Wednesday, November 14, 2018

လက္ရွိတြင္ ျပည္တြင္းစိုက္ပ်ိဳးမႈ ျမင့္တက္လာေသာ ေျပာင္း၊ ပဲပုပ္ သီးႏွံမ်ိဳးစိတ္သစ္မ်ားအား တာင္သူမ်ားသို႔ ျဖန္႔ေ၀ေပးလ်က္ရွိသည္။ ဓာတ္ပံု- AMIA

ႏို၀င္ဘာ   ၇

ေတာင္သူမ်ား အရည္အေသြး ျပည့္မီေသာ မ်ိဳးေစ့မ်ား ရရွိစိုက္ပ်ိဳးႏိုင္ေရးအတြက္ ကြင္းဆင္းစစ္ေဆးေရး အဖြဲ႕မ်ား ဖြဲ႕စည္းကာ စစ္ေဆးေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဌာနမွ သတင္းရရွိသည္။

မ်ိဳးသန္႔ပြားမ်ားေရး လုပ္ငန္းအျဖစ္ မိဘမ်ိဳးေစ့မ်ား ထုတ္လုပ္ျခင္း၊ ဆင့္ပြားမ်ိဳးေစ့မ်ား ထုတ္လုပ္ေပးျခင္း၊ စိုက္ပ်ိဳးေရး ဦးစီးဌာန (DOA)၊ မ်ိဳးေစ့ထုတ္ ေတာင္သူမ်ား၊ မ်ိဳးေစ့ထုတ္ အသင္းမ်ား၊ မ်ိဳးေစ့ထုတ္ သမဝါယမ အသင္းမ်ားသို႔ ဆင့္ပြားမ်ိဳးေစ့မ်ား ျဖန္႔ျဖဴးေပးလ်က္ရွိသကဲ့သို႔ အဆိုပါ မ်ိဳးေစ့မ်ား အရည္အေသြး၊ စံခ်ိန္စံညႊန္း မွန္ကန္ေရးအတြက္ Field Inspection Team မ်ားမွ တစ္ကြင္းျခင္း စစ္ေဆးေပးေနေၾကာင္း စပါးသီးႏွံ သုေတ သနဌာနစုမွ သုေတသနလက္ေထာက္-၂ ဦး၀င္းေက်ာ္က ေျပာသည္။

“ စပါးမ်ိဳးေစ့၊ မ်ိဳးေစ့ေတြမွာ မ်ိဳးေစ့ပြားေနတဲ့ စိုက္ခင္းေတြကို မ်ိဳးသန္စင္ဖို႔၊ မ်ိဳးကြဲ ပါ၀င္တာအျပင္ ေရာဂါပိုးနဲ႔ ပိုးမႊား က်ေရာက္တာေတြကို ရာခိုင္ႏႈန္းအလိုက္ အေသးစိတ္ စစ္ေဆးေပးၿပီးေတာ့ မ်ိဳးအျဖစ္ သံုးသင့္၊ မသင့္ ဆိုတာကို မွတ္တမ္းေကာက္ယူၿပီးေတာ့ စစ္ေဆးအဆံုးျဖတ္ေပးတာ စနစ္တက် လုပ္ေပးေနတယ္” ဟု ၎က ေျပာသည္။

အဆိုပါ ၀န္ႀကီးဌာနေအာက္ရွိ စိုက္ပ်ိဳးေရး သုေတသနဦးစီးဌာန (DAR- ေရဆင္း) သည္ သုေတသန လုပ္ငန္း မ်ား၊ မ်ိဳးေစ့ပြားမ်ား ျဖန္႔ျဖဴးေရး လုပ္ငန္းမ်ား၊ ေျမယာႏွင့္ ဓါတ္ခြဲခန္းမ်ား အဆင့္ျမွင့္တင္ေရး လုပ္ငန္းမ်ားကို အ ဓိကထား ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ျပည္တြင္းစိုက္ပ်ိဳးမႈ ျမင့္တက္လာေသာ ေျပာင္း၊ ပဲပုပ္ သီးႏွံမ်ား မ်ိဳးစိတ္သစ္မ်ား ေဖာ္ထုတ္ထားၿပီး ေတာင္သူမ်ားသို႔ ျဖန္႔ေ၀ေပးလ်က္ရွိေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရး သုေတသန ဦးစီးဌာနမွ ဆက္စပ္ဌာနမ်ား ပူးေပါင္း၍ကြင္းဆင္းျခင္း၊ သ႐ုပ္ျပပြဲမ်ား ျပဳလုပ္ေပးျခင္း၊ မ်ဳိးသန္႔ ျပပြဲမ်ားက်င္းပေပးျခင္း၊ သီးႏွံမ်ဳိးေစ့ တစ္မ်ဳိးအား ကာလၾကာရွည္စြာ စိုက္ပ်ဳိးျခင္းသည္ မ်ဳိးေစ့ အ ရည္အေသြး စံခ်ိန္စံၫႊန္းမ်ား ေလ်ာ့က်သြားႏိုင္ျခင္းေၾကာင့္ အဆိုပါသီးႏွံတို႔၏ ကြင္းဆက္တစ္ေလွ်ာက္ ပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။

