Wednesday, November 14, 2018

ဓာတ္ပံု- ABX- CNB

ဇူလိုင် ၁၂

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ဆန်ဈေးကျသွားစေဖို့အတွက် နိုင်ငံအလိုက် တင်သွင်းခွင့်ပြုထားတဲ့ ပမာဏအ ကန့်အသတ်အစား ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံတဲ့ ဥပဒေကို အရေးပေါ်အတည်ပြုသွားမှာ ဖြစ် တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

တင်သွင်းခွန်ကို စတင်ကျင့်သုံးလိုက်တယ်ဆိုရင် ဆန် တစ်ကီလိုကို ဖိလစ်ပိုင်ငွေ ၄ ပီဆိုကနေ ၇ ပီဆို အထိ ကျသွားနိုင်သလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၀ဒသမ၄ မှတ်ကျသွားနိုင်တယ်လို့ ဆိုပါတယ်။


ကုန်ဈေးနှုန်းတွေက ဇွန်လကနဲ့ ယှဉ်လိုက်ရင် ၅ဒသမ၂ ရာခိုင်နှုန်း တက်လာတာဖြစ်ပြီး ၂၀၁၃ ဇန်နဝါရီလက အချက်အလက်တွေအရဆိုပြီး အများကြီး မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီလို ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်တာဟာ ကမ္ဘာ့ဈေးကွက်မှာ ရေနံဈေးတက်သွားလို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။


မင်းသူအောင်(AMIA)

Source: ABS CBN

 

Unicode

ဇူလိုင် ၁၂


ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ဆန်စျေးကျသွားစေဖို့အတွက် နိုင်ငံအလိုက် တင်သွင်းခွင့်ပြုထားတဲ့ ပမာဏအ ကန့်အသတ်အစား ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံတဲ့ ဥပဒေကို အရေးပေါ်အတည်ပြုသွားမှာ ဖြစ် တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။


တင်သွင်းခွန်ကို စတင်ကျင့်သုံးလိုက်တယ်ဆိုရင် ဆန် တစ်ကီလိုကို ဖိလစ်ပိုင်ငွေ ၄ ပီဆိုကနေ ရ ပီဆို အထိ ကျသွားနိုင်သလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၀ဒသမ၄ မှတ်ကျသွားနိုင်တယ်လို့ ဆိုပါတယ်။


ဆန်တင်သွင်းမှုအပေါ် တင်သွင်းခွန် ချမှတ်ကောက်ခံခြင်းဟာ အလွန်အရေးကြီးပြီး ငွေကြေးဖောင်းပွမှုကို အ တိုင်းအတာ တစ်ခုအတွင်းမှာ ရှိနေအောင်လုပ်ဖို့ဟာ အစိုးရအတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။


ကုန်စျေးနှုန်းတွေက ဇွန်လကနဲ့ ယှဉ်လိုက်ရင် ၅ဒသမ၂ ရာခိုင်နှုန်း တက်လာတာဖြစ်ပြီး ၂၀၁၃ ဇန်နဝါရီလက အချက်အလက်တွေအရဆိုပြီး အများကြီး မြင့်တက်လာတာ ဖြစ်ပါတယ်။


ဒီလို ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်တာဟာ ကမ္ဘာ့စျေးကွက်မှာ ရေနံစျေးတက်သွားလို့ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။


ဇွန်လ ၁ရက်နေ့က စတင်သက်ဝင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအရ တစ်ဦးချင်း ၀င်ငွေခွန်လျှော့ချတာကို ကာမိ စေဖို့နဲ့ P8 လို့ခေါ်တဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းအတွက် အစိုးရဟာ လောင်စာ၊ အချိုရည်နဲ့ မော်တော် ယာဉ် တင်သွင်းမှုအပေါ် တင်သွင်းခွန် ကောက်ခံခဲ့ပါတာ ဖြစ်ပါတယ်။


မင်းသူအောင်(AMIA)
Source: ABS CBN

 

Leave a comment