Monday, March 25, 2019

အဆိုပါ စီမံကိန္းတြင္ တရုတ္၊ ကေမၻာဒီးယား၊ လာအို၊ ျမန္မာ၊ ထိုင္းႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔ပါဝင္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

သုသု(AMIA)

ဇန္န၀ါရီ    ၁၁

လန္ခ်န္း- မဲေခါင္စီမံကိန္း လုပ္ငန္းမ်ားထဲမွ တစ္ခုျဖစ္သည့္ ေကာ္ဖီ စိုက္ပ်ိဳးထုတ္လုပ္မႈ တိုးတက္ေရးက႑ အား  စတင္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာနမွ သတင္းရ ရွိသည္။

အဆိုပါ လုပ္ငန္းက႑မ်ားတြင္ နည္းပညာသင္တန္းမ်ား ပို႔ခ်ျခင္း၊ ဝန္ထမ္းမ်ားႏွင့္ ေတာင္သူမ်ားအား ေကာ္ဖီ စိုက္ပ်ိဳးထုတ္လုပ္မႈ လက္စြဲစာေစာင္မ်ား၊ စာအုပ္မ်ား ျဖန္႔ေဝေပးျခင္း၊ ေကာ္ဖီ သုေတသနရွိ ေကာ္ဖီ အရည္အ ေသြး သတ္မွတ္ႏိုင္သည့္ ဓာတ္ခြဲခန္းႏွင့္ ေျမဆီလႊာ ဓာတ္ခြဲခန္းမ်ားအား အဆင့္ျမႇင့္တင္ျခင္း၊ ေကာ္ဖီေလွာ္ စက္မ်ားအား ဝယ္ယူျခင္း၊ ေဒသခံေတာင္သူမ်ားအား ေကာ္ဖီထုတ္လုပ္မႈ လုပ္ငန္းစဥ္မ်ား၊ ရိတ္သိမ္းခ်ိန္ လြန္နည္းပညာမ်ားအေပၚ ေကာ္ဖီႀကိတ္စက္ငယ္ျဖင့္ လက္ေတြ႕သ႐ုပ္ျပျခင္းမ်ား စသည့္တို႔ကို လက္ေတြ႕ကြင္း ဆင္း လုပ္ေဆာင္ပံ့ပိုးသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးဦးစီးဌာန၊ ေကာ္ဖီ-ရာသီ သီးႏွံဌာနခြဲမွ ညႊန္ၾကားေရးမွဴး ဦးျမင့္ေဆြက ေျပာသည္။

 “ ေတာင္သူအခ်င္းခ်င္း နည္းပညာဖလွယ္ဖို႔ ကူညီမွာျဖစ္သလို ဌာနဝန္ထမ္းေတြကိုလည္း အရည္အေသြး ျမႇင့္ တင္ေရး လုပ္ငန္းေတြအတြက္ ေကာ္ဖီစိုက္ပ်ိဳး ထုတ္လုပ္နည္းပညာမ်ား ဖလွယ္ဖို႔ ျပည္ပခရီးစဥ္မ်ား ေစလႊတ္ဖို႔ ပါ၀င္တယ္” ဟု  ဦးျမင့္ေဆြက ဆိုသည္။

လက္ရွိ ျမန္မာ့ေကာ္ဖီသည္ ကမၻာ့ကုန္စည္ ေစ်းကြက္တြင္ အထူးတန္းဝင္ေကာ္ဖီ (Speciality Coffee) အျဖစ္ ခိုင္ခိုင္မာမာ ေနရာရရွိထားၿပီးျဖစ္သျဖင့္ အရည္အေသြးေကာင္း ကုန္းျမင့္ေကာ္ဖီ အာေရးဗီးကား (Arabica) အ မ်ိဳးအစား စိုက္ပ်ိဳးထုတ္လုပ္မႈ ဖြံ႕ၿဖိဳးလာေရး၊ ပမာဏ ပိုမိုတိုးျမႇင့္ထုတ္လုပ္ႏုိင္ေစေရးႏွင့္ ေရရွည္ခိုင္မာေရးအ တြက္ ဦးစားေပး လုပ္ေဆာင္လ်က္ရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

