Sunday, December 16, 2018

အရည္အေသြး စစ္ေဆးစမ္းသပ္မႈမ်ား ျပဳလုပ္ႏိုင္ရန္ ဓာတ္ခြဲခန္းမ်ား လိုအပ္ေနသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ  ၁၂

ျမန္မာႏုိင္ငံ ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ မွန္ကန္ျမန္ဆန္သည့္ ေရာဂါရွာေဖြေရး ေထာက္လွမ္းစနစ္ အားနည္း ေနမႈကို ထိေရာက္သည့္ စနစ္တစ္ခုျဖစ္လာသည္အထိ ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ ေမြးျမဴေရး
လုပ္ငန္းအဖြဲ႕မွ သိရသည္။

“ လက္ရွိ လုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြကို ျပန္လည္ သံုးသပ္ၿပီးေတာ့ ပိုေကာင္းမြန္လာေအာင္ ပိုထိေရာက္ လာေအာင္ ျပဳျပင္ေဆာင္ရြက္ရမယ့္ အပိုင္းေတြရွိတယ္။ အဓိကဆိုေတာ့ နည္းပညာ ပံ့ပိုးေပးတဲ့ က႑ေတြမွာ ျမွင့္တင္ေဆာင္ရြက္ဖို႔ ရွိတယ္။ ေမြးျမဴေရးလုပ္ငန္းေတြ ေရာက္ဂါရွာေဖြေရး စနစ္က အားနည္းေနေတာ့ ဒါကို ပိုမိုထိေရာက္ေအာင္ ေကာင္းလာဖို႔ ဌာနဆိုင္ရာနဲ႔ ျပည္တြင္း၊ ျပည္ပလုပ္ငန္းရွင္ေတြနဲ႔ပါ ဆက္လက္ပူးေပါင္း ေဆာင္ရြက္သြားဖို႔ပါ” ဟု ေျပာသည္။

ေမြးျမဴေရး ထြက္ကုန္ပစၥည္းမ်ား တိုးတက္လာေစရန္ အရည္အေသြးဆိုင္ရာ စံခ်ိန္စံညြန္းအပိုင္းတြင္ အသိ အ မွတ္ျပဳေရးအတြက္ အစိုးရႏွင့္ ပုဂၢလိကဓာတ္ခြဲခန္းမ်ား အကူအညီေပးရန္ႏွင့္ မ်ိဳးစံုစမ္းသပ္ႏုိင္ရန္ တိုးခ်ဲ႕ထူ ေထာင္ရန္ လိုအပ္ေနေၾကာင္း သိရသည္။

 “ စိုက္ပ်ိဳး၊ ေမြးျမဴေရး ထြက္ကုန္ေတြ တင္ပို႔၊ တင္သြင္းတဲ့အခါမွာ အျပည္ျပည္ဆုိင္ရာ စဥ္းမ်ဥ္းေတြနဲ႔ တစ္ ေျပးညီ သတ္မွတ္ေဆာင္ရြက္တာေတြ လုပ္ရမယ္။ တိရစာၦန္ သန္႔ရွင္ေရး၊ ေရာဂါဘယ ကင္းရွင္းေရးဆုိင္ရာ ဓာတ္ခြဲခန္းေတြ ဖြံ႕ၿဖိဳးဖို႔  လိုအပ္တယ္” ဟု ရန္ကုန္တိုင္း၊ တြံေတးရွိေမြးျမဴေရးလုပ္ငန္းရွင္ ဦးစိုးႏုိင္က ေျပာ သည္။

