Wednesday, November 14, 2018

ယင္းစီမံကိန္းကုိ ၂၀၁၉ မွ ၂၀၂၂ ခုႏွစ္အတြင္း ေဆာင္ရြက္သြားမည္ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

မႏၱေလး၊  ႏို၀င္ဘာ  ၇

မႏၲ​ေလးတိုင္​း​ေဒသႀကီး၊ အမရပူရၿမိဳ႕နယ္​အတြင္​းရွိ အိမ္​​ေထာင္​စုမ်ားအတြက္ တစ္​ပိုင္​တစ္​ႏိုင္ ​ငါး​ေမြးျမဴ​ေရးအ​ေသးစားလုပ္​ငန္​းမ်ား​ ေပၚ​လာ​ေစရန္​ႏွင္​့ အဟာရပိုမိုျပည္​့ဝ​ေစရန္​အတြက္​ စပါးစိုက္​ခင္​းရွိသူမ်ားကုိ စပါးစိုက္​ျခင္​း ႏွင္​့အတူ ငါး​ေမြးျမဴႏိုင္​​ေရးကုိပါ စီမံကိန္​းခ်မွတ္​ၿပီး လုပ္​​ေဆာင္​သြားမည္​ျဖစ္​​ေၾကာင္​း  MYSAP အဖြဲ႕မွ သိရသည္​။

အဆိုပါ စီမံကိန္​းကုိ INLAND MYSAP ဟု အမည္ေပးထားၿပီး လာမည့္ ၂၀၁၉ ခုႏွစ္အတြင္း အမရပူရၿမိဳ႕နယ္​၌ ​စတင္ေဆာင္​႐ြက္​သြားမည္ ျဖစ္ေၾကာင္း ု MYSAP မွ တာဝန္​ရွိသူတစ္​ဦးက ​ေျပာသည္​။ 

" အမရပူရၿမိဳ႕နယ္​ကုိ​ ေ႐ြးရတာက အျခားမႏၲ​ေလးခရိုင္​မွာရွိတဲ့ ၿမိဳ႕နယ္​​ေတြလို မဟုတ္​ပဲ အမရပူရၿမိဳ႕နယ္​မွာ စပါးကြင္​း​ေတြလည္​း မ်ားတယ္​။ ​ေနာက္​တစ္​ခ်က္​က အိမ္​​ေထာင္​စုဝင္​​ေတြအတြက္​ ငါးစားသုံးမႈ လိုအပ္​တာကုိ​ေတြ႕ရတယ္​။ ​ေနာက္​တစ္​ခ်က္​က အမရပူရၿမိဳ႕နယ္​မွာရွိတဲ့ စပါးကြင္​း​ေတြက ငါ​း​ေမြးျမဴ ေရး လုပ္​ဖို႔​ေျမ​ေနရာ​ေတြ ​ေကာင္​းတာလဲ​ေတြ႕ရတယ္​" ဟု ၎ကဆိုသည္​။ 

INLAND MYSAP အမည္​ျဖင္​့ ​ေဆာင္​႐ြက္​မည္​့ စီမံကိန္​းအရ အဆိုပါစီမံကိန္​း​ ၿမိဳ႕နယ္​အတြင္​းရွိ အိမ္​​ေထာင္​စုဝင္​မ်ားအတြက္​ တစ္​ပိုင္​တစ္​ႏိုင္​ လုပ္​ငန္​းမ်ား​ေပၚလာ​ေစျခင္​း၊ ငါးႏွင္​့ ဟင္​းသီးဟင္​း႐ြက္​ စားသံုး​ေသာအႀကိမ္​အ​ေရအတြက္​ မ်ားျပားလာ​ေစျခင္​း၊ စားသုံး​ေသာပမာဏ မ်ားျပားလာ​ေစျခင္​း၊ အရည္​အ​ေသြး​ ျပည့္၀သည့္ အသား၊ ငါးမ်ားကုိ စားသုံး​ေစျခင္​းႏွင္​့ တစ္​ပိုင္​တစ္​ႏိုင္​ ငါးလုပ္​ငန္းမ်ား​ ေပၚထြက္​လာ​ေစျခင္​းတို႔ကုိ ​ေဆာင္​႐ြက္သြားမည္​ျဖစ္​​ေၾကာင္​း သိရသည္။

