Wednesday, November 14, 2018

ဓာတ္ပံု- financial watch

ဇြန္  ၂၀။

ႏိုင္ဂ်ီးရီးယားႏိုင္ငံ စိုက္ပ်ိဳးေရးနဲ႔ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရး၀န္ႀကီး အူဒူေအာ့ဂ္ဘာက လူငယ္ေတြနဲ႔ ေတြ႕ဆံု ရာမွာ ထိုင္းႏိုင္ငံက ဆန္ေတြအေၾကာင္း သတိေပးစကားေျပာခဲ့ၿပီး “ လူေတြဆန္ ထိုင္းဆန္ေကာင္းလို႔ ပိုႀကိဳက္ တယ္လို႔ ေျပာၾကတယ္။ ဟုတ္ပါၿပီ၊ အဆိပ္ေတြသာ စားၾကပါ” လို႔ သူက ေျပာခဲ့ပါတယ္။

“ ေရမွာ သံုးမ်ိဳးရွိတယ္။ ျမစ္ထဲက ေရခ်ိဳ၊ ပင္လယ္ထဲက ေရငန္၊ ေနာက္တစ္မ်ိဳးက ေနာက္ေနတဲ့ ေရ။ ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားရဲ႕  ျမစ္၀ကၽြန္းေပၚ ေဒသေတြကို သြားၾကည့္၊ အေရွ႕ေတာင္အာရွမွာဆိုရင္ ျမစ္၀ကၽြန္းေပၚ မွာ စပါးစိုက္တာကိုး၊ စပါးကို ေျခာက္ႏွစ္ေလာက္ ဆက္တိုက္စိုက္လိုက္ရင္ အာဆင္းနစ္ ပါ၀င္ႏႈန္းျမင့္လာ တယ္။ အဲဒီအာဆင္းနစ္က ကင္ဆာ ျဖစ္ေစႏိုင္တယ္။ သူတို႔ ကၽြန္ေတာ္တို႔ဆီ တင္ပို႔ေနတာ အဲဒါေတြပဲ” လို႔ သူ က ေျပာပါတယ္။

ႏိုင္ငံျခားဆန္ေတြ ခိုးသြင္းမႈနဲ႔ အျခားအဆိပ္အေတာက္ ျဖစ္ေစတဲ့ ပစၥည္းေတြ ႏိုင္ငံအတြင္း ခိုးသြင္းမႈကို ကာ ကြယ္ဖို႔အတြက္ နယ္စပ္ေတြကိုလည္း ပိတ္သြားမယ္လို႔ သူက ဆိုပါတယ္။

“ ကၽြန္ေတာ္တို႔ရဲ႕ ျပႆနာက ေမွာင္ခိုသြင္းတဲ့ ကိစၥပါ။ ကၽြန္ေတ္ာတို႔ အခု စကားေျပာေနခ်ိန္မွာေတာ့ ကၽြန္ ေတာ္တို႔ အိမ္နီးခ်င္းေတြက တ႐ုတ္ႏိုင္ငံက တင္သြင္းေနတဲ့ ပမာဏထက္ ပိုမ်ားတဲ့ ဆန္ေတြကို ခိုးသြင္းေနပါ တယ္။ သူတို႔က ေပါင္းဆန္ေတြ မစားၾကဘူး။ ဆန္ျဖဴကို စားၾကတာ။ ကၽြန္ေတာ္တို႔ရဲ႕ စီးပြားေရးကို ပ်က္စီး ေအာင္ သူတို႔ရဲ႕ ဆိပ္ကမ္းေတြကို အသံုးျပဳေနၾကတယ္။ ကၽြန္ေတာ္ေျပာမယ္။ မၾကာခင္မွာ နယ္စပ္ေတြကို ပိတ္ လိုက္ၿပီဆိုတဲ့ သတင္းကို ခင္ဗ်ားတို႔ ၾကားရလိမ့္မယ္။ ကၽြန္ေတ္ာတို႔ ျပည္သူေတြကို ကာကြယ္ဖို႔နဲ႔ ကၽြန္ေတာ္တို႔ စီးပြားေရးကို ကာကြယ္ဖို႔ ပိတ္မွာပါ” လို႔ သူက ေျပာပါတယ္။

