Wednesday, November 14, 2018

ချမ်းအေးတဲ့ တောင်ပေါ်ဆောင်းရာသီကို ကာကွယ်ဖို့ ကျွန်တော် အနွေးထည်ထူထူဝတ်ထားပေမယ့် နေရောင်မထိုးနိုင်တဲ့ တောအုပ်ထဲက ကော်ဖီစိုက်ခင်းထဲမှာ ခပ်ပါးပါးအနွေးထည်တွေကိုသာ ၀တ်ဆင်ထားကြတဲ့ လူလတ်ပိုင်းအရွယ် အမျိုး သမီးတွေနဲ့ အမျိုးသားတွေကတော့ ဓနုရိုးရာစကားတွေပြောရင်း ကော်ဖီသီးတွေကို ခူးဆွတ်ပြီး ကျောမှာလွယ်ထားတဲ့ ပလိုင်းလေးတွေထဲကို တတောက်တောက်နဲ့ ထည့်ရင်း အလုပ်ရှုပ်နေကြပါတယ်။

ကော်ဖီပင်ကို အဓိကစိုက်တဲ့ ဒီတောင်ပေါ်ရွာလေးက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ကနေ ကားနဲ့နှစ်နာရီခွဲ လောက်သွားရတဲ့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ထဲက အိမ်ခြေ၁၅၀ နီးပါးရှိတဲ့ မြစေတီကျေးရွာလေးပါ။ ဒီရွာလေးမှာ  ၂၀၀၇ခုနှစ်ကစပြီး  ရွာရဲ့လိုအပ်တဲ့သာရေး၊ နာရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ရန်ပုံငွေရှာတဲ့အနေနဲ့ကော်ဖီပင်တွေကို အစုအဖွဲ့ပိုင်အဖြစ် စိုက်ပျိုးရာကနေ အခုချိန်မှာတော့ အဲ့ဒီရွာက ဒေသခံအားလုံ ကော်ဖီပင်ကို စီးပွားဖြစ် စိုက်ပျိုးနေကြပါပြီ။

ဒေသခံတွေအနေနဲ့သူတို့ဒေသထွက်ကော်ဖီကိုကမ္ဘာ့ဈေးကွက်ကိုတင်ပို့နိုင်ဖို့စိတ်အားထက်သန်နေကြပေမယ့်ကော်ဖီပင် ကိုအရိပ်အောက်မှာသာစိုက်ပျိုးသင့်ပြီးအရိပ်ကျလေကော်ဖီအထွက်နှုန်းကောင်းလေလို့ မှားယွင်းစွာ ထင်မှတ်ထားကြပါ တယ်။

ကော်ဖီစိုက်ပျိုးတဲ့အခါမှာ ဘိုးဘွားတွေရဲ့ မိရိုးဖလာကော်ဖီစိုက်ပျိုး ခူးဆွတ်နည်းအတိုင်း လုပ်နေရတဲ့အတွက် အခက်အခဲ တွေကြုံတွေ့ရတယ်လို့  ကော်ဖီစိုက်တောင်သူ ဦးမောင်မွှေးက ကော်ဖီသီးတွေခူးရင်း အခုလိုပြောပါတယ်။

ဦးမောင်မွှေး ကစိုက်တဲ့အခါမှာနည်းပညာလည်းမရှိတော့မြပေါ်ကျရင်ပြီးရောအရင်တုန်းကအဘိုးအဘွားတွေစိုက်ခဲ့တဲ့ အတိုင်းပဲမြင်တဲ့အတိုင်းပဲစိုက်ခဲ့တယ်။နည်းပညာမသိတော့ခူးတဲ့အခါမှာလည်း အကိုင်းရောအညှာရောဆွဲ ခူးတဲ့အခါမှာဘာဆိုး ကြိုးခံစားရလည်းဆိုတော့အကိုင်းမှာဒဏ်ရာရသွားတဲ့အတွက်သီးဖို့အားမပြုပဲနဲ့အကိုင်းခြောက်   လေးတွေတွေ့ရ တယ်  လို့  ပြောပါတယ်။

