Wednesday, July 17, 2019

နှစ်သစ်ကူးနှင့် အတူ မြန်မာ့ဆန်လောက တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည့် သတင်းတစ်ခု ဖြစ်ပေါ်လာ သည်။ ယင်းသတင်းမှာ မြန်မာ့ဆန်တွေဟာ စားသုံးရန် မသင့်သည့်အတွက် အာဖရိကတိုက်က အိုင်ဗရီကို့စ်မှာ ဖျက်ဆီးခံလိုက်ရသည်ဆိုတဲ့ သတင်းဖြစ်သည်။ ယင်းနှင့် ပက်သက်ပြီး ပြည်တွင်းမှာ စားသုံးနေသည့်ဆန်များ၏ အရည်အသွေးကိုလည်း စိုးရိမ်တကြီး မေးခွန်းထုတ်မူများ ရှိလာသည်။

ချင်းပြည်နယ်မှာ ရင်းနှီးမြှပ်နှံမှုတွေ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ချင်းပြည်နယ် ရင်းနှီးမြှပ်နှံမှုနဲ့ ဒေသထွက် ကုန်ပြပွဲကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ တတိယပတ်အတွင်းက ကျင်းပခဲ့ပါ တယ်။ ချင်းပြည်နယ်မှာ ရင်းနှီးမြှပ်နှံမှုနဲ့ ပက်သက်ပြီး အလားအလာ အကောင်းဆုံးကဏ္ဍတွေထဲမှာ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍလည်း ပါဝင်ပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းနဲ့ အလားအလာ ကောင်း တွေ အကြောင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးကို AMIA- Farmer Digital TV ရဲ့ သတင်းထောက် မစိုးချစ်ချစ်ပိုင်က သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

လက်ရှိ မြန်မာ့ပြောင်းသီးနှံကို တရုတ်နိုင်ငံက အ၀ယ်နည်းသွားတာကြောင့် ပြည်တွင်း ပြောင်းဈေးကွက်အတွင်း မှာ ဈေးနှုန်းကျဆင်းပြီး၊ ပြောင်းစိုက်တောင်သူတွေ အခက်ကြုံနေရတဲ့ ခြေအနေပါ။ ဒီအခြေအနေတွေကြောင့် လာမယ့်အနာဂတ် ပြောင်းဈေးကွက် အလားအလာအတွက် အစိုးရပိုင်းက ဖြေရှင်းဆောင်ရွက်ပေးသင့်တဲ့ အ ချက်တွေကို တောင်သူနဲ့ ကုန်သည်ပွဲစား အသင်းအဖွဲ့များက စုစည်းပြီး အမျိုးသားလွှတ်တော် တောင်သူလယ်သ မားရေးရာနဲ့ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကနေတစ်ဆင့် အစိုးရကို တင်ပြသွားမယ် လို့ သိရပါတယ်။ ဒါနဲ့ ပက်သက်ပြီး တောင်သူလယ်သမား အထောက်အကူပြုအဖွဲ့ (၁) ဥက္ကဌ ဦးတိုးတက်နိုင်ကို AMIA- Farmer Digital TV ရဲ့ သတင်းထောက် မစိုးချစ်ချစ်ပိုင်က သွားရောက်မေးမြန်းထားချက်များကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး လူဦးရေအများစုဟာ လယ်သမားတွေ ဖြစ်ကြပါတယ်။ ဒါ့ ကြောင့် ဆန်ဈေး အတက်အကျ၊ ဆန်ဝယ်လိုအား အနည်းအများဟာ နိုင်ငံကို အနည်းနဲ့၊ အများ ရိုက်ခတ်ပါတယ်။ အခုအခါမှာ မြန်မာနိုင်ငံရဲ့ အဓိက ဆန်ဝယ်လက်ဖြစ်တဲ့ တရုတ်ကလည်း သူ့ဆီကို တင်သွင်းတဲ့ ဆန်၊ ဆန်ကွဲတွေနဲ့ ပတ်သက်လို့ တရားမ၀င်လမ်းကြောင်းကနေ လာတာတွေကိုပဲ အား ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာ့ဆန်ဈေးကွက်အတွက် ဘယ်လိုသက်ရောက်မှု ရှိမလဲ၊ မြန် မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် အနေနဲ့ရော၊ အစိုးရပိုင်း အနေနဲ့ရော ဘာတွေပြင်ဆင်နေသလဲ၊ မြန်မာနိုင် ငံ ဆန်စပါးဈေးကွက်ရဲ့ အလားအလာကရော ဘယ်လိုရှိမလဲ။

