Thursday, January 17, 2019

ဓာတ္ပံု- ECSN

ေပက်င္း၊   ဒီဇင္ဘာ   ၁၁

တ႐ုတ္ႏိုင္ငံသည္ ဒုတိယႏွစ္အျဖစ္ ဆန္အထြက္ႏႈန္း စံခ်ိန္သစ္တင္လိုက္ ျပန္သည္။ ယခုအခါတြင္ ၁ ဟက္တာ (၂ဒသမ၄၇ ဧက)လွ်င္ ဆန္တန္ခ်ိန္ ၁၈ တန္ေက်ာ္ (တင္း ၇၀၀ ေက်ာ္) ထြက္ရွိခဲ့သည္။ ဤသည္မွာ အိမ္နီး ခ်င္း ဂ်ပန္ႏိုင္ငံမွ အထြက္ႏႈန္းထက္ ၃ ဆခန္႔ ပိုမ်ားသည္။

 

အဆိုပါ စံခ်ိန္မွာ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း ဟဲေဘးျပည္နယ္ရွိ စမ္းသပ္စိုက္ခင္းမွ ထြက္ရွိခဲ့ျခင္း ျဖစ္သည္။ စိုက္ ပ်ိဳးခဲ့သည့္ စပါးမ်ိဳးမွာ ႐ႊမ္လ်န္ယူး ၉၀၀ (Xiangliangyou 900) ျဖစ္သည္။ အဆိုပါ စိုက္ခင္းကို ဗီဇျမႇင့္စပါး မ်ား၏ ဖခင္ဟု တင္စားခံရေသာ ယြမ္လြန္ပင္ ဦးေဆာင္သည္ သုေတသနပညာရွင္မ်ားက စိုက္ပ်ိဳးခဲ့ျခင္း ျဖစ္ သည္။

 

ထိုကဲ့သို႔ စပါးအထြက္ႏႈန္း တိုးတက္ေရး စမ္းသပ္ခ်က္မ်ားမွာ ျပည္တြင္းစားသုံးမႈကို ျပည္တြင္းစိုက္ပ်ိဳး သီးႏွံ မ်ားျဖင့္ပင္ လုံေလာက္ေစေရး ႀကိဳးပမ္းမႈကို ျပသေနျခင္းျဖစ္ပါသည္။ အကယ္၍ ကမာၻတြင္ လူဦးေရအမ်ားဆုံး ႏိုင္ငံျဖစ္ေသာ ႏိုင္ငံတစ္ႏိုင္ငံက အဓိက စားသုံးသီးႏွံကို ျပည္ပမွခ်ည္းသာ တင္သြင္းပါက ကမာၻ႔ေစ်းကြက္တြင္ လည္း ေစ်းတက္လာႏိုင္စရာ ရွိသည္။

 

ထိုသို႔ျဖစ္လာပါက တ႐ုတ္ႏိုင္ငံကို ထိခိုက္ႏိုင္ၿပီး ႏိုင္ငံသားမ်ားအေနျဖင့္လည္း ေနစဥ္လိုအပ္ေသာ အစားအစာ ကို ဝယ္ယူရန္ အခက္အခဲရွိလာမည္ ျဖစ္သည္။

 

ေစ်းကြက္တြင္ ဆန္ေစ်း ျမင့္လာႏိုင္ျခင္းေၾကာင့္ တ႐ုတ္အစိုးရအေနျဖင့္ စပါး၊ ဂ်ံႏွင့္ အျခားေသာ အဓိက သီးႏွံ မ်ားကို ျပည္တြင္းစားသုံးမႈ ဖူလုံႏိုင္သည္အထိ စိုက္ပ်ိဳးေရးမူဝါဒကို ခိုင္ခိုင္မာမာ ခ်မွတ္ေဆာင္႐ြက္ရေတာ့ သည္။ ယင္းအတြက္ေၾကာင့္ စပါးတိုးခ်ဲ႕ စိုက္ပ်ိဳးရန္ဆိုလွ်င္ စုစည္းရန္ႏွင့္ က်ယ္ျပန႔္စြာ လုပ္ကိုင္ေဆာင္႐ြက္ရန္ လိုအပ္သည္။

 