ကော်ဖီပင်အတွက်နေရောင်ခြည်များများနဲ့ဓာတ်မြေသြဇာကို ပိုသုံးမှာသာအသီးအထွက်နှုန်းတိုးနိုင်မှာပါ။  နေရောင်ခြည် ထိတွေ့မှုနည်းပြီးဓာတ်မြေသြဇာအသုံးနည်းရင်တော့အသီးထွက်နှုန်းနည်းနိုင်ပါတယ်။ကော်ဖီစိုက်ပျိုးကြတဲ့တောင်သူ တွေအနေနဲ့ ကော်ဖီပင်ကို စနစ်တကျစိုက်ပျိုးပြီး  အပင်ရှင် သန်ကြီးထွားလာဖို့ ရေ၊အစာအဟာရနဲ့နေရောင်ခြည် လုံလောက်စွာ ရရှိမှသာ မြင့်မားတဲ့အထွက်နှုန်းကို ရရှိမှာဖြစ်ပါတယ်။ ကော်ဖီသီးတွေမှည့်ပါက  အမှည့်တွေကို တစ်လုံးချင်း ခူးဆွတ်ရမှာပါ။ ကိုင်းသပ်ခူးဆွတ်ခြင်းက အကိုင်းကိုဒဏ်ရာဖြစ်စေပြီး နောင်နှစ်တွေမှာ အသီးအထွက်နှုန်း လျော့ကျနိုင်ပါ တယ်။ ဒါ့အပြင် အသီးမှည့်တွေကို ရွေးခူးဆွတ်ခြင်းအားဖြင့် အသီး မှည့်တွေဟာ အသီးစိမ်းထက်ပိုပြီး အလေးချိန်စီးပြီး ၀င်ငွေပိုမိုရရှိစေမှာ ဖြစ်တယ်လို့ အဲ့ဒီဒေသမှာ ကော်ဖီစိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး နည်းပညာအကူညီတွေပေးနေတဲ့ အစိုးရ မဟုတ်တဲ့နိုင်ငံတကာအကူညီပေးရေး အဖွဲ့အစည်း (INGO) တစ်ခုက ကော်ဖီစိုက်ပျိုးရေးပညာရှင်  ဦးကိုကိုဝင်းက ပြောပါ တယ်။

ဦးကိုကိုဝင်း က ကော်ဖီအရည်အသွေးကကောင်းမွန်ဖို့ညီညာဖို့ဆိုလို့ရှိရင် ကော်ဖီသီးခူးဆွတ် ချိန်ကစပြီး အခြောက်လှန်းခြင်းပြီး ဆုံးတဲ့စနစ်အထိ အခြောက်နည်းနဲ့ ထုတ်လုပ်တာက အကောင်းဆုံးနဲ့ ကုန်ကျစရိတ် အသက်သာဆုံးပဲ။ တောင်သူတွေအနေနဲ့သူတို့ဆီမှာရှိတဲ့ သစ်တို့ဝါးတို့အသုံးပြုပြီးလည်း အခြောက်လှမ်းစင်တည် ဆောက်လို့ရတယ်။ ကော်ဖီထုတ်လုပ်ရာမှာ အစိုနည်းနဲ့ထုတ် လုပ်တာဖြစ်စေ ၊အခြောက်နည်း နဲ့ထုတ်လုပ်တာဖြစ်စေ ၂ မျိုးလုံးမှာ အားသာချက်အားနည်းချက် တွေရှိကြတယ်။ တောင်သူတွေ အနေနဲ့ကတော့ အခြောက်နည်းနဲ့ထုတ်လုပ် မယ်ဆိုရင် စက်ကရိယာနဲ့ အခြားပစ္စည်း လိုအပ်ချက်တွေလျော့ချပြီးသားဖြစ်လို့ စီးပွားရေး အနေနဲ့ဆိုစွန့်စားမှုနည်းတယ်။အကျိုးအမြတ်ရဖို့ ပိုသေချာတယ်။ ဒါကြောင့်တောင်သူတွေကို အခြောက်နည်းနဲ့ ထုတ်လုပ်မယ်ဆိုရင် အကျိုးမြတ်ပိုရမယ်လို့ ဆိုပါတယ်

