Saturday, September 21, 2019

ြGAP လက္မွတ္ ရရွိထားသည့္ သီးႏွံ၊ သားငါးမ်ားမွာ ျပည္ပေစ်းကြက္ အခြင့္အလမ္းေကာင္းမ်ား ရရွိႏိုင္မည္ျဖစ္သည္။ ဓာတ္ပံု- မွိဳင္းေ၀(AMIA)

မႏၱေလး၊  ႏို၀င္ဘာ  ၁၅

၂၀၁၈ ခုႏွစ္ ယခုႏို၀င္ဘာလမွ စတင္ကာ မႏၱေလးတိုင္း ေဒသႀကီးအတြင္းရွိ စံခ်ိန္စံညႊန္း သတ္မွတ္ခ်က္ မ်ားႏွင့္ ကိုက္ညီသည့္ ေမြးျမဴေရးၿခံမ်ားအား စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား(GAP) လက္မွတ္မ်ား ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း မႏၱေလးတုိင္းေဒသႀကီး တိရိစၦာန္ေမြးျမဴေရးႏွင့္ ကုသေရးဦး စီးဌာန၊ တိုင္းေဒသႀကီးဦးစီးမွဴး ေဒါက္တာေမာင္ေမာင္ထံက ေျပာသည္။

“ စုိက္ပ်ိဳးေရး လုပ္ငန္းရွင္ေတြလုိ ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။ GAP လက္မွတ္ ရရွိထားတဲ့ ေမြးျမဴ ေရးလုပ္ငန္းရွင္ေတြဆီက ထြက္တဲ့ တိရိစၦာန္ေတြက အျခားသူေတြထက္ေတာ့ ေစ်းကြက္မွာ ေစ်းပုိရမယ္” ဟု ေဒါက္တာေမာင္ေမာင္က ဆိုသည္။

ၿပီးခဲ့သည့္ႏွစ္မ်ားက GAP လက္မွတ္မ်ားအား စံခ်ိန္စံညႊန္း သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသည့္ စိုက္ပ်ိဳးေရး ၿခံမ်ားကိုသာ ေပးအပ္ခဲ့ၿပီး ယခုႏွစ္တြင္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားကုိပါ ထပ္မံထုတ္ေပးႏုိင္ရန္ ျပင္ဆင္ထား ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ GAP လက္မွတ္အား အႀကီးစား ေမြးျမဴေရးလုပ္ငန္းရွင္မ်ားအျပင္ တစ္ပိုင္တစ္ႏုိင္ လုပ္ကိုင္ၾကသည့္ ေမြးျမဴေရး လုပ္ငန္းရွင္မ်ားကိုလည္း ထုတ္ေပးသြားမည္ျဖစ္ၿပီး GAP လမ္းညႊန္ခ်က္မ်ားအတိုင္း လိုက္နာေမြးျမဴ မွသာ  အသိအမွတ္ျပဳ လက္မွတ္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတင္ GAP စံခ်ိန္စံညႊန္း သတ္မွတ္ခ်က္မ်ားအား မႏၱေလးတုိင္းေဒသႀကီး အတြင္းရွိ ေမြးျမဴေရးလုပ္ငန္း ရွင္မ်ားႏွင့္ တစ္ပိုင္တစ္ႏိုင္လုပ္ငန္းရွင္မ်ားကုိ ယခု ႏို၀င္ဘာလ ေနာက္ဆံုးအပတ္တြင္ သင္တန္းပို႔ခ်ေပးသြား မည္ျဖစ္သည္။

