Wednesday, November 14, 2018

ႏွမ္းမ်ိဳးစံု၏ ၇၀ ရာခိုင္ႏႈန္းခန္႔ကို တရုတ္ႏိုင္ငံသို႔ တင္ပို႔ေနျခင္း ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ  ၆

ႏိုင္ငံျခား ေစ်းကြက္ဝင္၊ အထြက္ႏႈန္းေကာင္းသည့္ ႏွမ္းမ်ဳိးသစ္မ်ား ရ႐ွိရန္ မ်ဳိးကူးစပ္ျခင္း သုေတသန လုပ္ ငန္းမ်ားအား ျပည္တြင္းျပည္ပ ပညာရွင္မ်ား၏ အကူအညီမ်ားကို ရယူကာ လုပ္ေဆာင္လွ်က္ရွိေၾကာင္း စိုက္ပ်ဳိး ေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ သတင္းရရွိသည္။

စိုက္ပ်ဳိးေရး သုေတသန ဦးစီးဌာနမွ ေဒါက္တာ ခင္မ်ဳိးဝင္းက“ ႏွမ္းသီးႏွံ မ်ိဳးကူးစပ္တဲ့ သုေတသန အဖြဲ႕ကေန အထြက္ႏႈန္း ေကာင္းၿပီးေတာ့ ေရာဂါဒဏ္ ခံႏုိင္ရည္ရွိတဲ့ မ်ိဳးစိတ္သစ္ေတြ ရရွိဖို႔ ႏွမ္းမ်ိဳး အတြဲေပါင္း ၉ တြဲကို မ်ိဳး ကူးစပ္ေမြးျမဴေပး ေနတယ္” ဟု ေျပာသည္။

မ်ဳိးကူးစပ္၍ ေအာင္ျမင္မႈ ရ႐ွိလာသည့္ သားဆက္လိုင္းမ်ားကို ဆက္လက္မ်ဳိးေမြးျမဴ ေရြးခ်ယ္ျခင္းျဖင့္ ဆက္ လက္လုပ္ေဆာင္၍ ႏွမ္းမ်ဳိးသစ္မ်ား မၾကာခင္ရ႐ွိရန္ ေမွ်ာ္မွန္းထားေၾကာင္း ၎က ဆက္လက္ဆိုသည္။

ယခင္က မ်ဳိးကူးစပ္ေအာင္ျမင္ခဲ့ေသာ ဆင္းရတနာ (၃)၊ ဆင္းရတနာ (၄)၊ ဆင္းရတနာ (၁၂) ႏွင့္ ဆင္းရတနာ (၁၄) မ်ဳိးတို႔ကိုလည္း ေတာင္သူမ်ားအား ျဖန္႔ေ၀ေပးခဲ့ၿပီး လက္ရွိတြင္  စိုက္ပ်ဳိးေရး သုေတသနဦးစီိးဌာန (DAR) ၏ ေတာင္သူအက်ိဳးျပဳ သုေတသနလုပ္ငန္းမ်ားထဲမွ မ်ဳိးကူးစပ္၍ ႏွမ္းမ်ဳိးေစ့ အသစ္ရ႐ွိေရး (Project) လုပ္ ငန္းအား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ ရာသီဥတုဒဏ္ခံ ႏွမ္းမ်ိဳးေကာင္း၊ မ်ိဳးသန္႔ေတြ ေတာင္သူေတြ အလံုအေလာက္ ရရွိစိုက္ႏုိင္ဖို႔ လိုအပ္တယ္။ အထြက္တိုး ႏွမ္းမ်ိဳးသစ္ေတြ စိုက္ႏုိင္မွလည္း ေစ်းကြက္ ထိန္းသိမ္းထားႏုိင္မွာ ျဖစ္သလို ေစ်းကြက္ေသြဖယ္ တာ မခံရမွာ။ ႏွမ္းစိုက္တာ မ်ားတဲ့ အာဖရိကႏုိင္ငံေတြ ဆိုရင္လည္း သူတို႔အစိုးရကေန မ်ိဳးစိတ္သစ္ေတြ အ ၿမဲမျပတ္ ထုတ္ေပးေနတာ။ ဒီမွာလည္း သုေတသနလုပ္ငန္းေတြ အင္နဲ႔အားနဲ႔ ေထာက္ပံ့ေပးရင္ ပညာရွင္ေတြ လည္း အေထာက္အပံ့ ျဖစ္လာမယ္” ဟု မႏၱေလးၿမိဳ႕ရွိ ဇရာေျမ သီးႏွံပြဲရုံပိုင္ရွင္ ဦးျမတ္ေမာ္က ေျပာသည္။

ကမာၻ႕ႏွမ္း စိုက္ပ်ိဳးမႈတြင္ ျမန္မာႏိုင္ငံ အေနျဖင့္ တတိယေနရာတြင္ ရပ္တည္ေနသကဲ့သို႔ ႏွမ္းမ်ိဳးစံုအား ျပည္ပ ႏုိင္ငံေပါင္း ၁၀ ခုေက်ာ္သို႔ တင္ပို႔လ်က္ရွိၿပီး ႏွမ္းမ်ိဳးစံု၏ ၇၀ ရာခိုင္ႏႈန္းခန္႔ကို တရုတ္ႏိုင္ငံသို႔ တင္ပို႔ေနကာ အ ထူးသျဖင့္ ႏွမ္းဆီစားသံုးမႈ ျမင့္မားသည့္  ဂ်ပန္၊ ကုိရီးယား၊ စကာၤပူ၊ ထိုင္း စသည့္ႏိုင္ငံမ်ားသို႔ ႏွစ္စဥ္တင္ပို႔ လ်က္ရွိသည္။

