Wednesday, November 14, 2018

ပဲလှောင်ထားသူများ၏ သောက

ဖြိုးလွင်အောင် (AMIA)

မန္တလေးမြို့မှ ပဲသိုလှောင်ထားသူ မမိုးစန္နာတစ်ယောက် ယခုနှစ်ပဲဈေးတက်ပါစေဟု နေ့စဉ်လိုလို စိတ်ဆောနေတတ်သည်။ ပဲဈေးနှင့် ပတ်သက်သော သတင်းများကို အမြဲ လိုလို နားဆွင့်ထောင်လေ့ရှိပီး။ ပဲလောက နှင့်ပတ်သက်သော အသိုင်းအ ၀ိုင်းကိုလည်း ပဲဈေးတက်ဖို့ရှိလား ဟု အမြဲလိုလို မေးခွန်းထုတ်လေ့ရှိသည်။

ပဲဈေးအခြေနေလေး တင်ပေးပါဦး။ ပဲတွေလှောင်ထားလို့ ဈေးထပ်တတ်နိုင်ဦးမလား ဒီဈေးနဲ့ပဲ ထုတ်ရောင်းလိုက်ရမလား အကြံလေးပေးပါဦး”    ဟု သူမ ပဲဈေးလေ့လာနေသူများကို မကြာခန မေးလေ့ရှိသည်။  

မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီးစိမ်း သိုလှောင်ထားသူများထံမှ မျှော်လင့်တကြီး မေးလေ့ရှိသော အကြောင်းအရာ များပင်ဖြစ်သည်။

၎င်းတို့ဝယ်လှောင်ထားသော  ပဲအမျိုးအစား တစ်ခုစီအလိုက် ဈေးနှုန်းအခြေအနေနှင့် အလားအလာများ ကို နေ့စဉ်နှင့် အမျှသိချင်စိတ်များနေ ပြီး စိတ်ဝင်စားသည့် အကြောင်းအရာ ဟု ပြောလျှင် မှားမည် မထင်ပါ။ 

ပြီးခဲ့သည့် နှစ်က ဈေးအဆမတန်မြင့်တက်ခဲ့သည့် ပြည်ပပို့ပဲ အမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများကို ၀ယ်ယူသိုလှောင်ထားသည့် တောင်သူများနှင့်ကုန်သည်များ ယခုနှစ်မှာ ပဲဈေးဆက်တိုက်ကျဆင်းနေခြင်းကြောင့် မှန်းချက် နှင့်နှမ်းထွက် မကိုက်ဖြစ်နေသည်ဟု သိုလှောင်ထားသူများက မချိတင်ကဲ ပြောဆိုလေ့ရှိကြပြန်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက မတ်ပဲ FAQ/RC ပိသာချိန်(၆၁၂.၅၀) တစ်တန် ကျပ် ၂၅ သိန်းခန့်နှင့် ပဲစင်းငုံနီRC တစ်တန်ကျပ် သိန်း၂၀ ခန့်ထိ အမြင့်ဆုံးဈေးရရှိခဲ့သဖြင့် အဆိုပါ ပဲအမျိုးအစားများကို ဈေးကွက်တွင် ထုတ်မရောင်းသေးပဲ ၀ယ်ယူသိုလှောင်ထား သူတွေကလည်း အတော်များများရှိနေသည်။

နေပြည်တော်မှ မတ်ပဲဝယ်ယူသိုလှောင်ထားသူ ဒေါ်တင်တင်ဝင်းကမတ်ပဲဈေးက မနှစ်ကဈေးတက်ထားတော့ ဒီနှစ်တက် ဦးမလားလို့ ၀ယ်လှောင်ထားတာ ဈေးက ဆက်တိုက်ကျနေတော့ ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ ရင်ခုန်နေတယ် အခု ဈေးနဲ့ပဲ ရောင်းလိုက်ရရင် ကောင်းမလားလို့ တွေးနေတာ ဟု ပြောသည်။

ယခုနှစ် ပဲစင်းငုံစတင်ထွက်ရှိသည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ပိသာချိန်(၂၀) တစ်တင်းလျှင် ၄၈,၀၀၀ ၀န်းကျင်ဖြင့် ၀ယ်ယူခဲ့ ရပြီး ယခု ၂၀၁၅ ခုနှစ် မေလအတွင်းအရောက်တွင်  တစ်တင်းလျှင် ကျပ် ၄၃,၀၀၀ သို့ ဈေးနှုန်းထိုးကျသွားသဖြင့် ပြန်လည် ထုတ်ရောင်းချသူများလည်းရှိကြောင်း ရွှေဘိုမြို့နယ်မှ ပဲစင်းငုံ သိုလှောင်ထားသူတောင်သူ ကိုသီယံစိုးက ပြောသည်။