 

Unicode

နိုဝင်ဘာ ရ


တောင်သူများ အရည်အသွေး ပြည့်မီသော မျိုးစေ့များ ရရှိစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းကာ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သတင်းရရှိသည်။


မျိုးသန့်ပွားများရေး လုပ်ငန်းအဖြစ် မိဘမျိုးစေ့များ ထုတ်လုပ်ခြင်း၊ ဆင့်ပွားမျိုးစေ့များ ထုတ်လုပ်ပေးခြင်း၊ စိုက်ပျိုးရေး ဦးစီးဌာန (DOA)၊ မျိုးစေ့ထုတ် တောင်သူများ၊ မျိုးစေ့ထုတ် အသင်းများ၊ မျိုးစေ့ထုတ် သမဝါယမ အသင်းများသို့ ဆင့်ပွားမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိသကဲ့သို့ အဆိုပါ မျိုးစေ့များ အရည်အသွေး၊ စံချိန်စံညွှန်း မှန်ကန်ရေးအတွက် Field Inspection Team များမှ တစ်ကွင်းခြင်း စစ်ဆေးပေးနေကြောင်း စပါးသီးနှံ သုတေ သနဌာနစုမှ သုတေသနလက်ထောက်-၂ ဦးဝင်းကျော်က ပြောသည်။


“ စပါးမျိုးစေ့၊ မျိုးစေ့တွေမှာ မျိုးစေ့ပွားနေတဲ့ စိုက်ခင်းတွေကို မျိုးသန်စင်ဖို့၊ မျိုးကွဲ ပါ၀င်တာအပြင် ရောဂါပိုးနဲ့ ပိုးမွှား ကျရောက်တာတွေကို ရာခိုင်နှုန်းအလိုက် အသေးစိတ် စစ်ဆေးပေးပြီးတော့ မျိုးအဖြစ် သုံးသင့်၊ မသင့် ဆိုတာကို မှတ်တမ်းကောက်ယူပြီးတော့ စစ်ဆေးအဆုံးဖြတ်ပေးတာ စနစ်တကျ လုပ်ပေးနေတယ်” ဟု ၎င်းက ပြောသည်။


အဆိုပါ ၀န်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန (DAR- ရေဆင်း) သည် သုတေသန လုပ်ငန်း များ၊ မျိုးစေ့ပွားများ ဖြန့်ဖြူးရေး လုပ်ငန်းများ၊ မြေယာနှင့် ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို အ ဓိကထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လက်ရှိတွင် ပြည်တွင်းစိုက်ပျိုးမှု မြင့်တက်လာသော ပြောင်း၊ ပဲပုပ် သီးနှံများ မျိုးစိတ်သစ်များ ဖော်ထုတ်ထားပြီး တောင်သူများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ ဆက်စပ်ဌာနများ ပူးပေါင်း၍ကွင်းဆင်းခြင်း၊ သရုပ်ပြပွဲများ ပြုလုပ်ပေးခြင်း၊ မျိုးသန့် ပြပွဲများကျင်းပပေးခြင်း၊ သီးနှံမျိုးစေ့ တစ်မျိုးအား ကာလကြာရှည်စွာ စိုက်ပျိုးခြင်းသည် မျိုးစေ့ အ ရည်အသွေး စံချိန်စံညွှန်းများ လျော့ကျသွားနိုင်ခြင်းကြောင့် အဆိုပါသီးနှံတို့၏ ကွင်းဆက်တစ်လျှောက် ပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

Leave a comment