စျေးကွက်မှာလည်း ဆန်စျေးတွေ တက်နေပြီး ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၄၁၈-၄၂၅ ၀န်းကျင်ရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ဆန်တစ်တန်ကို အမေရိကန်ဒေးလာ ၄၁၀ ကနေ ၄၁၅ ၀န်းကျင် သာရှိခဲ့တာပါ။


လယ်သမားတွေကတော့ အစိုးရချင်း စာချုပ်တွေကနေ ဆန်တွေ အရောင်းထွက်ဖို့ မျှော်လင့်နေကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်င်္ဘောနဲ့ တင်ပို့တဲ့နှုန်းကျ ကျနေလို့ပါ။


“ ကျွန်တော်တို့ စာချုပ်အသစ်တွေ ထပ်ချက်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗီယက်နမ် ဆန်စျေးက အမြင့်ဆုံး ဖြစ်နေလို့ပါ” လို့ ဟိုချီမင်း အခြေစိုက်ကုန်သည်တစ်ဦးက ပြောပါတယ်။


ကုန်သည်တွေကတော့ ဆန်စျေးကို တစ်တန်မှာ ၄၀၅ ကနေ ၄၀၈ လောက်အထိ ကျသွားဖို့ မျှော်လင့်နေ ကြပါတယ်။


ဗီယက်နမ်ဟာ ဖောဖော်ဝါရီလအတွင်းက ဆန်တန်ချိန် ၃၃၉,၇၀၆ တန် တင်ပို့ခဲ့ပေမယ့် ဇန်နဝါရီလနဲ့ ယှဉ် လိုက်ရင် ၃၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်ရဲ့ ပထမနှစ်လရဲ့ ဆန်တင်ပို့မှုဟာ အရင်နှစ် ကထက် ၁၃ဒသမ၂ ရာခိုင်နှုန်း တက်လာပါတယ်။ ပြီးခဲ့နှစ်တုန်းက ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လစာအတွက် တင်ပို့တဲ့ ပမာဏဟာ တန်ချိန် ၈၃၁,၅၀၄ ပါ။


ဗီယက်နမ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ဆန်တန်ချိန် ၆ဒသမ၅ သန်းလောက် တင်ပို့နိုင်ဖွယ်ရှိတယ်လို့ Viet News Agency က ဆိုပါတယ်။


မင်းသူအောင်(AMIA)


Source: Reuters

 

Leave a comment