Sunday, August 18, 2019

အာဆီယံႏိုင္ငံမ်ားတြင္ ေမြးျမဴေရးအစာ တင္သြင္းျခင္းအား အခြန္ကင္းလြတ္ခြင့္ ျပဳထားသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ရန္ကုန္၊   ဇန္န၀ါရီ  ၁၆

 ေမြးျမဴေရးအစာျဖစ္ေသာ Meat and Bone Meal (အသားႏွင့္ အရိုး အစားအစာ) မ်ား အေပၚတြင္ အခြန္ ေကာက္ခံမႈ  ေလွ်ာ့ခ်ေပးရန္ ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အစိုးရသို႔ တင္ျပေတာင္းဆိုထား ေၾကာင္း သိရသည္။

ယခုလ ဇန္န၀ါရီ ၁၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း ခ်ဳပ္(UMFCCI) တြင္ ျပဳလုပ္သည့္ ႏိုင္ငံေတာ္ ဒုတိယသမၼတ (၁) ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႕ ဆံုေဆြးေႏြးပြဲတြင္ တင္ျပေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၅ ခုႏွစ္မွစ၍ Meat and Bone Meal ေမြးျမဴေရး အစာမ်ားကို နယ္သာလန္မွ စတင္ တင္သြင္းအသံုးျပဳခဲ့ၿပီး Custom Duty ေပးေဆာင္ရာတြင္ အစာကုန္ၾကမ္းအျဖစ္ ၁.၅% သာ ေကာက္ခံခဲ့ ၿပီး၊ ၂၀၁၈ ခုႏွစ္ ၊ ေအာက္တိုဘာလ ၂ ရက္ေန႔တြင္ H.S Code 2301.10.00 ျဖင့္ သတ္မွတ္၍ (၁၅%) အထိ ေကာက္ခံရန္ ဆံုးျဖတ္ခဲ့သျဖင့္ Meat and Bone Meal တင္သြင္းမႈအေပၚတြင္ H.S code 2309.90.20 အျဖစ္သာ သတ္မွတ္၍ (၁.၅%) သာ ေကာက္ခံေပးပါရန္ အဖြဲ႕ခ်ဳပ္၏ ဒုတိယဥကၠ႒ ေဒါက္တာခင္လႈိင္က အဖြဲ႕ခ်ဳပ္ကိုယ္စား ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။

၎က “ ေမြးျမဴေရး အစာျဖစ္တဲ့ Meat and Bone Meal မ်ား အေပၚမွာ အခြန္ေကာက္ခံမႈ မ်ားျပားေနပါတယ္။ အာဆီယံႏိုင္ငံ အားလံုးမွာ Meat and Bone Meal တင္သြင္းျခင္းမွာ အေကာက္ခြန္ (၀%) သာ ေကာက ခံၾကပါတယ္” ဟု အဆိုပါေဆြးေႏြးပြဲတြင တင္ျပေျပာဆိုခဲ့သည္။

ထို႔အျပင္ ျပည္တြင္းတြင္ ထုတ္လုပ္ေသာ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားအား ကုန္သြယ္ခြန္ ကင္းလြတ္ခြင့္ျပဳသည့္ ပစၥည္းအမ်ိဳးအမည္မ်ား ေဖာ္ျပခ်က္တြင္ “ ႏို႔ ၊ ႏို႔စိမ္းႏွင့္ ႏို႔မႈန္႔အမ်ိဳးမ်ိဳး” ဟု ေဖာ္ျပထားသျဖင့္ ဒိန္ခ်ဥ္မ ပါ ဝင္ဟုဆိုကာ အခ်ိဳ႕ေသာ ႏို႔ထြက္ပစၥည္း ထုတ္လုပ္သည့္ လုပ္ငန္းငယ္ေလးမ်ားမွ ဒိန္ခ်ဥ္အေပၚ ကုန္သြယ္ခြန္ ၅ ရခိုင္ႏႈန္း ေပးေဆာင္ေနရေသာေၾကာင့္ ႏို႔လုပ္ငန္းမ်ား၏ ကုန္သြယ္ခြန္ ကင္းလြတ္ခြင့္ အမ်ိဳးအမည္ ေဖာ္ျပ ခ်က္ကို “ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား” ဟု သတ္မွတ္ထုတ္ျပန္ေပးရန္ကိုလည္း ၎ကထည့္သြင္း တင္ျပခဲ့သည္။

 

Unicode

ရန်ကုန်၊ ဇန်နဝါရီ ၁၆


မွေးမြူရေးအစာဖြစ်သော Meat and Bone Meal (အသားနှင့် အရိုး အစားအစာ) များ အပေါ်တွင် အခွန် ကောက်ခံမှု လျှော့ချပေးရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အစိုးရသို့ တင်ပြတောင်းဆိုထား ကြောင်း သိရသည်။


ယခုလ ဇန်နဝါရီ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်(UMFCCI) တွင် ပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ ဆုံဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ Meat and Bone Meal မွေးမြူရေး အစာများကို နယ်သာလန်မှ စတင် တင်သွင်းအသုံးပြုခဲ့ပြီး Custom Duty ပေးဆောင်ရာတွင် အစာကုန်ကြမ်းအဖြစ် ၁.၅% သာ ကောက်ခံခဲ့ ပြီး၊ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ၂ ရက်နေ့တွင် H.S Code 2301.10.00 ဖြင့် သတ်မှတ်၍ (၁၅%) အထိ ကောက်ခံရန် ဆုံးဖြတ်ခဲ့သဖြင့် Meat and Bone Meal တင်သွင်းမှုအပေါ်တွင် H.S code 2309.90.20 အဖြစ်သာ သတ်မှတ်၍ (၁.၅%) သာ ကောက်ခံပေးပါရန် အဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်လှိုင်က အဖွဲ့ချုပ်ကိုယ်စား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။


၎င်းက “ မွေးမြူရေး အစာဖြစ်တဲ့ Meat and Bone Meal များ အပေါ်မှာ အခွန်ကောက်ခံမှု များပြားနေပါတယ်။ အာဆီယံနိုင်ငံ အားလုံးမှာ Meat and Bone Meal တင်သွင်းခြင်းမှာ အကောက်ခွန် (၀%) သာ ကောက ခံကြပါတယ်” ဟု အဆိုပါဆွေးနွေးပွဲတွင တင်ပြပြောဆိုခဲ့သည်။


ထို့အပြင် ပြည်တွင်းတွင် ထုတ်လုပ်သော နို့နှင့် နို့ထွက်ပစ္စည်းများအား ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုသည့် ပစ္စည်းအမျိုးအမည်များ ဖော်ပြချက်တွင် “ နို့ ၊ နို့စိမ်းနှင့် နို့မှုန့်အမျိုးမျိုး” ဟု ဖော်ပြထားသဖြင့် ဒိန်ချဉ်မ ပါ ဝင်ဟုဆိုကာ အချို့သော နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းငယ်လေးများမှ ဒိန်ချဉ်အပေါ် ကုန်သွယ်ခွန် ၅ ရခိုင်နှုန်း ပေးဆောင်နေရသောကြောင့် နို့လုပ်ငန်းများ၏ ကုန်သွယ်ခွန် ကင်းလွတ်ခွင့် အမျိုးအမည် ဖော်ပြ ချက်ကို “ နို့နှင့် နို့ထွက်ပစ္စည်းများ” ဟု သတ်မှတ်ထုတ်ပြန်ပေးရန်ကိုလည်း ၎င်းကထည့်သွင်း တင်ပြခဲ့သည်။

 

Leave a comment