Wednesday, November 14, 2018
ဓာတ္ပံု- news bangladesh
ဒါကာ၊ ဘင်္ဂလားဒေ့ရှ်
နွေရာသီမှာ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေရဲ့ အထွက်နှုန်းဟာ မျှော်မှန်းထားတာထက် ကျော်လွန်မှာဖြစ်တာကြောင့် ပြည်တွင်းလယ်သမားတွေ ဈေးကောင်းရဖို့အတွက် ဆန်တင်သွင်းမှုအပေါ် တင်သွင်းခွန် ၂၈ ရာခိုင်နှုန်း ကောက်ခံသွားနိုင်ချေ ရှိတယ်လို့ အစိုးရအရာရှိနှစ်ဦးက ဆိုပါတယ်။
ဒီနှစ်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဆန်အထွက်နှုန်းဟာ တန်ချိန် ၁၉ သန်းခန့်သာ ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် တန်ချိန် ၁၉ဒသမ၇ သန်းလောက်ထိ ထွက်ရှိနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ဆိုပါတယ်။
မင်းသူအောင်(AMIA)
Source: Reuters
Unicode
ဒါကာ၊ ဘင်္ဂလားဒေ့ရှ်
နွေရာသီမှာ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေရဲ့ အထွက်နှုန်းဟာ မျှော်မှန်းထားတာထက် ကျော်လွန်မှာဖြစ်တာကြောင့် ပြည်တွင်းလယ်သမားတွေ စျေးကောင်းရဖို့အတွက် ဆန်တင်သွင်းမှုအပေါ် တင်သွင်းခွန် ၂၈ ရာခိုင်နှုန်း ကောက်ခံသွားနိုင်ချေ ရှိတယ်လို့ အစိုးရအရာရှိနှစ်ဦးက ဆိုပါတယ်။
အခွန်နှုန်း တိုးမြှင့်လိုက်တဲ့အတွက် တင်သွင်းမှု လျော့ကျလာမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းက ရေကြီးမှုကြောင့် သီးနှံတွေ ပျက်စီးကာ ဆန်စျေးတွေ တက်လာတဲ့အတွက် ပြည်ပကနေ ဆန်တန်ချိန် အများအပြား တင်သွင်းခဲ့ရချိန်မှာ အခွန် ၂၈ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါ တယ်။
“ လက်ရှိမှာတော့ ဆန်တင်သွင်းမှုအပေါ်ကနေ အခွန် ၂ ရာခိုင်နှုန်းပဲ ကောက်ခံထားပါတယ်။ ပြည်တွင်းမှာ ဆန် စျေးတွေ ကျလာတဲ့အတွက် လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အဲဒီရာခိုင်နှုန်းကို မြှင့် တင်ဖို့လိုအပ်တယ်” လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒီနှစ်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဆန်အထွက်နှုန်းဟာ တန်ချိန် ၁၉ သန်းခန့်သာ ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမယ့် တန်ချိန် ၁၉ဒသမရ သန်းလောက်ထိ ထွက်ရှိနိုင်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ဆိုပါတယ်။
၂၀၁၈-၁၉ ခုနှစ်အတွက် စပါးအထွက်နှုန်းဟာ ၃၄ဒသမရ သန်းရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီပမာဏဟာ အရင်နှစ်ကထက် ၆ဒသမ၃ ရာခိုင်နှုန်းထိ တိုးတက်လာမယ့် သဘောပါ။
“ အခွန်ကို ၂၈ ရာခိုင်နှုန်းအထိ ပြန်ပြီး မြှင့်တင်လာနိုင်တယ်” လို့ အခြားတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ ဆန်တွေ အများအပြား တင်သွင်းနိုင်အောင် အခွန်တွေ လျှော့ချခဲ့တာဖြစ်ပြီး ဆန်အများစုကို အိန္ဒိယနိုင်ငံကနေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနှစ်က ဆန်တန်ချိန် စုစုပေါင်း ၃ဒသမရ သန်းခန့် တင်သွင်း ခဲ့ရပါတယ်။
မြန်မာနိုင်ငံကနေ ဆန်တန်ချိန် တစ်သိန်း၊ ဗီယက်နိုင်ငံကနေ ဆန်တန်ချိန် နှစ်သိန်းခွဲ တင်သွင်းခဲ့သလို တင်ဒါ ခေါ်ပြီးတော့လည်း တန်ချိန် လေးသိန်းခွဲထိ တင်သွင်းခဲ့ရပါ သေးတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံအနေနဲ့ ဆန်ပို့ဖို့ နောက်ကျနေတဲ့အတွက် ဆန်တန်ချိန် ၁၅၀,၀၀၀ ဝယ်ယူတင်သွင်းမယ့် အစီအစဉ်ကို ဘင်္ဂဒေ့ရှ်ဘက်က ပယ်ဖျက်ခဲ့ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆန်ဝယ်ယူရေးဌာန အကြီးအကဲက ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။
မင်းသူအောင်(AMIA)
Source: Reuters
Leave a comment