Wednesday, November 14, 2018

သိပ္ပံပညာရှင်တွေဟာ အပင်တွေ၊ တိရစ္ဆာန်တွေရဲ့ မျိုးဗီဇတွေကို ပြုပြင်ပြီးတော့ အကျိုးထူးတွေ ဖန်တီး ခဲ့ကြတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ သုတေသနတစ်ခုအရ သိပ္ပံပညာ ရှင်တွေဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဆန်တွေက HIV ကို ထိန်းချုပ်နိုင်တဲ့ ပရိုတိန်းတွေ ထုတ်လုပ်နိုင်စွမ်းရှိတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ HIV ရောဂါကူးစက်မှုကို အဆုံးသတ်ပေးနိုင်တော့မယ့် သဘော ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ သီးနှံအထွက်နှုန်းဟာ ၂၀၁၈ ခုနှစ်မှာ တန်ချိန် ၁၃၈ဒသမ၇၂ သန်းသာ ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အရင်နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂ဒသမ၂ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော် စာရင်းအင်းဌာနက ဆိုပါတယ်။

စားသုံးဆီဈေးတွေ ကျနေတာနဲ့အတူ မလေးရှား ဆီအုန်းဈေးနှုန်းဟာ သုံးနှစ်အတွင်းမှာ အနိမ်ဆုံးကို ကျဆင်း သွားခဲ့ပါတယ်။ စက်တင်ဘာလအတွက် ဆီအုန်း ကြိုပွိုင့်ဝယ်ယူမှုဟာ တစ်တန်ကို ၂,၁၄၇ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၃၀ ဒသမ ၁၂ ဒေါ်လာ)နဲ့ ဈေးပိတ်သွားတဲ့အတွက် ၁ဒသမ၈ ရာခိုင်နှုန်း ဈေးကျသွားခဲ့ ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၈-၁၉ စိုက်ပျိုးရေးနှစ်မှာ ပဲပိစပ်တန်ချိန် ၉၃ဒသမ၈၅ သန်း တင်ပို့သွားဖွယ် ရှိနေတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ဆန်ဈေးကျသွားစေဖို့အတွက် နိုင်ငံအလိုက် တင်သွင်းခွင့်ပြုထားတဲ့ ပမာဏအ ကန့်အသတ်အစား ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံတဲ့ ဥပဒေကို အရေးပေါ်အတည်ပြုသွားမှာ ဖြစ် တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဈေးကွက်ထဲမှာ ၀ယ်လိုအား မြင့်တက်လာတာကြောင့် အရောင်းအ၀ယ်လုပ်သူတွေဟာ သူတို့ရဲ့ ၀ယ်ယူမှုတွေ ကို တိုးချဲ့လာတဲ့အတွက် ကုလားပဲဈေးဟာ ၀ဒသမ၉၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး တစ်ရာကီလိုဂရမ်ကို ရူပီး ၃,၉၄၃ ရူပီး ရှိလာပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင်အေဂျင်စီ (NFA) ဖိလစ်ပိုင်နိုင်ငံသားတွေ ဆန်လုံလောက် စွာ ရရှိရေးအတွက် ဆန်တန်ချိန် ၈၀၅,၀၀၀ ကျော်ကို တင်သွင်းဖို့ တင်ဒါဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့ည ပိုင်းအတွင်းက ကြေညာခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး အူဒူအော့ဂ်ဘာက လူငယ်တွေနဲ့ တွေ့ဆုံ ရာမှာ ထိုင်းနိုင်ငံက ဆန်တွေအကြောင်း သတိပေးစကားပြောခဲ့ပြီး “ လူတွေဆန် ထိုင်းဆန်ကောင်းလို့ ပိုကြိုက် တယ်လို့ ပြောကြတယ်။ ဟုတ်ပါပြီ၊ အဆိပ်တွေသာ စားကြပါ” လို့ သူက ပြောခဲ့ပါတယ်။

၂၀၁၇-၁၈ အတွက် အိန္ဒိယနိုင်ငံရဲ့ သီးနှံအထွက်နှုန်းဟာ တန်ချိန် ၂၇၉ဒသမ၅ သန်းအထိ စံချိန်တင် ထွက်ရှိ နိုင်တယ်လို့ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။

နွေရာသီမှာ စိုက်ပျိုးခဲ့တဲ့ သီးနှံတွေရဲ့ အထွက်နှုန်းဟာ မျှော်မှန်းထားတာထက် ကျော်လွန်မှာဖြစ်တာကြောင့် ပြည်တွင်းလယ်သမားတွေ ဈေးကောင်းရဖို့အတွက် ဆန်တင်သွင်းမှုအပေါ် တင်သွင်းခွန် ၂၈ ရာခိုင်နှုန်း ကောက်ခံသွားနိုင်ချေ ရှိတယ်လို့ အစိုးရအရာရှိနှစ်ဦးက ဆိုပါတယ်။