လက္ရွိ ကမၻာ႕ႏွမ္းေစ်းကြက္တြင္ ျမန္မာႏုိင္ငံ၏ အဓိကၿပိဳင္ဘက္ျဖစ္မွာ အာဖရိကႏိုင္ငံျဖစ္ၿပီး ယင္းႏိုင္ငံသည္ ႏွမ္းအထြက္ႏႈန္း ျမင့္မားကာ အရည္အေသြး ေကာင္းမြန္ေၾကာင္း သိရသည္။

သို႔ေသာ္ အာဖရိကတြင္   အဓိက စိုက္ပိ်ဳးသည့္ ဆီႏွမ္းအမ်ိဳးအစားမွာ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးသည့္ ႏွမ္းနက္၏ အရည္အေသြးကို ယွဥ္ၿပိဳင္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

 

Unicode

နိုဝင်ဘာ ၆


နိုင်ငံခြား စျေးကွက်ဝင်၊ အထွက်နှုန်းကောင်းသည့် နှမ်းမျိုးသစ်များ ရရှိရန် မျိုးကူးစပ်ခြင်း သုတေသန လုပ် ငန်းများအား ပြည်တွင်းပြည်ပ ပညာရှင်များ၏ အကူအညီများကို ရယူကာ လုပ်ဆောင်လျှက်ရှိကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။


စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ ဒေါက်တာ ခင်မျိုးဝင်းက“ နှမ်းသီးနှံ မျိုးကူးစပ်တဲ့ သုတေသန အဖွဲ့ကနေ အထွက်နှုန်း ကောင်းပြီးတော့ ရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုးစိတ်သစ်တွေ ရရှိဖို့ နှမ်းမျိုး အတွဲပေါင်း ၉ တွဲကို မျိုး ကူးစပ်မွေးမြူပေး နေတယ်” ဟု ပြောသည်။


မျိုးကူးစပ်၍ အောင်မြင်မှု ရရှိလာသည့် သားဆက်လိုင်းများကို ဆက်လက်မျိုးမွေးမြူ ရွေးချယ်ခြင်းဖြင့် ဆက် လက်လုပ်ဆောင်၍ နှမ်းမျိုးသစ်များ မကြာခင်ရရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက်ဆိုသည်။


ယခင်က မျိုးကူးစပ်အောင်မြင်ခဲ့သော ဆင်းရတနာ (၃)၊ ဆင်းရတနာ (၄)၊ ဆင်းရတနာ (၁၂) နှင့် ဆင်းရတနာ (၁၄) မျိုးတို့ကိုလည်း တောင်သူများအား ဖြန့်ဝေပေးခဲ့ပြီး လက်ရှိတွင် စိုက်ပျိုးရေး သုတေသနဦးစီိးဌာန (DAR) ၏ တောင်သူအကျိုးပြု သုတေသနလုပ်ငန်းများထဲမှ မျိုးကူးစပ်၍ နှမ်းမျိုးစေ့ အသစ်ရရှိရေး (Project) လုပ် ငန်းအား ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။


“ ရာသီဥတုဒဏ်ခံ နှမ်းမျိုးကောင်း၊ မျိုးသန့်တွေ တောင်သူတွေ အလုံအလောက် ရရှိစိုက်နိုင်ဖို့ လိုအပ်တယ်။ အထွက်တိုး နှမ်းမျိုးသစ်တွေ စိုက်နိုင်မှလည်း စျေးကွက် ထိန်းသိမ်းထားနိုင်မှာ ဖြစ်သလို စျေးကွက်သွေဖယ် တာ မခံရမှာ။ နှမ်းစိုက်တာ များတဲ့ အာဖရိကနိုင်ငံတွေ ဆိုရင်လည်း သူတို့အစိုးရကနေ မျိုးစိတ်သစ်တွေ အ မြဲမပြတ် ထုတ်ပေးနေတာ။ ဒီမှာလည်း သုတေသနလုပ်ငန်းတွေ အင်နဲ့အားနဲ့ ထောက်ပံ့ပေးရင် ပညာရှင်တွေ လည်း အထောက်အပံ့ ဖြစ်လာမယ်” ဟု မန္တလေးမြို့ရှိ ဇရာမြေ သီးနှံပွဲရုံပိုင်ရှင် ဦးမြတ်မော်က ပြောသည်။


ကမ္ဘာ့နှမ်း စိုက်ပျိုးမှုတွင် မြန်မာနိုင်ငံ အနေဖြင့် တတိယနေရာတွင် ရပ်တည်နေသကဲ့သို့ နှမ်းမျိုးစုံအား ပြည်ပ နိုင်ငံပေါင်း ၁၀ ခုကျော်သို့ တင်ပို့လျက်ရှိပြီး နှမ်းမျိုးစုံ၏ ရ၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့နေကာ အ ထူးသဖြင့် နှမ်းဆီစားသုံးမှု မြင့်မားသည့် ဂျပန်၊ ကိုရီးယား၊ စကာင်္ပူ၊ ထိုင်း စသည့်နိုင်ငံများသို့ နှစ်စဉ်တင်ပို့ လျက်ရှိသည်။


လက်ရှိ ကမ္ဘာ့နှမ်းစျေးကွက်တွင် မြန်မာနိုင်ငံ၏ အဓိကပြိုင်ဘက်ဖြစ်မှာ အာဖရိကနိုင်ငံဖြစ်ပြီး ယင်းနိုင်ငံသည် နှမ်းအထွက်နှုန်း မြင့်မားကာ အရည်အသွေး ကောင်းမွန်ကြောင်း သိရသည်။


သို့သော် အာဖရိကတွင် အဓိက စိုက်ပျိုးသည့် ဆီနှမ်းအမျိုးအစားမှာ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် နှမ်းနက်၏ အရည်အသွေးကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

Leave a comment