ကော်ဖီပင်တွေအသီးထွက်နှုန်းလျော့သွားတာ၊အရွက်သစ်မထွက်တော့တာဟာမှားယွင်းတဲ့ကော်ဖီသီးခူးပုံကြောင့်ဖြစ်ပါတယ်။ ကော်ဖီးသီးခူးချိန်မှာ ရင့်မှည့်တဲ့ ကော်ဖီသီးတွေကိုသာရွေးခူးရပါမယ်။အမှည့်သီးကအစိမ်းသီးထက်စာရင်ဈေးကွက်တင် ပို့ရာမှာလည်းအလေးချိန်ပိုရနိုင်ပါတယ်။ကော်ဖီကိုင်းတစ်ခုလုံးမှာရှိတဲ့အသီးတွေကိုအကိုင်းလိုက်သတ်ခူး လိုက်မယ်ဆိုရင်ပင်စည်ထိခိုက်နိုင်တာကြောင့်နောက်နှစ်တွေမှာအသီး မသီးနိုင်ဖြစ်တတ်ပါတယ်။

ဒီလိုအသီး မသီးနိုင်တော့တဲ့အကိုင်းတွေကိုတစောင်းဖြတ်ပေးတာဟာအကိုင်းကိုပြန်လည်ထွက်ရှိလာနိုင်ပါတယ်။မကြီးတော့တဲ့အပင်တွေကိုအပင်လိုက်တစ်စောင်းဖြတ်ပေးမယ်ဆိုရင် နောက် ()နှစ်အကြာမှာအပင်သစ်ပြန်လည် ပေါက် လာမှာဖြစ်ပါတယ်။ပိုးရှိတဲ့အပင်တွေကိုတော့အမြန်ဆုံးရှင်းလင်းပြီးမီးရှို့ဖျက်စီးလိုက်မှသာအခြားအပင်တွေကိုပိုးမကူး နိုင်မှာဖြစ်ပါတယ်။

ရင့်မှည့်တဲ့ ကော်ဖီးသီးအမှည့်တွေကို  တစ်လုံးချင်းခူးတာက အလေးချိန်းစီးပြီး ဈေးပိုရသလို နောက်နှစ်အသီးသီးဖို့ အတွက် ကိုလည်း အားကောင်းစေတယ်လို့ ကော်ဖီစိုက်တောင်သူ မအေးထူးက ပြောပါတယ်။

ယင်းကတစ်လုံးစီပဲခူးတယ်။ တစ်လုံးစီးပဲခူးတော့ အညှာလည်းမနာတော့ဘူး။ ကိုင်လည်း မနာတော့ဘူးပေါ့။ အပင်လည်း ကောင်းသွားတယ်။ အပွင့်လည်း ထပ်ပွင့်တယ်။ တစ်လုံးစီခူးတာဆိုတော့ တစ်နေ့မှာ လေးပြည် ငါးပြည် လောက်ပဲရပေမယ့် ဈေးကတော့ ကောင်းကောင်းရတယ်။  အရင်တုန်းက ကိုင်းကနေ သတ်ခူးတော့ အများကြီး ရပေမယ့် ကိုင်းနာတယ် ဈေးလည်းမရဘူး အပ်ပင်လည်း နာတယ် လို့ ဆိုပါတယ်။

ခူးလို့ရရှိလာတဲ့ ကော်ဖီးသီးတွေကို သန့်စင်စွာ ဆေးကြော နေလှန်းမှသာ သန့်စင်ကောင်းမွန်တဲ့ ကော်ဖီစေ့တွေကို ရရှိမှာပါ။ လက်ရှိအချိန်မှာတော့ စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး တောင်သူတွေကို နည်းပညာအကူညီပေးရေးအဖွဲ့ (INGO) တွေရဲ့ လမ်းညွှန်မှုတွေအတိုင်း ကော်ဖီစိုက်တောင်သူအချို့ကတော့ လှန်းစင်တွေကို တည်ဆောက်ပြီး စနစ်တကျလှန်းနေ ကြသူတွေရှိသလို ဘိုးဘွားလက်ထပ် မိရိုးဖလာအတိုင်း မြေကြီးပေါ်မှာ လှန်းနေတဲ့ ဒေသခံတွေလည်း ရှိနေပါသေးတယ်။ ဒေသခံတွေအနေနဲ့ နည်းပညာ အားနည်းချက်တွေကြောင့် ကော်ဖီသီးတွေ ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတောင်သူ ကိုထွန်းထွန်းက ပြောပါတယ်။

