Sunday, December 16, 2018

လက္ရွိတြင္ စပါး တင္း ၁၀၀ လွ်င္ ၅၅၀,၀၀၀ ေစ်း၀န္းက်င္ျဖင့္ အေရာင္းအ၀ယ္ ျဖစ္ေနသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ရန္ကုန္၊  ႏိုဝင္ဘာ ၁၃

ျပည္တြင္းရွိ ဆန္စက္လုပ္ငန္းရွင္မ်ား၊ ဆန္ကုန္သည္မ်ားႏွင့္ ဆန္ Exporter မ်ားကို ယခုထက္ပို၍ စပါး ဝယ္ယူ ႏိုင္ေစေရးအတြက္ ေခ်းေငြ အစီအစဥ္မ်ား ေဆာင္ရြက္ေပးရန္ အစိုးရထံသို႔ တင္ျပထားေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သတင္းရရွိသည္။

" အေျခခံ ေဈးႏႈန္းေအာက္ မေရာက္ေအာင္ဘဲ တက္ႏိုင္သမွ် ကြၽန္ေတာ္တို႔ ပုဂၢလိကဘက္က ႀကိဳးစားေန တယ္။ ႏိုင္ငံေတာ္ဘက္ကိုလဲ ဒီထက္ပိုၿပီး ပါဝင္လာေအာင္ တင္ျပထားတာေတြ ရွိပါတယ္။ အထူးသျဖင့္ ဆန္ စက္လုပ္ငန္းရွင္ေတြ၊ ဆန္ကုန္သည္ေတြ၊ Exporter ေတြကို ေခ်းေငြထုတ္ေပးဖို႔ ကိစၥပါ။ ဒီလူေတြက စပါးကို ပို ၿပီးဝယ္မယ္ဆိုရင္ ေဈးကြက္ရဲ႕ ဝယ္လိုအားမ်ားလာရင္ ေဈးက သူ႔ဟာသူ တက္လာမယ္ " ဟု ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္မွ အေထြေထြအတြင္းေရးမွဴး ဦးရဲမင္းေအာင္က ေျပာသည္။

လက္ရွိတြင္ အစိုဓာတ္ ၁၄ ရာခိုင္ႏႈန္းရွိၿပီး  အဖ်င္းအေမွာ္၊ ဖုန္၊ သဲ၊ ခဲ စေသာ  အရည္အေသြးပိုင္းဆိုင္ရာ သတ္ မွတ္ စံခ်ိန္စံၫႊန္းမ်ားႏွင့္ ကိုက္ညီသည့္  ၄၆ ေပါင္ကိုက္ စပါးတင္း ၁၀၀ လွ်င္ အေျခခံေဈးႏႈန္းအျဖစ္ ေငြက်ပ္ ၅ သိန္း ေပးေခ်၀ယ္ယူၾကရန္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။

အဆိုပါ သတ္မွတ္ေဈးႏႈန္းသည္ ၂၀၁၈ ခုႏွစ္ ေႏြစပါးေပၚခ်ိန္ႏွင့္ ၂၀၁၈ ခုႏွစ္ မိုးစပါး ေပၚခ်ိန္တို႔အတြက္ အဓိ က ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ၿပီး  လုပ္ကြက္ငယ္ ေတာင္သူလယ္သမားမ်ား အပါအဝင္ ေတာင္သူလယ္သ မားအမ်ားစု စိုက္ပ်ိဳးေသာ သာမန္စပါး အမ်ိဳးအစားမ်ားသည္ စပါးေပၚခ်ိန္တြင္ ေဈးႏႈန္းက်ဆင္းေလ့ ရွိေသာ ေၾကာင့္  ယင္းလုပ္ကြက္ငယ္ ေတာင္သူလယ္သမား အမ်ားစု၏ အက်ိဳးစီးပြားကို ဦးစားေပးျခင္းအားျဖင့္ ၎တို႔ စိုက္ပ်ိဳးေသာ စပါးမ်ားအတြက္ အေျခခံေဈးႏႈန္းအျဖစ္ သတ္မွတ္ထုတ္ျပန္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းမွာ  ျမန္မာႏိုင္ငံ၏ စိုက္ပ်ိဳးေရးသမိုင္းတြင္  ပထမဦးဆုံး အေျခခံစပါးေဈးႏႈန္း စတင္သတ္မွတ္ျခင္းျဖစ္ သည့္အတြက္ အခက္အခဲမ်ား ရွိေနေသးေသာ္လည္း ယခုႏွစ္ကို နမူနာယူ၍ လာမည့္ႏွစ္မ်ား၌ ယခုထက္ပိုမို ေကာင္းမြန္သည့္ အေနအထားျဖစ္ေအာင္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔ ရည္႐ြယ္တာက ႏိုင္ငံေတာ္အစိုးရက ေဈးကြက္ထဲကို ဝင္ၿပီးေတာ့ ဝယ္ဖို႔ မလိုအပ္ပါဘူး။ ဝယ္ ေနတဲ့ ပုဂၢလိကလုပ္ငန္းရွင္ေတြကို ေခ်းေငြလိုဟာမ်ိဳး စီစဥ္ေပးလိုက္မယ္ဆိုရင္ အစိတ္အပိုင္းတစ္ခု ျဖစ္လာ မယ္။ " ဟု ဦးရဲမင္းေအာင္က ဆက္လက္ေျပာဆိုသည္။

