Wednesday, November 14, 2018

ဓာတ္ပံု- money control

ဇူလိုင်  ၁၃







မင်းသူအောင်(AMIA)


 

Unicode

ဇူလိုင် ၁၃


တရုတ်နိုင်ငံဟာ ၂၀၁၈-၁၉ စိုက်ပျိုးရေးနှစ်မှာ ပဲပိစပ်တန်ချိန် ၉၃ဒသမ၈၅ သန်း တင်ပို့သွားဖွယ် ရှိနေတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။


အမေရိကန်- တရုတ် တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အရင်က တန်ချိန် ၉၅ဒသမ၆၅ သန်း တင်သွင်းခဲ့ရာ ကနေ လျော့ကျလာတာ ဖြစ်ပါတယ်။


တရုတ်နိုင်ငံဟာ ၂၀၁၈-၁၉ စိုက်ပျိုးနှစ်မှာ ပဲပိစပ်တန်ချိန် ၁၀၉ဒသမ၂၃ သန်း စားသုံးမယ်လို့ ခန့်မှန်းထားပါ တယ်။


အရင်လက ခန့်မှန်းထားတဲ့ တန်ချိန် ၁၁၁ဒသမ၁၉ သန်းကနေ လျော့ကျလာတာလည်း ဖြစ်တယ်လို့ တရုတ်နိုင် ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ၀န်ကြီးဌာနက သူ့ရဲ့ Chinese Agricultural Supply and Demand Estimates (CASDE) ထဲမှာ ဖော်ပြထားပါတယ်။


အခြား ပရိုတိန်း စားသုံးမှုတွေ မြင့်မာလာတာကြောင့် တရုတ်နိုင်ငံရဲ့ ၂၀၁၈-၁၉ ပဲပိစပ် ကြိတ်ခွဲပမာဏဟာ လည်း လျော့နည်းလာတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။


၂၀၁၇-၁၈ စိုက်ပျိုးနှစ်မှာ တရုတ်နိုင်ငံရဲ့ ဝါဂွမ်းတင်သွင်းမှုဟာ အရင်လက ခန့်မှန်းထားတာထက် တန်ချိန် ၂ သိန်း မြင့်တက်လာခဲ့ ပါတယ်။


မင်းသူအောင်(AMIA)

Source: Moneycontrol.com

 

 

Leave a comment