ကိုထွန်းထွန်း က ရလာတဲ့အသီးတွေကိုဘာလုပ်လည်းဆိုတော့တစ်ချို့အားတဲ့သူတွေကလည်းတန်းပြီးတော့မောင်ထောင်းဆုံတွေမှာတန်းပြီးတော့ထောင်းကြတယ်။ မအားသေးတဲ့ဒီပြင်အလုပ်တွေရှုပ်နေတဲ့မအားသေး တဲ့သူတွေကလည်းအိမ်ထဲမှာသိမ်းထားသေးတာတစ်ချို့ဆိုပုတ်ကုန်တယ်ပုတ်တဲ့အခြေနေထိရောက်ကုန်တယ်။ထောင်းတဲ့အခါမှာဒီတိုင်းထောင်းတာရှိတယ်ကော်ဖီသီးဆိုတော့အရည်ရွကြီးဖြစ်နေတဲ့အတွက်ဆုံကနေအပြင်ဘက်ကိုလျော်လျော်ထွက်နေတယ်။အဲ့ဒီတော့ကျွန်တော်တို့ဖွဲတွေနဲ့ထည့်ထည့်ထောင်းတာ ဒါက  ဘိုးဘွားဘီဘင်လက်ထပ်ကတည်းကကျင့်သုံးခဲ့တဲ့စနစ်ကလေခြောက်ပြီဆိုတော့မှဆာလာအိတ်ထဲကျုံးပြီးတော့မိသားစုစားဝတ်နေရေးအခက်အခဲကြုံရင်ကြုံသလိုဈေးပေါ်မှာရသလောက်ဈေးလေးတွေနဲ့ရောင်းခဲ့ကြတာလို့ ပြောပါတယ်။

အခြောက်လှန်းစင်ကို နေရောင်ခြည်လုံလုံလောက်လောက်ရတဲ့နေရာမှာ မြေပြင်ကနေ အနည်းဆုံး ၃ပေခွာ ပြီးတည်ဆောက် ရပါမယ်။ လှမ်းစင်ရဲ့ အကျယ်ကတော့ရရှိတဲ့မြေနေရာပေါ်မူတည်ပြီးတော့  ၁၀ ပေ ကနေ ပေ ၅၀ အထိအောင် လိုအပ်သ လိုထားနိုင်သလို အနည်းဆုံတော့ ၄ ပေလောက်ထားရှိမှသာ လုပ်ရကိုင်ရလွယ်ကူပါမယ်။ လှန်းစင်ရဲ့မျက်နှာပြင် ကြမ်းခင်း ကတော့ လေ၀င်လေထွက်ကောင်းဖို့ ဇကာကွက်ဖြစ်ဖို့လိုပါတယ်။ သံချေးမတက်တဲ့ သတ္တုနဲ့ လုပ်ထားတဲ့သံဇကာတွေကို အသုံးပြုလို့ရပါတယ်။ လှန်းစင်တည်ဆောက်တဲ့နေရာက မကောင်းတဲ့အနံ့အသက် တွေကင်းစင်ဖို့အတွက် ကြက်ခြံ၊ ၀က်ခြံတို့ အဝေးမှာလည်း တည်ရှိဖို့လိုတယ်။ အဲ့ဒီလိုလှန်းမယ်ဆိုရင် ကော်ဖီသီးမှည့်က ၁၀ ရက်ကနေ ၁၂ ရက်အတွင်းမှာ အစိုစာတ်ရဲ့၁၂ ရာခိုင်နှုန်းအထိ ခြောက်သွေ့သွားပြီး သိမ်းဆည်းနိုင်တဲ့အဆင့်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒေသခံတောင်သူတွေ အနေနဲ့ ကော်ဖီပင်ကို ကောင်းမွန်တဲ့ အနေထားရောက်အောင် ပြုစုပျိုးထောင်နိုင်ဖို့ အသိပညာ အကူညီတွေ လိုအပ်နေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒေသခံ ကော်ဖီစိုက်တောင်သူတွေအနေနဲ့ ထွက်ရှိ လာတဲ့ ကော်ဖီတွေကိုလည်း လမ်းပမ်းဆက်သွယ်ရေး အခက်ခဲတွေကြောင့် နီးစပ်ရာဈေးမှာပဲ ရတဲ့ဈေးနဲ့ ရောင်းချရတယ် လို့ ကော်ဖီစိုက်တောင်သူ ဦးဇော်လင်းထက်က  ပြောပါတယ်။