Xiangliangyou 900 အေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ ဝင္ေငြနည္း ျပည္သူမ်ားကို အစားအေသာက္ ၀လင္စြာ စားခြင့္ရ ေစမည္ျဖစ္ၿပီး စားနပ္ရိကၡာဖူလုံေစမည္ ျဖစ္သည္။

 

မင္းသူေအာင္(ဘာသာျပန္)

Source: Nikkei Asia

 

Unicode

ပေကျင်း၊   ဒီဇင်ဘာ   ၁၁

တရုတ်နိုင်ငံသည် ဒုတိယနှစ်အဖြစ် ဆန်အထွက်နှုန်း စံချိန်သစ်တင်လိုက် ပြန်သည်။ ယခုအခါတွင် ၁ ဟက်တာ (၂ဒသမ၄၇ ဧက)လျှင် ဆန်တန်ချိန် ၁၈ တန်ကျော် (တင်း ရ၀၀ ကျော်) ထွက်ရှိခဲ့သည်။ ဤသည်မှာ အိမ်နီး ချင်း ဂျပန်နိုင်ငံမှ အထွက်နှုန်းထက် ၃ ဆခန့် ပိုများသည်။

အဆိုပါ စံချိန်မှာ တရုတ်နိုင်ငံမြောက်ပိုင်း ဟဲဘေးပြည်နယ်ရှိ စမ်းသပ်စိုက်ခင်းမှ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ စိုက် ပျိုးခဲ့သည့် စပါးမျိုးမှာ ရွှမ်လျန်ယူး ၉၀၀ (Xiangliangyou 900) ဖြစ်သည်။ အဆိုပါ စိုက်ခင်းကို ဗီဇမြှင့်စပါး များ၏ ဖခင်ဟု တင်စားခံရသော ယွမ်လွန်ပင် ဦးဆောင်သည် သုတေသနပညာရှင်များက စိုက်ပျိုးခဲ့ခြင်း ဖြစ် သည်။

ထိုကဲ့သို့ စပါးအထွက်နှုန်း တိုးတက်ရေး စမ်းသပ်ချက်များမှာ ပြည်တွင်းစားသုံးမှုကို ပြည်တွင်းစိုက်ပျိုး သီးနှံ များဖြင့်ပင် လုံလောက်စေရေး ကြိုးပမ်းမှုကို ပြသနေခြင်းဖြစ်ပါသည်။ အကယ်၍ ကမ္ဘာတွင် လူဦးရေအများဆုံး နိုင်ငံဖြစ်သော နိုင်ငံတစ်နိုင်ငံက အဓိက စားသုံးသီးနှံကို ပြည်ပမှချည်းသာ တင်သွင်းပါက ကမ္ဘာ့စျေးကွက်တွင် လည်း စျေးတက်လာနိုင်စရာ ရှိသည်။

ထိုသို့ဖြစ်လာပါက တရုတ်နိုင်ငံကို ထိခိုက်နိုင်ပြီး နိုင်ငံသားများအနေဖြင့်လည်း နေစဉ်လိုအပ်သော အစားအစာ ကို ဝယ်ယူရန် အခက်အခဲရှိလာမည် ဖြစ်သည်။

စျေးကွက်တွင် ဆန်စျေး မြင့်လာနိုင်ခြင်းကြောင့် တရုတ်အစိုးရအနေဖြင့် စပါး၊ ဂျံနှင့် အခြားသော အဓိက သီးနှံ များကို ပြည်တွင်းစားသုံးမှု ဖူလုံနိုင်သည်အထိ စိုက်ပျိုးရေးမူဝါဒကို ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်ရတော့ သည်။ ယင်းအတွက်ကြောင့် စပါးတိုးချဲ့ စိုက်ပျိုးရန်ဆိုလျှင် စုစည်းရန်နှင့် ကျယ်ပြန့်စွာ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်။

Xiangliangyou 900 အနေဖြင့် တရုတ်နိုင်ငံ၏ ဝင်ငွေနည်း ပြည်သူများကို အစားအသောက် ၀လင်စွာ စားခွင့်ရ စေမည်ဖြစ်ပြီး စားနပ်ရိက္ခာဖူလုံစေမည် ဖြစ်သည်။

မင်းသူအောင်(ဘာသာပြန်)
Source: Nikkei Asia

Leave a comment