Sunday, December 16, 2018

စိုက္ပ်ိဳးေရး ဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ကြင္းဆင္းသရုပ္ေဖာ္ ျပသေနသည္ကို ေတြ႕ရစဥ္။ ဓာတ္ပံု- ေစာလင္းခိုင္(AMIA)

ဒီဇင္ဘာ   ၆

ျမန္မာႏုိင္ငံ မိုးနည္းေဒသမ်ားတြင္ မိုးေရကို စုေဆာင္းကာ စိုက္ပ်ိဳးေရးအတြက္ အသံုးခ်ႏိုင္ရန္ စိုက္ပ်ိဳးေရ စီမံ ခန္႔ခြဲျခင္းဆိုင္ရာ စီမံကိန္း၀င္ေတာင္သူမ်ားအား သရုပ္ေဖာ္စိုက္ကြင္းမ်ား တည္ေထာင္ကာ နည္းပညာမ်ား ပံ့ပိုး ေပးလွ်က္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနမွ သတင္းရရွိသည္။

စိုက္ပ်ိဳးေရးဦးစီးဌာန ညြန္ၾကားေရးမွဴး ေဒၚသူဇာျမင့္က“ ပူျပင္းေျခာက္ေသြ႕တဲ့ ေဒသေတြမွာ မိုးေရကို သို ေလွာင္တတ္လာရင္ သီးႏွံခင္းေတြအတြက္ အေထာက္အပ့ံ ျဖစ္လာမွာ ျဖစ္သလို တစ္ဖက္မွာလည္း ရာသီဥတု ေဖာက္ျပန္မႈကို စိုက္ပ်ိဳးေရကို ဖူလံုေအာင္ စီမံခန္႔ခြဲႏိုင္မွာ ျဖစ္တယ္” ဟု ေျပာသည္။

အဆိုပါ စီမံကိန္းကို မိုးနည္းရပ္၀န္း ေဒသမ်ားျဖစ္ေသာ မႏၱေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအ တြင္းမွ ၿမိဳ႕နယ္ ၄ ခု အတြင္းရွိ ေက်းရြာေပါင္း ၆ ရြာမွ တစ္ရြာလွ်င္ စိုက္ဧကနည္းေတာင္သူ ေျခာက္ဦးအား စံျပ ေတာင္သူမ်ားအျဖစ္ ေရြးခ်ယ္၍ မိုးေရစုေဆာင္းကန္ႏွင့္ စံျပစိုက္ခင္းမ်ား ေဖာ္ေဆာင္ျခင္း၊ ထိုမွတစ္ဆင့္ နည္း ပညာ ျပန္႔ပြားေစရန္ အသိပညာမ်ား မွ်ေ၀ျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၱေလးတုိင္းေဒသႀကီးတြင္ ရမည္းသင္းၿမိဳ႕နယ္မွ ဆည္ႀကီးေက်းရြာႏွင့္ သိမ္ကုန္းေက်းရြာ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ဆိတ္ခ်ိဳေက်းရြာ၊ မေကြးတုိင္းေဒသႀကီးတြင္ နတ္ေမာက္ၿမိဳ႕နယ္မွ နက်ားထူးေက်းရြာ၊ ေရႊေကြ႕ေက်းရြာႏွင့္ ၿမိဳ႕ သစ္ၿမိဳ႕နယ္တြင္ သန္းကုန္းေက်းရြာ၊ ေနျပည္ေတာ္တပ္ကုန္းတြင္ ေရွာက္ကုန္းေက်းရြာတို႔၌ ေဖာ္ေဆာင္ေပးေန ျခင္းျဖစ္ေၾကာင္း သိရသည္။

ရာသီဥတု ေဖာက္ျပန္မႈခ်ိန္တြင္ စိုက္ပ်ိဳးေရရွားပါးမႈေၾကာင့္ သီးႏွံစိုက္ခင္းမ်ား ပ်က္စီးျခင္းႀကံဳေတြ႕ေလ့ရွိရာ စိုက္ပ်ိဳးေရရရွိသံုးစြဲမႈ တိုးတက္လာေစရန္ႏွင့္ အဆိုပါအခက္အခဲမ်ားကို တစ္ဖက္တစ္လမ္းမွ ေက်ာ္လႊားႏုိင္ရန္ မိုးေရကို စုေဆာင္းကာ သီးႏွံမ်ား ေအာင္ျမင္စြာစိုက္ပ်ိဳးႏုိင္ရန္၊ သဘာ၀ေဂဟစနစ္ ထိန္းသိမ္းထားျခင္းအျပင္ စားနပ္ရိကၡာ ဖူလံုမႈနည္းပညာမ်ား ပါ၀င္ေသာ မိုးေရကို အက်ိဳးရွိစြာစီမံခန္႔ခြဲျခင္း စီမံကိန္းအား အာရွဖြံ႕ၿဖိဳးေရး ဘဏ္(ADB) ၏ အကူအညီျဖင့္ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာမ်ားအား ၂၀၁၆ ခုႏွစ္ ဇူလိုင္မွ ၂၀၁၈ ခုႏွစ္ ေမလအတြင္း စံျပစိုက္ခင္းမ်ားအတြက္ လိုအပ္ ေသာ နည္းပညာႏွင့္ အေထာက္အပ့ံမ်ား ကူညီေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္း သိရသည္။

