Wednesday, November 14, 2018

ဓာတ္ပံု- Thanh Nien News

မနီလာ၊ ဖိလစ္ပိုင္။  

ဇြန္   ၂၇။

ဖိလစ္ပိုင္ႏိုင္ငံရဲ အမ်ိဳးသားစားနပ္ရိကၡာ အာဏာပိုင္ေအဂ်င္စီ (NFA) ဖိလစ္ပိုင္ႏိုင္ငံသားေတြ ဆန္လံုေလာက္ စြာ ရရွိေရးအတြက္ ဆန္တန္ခ်ိန္ ၈၀၅,၀၀၀ ေက်ာ္ကို တင္သြင္းဖို႔ တင္ဒါဖြင့္လိုက္ၿပီျဖစ္ေၾကာင္း တနလၤာေန႔ည ပိုင္းအတြင္းက ေၾကညာခဲ့ပါတယ္။

ဆန္တင္သြင္းေရး စည္းကမ္းမ်ားအရ လယ္သမားအဖြဲ႕အစည္းမဟုတ္ ကုမၸဏီမ်ားအေနနဲ႔ ကုမၸဏီတစ္ခုကို ဆန္တန္ခ်ိန္ ၅၀,၀၀၀ အထိ တင္သြင္းႏိုင္ၿပီး လယ္သမားအဖြဲ႕အစည္းမ်ား အေနနဲ႔ကေတာ့ ဆန္တန္ခ်ိန္ ၅,၀၀၀ အထိ တင္သြင္းခြင့္ ရွိပါတယ္။

“ ဒါေပမယ့္ ေစ်းကြက္ လက္ဝါးႀကီးအုပ္မႈ မရွိေစဖို႔အတြက္ စုစုေပါင္းတင္သြင္းမႈရဲ႕ ၈၀ ရာခိုင္ႏႈန္းကိုသာ လယ္ သမားအဖြဲ႕အစည္း မဟုတ္တဲ့ အဖြဲ႕အစည္းေတြကို တင္သြင္းခြင့္ျပဳမွာပါ။ တန္ခ်ိန္အားျဖင့္ ေျပာရရန္ တန္ခ်ိန္ ၁၆၁,၀၀၀ ကို လယ္သမားအဖြဲ႕အစည္းေတြက တင္သြင္းခြင့္ရွိၿပီး တန္ခ်ိန္ ၈၄၄,၀၀၀ ကိုေတာ့ လယ္သမား မဟုတ္တဲ့ အဖြဲ႕အစည္းေတြက တင္သြင္းခြင့္ရွိမွာ ျဖစ္ပါတယ္” လို႔ NFA ၫႊန္ၾကားေရးမွဴး ေဂ်ဆန္ဝိုင္ အကြီႏို က ေျပာပါတယ္။

ပမာဏကန္႔သတ္တဲ့ အစီအစဥ္အရ ဆန္ကုန္သည္ေတြအေနနဲ႔ သတ္မွတ္တန္ခ်ိန္ တင္သြင္းခြင့္ျပဳထားတဲ့ ႏိုင္ငံေတြ သို႔မဟုတ္ အျခားဆန္ထုတ္လုပ္တဲ့ ႏိုင္ငံေတြကေန ဆန္တင္သြင္းခြင့္ ရွိပါတယ္။

အခုတင္သြင္းမယ့္ ဆန္တန္ခ်ိန္ ၈၀၅,၂၀၀ အနက္ အမ်ားစုဟာ ထိုင္းႏိုင္ငံနဲ႔ ဗီယက္နမ္ႏိုင္ငံက ၀င္လာမွာျဖစ္ ပါတယ္။ အဲဒီႏိုင္ငံႏွစ္ႏိုင္ငံဟာ တစ္ႏိုင္ငံကို ဆန္တန္ခ်ိန္ ၂၉၃,၁၀၀ တင္သြင္းခြင့္ ရထားပါတယ္။

တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္ႏိုင္ငံတို႔ကေတာ့ ဆန္တန္ခ်ိန္ ၅၀,၀၀၀ စီ တင္သြင္းခြင့္ရထားၿပီး ၾသစေၾတးလ်ႏိုင္ငံ က ဆန္တန္ခ်ိန္ ၁၅,၀၀၀ ၊ အယ္ဆယ္လ္ေဗဒါႏိုင္ငံက ဆန္တန္ခ်ိန္ ၄,၀၀၀ အသီးသီး တင္သြင္းခြင့္ ရရွိထား ပါတယ္။

ဆန္တင္ပို႔ေနတဲ့ ႏိုင္ငံေတြအတြက္ ဆန္တန္ခ်ိန္ ကန္႔သတ္ခ်က္ကေတာ့ တစ္ႏိုင္ငံကို တန္ခ်ိန္ ၅၀,၀၀၀ အထိ ကန္႔သတ္ထားပါတယ္။

ဆန္တင္သြင္းမႈကို ႏွစ္သုပ္ခြဲထားၿပီး ပထမအသုတ္က ၂၀၁၈ ဇူလိုင္လနဲ႔ ၾသဂုတ္လမွ ေရာက္ရွိရမွာျဖစ္ၿပီး ဒုတိ ယအသုတ္ကေတာ့ ၂၀၁၈ စက္တင္ဘာလ ၂၀ ရက္ေန႔ကေန ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၈ ရက္အတြင္း အ ေရာက္ ပို႔ရမွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကလည္း ဆန္တန္ခ်ိန္ ၈၀၅,၂၀၀ ကို တင္သြင္းခြင့္ ျပဳခဲ့ေပမယ့္လည္း ဆန္တန္ခ်ိန္ ၇၄၆,၉၆၂ တန္သာ ခြဲတမ္းခ်ခဲ့ ပါတယ္။