အစိုးရဟာ ႏွစ္ႏွစ္အတြင္းမွာ ဆန္တင္သြင္းမႈကို ၉၅ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး စပါးစိုက္ေတာင္သူ အေရအ တြက္ကိုလည္း တိုးလာေအာင္ ေဆာင္ရြက္ႏိုင္ခဲ့တယ္လို႔ သူက ေျပာပါတယ္။

မင္းသူေအာင္(AMIA)

Source: Financial Watch

 

Unicode

ဇွန် ၂၀။


နိုင်ဂျီးရီးယားနိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး အူဒူအော့ဂ်ဘာက လူငယ်တွေနဲ့ တွေ့ဆုံ ရာမှာ ထိုင်းနိုင်ငံက ဆန်တွေအကြောင်း သတိပေးစကားပြောခဲ့ပြီး “ လူတွေဆန် ထိုင်းဆန်ကောင်းလို့ ပိုကြိုက် တယ်လို့ ပြောကြတယ်။ ဟုတ်ပါပြီ၊ အဆိပ်တွေသာ စားကြပါ” လို့ သူက ပြောခဲ့ပါတယ်။


“ ရေမှာ သုံးမျိုးရှိတယ်။ မြစ်ထဲက ရေချို၊ ပင်လယ်ထဲက ရေငန်၊ နောက်တစ်မျိုးက နောက်နေတဲ့ ရေ။ နိုင်ငံ တော်တော်များများရဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေကို သွားကြည့်၊ အရှေ့တောင်အာရှမှာဆိုရင် မြစ်ဝကျွန်းပေါ် မှာ စပါးစိုက်တာကိုး၊ စပါးကို ခြောက်နှစ်လောက် ဆက်တိုက်စိုက်လိုက်ရင် အာဆင်းနစ် ပါ၀င်နှုန်းမြင့်လာ တယ်။ အဲဒီအာဆင်းနစ်က ကင်ဆာ ဖြစ်စေနိုင်တယ်။ သူတို့ ကျွန်တော်တို့ဆီ တင်ပို့နေတာ အဲဒါတွေပဲ” လို့ သူ က ပြောပါတယ်။


နိုင်ငံခြားဆန်တွေ ခိုးသွင်းမှုနဲ့ အခြားအဆိပ်အတောက် ဖြစ်စေတဲ့ ပစ္စည်းတွေ နိုင်ငံအတွင်း ခိုးသွင်းမှုကို ကာ ကွယ်ဖို့အတွက် နယ်စပ်တွေကိုလည်း ပိတ်သွားမယ်လို့ သူက ဆိုပါတယ်။


“ ကျွန်တော်တို့ရဲ့ ပြဿနာက မှောင်ခိုသွင်းတဲ့ ကိစ္စပါ။ ကျွန်တေ်ာတို့ အခု စကားပြောနေချိန်မှာတော့ ကျွန် တော်တို့ အိမ်နီးချင်းတွေက တရုတ်နိုင်ငံက တင်သွင်းနေတဲ့ ပမာဏထက် ပိုများတဲ့ ဆန်တွေကို ခိုးသွင်းနေပါ တယ်။ သူတို့က ပေါင်းဆန်တွေ မစားကြဘူး။ ဆန်ဖြူကို စားကြတာ။ ကျွန်တော်တို့ရဲ့ စီးပွားရေးကို ပျက်စီး အောင် သူတို့ရဲ့ ဆိပ်ကမ်းတွေကို အသုံးပြုနေကြတယ်။ ကျွန်တော်ပြောမယ်။ မကြာခင်မှာ နယ်စပ်တွေကို ပိတ် လိုက်ပြီဆိုတဲ့ သတင်းကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ ကျွန်တေ်ာတို့ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ ကျွန်တော်တို့ စီးပွားရေးကို ကာကွယ်ဖို့ ပိတ်မှာပါ” လို့ သူက ပြောပါတယ်။


အစိုးရဟာ နှစ်နှစ်အတွင်းမှာ ဆန်တင်သွင်းမှုကို ၉၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပြီး စပါးစိုက်တောင်သူ အရေအ တွက်ကိုလည်း တိုးလာအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။


မင်းသူအောင်(AMIA)
Source: Financial Watch

 

Leave a comment