Sunday, December 16, 2018
ကြောင်ပန်းစေ့များအား နေလှန်နေသည့် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- မှိုင်းဝေ(AMIA)
မကွေး၊   ဒီဇင်ဘာ  ၆
လာမည့်နှစ်တွင် ကြောင်းပန်းစေ့ကို ဥရောပနိုင်ငံဈေးကွက် ရရှိနိုင်ရေးအတွက် စမ်းသတ်တင်ပို့သွားမည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များထံမှ သတင်းရရှိသည်။
ကြောင်းပန်းစေ့ကို မြေသြဇာ၊ စိုက်ပျိုးရေးဆေးများ အသုံးပြုစရာမလိုပဲ မြန်မာနိုင်ငံ နေရာအနှံတွင် အလွယ်တ ကူ စိုက်ပျိုးနိုင်ပြီး၊ လက်ရှိတွင် တရုတ်နိုင်ငံသို့ နှစ်စဉ် တင်ပို့နိုင်နေပြီး လာမည့်နှစ်တွင် ဥရောပနိုင်ငံဈေးကွက် သို့ စမ်းသပ်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
လက်ရှိ ဈေးကွက်အတွင်း ကြောင်ပန်းစေ့ တစ်တင်းလျှင် ၅၀,၀၀၀ ကျပ်ခန့် ဈေးနှုန်းဖြင့် အရောင်းအ၀ယ် ပြုလုပ်နေကြောင်း သိရသည်။
Unicode
မကွေး၊ ဒီဇင်ဘာ ၆
လာမည့်နှစ်တွင် ကြောင်းပန်းစေ့ကို ဥရောပနိုင်ငံစျေးကွက် ရရှိနိုင်ရေးအတွက် စမ်းသတ်တင်ပို့သွားမည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များထံမှ သတင်းရရှိသည်။
ကြောင်းပန်းစေ့ကို မြေသြဇာ၊ စိုက်ပျိုးရေးဆေးများ အသုံးပြုစရာမလိုပဲ မြန်မာနိုင်ငံ နေရာအနှံတွင် အလွယ်တ ကူ စိုက်ပျိုးနိုင်ပြီး၊ လက်ရှိတွင် တရုတ်နိုင်ငံသို့ နှစ်စဉ် တင်ပို့နိုင်နေပြီး လာမည့်နှစ်တွင် ဥရောပနိုင်ငံစျေးကွက် သို့ စမ်းသပ်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
“ တရုတ်ပဲ တင်ပို့တာကလည်း အဆင်ပြေပါတယ်။ အခုက ဥရောပ စျေးကွက်ဘက်ကို လှည့်ကြည့်မယ်ဆို တာက စမ်းသတ်တာပေါ့။ ဥရောပနိုင်ငံတွေမှာ ကြောင်ပန်းစေ့ကို ဘယ်လိုနေရာတွေမှာ အသုံးပြုလဲဆိုတာ မ သိပေမယ့် သူတို့ရဲ့ စျေးကွက်ထဲ တိုးကြည့်မလို့ပါ” ဟု မကွေးမြို့မှ ကြောင်ပန်းစေ့ကုန်သည် ဦးစိုးဝင်းက ပြောသည်။
လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ကြောင်ပန်းစေ့ကို ဓါတ်ခွဲစမ်းသတ်ရန်အတွက် ပေးပို့ရန်ကမ်း လှမ်းထားပြီး အခြားကုန်စည်များတွင် ကြောင်ပန်းစေ့ကို ထည့်သွင်းအသုံးပြုနိုင်ခြင်း ရှိ၊ မရှိကိုပါ စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“၂၀၁၉ ဇန်နဝါရီလမှာ ဆွစ်ဇာလန်ကို သွားမှာပါ။ စမ်းသတ်ဖို့ အတွက်ပါ။ အခု လောလောဆယ်မှာတော့ ကြောင်ပန်းစေ့ကို ဆွစ်ဇာလန်၊ သြစကြေးလျနဲ့ ဘယ်ဂျီယံမှာ စမ်းသပ်တင်ပို့မှာပါ” ဟု ဦးစိုးဝင်းက ဆိုသည်။
လက်ရှိတွင် ကြောင်ပန်းစေ့ကို ဆေးဖော်ရာတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူနေပြီး အိန္ဒိယနိုင်ငံမှလည်း အနည်းငယ် ၀ယ်ယူနေကြောင်း သိရသည်။
လက်ရှိ စျေးကွက်အတွင်း ကြောင်ပန်းစေ့ တစ်တင်းလျှင် ၅၀,၀၀၀ ကျပ်ခန့် စျေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။
Leave a comment