ေဒသတြင္းႏိုင္ငံမ်ား၏ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျပဳရန္၊ ျပည္သူမ်ား၏ သာယာဝေျပာ မႈကို တိုးျမႇင့္ေပးရန္၊ ဖြံ႕ၿဖိဳးတိုးတက္မႈ ကြာဟခ်က္ ေလ်ာ့ခ်ရန္ႏွင့္ အာဆီယံအသိုက္အဝန္း တည္ေထာင္မႈကို ေထာက္ကူေပးရန္၊ ကုလသမဂၢ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္မႈ အစီအစဥ္ ၂၀၃၀ ရည္မွန္းခ်က္အား အ ေကာင္အထည္ေဖာ္ရန္ႏွင့္ ဖြံ႕ၿဖိဳးဆဲနိုင္ငံမ်ားအၾကား ပူးေပါင္းေဆာင္ရြက္ေရးကို တိုးျမႇင့္သြားရန္တို႔ကို ရည္ရြယ္ ၍ လန္ခ်န္း- မဲေခါင္ အထူးရန္ပုံေငြျဖင့္ စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ မဲေခါင္ျမစ္ဝွမ္း(၅) ႏိုင္ငံျဖစ္ေသာ ကေမၻာဒီးယား၊ လာအို၊ ျမန္မာ၊ ထိုင္းႏွင့္ ဗီယက္နမ္ ႏိုင္ငံတို႔ပါဝင္သည့္ လန္ခ်န္း- မဲေခါင္ အထူးရန္ပုံေငြျဖင့္ စီမံကိန္းစတင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္မႈ အေျခအေနမ်ားအား အသိေပးေၾကျငာျခင္း အခမ္းအနားကို ဇန္နဝါရီလ ၇ ရက္က ျပဳလုပ္ခဲ့ သည္။

 

Unicode

ဇန်နဝါရီ ၁၁

 


လန်ချန်း- မဲခေါင်စီမံကိန်း လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကဏ္ဍ အား စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရ ရှိသည်။


အဆိုပါ လုပ်ငန်းကဏ္ဍများတွင် နည်းပညာသင်တန်းများ ပို့ချခြင်း၊ ဝန်ထမ်းများနှင့် တောင်သူများအား ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာစောင်များ၊ စာအုပ်များ ဖြန့်ဝေပေးခြင်း၊ ကော်ဖီ သုတေသနရှိ ကော်ဖီ အရည်အ သွေး သတ်မှတ်နိုင်သည့် ဓာတ်ခွဲခန်းနှင့် မြေဆီလွှာ ဓာတ်ခွဲခန်းများအား အဆင့်မြှင့်တင်ခြင်း၊ ကော်ဖီလှော် စက်များအား ဝယ်ယူခြင်း၊ ဒေသခံတောင်သူများအား ကော်ဖီထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ရိတ်သိမ်းချိန် လွန်နည်းပညာများအပေါ် ကော်ဖီကြိတ်စက်ငယ်ဖြင့် လက်တွေ့သရုပ်ပြခြင်းများ စသည့်တို့ကို လက်တွေ့ကွင်း ဆင်း လုပ်ဆောင်ပံ့ပိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။


“ တောင်သူအချင်းချင်း နည်းပညာဖလှယ်ဖို့ ကူညီမှာဖြစ်သလို ဌာနဝန်ထမ်းတွေကိုလည်း အရည်အသွေး မြှင့် တင်ရေး လုပ်ငန်းတွေအတွက် ကော်ဖီစိုက်ပျိုး ထုတ်လုပ်နည်းပညာများ ဖလှယ်ဖို့ ပြည်ပခရီးစဉ်များ စေလွှတ်ဖို့ ပါ၀င်တယ်” ဟု ဦးမြင့်ဆွေက ဆိုသည်။


လက်ရှိ မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကုန်စည် စျေးကွက်တွင် အထူးတန်းဝင်ကော်ဖီ (Speciality Coffee) အဖြစ် ခိုင်ခိုင်မာမာ နေရာရရှိထားပြီးဖြစ်သဖြင့် အရည်အသွေးကောင်း ကုန်းမြင့်ကော်ဖီ အာရေးဗီးကား (Arabica) အ မျိုးအစား စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး၊ ပမာဏ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်စေရေးနှင့် ရေရှည်ခိုင်မာရေးအ တွက် ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။


ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်၊ ပြည်သူများ၏ သာယာဝပြော မှုကို တိုးမြှင့်ပေးရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် လျော့ချရန်နှင့် အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို ထောက်ကူပေးရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် ၂၀၃၀ ရည်မှန်းချက်အား အ ကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန်တို့ကို ရည်ရွယ် ၍ လန်ချန်း- မဲခေါင် အထူးရန်ပုံငွေဖြင့် စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း(၅) နိုင်ငံဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ပါဝင်သည့် လန်ချန်း- မဲခေါင် အထူးရန်ပုံငွေဖြင့် စီမံကိန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများအား အသိပေးကြေငြာခြင်း အခမ်းအနားကို ဇန်နဝါရီလ ရ ရက်က ပြုလုပ်ခဲ့ သည်။

 

 

 


Leave a comment