“ GAP လက္မွတ္ လုိခ်င္ရင္ေတာ့ မိရုိးဖလာ ေမြးျမဴလာတာကေန ႏုိင္ငံတကာက လက္ခံႏုိင္တ့ဲ ေမြးျမဴျခင္းကုိ စလုပ္ရမွာဆုိေတာ့ နည္းနည္းေလး အခက္အခဲပဲ ရွိတာပါ။ လက္မွတ္ထုတ္ေပးမယ္ ဆုိတာကေတာ့ ေမြးျမဴ ေရးလုပ္ငန္းရွင္ေတြအတြက္ ေကာင္းမြန္တဲ့ေျပာင္းလဲမႈလို႔ ေျပာႏုိင္တယ္ ” ဟု စဥ့္ကုိင္ၿမဳိ႕နယ္မွ ႏြားေမြးျမဴေရး လုပ္ငန္းရွင္ ဦးေအးေဆာင္က ေျပာသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား(GAP) လက္မွတ္ ရရွိထားသည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရးၿခံမ်ားမွ ထြက္ရွိသည့္ အသီးအႏွံ၊ အသစားငါးမ်ားအား ႏိုင္ငံတကာသို႔ တင္ပို႔ႏိုင္မည့္ အခြင့္အေရးမ်ား ရရွိ ႏိုင္မည္ျဖစ္သည္။

 

Unicode

မန္တလေး၊ နိုဝင်ဘာ ၁၅


၂၀၁၈ ခုနှစ် ယခုနိုဝင်ဘာလမှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စံချိန်စံညွှန်း သတ်မှတ်ချက် များနှင့် ကိုက်ညီသည့် မွေးမြူရေးခြံများအား စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦး စီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမောင်မောင်ထံက ပြောသည်။


“ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေလို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ GAP လက်မှတ် ရရှိထားတဲ့ မွေးမြူ ရေးလုပ်ငန်းရှင်တွေဆီက ထွက်တဲ့ တိရိစ္ဆာန်တွေက အခြားသူတွေထက်တော့ စျေးကွက်မှာ စျေးပိုရမယ်” ဟု ဒေါက်တာမောင်မောင်က ဆိုသည်။


ပြီးခဲ့သည့်နှစ်များက GAP လက်မှတ်များအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး ခြံများကိုသာ ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် မွေးမြူရေးလုပ်ငန်းရှင်များကိုပါ ထပ်မံထုတ်ပေးနိုင်ရန် ပြင်ဆင်ထား ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ GAP လက်မှတ်အား အကြီးစား မွေးမြူရေးလုပ်ငန်းရှင်များအပြင် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် မွေးမြူရေး လုပ်ငန်းရှင်များကိုလည်း ထုတ်ပေးသွားမည်ဖြစ်ပြီး GAP လမ်းညွှန်ချက်များအတိုင်း လိုက်နာမွေးမြူ မှသာ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတင် GAP စံချိန်စံညွှန်း သတ်မှတ်ချက်များအား မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မွေးမြူရေးလုပ်ငန်း ရှင်များနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များကို ယခု နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် သင်တန်းပို့ချပေးသွား မည်ဖြစ်သည်။


“ GAP လက်မှတ် လိုချင်ရင်တော့ မိရိုးဖလာ မွေးမြူလာတာကနေ နိုင်ငံတကာက လက်ခံနိုင်တဲ့ မွေးမြူခြင်းကို စလုပ်ရမှာဆိုတော့ နည်းနည်းလေး အခက်အခဲပဲ ရှိတာပါ။ လက်မှတ်ထုတ်ပေးမယ် ဆိုတာကတော့ မွေးမြူ ရေးလုပ်ငန်းရှင်တွေအတွက် ကောင်းမွန်တဲ့ပြောင်းလဲမှုလို့ ပြောနိုင်တယ် ” ဟု စဉ့်ကိုင်မြို့နယ်မှ နွားမွေးမြူရေး လုပ်ငန်းရှင် ဦးအေးဆောင်က ပြောသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) လက်မှတ် ရရှိထားသည့် စိုက်ပျိုးရေး၊ မွေးမြူ ရေးခြံများမှ ထွက်ရှိသည့် အသီးအနှံ၊ အသစားငါးများအား နိုင်ငံတကာသို့ တင်ပို့နိုင်မည့် အခွင့်အရေးများ ရရှိ နိုင်မည်ဖြစ်သည်။

Leave a comment