 

ကိုသီယံစိုး ၀ယ်ချိန်တုန်းက ၄၇,၀၀၀၊ ၄၈,၀၀၀ လောက်နဲ့ ၀ယ်ထားကြတာ။ နောက် ၅၀,၀၀၀၊ ၅၅,၀၀၀ များဖြစ်မလားလို့ လှောင်ကြည့်ကြတာ။ ဒါပေမယ့် ဈေးက တက်မလာပဲနဲ့ ၄၃,၀၀၀ ထိ ကျသွားတယ်။ ကျတဲ့အချိန်မှာ တအားကို ထိုးရောင်းလိုက်ကြတာ ဟု ပြောသည်။

 

မတ်ပဲ၊ ပဲစင်ငုံ များကို ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းကြခြင်းဖြစ်ပြီး မတ်လလောက်တွင် လှိုင်လှိုင်ပေါ်ခြင်းဖြစ်သည်။ ပဲဝယ်ယူသိုလှောင်သူများတွင် ကိုယ်တိုင်စိုက်ပျိုးသည့်တောင်သူများနည်းပြီး ကုန်သည်ပွဲစားကြီးများနှင့် ယင်းတို့နှင့်နီးစပ် သည့် ငွေကြေးပြေလည်သူများသာ ၀ယ်ယူသို့လှောင်ကြပြီး၊ ၀ယ်ယူသိုလှောင်ကြသူများအနေဖြင့် တာရှည်ခံစေရန် ရွက် ဖျန်းဆေး၊ တာရှည်ခံဆေးများကို အသုံးပြုလေ့ ရှိကြသည်ဟု အဆိုပါ အသိုင်းအ၀ိုင်းက ပြောသည်။

 

 “ကျွန်တော်တို့လည်း အခု ဆက်လှောင်သင့်၊ မလှောင်သင့်ပေါ့နော် မနှစ်က လက်ငုတ်ဈေးများ ရောက်မလားပေါ့ မျှော်နေ တာ။ ၅၀,၀၀၀ လောက်ဆိုရင်တော့ တောင်သူတွေအတွက် ကိုက်ပေမယ့် လှောင်သူတွေအတွက် မကိုက်ဘူး။ ၀ယ်တုန်းက တစ်ချို့လည်း ၅၀,၀၀၀ ဈေးပေးဝယ် ရသူတွေ ရှိတယ်။ တစ်ချို့ ပဲမပေါ်ခင် ကြိုပေး ၄၀,၀၀၀ ဈေးနဲ့ ၀ယ်ထားသူတွေလည်း ရှိတယ်ဟု  ကိုသီယံစိုးက ပဲလှောင်ထားသူများ ၏ ဒုက္ခ ကို ဖွင့်ဟသည်။

 

ပြီးခဲ့သည့်နှစ်က ပဲဈေးအဆမတန်မြင့်တက်ရခြင်းမှ အိန္ဒိယဘက်မှာ  ၀ယ်လိုအားများခြင်းနှင့် ဒေါ်လာဈေးတောက်လျောက် လိုလို မြင့် တက်လာမှု ကြောင့်ဖြစ်သည်။

 

အဆိုပါကာလက  အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၃၀၀ ၀န်းကျင်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၁၂၀ ၀န်းကျင်သို့ ကျဆင်းနေသလို အန္ဒိယဘက်မှ ပဲမှာယူမှုလည်း မနှစ်ကထက် တန်ချိန် ၇,၀၀၀၀ ၀န်းကျင်ခန့် အမှာလျော့ကျ သွားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြော သည်။

 

ပြီးခဲ့သည့် နှစ်ဧပြီ နှင့် မေလများအတွင်းက အိန္ဒိယမှ လစဉ် ပဲမျိုးစုံတန်ချိန် နှစ်သိန်းနီးပါး မှာယူခဲ့သော်လည်း ယခု ၂၀၁၆ ခုနှစ် ဧပြီ၊ မေလများတွင် ပဲမျိုးစုံတန်ချိန် ၈၀,၀၀၀ မှ တစ်သိန်းဝန်းကျင်သာ အမှာရှိတော့ကြောင်း ဦးမင်းကိုဦးက ဆိုသည်။

 