ယင္းအျပင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္မွ ႏိုင္ငံျခားဘဏ္၊ ဘဏ္ခြဲမ်ားကို ျပည္တြင္းစီးပြားေရး လုပ္ငန္းမ်ားအ တြက္ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ားအား တိုးခ်ဲ႕လုပ္ကိုင္ခြင့္ ျပဳခဲ့ျခင္းသည္  သီးႏွံေပၚသည့္အခ်ိန္တြင္ လုပ္ ငန္းရွင္မ်ားအတြက္ ပိုမိုဝယ္ယူလာႏိုင္သည့္ အေနအထားတစ္ခု ျဖစ္လာႏိုင္သည္ဟု ၎ကဆိုသည္။

ယင္း႔ေၾကာင့္ Exporter မ်ားအတြက္ လွည့္ပတ္ရင္းႏွီးေငြကို ရွာေဖြ၍ စပါးမ်ားကို ဝယ္ယူစုေဆာင္းကာ ျပည္ပ သို႔ တင္ပို႔သည့္လုပ္ငန္းမ်ား ပိုမိုေဆာင္႐ြက္ႏိုင္ရန္ အားေပးလုပ္ေဆာင္ေနၿပီး အစိုးရသို႔လည္း ယခုထက္ပိုမို လုပ္ေဆာင္ေပးရန္ တင္ျပထားေၾကာင္း သိရသည္။

လက္ရွိ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ ျပည္ပသို႔ ဆန္တန္ခ်ိန္ ၂ သန္းႏွင့္ ၃ သန္းၾကား တင္ပို႔ႏိုင္မည္ဟု ေမွ်ာ္မွန္းထားၿပီး ယခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံသို႔ တရားမဝင္ စပါးအေျမာက္အမ်ား ထြက္ရွိသြားသည့္အတြက္ ဆန္ အျဖစ္ တင္ပို႔ႏိုင္သည့္  အေနအထားကို ေစာင့္ၾကည့္ရဦးမည္ဟု ဆန္ကုန္သည္မ်ားက ဆိုသည္။

" လက္တေလာက ဆန္ေဈးေကာ စပါးေဈးပါ နည္းနည္းေအးေနတယ္။ ပင္လယ္ေရေၾကာင္းလဲ သိပ္မေရာင္း ထားဘူး၊ တ႐ုတ္ကိုလဲ သိပ္ထြက္မရ၊ သီးႏွံေပၚတဲ့ အခ်ိန္လဲ ျဖစ္ဆိုေတာ့ ေဈးက်ေနတယ္" ဟု ျမန္မာႏိုင္ငံ ဆန္ကုန္သည္ႀကီးမ်ားအသင္း အတြင္းေရးမွဴး ဦးေအာင္ျမင့္က ဆိုသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းက စပါးတင္း ၁၀၀ လွ်င္ အစိုဓာတ္အေပၚ မူတည္ကာ ပ်မ္းမွ်  ၆၂၀,၀၀၀ ၀န္းက်င္ ေဈးရရွိခဲ့ၿပီး၊ လက္ရွိတြင္ စပါးတင္း ၁၀၀ လွ်င္ ပ်ဥ္းမွ်ေဈး ၅၅၀,၀၀၀ ဝန္းက်င္ေစ်းျဖင့္သာ အေရာင္း အ၀ယ္ ျဖစ္ေနေၾကာင္း သိရသည္။

 

Unicode

ရန်ကုန်၊ နိုဝင်ဘာ ၁၃


ပြည်တွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆန် Exporter များကို ယခုထက်ပို၍ စပါး ဝယ်ယူ နိုင်စေရေးအတွက် ချေးငွေ အစီအစဉ်များ ဆောင်ရွက်ပေးရန် အစိုးရထံသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။


" အခြေခံ ဈေးနှုန်းအောက် မရောက်အောင်ဘဲ တက်နိုင်သမျှ ကျွန်တော်တို့ ပုဂ္ဂလိကဘက်က ကြိုးစားနေ တယ်။ နိုင်ငံတော်ဘက်ကိုလဲ ဒီထက်ပိုပြီး ပါဝင်လာအောင် တင်ပြထားတာတွေ ရှိပါတယ်။ အထူးသဖြင့် ဆန် စက်လုပ်ငန်းရှင်တွေ၊ ဆန်ကုန်သည်တွေ၊ Exporter တွေကို ချေးငွေထုတ်ပေးဖို့ ကိစ္စပါ။ ဒီလူတွေက စပါးကို ပို ပြီးဝယ်မယ်ဆိုရင် ဈေးကွက်ရဲ့ ဝယ်လိုအားများလာရင် ဈေးက သူ့ဟာသူ တက်လာမယ် " ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။