ကော်ဖီစိုက်တောင်သူ ဦးဇော်လင်းထက်က  ထွက်လာတဲ့ ကော်ဖီကိုလည်း နီးစပ်ရာ မြိုင်ဈေးပေါ့ ၅ ရက် တစ်ဈေး၊ အဲ့ဒီမှာ ရတဲ့ဈေးနဲ့ အဆက်အသွယ်တွေလည်း မရှိတဲ့အတွက် ရတဲ့ဈေးနဲ့ ရောင်းချရတယ်။ အဲ့ဒီမှာလည်း ဘာအခက်အခဲတွေ တွေ့ရလည်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးက အင်မတန်ခက်ခဲတဲ့ အခါကျတော့ ဈေးက ကိုယ်လိုချင်သလောက် မရဘူးပေါ့ ပြောမယ်ဆို တစ်ပြည် ၇၀၀ ရတယ်။ ဈေးပေါ်တင်တဲ့အခါ တစ်ပိသာကို ၅၀ ဈေးလျော့ပေးရတယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသမှာ ကော်ဖီစေ့တွေကို တရုတ်ကုန်သည်တွေရဲ့ အ၀ယ်တော်ကိုယ်စာလှယ်တွေက လာရောက်ဝယ်ယူကြလို ပြည်တွင်း ကော်ဖီထုတ်လုပ်ရေး ကုမ္မဏီတွေရဲ့ အ၀ယ်တော်တွေလည်း လာရောက်ဝယ်ယူကြပါတယ်။ ၀ယ်သူတွေအနေနဲ့ တောင်သူတွေထံကနေ ကော်ဖီတစ်ပြည်ကို ကျပ် ၇၀၀ ကနေ ၁၀၀၀ နဲ့ ၀ယ်ယူကြပါတယ်။ ကော်ဖီ တစ်ပြည်ကို အလေးချိန် တစ်ပိသာနဲ့ နှစ်ဆယ့်ငါးကျပ်သားရှိတယ်လို့ သိရပါတယ်။

ကော်ဖီကို နည်းစနစ်မှန်မှန်နဲ့ ခူးဆွတ်ထိန်းသိမ်းမယ်ဆိုရင်တော့ ကော်ဖီအထွက်နှုန်းတိုးလာမယ့်အပြင် ဈေးနှုန်းလည်း ပိုမို ရရှိလာမယ်လို့ ကော်ဖီပညာရှင် ဦးကိုကိုဝင်းက ပြောပါတယ်။

ယင်းကကော်ဖီကို နည်းစနစ်မှန်မှန်နဲ့ စနစ်တကျခူးဆွတ်မယ်။ ကောင်းကောင်းမွန်မွန်ပြုစုထိန်းသိမ်းမယ်။ ခေါင်နေတာတွေ အတက် ဖဲ့တာတွေ ပုံမှန်လုပ်ဆောင်မယ်ဆိုရင် ကော်ဖီ တစ်ဧကအထွက်နှုန်းကလည်း တိုးလာနိုင်တယ်။ အစိုနည်းနဲ့ ထုတ်လုပ်သည်ဖြစ်စေ အခြောက်နည်းနဲ့ ထုတ်လုပ်သည်ဖြစ်စေ နည်းစနစ်မှန်မှန်နဲ့ ကောင်းကောင်းမွန်မွန်ထုတ်လုပ်မယ်ဆိုရင် အရည်အသွေးမြင့်ကော်ဖီကို ရရှိလာနိုင်မှာဖြစ်တယ်။ ဒီလိုဖြစ်လာပြီဆိုရင် သာမန်ကုန်စည်အဖြစ်ကနေ မြန်မာ့ကော်ဖီဟာ ကမ္ဘာနဲ့ရင်း ဘောင်တန်းပြီး အထူးတန်းဝင် ကော်ဖီတစ်ရပ်အဖြစ် ကော်ဖီဆံစိမ်း တစ်ကီလိုဟာ မြန်မာငွေ လေးထောင်ကနေ လေး၊ ငါးသောင်းအထိ ရနိုင်တဲ့အခြေနေမျိုးတွေဖြစ်လာမှာပါ။လို့ ပြောပါတယ်။