မနှစ်က ကာလတူ ယှဉ်လိုက်မယ်ဆိုရင် အမှာက တန်ချိန် ခုနှစ်သောင်းလောက်လျော့သွားတယ်။ ဒီမှာ ဧပြီလက သင်္ကြန်တွင်း ပိတ်ရက်ခံသွားတော့ အခုပြန်ဖွင့်ချိန်မှာ ရန်ကုန်ပြည်ပပို့ဆိပ်ကမ်းတွေမှာ ပြည်ပက၀င်လာတဲ့ကုန် တွေနဲ့ ပိတ်နေတော့ ဟိုကကုန်သည်တွေ လိုချင်တဲ့အချိန် ဒီကမပို့နိုင်တာ။ နောက်အခုက မိုးရော၊ မုန်တိုင်းရောဝင်နေတော့ အိန္ဒိယဘက်က မုန်းတိုင်းကြောက်လို့ သင်္ဘောတွေ မထွက်တော့ အမှာလျော့သွားတာဟု၎င်းကပြောသည်။

 

လက်ရှိ မြန်မာ့ပဲမျိုးစုံကို အဓိက၀ယ်ယူနေသည့် အိန္ဒိယနိုင်ငံ၏  ပဲဝယ်ယူမှုကျဆင်းသွားသဖြင့် မတ်ပဲနှင့် ပဲစင်းငုံ တစ်တန် လျှင် ကျပ် တစ်သိန်းဝန်းကျင် ထိဈေးနှုန်း ကျဆင်းသွားကြောင်းကိုလည် လယ်ယာစိုက်ပျိုးရေနှင့် ဈေးကွက် သတင်းအချက်အလက် သတင်အေဂျင်စီ  (AMIA)  မှ လေ့လာစောင့်ကြည့်ထားသော ပဲဈေးကွက်ကိန်းဂဏန်းများတွင် တွေ့ရသည်။

AMIA ၏ ဈေးကွက်စာရင်းများအရ မတ်၊ ဧပြီ၊ မေလ များအတွင်းက   မတ်ပဲ FAQ/RC တစ်တန် ကျပ် တစ်ဆယ့်ခုနှစ်သိန်း ငါးသောင်း(,၇၅၀,၀၀၀)၀န်းကျင်ခန့်မှ ယခုဇွန်လ နှစ်ရက်နေ့တွင် ကျပ် တစ်ဆယ့်ခြောက်သိန်းခြောက်သောင်း (,၆၆၀, ၀၀၀) ခန့်သို့ ပြန်လည်ကျဆင်းသွားသည်ကိုတွေ့ရသည်။

အလားတူ မတ်၊ ဧပြီ၊ မေလ များအတွင်းက  ပဲစင်းငုံနီ RC တစ်တန် ကျပ် တစ်ဆယ့်ငါးသိန်းလေးသောင်း(,၅၄၀,၀၀၀) မှ ယခုဇွန်လ နှစ်ရက်နေ့တွင် ကျပ် တစ်ဆယ့်လေးသိန်းရှစ်သောင်း(,၄၈၀,၀၀၀) သို့ ပြန်လည်ကျဆင်းသွားပြီး ပဲတီစိမ်း ပိဿချိန် ၆၀၊ သုံးတင်း တစ်အိတ်လျှင် ကျပ် ကိုးသောင်းရှစ်ထောင်(၉၈,၀၀၀)နှင့်  တစ်သိန်း(၁၀၀,၀၀၀)ကြားတွင် အရောင်း အ၀ယ်ဖြစ်ခဲ့သည်။

ပဲဈေးက အန္ဒိယရဲ့ ၀ယ်လိုအားပေါ်မူတည်ပြီး အ၀ယ်လိုက်တဲ့နေ့ ဈေးတက်တယ်။ အ၀ယ်မလိုက်တဲ့နေ့ ဈေးကျတယ်ပေါ့။ ဒီနှစ်က အစိုးရသစ်တက်လာပြီးနောက်ပိုင်း  ဒေါ်လာဈေး ကျဆင်းလာတာနဲ့အတူ မြန်မာကျပ်ငွေ တန်ဖိုး မြင့်နေတော့ အ၀ယ်သိပ်မလိုက်တာပါ ဟုဦးမင်းကိုဦးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃၊ ၂၀၁၄ ခုနှစ်များအတွင်းက ရန်ကုန်ဘုရင့်နောင်ပဲကုန်သည်များအကြားတွင် ကျပ်သိန်းသောင်းချီ လိမ် လည်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် မေလအတွင်းကလည်း မန္တလေးပဲကုန်သည်လောကတွင် လိမ်လည်မှုအရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုလို ပဲဈေးကွက်အတွင်းအဓိကပြည်ပတင်ပို့သည့် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းများကို သိုလှောင်သူများနေချိန်တွင် ပဲကုန်သည်များအကြား လေရောင်းလေ၀ယ်လိမ်လည်မှုများ မဖြစ်ပေါ်စေရန် သတိထားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးစိုင်းဘဥာဏ်က ပြောသည်။