 

Unicode

ဒီဇင်ဘာ ၆


မြန်မာနိုင်ငံ မိုးနည်းဒေသများတွင် မိုးရေကို စုဆောင်းကာ စိုက်ပျိုးရေးအတွက် အသုံးချနိုင်ရန် စိုက်ပျိုးရေ စီမံ ခန့်ခွဲခြင်းဆိုင်ရာ စီမံကိန်းဝင်တောင်သူများအား သရုပ်ဖော်စိုက်ကွင်းများ တည်ထောင်ကာ နည်းပညာများ ပံ့ပိုး ပေးလျှက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။


စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်သူဇာမြင့်က“ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ မိုးရေကို သို လှောင်တတ်လာရင် သီးနှံခင်းတွေအတွက် အထောက်အပ့ံ ဖြစ်လာမှာ ဖြစ်သလို တစ်ဖက်မှာလည်း ရာသီဥတု ဖောက်ပြန်မှုကို စိုက်ပျိုးရေကို ဖူလုံအောင် စီမံခန့်ခွဲနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။


အဆိုပါ စီမံကိန်းကို မိုးနည်းရပ်ဝန်း ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအ တွင်းမှ မြို့နယ် ၄ ခု အတွင်းရှိ ကျေးရွာပေါင်း ၆ ရွာမှ တစ်ရွာလျှင် စိုက်ဧကနည်းတောင်သူ ခြောက်ဦးအား စံပြ တောင်သူများအဖြစ် ရွေးချယ်၍ မိုးရေစုဆောင်းကန်နှင့် စံပြစိုက်ခင်းများ ဖော်ဆောင်ခြင်း၊ ထိုမှတစ်ဆင့် နည်း ပညာ ပြန့်ပွားစေရန် အသိပညာများ မျှဝေခြင်းဖြစ်ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးတွင် ရမည်းသင်းမြို့နယ်မှ ဆည်ကြီးကျေးရွာနှင့် သိမ်ကုန်းကျေးရွာ၊ ပျော်ဘွယ်မြို့နယ် ဆိတ်ချိုကျေးရွာ၊ မကွေးတိုင်းဒေသကြီးတွင် နတ်မောက်မြို့နယ်မှ နကျားထူးကျေးရွာ၊ ရွှေကွေ့ကျေးရွာနှင့် မြို့ သစ်မြို့နယ်တွင် သန်းကုန်းကျေးရွာ၊ နေပြည်တော်တပ်ကုန်းတွင် ရှောက်ကုန်းကျေးရွာတို့၌ ဖော်ဆောင်ပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။


ရာသီဥတု ဖောက်ပြန်မှုချိန်တွင် စိုက်ပျိုးရေရှားပါးမှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်းကြုံတွေ့လေ့ရှိရာ စိုက်ပျိုးရေရရှိသုံးစွဲမှု တိုးတက်လာစေရန်နှင့် အဆိုပါအခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ကျော်လွှားနိုင်ရန် မိုးရေကို စုဆောင်းကာ သီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရန်၊ သဘာဝဂေဟစနစ် ထိန်းသိမ်းထားခြင်းအပြင် စားနပ်ရိက္ခာ ဖူလုံမှုနည်းပညာများ ပါ၀င်သော မိုးရေကို အကျိုးရှိစွာစီမံခန့်ခွဲခြင်း စီမံကိန်းအား အာရှဖွံ့ဖြိုးရေး ဘဏ်(ADB) ၏ အကူအညီဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျေးရွာများအား ၂၀၁၆ ခုနှစ် ဇူလိုင်မှ ၂၀၁၈ ခုနှစ် မေလအတွင်း စံပြစိုက်ခင်းများအတွက် လိုအပ် သော နည်းပညာနှင့် အထောက်အပ့ံများ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Leave a comment