ယင္းကဲ့သို႔ ျမန္မာ့ ေမြးျမဴးေရးက႑ တိုးတက္လာေစရန္ ဓာတ္ခြဲခန္းပညာရွင္မ်ား ေမြးထုတ္ေပးႏိုင္ေရး၊ သင္တန္းမ်ား ပို႔ခ်ေပးေရး၊ ရွိၿပီးသား ဓာတ္ခြဲခန္းမ်ားအား အဆင့္ျမွင့္တင္ႏုိင္ရန္ ရန္ပံုေငြရရွိေရးအတြက္ အ ထပ္ဆင့္ဆင့္သို႔ တင္ျပေတာင္းခံေရး၊ ျမန္မာႏုိင္ငံ ဓာတ္ခြဲခန္းမ်ားအသင္း တည္ေထာင္ႏုိင္ေရး၊ တင္သြင္းလာ ေသာပစၥည္းမ်ား ျဖန္႔ျဖဴးေရာင္းခ်ႏိုင္ေရး စသည္တို႔ကို ပုဂၢလိကလုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားရန္ ရွိေၾကာင္း သိရသည္။

 

Unicode

နိုဝင်ဘာ ၁၂


မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းများတွင် မှန်ကန်မြန်ဆန်သည့် ရောဂါရှာဖွေရေး ထောက်လှမ်းစနစ် အားနည်း နေမှုကို ထိရောက်သည့် စနစ်တစ်ခုဖြစ်လာသည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့မှ သိရသည်။


“ လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ပြီးတော့ ပိုကောင်းမွန်လာအောင် ပိုထိရောက် လာအောင် ပြုပြင်ဆောင်ရွက်ရမယ့် အပိုင်းတွေရှိတယ်။ အဓိကဆိုတော့ နည်းပညာ ပံ့ပိုးပေးတဲ့ ကဏ္ဍတွေမှာ မြှင့်တင်ဆောင်ရွက်ဖို့ ရှိတယ်။ မွေးမြူရေးလုပ်ငန်းတွေ ရောက်ဂါရှာဖွေရေး စနစ်က အားနည်းနေတော့ ဒါကို ပိုမိုထိရောက်အောင် ကောင်းလာဖို့ ဌာနဆိုင်ရာနဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေနဲ့ပါ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ပါ” ဟု ပြောသည်။


မွေးမြူရေး ထွက်ကုန်ပစ္စည်းများ တိုးတက်လာစေရန် အရည်အသွေးဆိုင်ရာ စံချိန်စံညွန်းအပိုင်းတွင် အသိ အ မှတ်ပြုရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကဓာတ်ခွဲခန်းများ အကူအညီပေးရန်နှင့် မျိုးစုံစမ်းသပ်နိုင်ရန် တိုးချဲ့ထူ ထောင်ရန် လိုအပ်နေကြောင်း သိရသည်။


“ စိုက်ပျိုး၊ မွေးမြူရေး ထွက်ကုန်တွေ တင်ပို့၊ တင်သွင်းတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ စဉ်းမျဉ်းတွေနဲ့ တစ် ပြေးညီ သတ်မှတ်ဆောင်ရွက်တာတွေ လုပ်ရမယ်။ တိရစ္ဆာန် သန့်ရှင်ရေး၊ ရောဂါဘယ ကင်းရှင်းရေးဆိုင်ရာ ဓာတ်ခွဲခန်းတွေ ဖွံ့ဖြိုးဖို့ လိုအပ်တယ်” ဟု ရန်ကုန်တိုင်း၊ တွံတေးရှိမွေးမြူရေးလုပ်ငန်းရှင် ဦးစိုးနိုင်က ပြောသည်။


ယင်းကဲ့သို့ မြန်မာ့ မွေးမြူးရေးကဏ္ဍ တိုးတက်လာစေရန် ဓာတ်ခွဲခန်းပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ သင်တန်းများ ပို့ချပေးရေး၊ ရှိပြီးသား ဓာတ်ခွဲခန်းများအား အဆင့်မြှင့်တင်နိုင်ရန် ရန်ပုံငွေရရှိရေးအတွက် အ ထပ်ဆင့်ဆင့်သို့ တင်ပြတောင်းခံရေး၊ မြန်မာနိုင်ငံ ဓာတ်ခွဲခန်းများအသင်း တည်ထောင်နိုင်ရေး၊ တင်သွင်းလာ သောပစ္စည်းများ ဖြန့်ဖြူးရောင်းချနိုင်ရေး စသည်တို့ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

 

Leave a comment