Sunday, December 16, 2018

သီးႏွံအာမခံ စနစ္ေပၚေပါက္လာပါက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သီးႏွံစိုက္ခင္းပ်က္စီးဆံုးရံႈးမႈမ်ား ျဖစ္ေပၚလာပါက ေလ်ာ္ေၾကးေငြျပန္လည္ ရရွိမည္ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ  ၁၃

ျမန္မာႏုိင္ငံရွိ ေတာင္သူမ်ား၏ အက်ိဳးစီးပြားကို ကာကြယ္ေပးႏုိင္ရန္ ႏုိင္ငံတကာႏွင့္ ညီေသာ တိက်သည့္ သီးႏွံ အာမခံစနစ္ အျမန္ဆံုး ေပၚေပါက္လာေစေရး လိုအပ္ေနေၾကာင္း လယ္ယာက႑ ကၽြမ္းက်င္သူမ်ားက ေျပာ သည္။

ေတာင္သူမ်ား စုိက္ပ်ိဳးထားသည့္ သီးႏွံမ်ား ပ်က္စီးဆုံး႐ႈံးမႈ ေလ်ာ့နည္းပေပ်ာက္ေစေရးႏွင့္ တိက်သည့္ အာမခံ စနစ္တစ္ခု ျဖစ္ေပၚလာေစေရး အစိုးရမွ ဦးေဆာင္ကာ လုပ္ငန္းရွင္မ်ားႏွင့္ ေဒသဆိုင္ရာေတာင္သူမ်ား ပါ၀င္ရန္ လိုအပ္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ ေရႀကီးေရလွ်ံမႈမ်ား အပါအ၀င္ ရာသီဥတုေၾကာင့္ စုိက္ပ်ိဳးထားေသာ သီးႏွံမ်ား ပ်က္စီးပါက တစ္ ဧကလွ်င္ က်ပ္ ႏွစ္သိန္းခြဲခန္႔ ေပးေလ်ာ္ရမည္ျဖစ္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးရဲမင္းေအာင္က ‘‘ စုိက္ပ်ိဳးေရး အာမခံစနစ္က မ တင္မေနရလား၊ မတင္ဘဲ ေနလုိ႔ရလားဆုိတာ အေရးႀကီးပါတယ္။ အာမခံစနစ္ဆုိတာ ၀ယ္သုံးရမွာ ျဖစ္ပါ တယ္။ ကြၽန္ေတာ္တို႔ေတာင္ သူလယ္သမားေတြက ၀ယ္သုံးဖုိ႔အတြက္ ကုန္က်စရိတ္ ရွိလာႏုိင္ပါတယ္။ ဒီဟာ ကုိ လုပ္ခ်င္တဲ့လူက လုပ္မယ္၊ မလုပ္ခ်င္တဲ့လူက မလုပ္ဘူးဆုိလုိ႔ရွိရင္ စီးပြားေရးအရ တြက္ေျခကိုက္မႈ မရွိ ဘူးဆုိရင္ အာမခံကုမၸဏီေတြ လုပ္ဖုိ႔ဆုိတာ ခက္ပါတယ္’’ ဟု ေျပာသည္။

ျမန္မာ့လယ္ယာက႑၌ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ သာမက၊ ျပည္တြင္းရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားပါ ၀င္ေရာက္လာ ေရး တြင္ ရာသီဥတု ေဖာက္ျပန္မႈသည္ ႀကီးမားေသာ စိန္ေခၚမႈတစ္ခု ျဖစ္ေနေသာေၾကာင့္ ယင္းအာမခံစနစ္သည္ မ ရိွမျဖစ္ လိုအပ္လာသည္ဟု သိရသည္။

ဧရာဝတီတုိင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္မွ ေတာင္သူ ဦးလွဝင္းကိုက “ ဒီႏွစ္ ကြ်န္ေတာ္တို႔ စပါးစိုက္ရတာ အ ရံႈး ေပၚေနတယ္။ စပါးရိတ္ သိမ္းခ်ိန္တုန္းက ေရေတြႀကီးလုိ႔ စပါးေတြ ပ်က္ဆီးကုန္တယ္။ သီးႏွံ အာမခံ ထားရိွမယ္ဆုိရင္ ပ်က္စီးမႈကို ဖာေထးေပးေသးတာေပါ့။ အရင္ဆံုး စပါးသီးႏွံနဲ႔ ပတ္သက္ၿပီး အာမခံလုပ္ငန္း အ ရင္ လုပ္ေပးဖို႔ လယ္သမားေတြရဲ႕ကိုယ္စား ေတာင္းဆိုပါတယ္” ဟု ေျပာသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ သီးႏွံအာမခံ ထားရွိ၍ ေငြထုတ္ေခ်းေပးသည့္စနစ္ မရွိေသးသည့္အတြက္ ေတာင္သူ လယ္သမားမ်ားအေနျဖင့္ ဆံုး႐ႈံးမႈမ်ား ျဖစ္ေပၚေနရေၾကာင္း သိရသည္။