အဆိုပါ စီမံကိန္​းအတြက္​ ရံပုံ​ေငြအား ဥ​ေရာပသမဂၢ (EU ) ႏွင္​့ ဂ်ာမဏီ စီးပြား​ေရး ပူး​ေပါင္​း​ေဆာင္​႐ြက္​​ေရးႏွင္​့ ဖြံ႕ၿဖိဳး​ေရး​ေကာ္​ပို​ေရးရွင္​း ဝန္​ႀကီးဌာန (BMZ) တို႔မွ ​ေထာက္​ပံ့​ေပးထား​ေၾကာင္​း သိရသည္​။

ယင္းစီမံကိန္​းကုိ လာမည္​့ႏွစ္​တြင္​ ၂၀၁၉ မွ  ၂၀၂၂ ခုႏွစ္အတြင္း​ မႏၲ​ေလးတိုင္​း​ေဒသႀကီးရွိ အမရပူရၿမိဳ႕နယ္​၊ စစ္​ကုိင္​းတိုင္​း​ေဒသႀကီးရွိ က​ေလးၿမိဳ႕နယ္​ႏွင္​့ ​ေ႐ႊဘိုၿမိဳ႕နယ္​၊ ရွမ္​းျပည္​နယ္​ရွိ က်ိဳင္​းတုံၿမိဳ႕နယ္​ႏွင္​့ ပင္​​ေလာင္​းၿမိဳ႕နယ္​တို႔တြင္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္​း သိရသည္​။ 

 

Unicode

မန္တလေး၊ နိုဝင်ဘာ ၇


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအသေးစားလုပ်ငန်းများ ပေါ်လာစေရန်နှင့် အဟာရပိုမိုပြည့်ဝစေရန်အတွက် စပါးစိုက်ခင်းရှိသူများကို စပါးစိုက်ခြင်း နှင့်အတူ ငါးမွေးမြူနိုင်ရေးကိုပါ စီမံကိန်းချမှတ်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MYSAP အဖွဲ့မှ သိရသည်။

အဆိုပါ စီမံကိန်းကို INLAND MYSAP ဟု အမည်ပေးထားပြီး လာမည့် ၂၀၁၉ ခုနှစ်အတွင်း အမရပူရမြို့နယ်၌ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ု MYSAP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


" အမရပူရမြို့နယ်ကို ရွေးရတာက အခြားမန္တလေးခရိုင်မှာရှိတဲ့ မြို့နယ်တွေလို မဟုတ်ပဲ အမရပူရမြို့နယ်မှာ စပါးကွင်းတွေလည်း များတယ်။ နောက်တစ်ချက်က အိမ်ထောင်စုဝင်တွေအတွက် ငါးစားသုံးမှု လိုအပ်တာကိုတွေ့ရတယ်။ နောက်တစ်ချက်က အမရပူရမြို့နယ်မှာရှိတဲ့ စပါးကွင်းတွေက ငါးမွေးမြူ ရေး လုပ်ဖို့မြေနေရာတွေ ကောင်းတာလဲတွေ့ရတယ်" ဟု ၎င်းကဆိုသည်။


INLAND MYSAP အမည်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းအရ အဆိုပါစီမံကိန်း မြို့နယ်အတွင်းရှိ အိမ်ထောင်စုဝင်များအတွက် တစ်ပိုင်တစ်နိုင် လုပ်ငန်းများပေါ်လာစေခြင်း၊ ငါးနှင့် ဟင်းသီးဟင်းရွက် စားသုံးသောအကြိမ်အရေအတွက် များပြားလာစေခြင်း၊ စားသုံးသောပမာဏ များပြားလာစေခြင်း၊ အရည်အသွေး ပြည့်ဝသည့် အသား၊ ငါးများကို စားသုံးစေခြင်းနှင့် တစ်ပိုင်တစ်နိုင် ငါးလုပ်ငန်းများ ပေါ်ထွက်လာစေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ စီမံကိန်းအတွက် ရံပုံငွေအား ဥရောပသမဂ္ဂ (EU ) နှင့် ဂျာမဏီ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း ဝန်ကြီးဌာန (BMZ) တို့မှ ထောက်ပံ့ပေးထားကြောင်း သိရသည်။


ယင်းစီမံကိန်းကို လာမည့်နှစ်တွင် ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ အမရပူရမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နှင့် ရွှေဘိုမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Leave a comment