ဈေးကွက်အတွင်း၌ ထောပတ်သီးမှာ ဝယ်လိုအား အလားအလာကောင်းများ ရှိနေသည်။ သို့သော်လည်း မြန်မာ နိုင်ငံ၏ အဓိက ထောပတ်သီး ဝယ်လက်ဖြစ်လာမည့် တရုတ်ဘက်မှ ထောပတ်သီးကို တရားဝင် တင်ပို့ခွင့် မ ပြုသေးပေ။ ထိုအတွက်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးကိစ္စ ဆွေးနွေးစဉ်က ထည့်သွင်းဆွေးနွေးခဲ့ပြီး ထောပတ်သီး အပါအဝင် သီးနှံ ၅ မျိုးကို တင်သွင်းခွင့်ပြုရန် တောင်းဆိုထားသည်။

အိန္ဒိယနိုင်ငံက လယ်သမားတွေရဲ့ ဒုက္ခသုက္ခတွေက အထူးတလဲကို ပြောနေစရာ မလိုလောက်အောင် ထင် သာမြင်သာ ရှိနေပြီးသားပါ။ မကြာသေးခင်က လယ်သမားတွေ ကြုံခဲ့ရတာတွေက သက်သေပါပဲ။ တယ်လန် ဂါနာပြည်နယ် အစိုးရက လုပ်နေတဲ့ လယ်တစ်ဧကကို ရူပီး ၄,၀၀၀ နှစ်နှစ်တစ်ကြိမ် ထောက်ပံ့တဲ့ Rythu Bandhu Scheme (RBS) ဆိုတဲ့ အစီအစဉ်ဟာ အမှောင်ထုထဲက အလင်းစလေး တစ်စပါ။ ဒီအစီအစဉ်မှာ နိုင် ငံရေးအကွက်တွေ ပါတယ်ဆိုပြီး ငြင်းခုန်နေတာတွေကို ဖယ်လိုရင် ဒီအစီအစဉ်ရဲ့ အကျိုးကတော့ ဆွေးနွေး သင့်တဲ့ အကြောင်းအရာ တစ်ခုပါပဲ။

မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးပို့ကုန်များမှာလည်း မြန်မာနိုင်ငံ၏ အဓိက ပို့ကုန် များထဲမှ တစ်ခုဖြစ်သည်။ အစိုးရကလည်း စိုက်ပျိုးရေးပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေး ပို့ ကုန်များကို အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ထည့်သွင်းဆောင်ရွက်နေသည်။ စိုက်ပျိုးရေးထွက်ကုန်များ ပိုမို တင်ပို့နိုင်ရန်ဆိုလျှင် သီးနှံအရည်အသွေး ကောင်းရန်လိုသည်။ ထိုကဲ့သို့ သီးနှံအရည်အသွေး ကောင်းရန် ဆိုလျှင် မျိုးကောင်း၊ မျိုးသန့်များ ရှိရန်လိုသည်။ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ရှိရန်လိုအပ်သည်။

“ ကိုယ့်ဘက်က တရားဝင်၊ တရုတ်ဘက်မှာ မှောင်ခိုဖြစ်နေတာ ဆိုတော့လေ။ ကျွန်တော်တို့ဘက်က အရှုံးတွေ ချည်းပဲ ’’ ဟု ရင်ဖွင့်လာသူမှာ တရုတ်- မြန်မာ အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ခွာညှိသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းမင်းသူနိုင် ဖြစ်သည်။ ဤသည်မှာ တရုတ်သို့ ပို့ကုန်လုပ်ငန်းများ လုပ်နေသည့် မြန်မာကုန်သည်များ နှစ်ပေါင်းများစွာ ခေါင်းခဲနေရ သည့် ကိစ္စလည်း ဖြစ်သည်။

၂၀၁၂ လယ်ယာမြေ ဥပဒေတွင်ပါရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် တိုင်းရင်း သားဒေသများရှိ ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလုပ်ကိုင်လာကြသည့် ဓားမဦးချ ရိုးရာမြေများကို လက်လွှတ်ဆုံး ရှုံးခံရမှုများ ဖြစ်ပေါ်နေသည့်အတွက် တိုင်းရင်းသားဒေသအချို့မှ အဆိုပါ ဥပဒေကို ဖြတ်သိမ်းပေးရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာမြေ စီမံခန့်ခွဲမှုကို အသိအမှတ်ပြု ထည့်သွင်းရေးဆွဲထားသည့် ဥပဒေအသစ်ကို ပြင်ဆင်ပြဌာန်းပေးရန် တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်နေကြပါသည်။

ဈေးအပြောင်းအလဲဖြစ်စေတဲ့၂၀၀၇-၂၀၀၈ စီးပွားရေးပျက်ကပ်ဟာ ဆန်ထုတ်လုပ်တဲ့နိုင်ငံတွေရော၊ ဆန်ဝယ်ယူ စားသုံးနေတဲ့နိုင်ငံတွေရော အံ့အားသင့်သွားစေခဲ့ပါတယ်။ အဲဒါကြောင့် အချိန်တိုတိုနဲ့ စားနပ်ရိက္ခာ လုံလောက် မှုရှိစေရေး ပေါ်လစီတွေချမှတ်၊ သုံးသပ်၊ ပြင်ဆင်တာတွေကို လုပ်လာကြပါတယ်။