 

Unicode

နိုဝင်ဘာ ၁၃


မြန်မာနိုင်ငံရှိ တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် နိုင်ငံတကာနှင့် ညီသော တိကျသည့် သီးနှံ အာမခံစနစ် အမြန်ဆုံး ပေါ်ပေါက်လာစေရေး လိုအပ်နေကြောင်း လယ်ယာကဏ္ဍ ကျွမ်းကျင်သူများက ပြောသည်။


တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ ပျက်စီးဆုံးရှုံးမှု လျော့နည်းပပျောက်စေရေးနှင့် တိကျသည့် အာမခံ စနစ်တစ်ခု ဖြစ်ပေါ်လာစေရေး အစိုးရမှ ဦးဆောင်ကာ လုပ်ငန်းရှင်များနှင့် ဒေသဆိုင်ရာတောင်သူများ ပါ၀င်ရန် လိုအပ်နေကြောင်း သိရသည်။


လက်ရှိတွင် ရေကြီးရေလျှံမှုများ အပါအဝင် ရာသီဥတုကြောင့် စိုက်ပျိုးထားသော သီးနှံများ ပျက်စီးပါက တစ် ဧကလျှင် ကျပ် နှစ်သိန်းခွဲခန့် ပေးလျော်ရမည်ဖြစ်ဟု သတ်မှတ်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ‘‘ စိုက်ပျိုးရေး အာမခံစနစ်က မ တင်မနေရလား၊ မတင်ဘဲ နေလို့ ရလားဆိုတာ အရေးကြီးပါတယ်။ အာမခံစနစ်ဆိုတာ ၀ယ်သုံးရမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့တောင် သူလယ်သမားတွေက ၀ယ်သုံးဖို့အတွက် ကုန်ကျစရိတ် ရှိလာနိုင်ပါတယ်။ ဒီဟာ ကို လုပ်ချင်တဲ့လူက လုပ်မယ်၊ မလုပ်ချင်တဲ့လူက မလုပ်ဘူးဆိုလို့ရှိရင် စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိ ဘူးဆိုရင် အာမခံကုမ္ပဏီတွေ လုပ်ဖို့ဆိုတာ ခက်ပါတယ်’’ ဟု ပြောသည်။


မြန်မာ့လယ်ယာကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သာမက၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုများပါ ၀င်ရောက်လာ ရေး တွင် ရာသီဥတု ဖောက်ပြန်မှုသည် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေသောကြောင့် ယင်းအာမခံစနစ်သည် မ ရှိမဖြစ် လိုအပ်လာသည်ဟု သိရသည်။


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ တောင်သူ ဦးလှဝင်းကိုက “ ဒီနှစ် ကျွန်တော်တို့ စပါးစိုက်ရတာ အ ရှုံး ပေါ်နေတယ်။ စပါးရိတ် သိမ်းချိန်တုန်းက ရေတွေကြီးလို့ စပါးတွေ ပျက်ဆီးကုန်တယ်။ သီးနှံ အာမခံ ထားရှိမယ်ဆိုရင် ပျက်စီးမှုကို ဖာထေးပေးသေးတာပေါ့။ အရင်ဆုံး စပါးသီးနှံနဲ့ ပတ်သက်ပြီး အာမခံလုပ်ငန်း အ ရင် လုပ်ပေးဖို့ လယ်သမားတွေရဲ့ကိုယ်စား တောင်းဆိုပါတယ်” ဟု ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် သီးနှံအာမခံ ထားရှိ၍ ငွေထုတ်ချေးပေးသည့်စနစ် မရှိသေးသည့်အတွက် တောင်သူ လယ်သမားများအနေဖြင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

Leave a comment