 မြန်မာနိုင်ငံထွက်ကော်ဖီတွေရဲ့  ကမ္ဘာ့အဆင့်တန်းမီစေဖို့၂၀၁၅ခုနှစ်မေလ၂၈ရက်နေ့ကကော်ဖီပြိုင်ပွဲကိုမြန်မာနိုင်ငံ ကော်ဖီအသင်း၊အမေရိကန်ပြည်ထောင်စုနိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID အပါအ၀င်အမေရိကန်အခြေ စိုက်နိုင်ငံတကာအစိုးရမဟုတ်တဲ့  (INGO) အဖွဲ့အစည်း Winrock International တို့ ပူပေါင်းပြီး ကော်ဖီ အရည်အသွေး အကဲဖြတ်ပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။

အဲ့ဒီပြိုင်ပွဲမှာ  ရှမ်းပြည်တောင်ပိုင်းကကော်ဖီစိုက်တောင်သူတွေအပါအ၀င်ပြင်ဦးလွင်မြို့ကကော်ဖီစိုက်ပျိုး ရေးခြံတွေ ထဲက၂၀၁၅ခုနှစ်အတွင်းရိပ်သိမ်းထားတဲ့နာမူနာကော်ဖီတွေကိုအမေရိကန်၊နယူးဇီလန်ကအကဲဖြတ်တွေလာရောက်အမှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပြိုင်ပွဲမှာ  ရှမ်းပြည်တောင်ပိုင်းရွာငံမှာစိုက်ပျိုးပြီးလူသိနည်းနေတဲ့အာရေဘီကား ကော်ဖီမျိုးနာမူနာ၅၀ကျော်ကိုအကဲဖြတ်ခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာအထူးတန်းဝင်ကော်ဖီအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ကော်ဖီနာမူနာတွေကိုကော်ဖီအရည်အသွေး ဆိုင်ရာအဖွဲ့ အစည်းရဲ့ သတင်းအချက်အလက်ဘဏ်တိုက်မှာထည့်သွင်းဖော်ပြမှာဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်းမှာဒီလိုအထူးတန်းဝင်ကော်ဖီအဖြစ်သတ်မှတ်ခံရပြီဆိုရင်ကမ္ဘာတန်းဝင်ကော်ဖီအဖြစ်မြန်မာနိုင်ငံကကော်ဖီတွေကို  အဆင့်တစ်ဆင့်သတ်မှတ်ခံရဖို့လည်းရှိနေတာပါ။ ကော်ဖီအရည်အသွေးပြိုင်ပွဲတွေကနေမြန်မာနိုင်ငံထွက်ကော်ဖီတွေဟာအဆင့်တန်းတစ်ခုသတ်မှတ်ခံရပြီဆိုရင်ကမ္ဘာဈေးကွက်ကိုထိုးဖောက်နိုင်မှာဖြစ်ပြီး မြန်မာ့ကော်ဖီကိုအမေရိကားဈေးကွက်မှာတင်ပို့ရောင်းချနိုင်ဖို့အမေရိကန်ကော်ဖီစိုက်ပျိုးရေးပညာရှင်တွေနဲ့ကုန်သည်တွေဟာရှမ်းပြည်နယ်ကကော်ဖီစိုက်ခင်းတွေကိုယခု၂၀၁၆ခုနှစ်ဇန်န၀ါရီလ၂၀ရက်နေ့ကလည်းလာရောက်လေ့လာခဲ့ကြပါ သေးတယ်။

အဲ့ဒီအဖွဲ့ကစိုက်ပျိုးရေး ပညာရှင်တွေက  ကော်ဖီအရည်အသွေးစစ်ဆေးတာတွေနဲ့ကော်ဖီစိုက်တောင်သူတွေကိုစနစ်တ ကျကော်ဖီစိုက်ပျိုးခူးဆွတ်နည်းတွေကိုပါသင်ပေးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကော်ဖီအသင်းက ဒုတိယ ဥက္ကဌဦးစိုင်း ၀မ်မိုင်းကပြောပါတယ်။