လက်ရှိတွင် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ စသော အရည်အသွေးပိုင်းဆိုင်ရာ သတ် မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် အခြေခံဈေးနှုန်းအဖြစ် ငွေကျပ် ၅ သိန်း ပေးချေဝယ်ယူကြရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။


အဆိုပါ သတ်မှတ်ဈေးနှုန်းသည် ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်နှင့် ၂၀၁၈ ခုနှစ် မိုးစပါး ပေါ်ချိန်တို့အတွက် အဓိ က ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ကွက်ငယ် တောင်သူလယ်သမားများ အပါအဝင် တောင်သူလယ်သ မားအများစု စိုက်ပျိုးသော သာမန်စပါး အမျိုးအစားများသည် စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ ရှိသော ကြောင့် ယင်းလုပ်ကွက်ငယ် တောင်သူလယ်သမား အများစု၏ အကျိုးစီးပွားကို ဦးစားပေးခြင်းအားဖြင့် ၎င်းတို့ စိုက်ပျိုးသော စပါးများအတွက် အခြေခံဈေးနှုန်းအဖြစ် သတ်မှတ်ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။


ယင်းမှာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးသမိုင်းတွင် ပထမဦးဆုံး အခြေခံစပါးဈေးနှုန်း စတင်သတ်မှတ်ခြင်းဖြစ် သည့်အတွက် အခက်အခဲများ ရှိနေသေးသော်လည်း ယခုနှစ်ကို နမူနာယူ၍ လာမည့်နှစ်များ၌ ယခုထက်ပိုမို ကောင်းမွန်သည့် အနေအထားဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


" ကျွန်တော်တို့ ရည်ရွယ်တာက နိုင်ငံတော်အစိုးရက ဈေးကွက်ထဲကို ဝင်ပြီးတော့ ဝယ်ဖို့ မလိုအပ်ပါဘူး။ ဝယ် နေတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ချေးငွေလိုဟာမျိုး စီစဉ်ပေးလိုက်မယ်ဆိုရင် အစိတ်အပိုင်းတစ်ခု ဖြစ်လာ မယ်။ " ဟု ဦးရဲမင်းအောင်က ဆက်လက်ပြောဆိုသည်။


ယင်းအပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေး လုပ်ငန်းများအ တွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား တိုးချဲ့လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းသည် သီးနှံပေါ်သည့်အချိန်တွင် လုပ် ငန်းရှင်များအတွက် ပိုမိုဝယ်ယူလာနိုင်သည့် အနေအထားတစ်ခု ဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။


ယင်း့ကြောင့် Exporter များအတွက် လှည့်ပတ်ရင်းနှီးငွေကို ရှာဖွေ၍ စပါးများကို ဝယ်ယူစုဆောင်းကာ ပြည်ပ သို့ တင်ပို့သည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် အားပေးလုပ်ဆောင်နေပြီး အစိုးရသို့လည်း ယခုထက်ပိုမို လုပ်ဆောင်ပေးရန် တင်ပြထားကြောင်း သိရသည်။


လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂ သန်းနှင့် ၃ သန်းကြား တင်ပို့နိုင်မည်ဟု မျှော်မှန်းထားပြီး ယခုနှစ်တွင် တရုတ်နိုင်ငံသို့ တရားမဝင် စပါးအမြောက်အများ ထွက်ရှိသွားသည့်အတွက် ဆန် အဖြစ် တင်ပို့နိုင်သည့် အနေအထားကို စောင့်ကြည့်ရဦးမည်ဟု ဆန်ကုန်သည်များက ဆိုသည်။


" လက်တလောက ဆန်ဈေးကော စပါးဈေးပါ နည်းနည်းအေးနေတယ်။ ပင်လယ်ရေကြောင်းလဲ သိပ်မရောင်း ထားဘူး၊ တရုတ်ကိုလဲ သိပ်ထွက်မရ၊ သီးနှံပေါ်တဲ့ အချိန်လဲ ဖြစ်ဆိုတော့ ဈေးကျနေတယ်" ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ဆိုသည်။


ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စပါးတင်း ၁၀၀ လျှင် အစိုဓာတ်အပေါ် မူတည်ကာ ပျမ်းမျှ ၆၂၀,၀၀၀ ၀န်းကျင် ဈေးရရှိခဲ့ပြီး၊ လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ပျဉ်းမျှဈေး ၅၅၀,၀၀၀ ဝန်းကျင်စျေးဖြင့်သာ အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

Leave a comment