မင္းသူေအာင္(AMIA)

Source: Manila Times

 

Unicode

 

မနီလာ၊ ဖိလစ်ပိုင်။
ဇွန် ၂၇။


ဖိလစ်ပိုင်နိုင်ငံရဲ အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင်အေဂျင်စီ (NFA) ဖိလစ်ပိုင်နိုင်ငံသားတွေ ဆန်လုံလောက် စွာ ရရှိရေးအတွက် ဆန်တန်ချိန် ၈၀၅,၀၀၀ ကျော်ကို တင်သွင်းဖို့ တင်ဒါဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့ည ပိုင်းအတွင်းက ကြေညာခဲ့ပါတယ်။


ဆန်တင်သွင်းရေး စည်းကမ်းများအရ လယ်သမားအဖွဲ့အစည်းမဟုတ် ကုမ္ပဏီများအနေနဲ့ ကုမ္ပဏီတစ်ခုကို ဆန်တန်ချိန် ၅၀,၀၀၀ အထိ တင်သွင်းနိုင်ပြီး လယ်သမားအဖွဲ့အစည်းများ အနေနဲ့ကတော့ ဆန်တန်ချိန် ၅,၀၀၀ အထိ တင်သွင်းခွင့် ရှိပါတယ်။


“ ဒါပေမယ့် စျေးကွက် လက်ဝါးကြီးအုပ်မှု မရှိစေဖို့အတွက် စုစုပေါင်းတင်သွင်းမှုရဲ့ ၈၀ ရာခိုင်နှုန်းကိုသာ လယ် သမားအဖွဲ့အစည်း မဟုတ်တဲ့ အဖွဲ့အစည်းတွေကို တင်သွင်းခွင့်ပြုမှာပါ။ တန်ချိန်အားဖြင့် ပြောရရန် တန်ချိန် ၁၆၁,၀၀၀ ကို လယ်သမားအဖွဲ့အစည်းတွေက တင်သွင်းခွင့်ရှိပြီး တန်ချိန် ၈၄၄,၀၀၀ ကိုတော့ လယ်သမား မဟုတ်တဲ့ အဖွဲ့အစည်းတွေက တင်သွင်းခွင့်ရှိမှာ ဖြစ်ပါတယ်” လို့ NFA ညွှန်ကြားရေးမှူး ဂျေဆန်ဝိုင် အကွီနို က ပြောပါတယ်။


ပမာဏကန့်သတ်တဲ့ အစီအစဉ်အရ ဆန်ကုန်သည်တွေအနေနဲ့ သတ်မှတ်တန်ချိန် တင်သွင်းခွင့်ပြုထားတဲ့ နိုင်ငံတွေ သို့မဟုတ် အခြားဆန်ထုတ်လုပ်တဲ့ နိုင်ငံတွေကနေ ဆန်တင်သွင်းခွင့် ရှိပါတယ်။


အခုတင်သွင်းမယ့် ဆန်တန်ချိန် ၈၀၅,၂၀၀ အနက် အများစုဟာ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံက ၀င်လာမှာဖြစ် ပါတယ်။ အဲဒီနိုင်ငံနှစ်နိုင်ငံဟာ တစ်နိုင်ငံကို ဆန်တန်ချိန် ၂၉၃,၁၀၀ တင်သွင်းခွင့် ရထားပါတယ်။


တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့ကတော့ ဆန်တန်ချိန် ၅၀,၀၀၀ စီ တင်သွင်းခွင့်ရထားပြီး သြစတြေးလျနိုင်ငံ က ဆန်တန်ချိန် ၁၅,၀၀၀ ၊ အယ်ဆယ်လ်ဗေဒါနိုင်ငံက ဆန်တန်ချိန် ၄,၀၀၀ အသီးသီး တင်သွင်းခွင့် ရရှိထား ပါတယ်။


ဆန်တင်ပို့နေတဲ့ နိုင်ငံတွေအတွက် ဆန်တန်ချိန် ကန့်သတ်ချက်ကတော့ တစ်နိုင်ငံကို တန်ချိန် ၅၀,၀၀၀ အထိ ကန့်သတ်ထားပါတယ်။


ဆန်တင်သွင်းမှုကို နှစ်သုပ်ခွဲထားပြီး ပထမအသုတ်က ၂၀၁၈ ဇူလိုင်လနဲ့ သြဂုတ်လမှ ရောက်ရှိရမှာဖြစ်ပြီး ဒုတိ ယအသုတ်ကတော့ ၂၀၁၈ စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အတွင်း အ ရောက် ပို့ရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ်ကလည်း ဆန်တန်ချိန် ၈၀၅,၂၀၀ ကို တင်သွင်းခွင့် ပြုခဲ့ပေမယ့်လည်း ဆန်တန်ချိန် ရ၄၆,၉၆၂ တန်သာ ခွဲတမ်းချခဲ့ ပါတယ်။


မင်းသူအောင်(AMIA)
Source: Manila Times

 

 

Leave a comment