Wednesday, November 14, 2018

တီကောင်မြေဆွေးအသုံးပြုပုံ

-     စိုက်ကွင်းတွေမှာ တစ်ဟက်တာကို ၂.၅ တန်နှုန်း၊ တစ်ဧက တစ်တန်နှုန်း၊ ပန်းအိုးတွေမှာ တစ်အိုးလျှင် ၈ရမ် (၅၀)နှုန်းနဲ့ အပင်ကြီးတစ်ပင်လျှင် (၁၀၀ -၂၀၀)ဂရမ်နှုန်း (သို့) တီကောင် (၁၀၀ - ၂၀၀)ကောင် ထည့်ပေးနိုင် ပါတယ်။

-     စိုက်ကွင်းတွေမှာ အပေါ်မြေဆီလွှာ စွတ်စိုနေတဲ့ အနေအထားမှာ အပေါ်ယံမြေလွှာတွင် နေထိုင်စားသောက်တဲ့ တီကောင်ကို တိုက်ရိုက်ထည့်ထားပေးနိုင်တယ်။ မြေကြီးခြောက်သွေ့နေတဲ့ အခြေအနေမှာတော့ မိုးရာသီအစပျိုးတဲ့ အချိန်မှာ တီကောင်မြေဆွေးမြေသြဇာကို ထည့်သွင်းနိုင်ပါတယ်။

မိမိရဲ့ မြေဆီလွှာမှာ တီကောင်တွေပွားများနေဖို့ဆိုရင် တီကောင်ထည့်ပေးတာနဲ့ တီကျစ်စာတွေ မြေကြီးထဲထည့်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလိုတီကောင်ပွားများနေတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ တီကောင်မြေဆွေး ထည့်စရာတောင် မလိုအပ်ဘဲ အဆွေးပစ္စည်းတွေကို စိုက်ကွက်ထဲ ထည့်ပေးရင်ကိုရနေပါပြီ။

 

တီကောင်မြေဆွေးက အခြားမြေသြဇာတွေထက် ဘာတွေပိုကောင်းလဲ

-       ထုတ်လုပ်မှု ကုန်ကျစရိတ်နည်းတယ်။

-       အသုံးပြုရန်လွယ်ကူတယ်။

-       မြေဆီလွှာ အဏုဇီဝသက်ရှိတွေအတွက် အသုံးဝင်တဲ့အပြင် ဓာတ်မြေသြဇာကဲ့သို့ အဏုဇီဝတွေအပေါ် ထိခိုက်ပျက်စီးတာမရှိဘူး။

-       အဆွေးပစ္စည်းတွေကို အပင်တွေစားသုံးနိုင်တဲ့ အစာအဖြစ်ပြောင်းလဲပေးတယ်။

-       ၀င်ငွေရစေတဲ့ အရင်းအမြစ်တစ်ခုဖြစ်တယ်။

Source – မင်းဝင်းထိန်(B.Ag) ရေးသားတဲ့ အခြေခံအော်ဂဲနစ်လယ်ယာ စာအုပ်မှ ပြန်လည်ဖော်ထားခြင်းဖြစ်သည်။

 

Leave a comment