ဦးစိုင်းဝမ်မိုင်းကအမေရိကန်ဈေးကွက်ကို တင်ပို့နိုင်မယ်ဆိုရင် တခြားပြည်ပ ဈေးကွက်တွေထက် ဈေးပိုရနိုင်တယ်။ ကျွန် တော်တို့ဆီက ကော်ဖီ အရည်အသွေးပိုင်းက ကမ္ဘာ့အဆင့်တန်းဝင်ဖို့ အရည်အသွေးပိုင်းရော ဈေးကွက် အဆက်အသွယ်အ ချိတ်အဆတ်ပါ လိုနေသေးတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာရေးဘီးကားကော်ဖီ ပြည်တွင်းအခေါ် ကုန်မြင့်ကော်ဖီကို အများဆုံးစိုက်ပျိုးကြပါတယ်။ ကော်ဖီစိုက်ခင်း တွေကို နေပြည်တော်၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ စုစု ပေါင်း ဧက ၄၉,၉၅၃ ဧက စိုက်ပျိုးပြီး အဲ့ဒီထဲက ရှမ်းပြည်နယ် မှာ အများဆုံးစိုက်ပျိုးနေတာဖြစ်ပြီး ရှမ်းပြည်နယ်မှာ ဧက ၂၇,၀၀၀ ကျော် ရှိပါတယ်။

တစ်နိုင်ငံလုံမှာ  ကော်ဖီအသီးခူးလို့ရနေတဲ့ ဧက ၂၉,၂၃၁  ရှိပါတယ်။ နှစ်စဉ် ကော်ဖီ အထွက်နှုန်းက ၁၆၂၃ ဒသမ ၈၄ တန်ရှိပြီး အဲ့ဒီထဲကမှ ပြည်ပကို နှစ်စဉ် တန်ချိန် ၁၀၀၀ ကျော် တင်ပို့နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာန၊ ကော်ဖီစိုက်ရာသီ ဌာနခွဲက သိရပါတယ်။

မြန်မာ့ကော်ဖီကို နိုင်ငံတကာ ရောင်းတန်းဝင် ကော်ဖီစေ့တွေ ထုတ် လုပ်လာနိုင်ဖို့ နိုင်ငံတကာ စိုက်ပျိုးရေးအကူညီပေးရေး အဖွဲ့တွေအနေနဲ့ ကွင်းဆင်း ကူညီပေးနေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ကော်ဖီတွေကို ပုံမှန်အားဖြင့် တရုတ်ဈေးကွက်တစ်ခုကိုပဲ အားထားတင်ပို့နေရပြီး မြန်မာ့ကော်ဖီတစ်တန်ကိုအမေရိကန်ဒေါ်လာ၃၈၀၀ကနေ၄၀၀၀ခန့်နဲ့အမေရိကား၊ကိုရီးယား၊ဂျပန်၊ထိုင်ဝမ်နိုင်ငံတွေကိုအနည်းငယ်တင်ပို့နေပါတယ်။ ဥရောပနိုင်ငံ ဈေးကွက်ကိုတော့ တင်ပို့နိုင်ခြင်း မရှိသေးပါဘူး။ လာမယ့် ရှေးအနာဂတ်မှာ တော့ မြန်မာ့ကော်ဖီကို နိုင်ငံတကာကို တင်ပို့နိုင်တော့မယ်လို့ ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။

ကျွန်တော်ရောက်ရှိခဲ့တဲ့ မြစေတီကျေးရွာလေးက ဒေသခံ ကော်ဖီစိုက် တောင်သူတွေကလည်း သူတို့ဒေသက ထွက်ရှိလာ တဲ့ ကော်ဖီတွေကို စံချိန်မီ ကမ္ဘာ့အဆင့်အတန်းဝင် ကော်ဖီစေ့တွေအဖြစ် နိုင်ငံတကာကို တင်ပို့နိုင်ဖို့ စိတ်အားထက်သန် နေကြတာကို မြင်တွေ့နေရပါတယ်။ သူတို့ရဲ့ဆန္ဒတွေ အကောင်အထည်ပေါ်လာဖို့ကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ မိရိုးဖလာ စိုက်ပျိုးနည်း တွေအစား  မှန်ကန်တဲ့ နည်းပညာပံ့ပိုးမှုတွေ လိုအပ်နေပါသေးတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA)

Leave a comment