Wednesday, November 14, 2018

“ထိုင်းနဲ့ ဗီယက်နက်ဘက်က ဆန်တွေနဲ့ယှဉ်လိုက်ရင် အိန္ဒိယ ဆန်ဈေးက အများကြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါတယ်” လို့ အန်ဒရာပရာဒက် ပြည်နယ်အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

ဝယ်လိုအားနည်းနေတာရယ်၊ ရူပီးဈေးအားပျော့နေတာရယ်ကြောင့် အိန္ဒိယနိုင်ငံမှာတော့ တင်ပို့ ဆန်ဈေးဟာ ဒုတိယအပတ်မြောက် ဈေးဆက်ကျနေပြီး ထိုင်းနိုင်ငံရဲ့ဆန်ဈေးကတော့ ဆန်အ၀င်နည်းတဲ့ အတွက် တက်နေပြီး ဗီယက်နမ်ဆန်ဈေးဟာလည်း စာချုပ်အသစ်တွေ ထပ်ချုပ်လိုက်နိုင်တဲ့အတွက် ဈေးတက် လာပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ဆန်အ၀င်နည်းပြီး အ၀ယ်လိုက်လာနေတဲ့အတွက် ဒီတစ်ပတ်မှာ ဆန်ဈေးတက်နေပါတယ်။ ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားက အ၀ယ်မလိုက်တဲ့အတွက် ဈေးငြိမ်နေပါတယ်။

ဆန်အ၀င်နည်းနေပြီး အ၀ယ်လိုက်နေတဲ့အတွက် ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့နေတဲ့ အိန္ဒိယမှာ ဆန်ဈေး တက်နေပါတယ်။ အဲဒီလိုပါပဲ ဘတ်ငွေဈေးတက်ပြီး ဖိလစ်ပိုင်ဘက်ကအ၀ယ်လိုက်နေလို့ ထိုင်း ဆန်ဈေးလည်း တက်နေပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး ဆန်တင်ပို့တဲ့ အိန္ဒိယနိုင်ငံမှာတော့ ဆန်ဈေးဟာ ဒီတစ်ပတ်မှာတော့ ပြည်ပ၀ယ်လိုအား ကောင်းလွန်းတာရယ်၊ ဈေးကွက်ထဲ ဆန်သိပ်မ၀င်တာရယ်၊ ရူပီးဈေးမာလာတာရယ်ကြောင့် ခြောက်နှစ်ခွဲ အတွင်း ပထမဆုံးအကြိမ် အမြင့်ဆုံးဈေးတက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံနဲ့ ဆန်ဝယ်ယူရေးစာချုပ်ချုပ်ရာမှာ ထိုင်းနိုင်ငံဘက်က ကြန့်ကြာနေတဲ့အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာ ထိုင်းဘက်ကနေ ဆန်ဝယ်မယ့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။

ရူပီးဈေးကျဆင်းလာတာနဲ့အတူ ဈေးကွက်အတွင်းမှာ ဆန်အရောင်းအ၀ယ် နှေးကွေးလာတာကြောင့် အိန္ဒိယ နိုင်ငံရဲ့ ဆန်ဈေးက သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်အထိတော့ ဆန်ဈေးဟာ နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံးအထိ တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် တစ်သိန်းခွဲ တင်သွင်းမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ ဆန်ဝယ်ယူရေးဌာနအ ကြီးအကဲက ပြောပါတယ်။ ထိုင်းနိုင်ငံကနေ ဆန်တန်ချိန် တစ်သိန်းကို တစ်တန် အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာနဲ့ ၀ယ်ယူဖို့ ပြီးခဲ့တဲ့အောက်တိုဘာလက သဘောတူထားပါတယ်။

အာရှနဲ့ အာဖရိကကနေ ဆန်အ၀ယ်လိုက်လာတဲ့အတွက် အိန္ဒိယမှာ ဆန်ဈေးတွေဟာ ခြောက်နှစ်ခွဲ အတွင်း အမြင့်ဆုံးတက်သွားခဲ့ပါတယ်။ အဲဒီလိုပါပဲ အင်ဒိုနီးရှားနိုင်ငံဘက်က အ၀ယ်လိုက်လာတဲ့ အတွက် ထိုင်းနဲ့ ဗီယက်နမ်ဈေးကွက်မှာလည်း ဆန်ဈေးတက်နေပါတယ်။

အင်ဒိုနီးရှားဘက်ကနေ ဆန်အ၀ယ်လိုက်မယ့် လက္ခဏာတွေရှိနေတဲ့အတွက် ဒီတစ်ပတ်မှာတော့ ထိုင်းနဲ့ ဗီယက်နမ်ဆန်ဈေးတွေ ကောင်းနေပြီး အိန္ဒိယဆန်ဈေးကလည်း ဘင်္ဂလားဒေ့ရှ်ဘက်က အ၀ယ်လိုက်နေတဲ့ အတွက် ဈေးကောင်းပါတယ်။