Wednesday, November 14, 2018

ဓာတ္ပံု-world-grain-com

ဝါရွင္တန္ ဒီစီ၊

ဇြန္    ၁၅။

၂၀၁၇-၁၈ အတြက္ အိႏၵိယႏိုင္ငံရဲ႕ သီးႏွံအထြက္ႏႈန္းဟာ တန္ခ်ိန္ ၂၇၉ဒသမ၅ သန္းအထိ စံခ်ိန္တင္ ထြက္ရွိ ႏိုင္တယ္လို႔ အေမရိကန္ႏိုင္ငံ စိုက္ပ်ိဳးေရးဦးစီးဌာနရဲ႕ အစီရင္ခံစာအရ သိရပါတယ္။

အရင္က တန္ခ်ိန္ ၂၇၇ဒသမ၅ သန္းထြက္မယ္လို႔ ခန္႔မွန္းထားရာကေန တိုးျမႇင့္ခန္႔မွန္းလိုက္ျခင္းျဖစ္ၿပီး အရင္ ႏွစ္ကထက္ တန္ခ်ိန္ ၄ဒသမ၅ သန္း တိုးတက္လာမွာ ျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံ စိုက္ပ်ိဳးေရး၀န္ႀကီးဌာနက ခန္႔ မွန္းထားပါတယ္။ မိုးေကာင္းတာရယ္၊ အစိုးရရဲ႕ မူဒါေတြရယ္ေၾကာင့္ အခုလိုတိုးတက္လာတာ ျဖစ္တယ္လို႔ ဆို ပါတယ္။

စပါး

၀န္ႀကီးဌာနရဲ႕ ခန္႔မွန္းခ်က္အရ စပါးအထြက္ႏႈန္းဟာ အရင္က တန္ခ်ိန္ ၁၀၉ဒသမ ၇ သန္း ထြက္ရွိခဲ့ရာက တန္ ခ်ိန္ ၁၁၁ဒသမ၅ သန္းထြက္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ဂ်ံဳ

ဂ်ံဳကေတာ့ အရင္က တန္ခ်ိန္ ၉၈ဒသမ ၅သန္း ထြက္ရွိရာက အခုႏွစ္မွာ တန္ခ်ိန္ ၉၈ ဒသမ ၆ သန္း တိုးျမင့္ ထြက္ရွိမယ္လို႔ ဆိုပါတယ္။

ေျပာင္း

ေျပာင္းကေတာ့ အရင္က တန္ခ်ိန္ ၂၅ဒသမ ၉သန္း ထြက္ရွိေနရာက တန္ခ်ိန္ ၂၆ဒသမ၉ သန္း ထြက္မယ္လို႔ ဆိုပါတယ္။

ပဲမ်ိဳးစံု

ပဲ အထြက္ႏႈန္းကေတာ့ အရင္က တန္ခ်ိန္ ၂၃ ဒသမ၁ သန္း ထြက္ရွိရာက တန္ခ်ိန္ ၂၄ဒသမ၅ သန္း ထြက္ရွိ မယ္လို႔ ဆိုပါတယ္။

ေစ်းကြက္ထဲ ၀င္တာမ်ားလာတာ၊ အစိုးရဘက္က ဂ်ံဳေတြ အမ်ားအျပား ၀ယ္တာရယ္ေၾကာင့္ စိုက္ပ်ိဳးႏႈန္း တက္လာတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဘ႑ာေရး ၀န္ႀကီးဌာနကလည္း ဂ်ံဳတင္သြင္းမႈအေပၚ အရင္က ၂၀ ရာခိုင္ႏႈန္း အခြန္ေကာက္ခံရာကေန ၃၀ ရာခိုင္ႏႈန္း အခြန္တိုးျမႇင့္ ေကာက္ခံခဲ့ ပါတယ္။

မင္းသူေအာင္(AMIA)

Source: World-grain.com

 

Unicode

ဝါရှင်တန် ဒီစီ၊
ဇွန် ၁၅။


၂၀၁၇-၁၈ အတွက် အိန္ဒိယနိုင်ငံရဲ့ သီးနှံအထွက်နှုန်းဟာ တန်ချိန် ၂၇၉ဒသမ၅ သန်းအထိ စံချိန်တင် ထွက်ရှိ နိုင်တယ်လို့ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။


အရင်က တန်ချိန် ၂၇၇ဒသမ၅ သန်းထွက်မယ်လို့ ခန့်မှန်းထားရာကနေ တိုးမြှင့်ခန့်မှန်းလိုက်ခြင်းဖြစ်ပြီး အရင် နှစ်ကထက် တန်ချိန် ၄ဒသမ၅ သန်း တိုးတက်လာမှာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့် မှန်းထားပါတယ်။ မိုးကောင်းတာရယ်၊ အစိုးရရဲ့ မူဒါတွေရယ်ကြောင့် အခုလိုတိုးတက်လာတာ ဖြစ်တယ်လို့ ဆို ပါတယ်။


စပါး
၀န်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ စပါးအထွက်နှုန်းဟာ အရင်က တန်ချိန် ၁၀၉ဒသမ ရ သန်း ထွက်ရှိခဲ့ရာက တန် ချိန် ၁၁၁ဒသမ၅ သန်းထွက်မယ်လို့ ခန့်မှန်းထားပါတယ်။


ဂျုံ
ဂျံုကတော့ အရင်က တန်ချိန် ၉၈ဒသမ ၅သန်း ထွက်ရှိရာက အခုနှစ်မှာ တန်ချိန် ၉၈ ဒသမ ၆ သန်း တိုးမြင့် ထွက်ရှိမယ်လို့ ဆိုပါတယ်။


ပြောင်း
ပြောင်းကတော့ အရင်က တန်ချိန် ၂၅ဒသမ ၉သန်း ထွက်ရှိနေရာက တန်ချိန် ၂၆ဒသမ၉ သန်း ထွက်မယ်လို့ ဆိုပါတယ်။


ပဲမျိုးစုံ
ပဲ အထွက်နှုန်းကတော့ အရင်က တန်ချိန် ၂၃ ဒသမ၁ သန်း ထွက်ရှိရာက တန်ချိန် ၂၄ဒသမ၅ သန်း ထွက်ရှိ မယ်လို့ ဆိုပါတယ်။
စျေးကွက်ထဲ ၀င်တာများလာတာ၊ အစိုးရဘက်က ဂျံုတွေ အများအပြား ၀ယ်တာရယ်ကြောင့် စိုက်ပျိုးနှုန်း တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဘဏ္ဍာရေး ၀န်ကြီးဌာနကလည်း ဂျံုတင်သွင်းမှုအပေါ် အရင်က ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံရာကနေ ၃၀ ရာခိုင်နှုန်း အခွန်တိုးမြှင့် ကောက်ခံခဲ့ ပါတယ်။


မင်းသူအောင်(AMIA)
Source: World-grain.com

 

Leave a comment