ရန်ကုန်ဘုရင့်နောင်ပဲကုန်သည် အသိုင်းအ၀ိုင်းတွင် လိမ်လည်မှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့ ပူးပေါင်းကာ ရန်ကုန်ဘုရင့်နောင်ကုန် စည်ဒိုင်တွင် ပဲအရောင်းအ၀ယ် လုပ်ပါက မြန်မာနိုင်ငံသားများဘဏ်တွင် ရောင်းသူနှင့် ၀ယ်သူနှစ်ဦးစလုံးမှ အရောင်းအ၀ယ် ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို အာမခံထားသည့် စနစ်ကို ကျင့်သုံးခဲ့သော်လည်း မန္တလေးပဲကုန်သည်လောကတွင် အခြေအနေ များအရ ယင်းကဲ့သို့ မသတ်မှတ်နိုင်သေးကြောင်း ဦးစိုင်းဘဥာဏ်က ဆိုသည်။

၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင်ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုတန်ချိန်ဆယ့်နှစ်သိန်းသုံးသောင်း(,၂၃၀,၀၀၀)ကျော်တင်ပို့ခဲ့ပြီးနိုင်ငံခြားဝင်ငွေရရှိမှုမှာဒေါ်လာသန်းတစ်ထောင့်နှစ်ရာငါးသန်း(,၂၀၅)သန်းရရှိထားကြောင်းသိရသည်။ ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်ထက်ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုမှာတန်ချိန်နှစ်သိန်းငါးသောင်းသုံးထောင်(၂၅၃,၀၀၀) ကျော်လျော့နည်းခဲ့သော် လည်းယင်းအချိန်ကဒေါ်လာဈေးမြင့်တက်နေသည့်အတွက်နိုင်ငံခြားဝင်ငွေရရှိမှုမှာဒေါ်လာ၁၄သန်းကျော်ပိုမိုရရှိခဲ့ ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကုန်သွယ်မှုစာရင်း များ တွင် ဖော်ပြထားသည်။

ယမန်နှစ်က မြန်မာတစ်နိုင်ငံလုံးတွင် ပဲစင်းငုံ တန်ချိန် နှစ်သိန်းနှင့် မတ်ပဲ တန်ချိန် လေးသိန်းခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် မတ်ပဲ ငါးသိန်း၊ ပဲစင်းငုံ တန်ချိန် နှစ်သိန်းခန့် နှင့် ပဲတီစိမ်း တန်ချိန် သုံးသိန်းခန့်  ထွက်ရှိရန် တွက်ချက်ထားမှုများ ရှိကြောင်း ဦးမင်းကိုဦး ကပြောသည်။

ပဲတီစိမ်းအနေဖြင့်တစ်ကမ္ဘာလုံးတွင်စိုက်ပျိုးမှုအားကောင်းသော ပဲမျိုးတစ်ခု ဖြစ်ပြီး လက်ရှိ အချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံကလည်းပဲတီစိမ်းစိုက်ပျိုးမှုများရှိနေခြင်းကြောင့်မြန်မာနိုင်ငံ၏ ပြည်တွင်း ပဲတီစိမ်း ဈေးကွက်မှာ စိတ်ခေါ်မှုများ လာသလို  ဈေးနှုန်းမှာအနည်းငယ်ကျဆင်းနေခြင်းဖြစ်သည်။

ပြည်တွင်းထွက် မတ်ပဲနှင့် ပဲဆင်းငုံ ၇၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံ က အများဆုံး မှာယူပြီး ပဲတီစိမ်းကိုတော့အရှေ့တောင်အာရှနိုင်ငံများက အများဆုံးဝယ်ယူနေခြင်းသည်။

ကျွန်မတို့လည်း အမိုက်ခံပြီး လှောင်တာပဲ။ တက်မယ်လို့ထင်ပြီး လှောင်ထားတာပေါ့ သေချာလို့ရယ်တော့ မဟုတ်ဘူး။ အခုကျွန်မတို့ ဘက်ကတော့ တစ်တင်းကို ၆၀,၀၀၀ လောက်ရမှ ရောင်းကြမှာဟု မန္တလေးမြို့မှ ပဲသိုလှောင်ထားသူ မမိုးစန္နာက အဝေးတစ်နေရဂိာု ငေးကြည့်ရင်  ပြောသည်။

 

 

 

Leave a comment