Wednesday, November 14, 2018

ထြန္ယက္စိုက္ပ်ိဳးျခင္းဟာ ေျမဆီလႊာအတြက္ မေကာင္းဘူးလို႔ ဆိုလိုက္တဲ့ သိပၸံပညာရွင္ေတြ

 ထြန္ယက္စိုက္ပ်ိဳးျခင္းဆိုတာဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၇၀၀၀ ေက်ာ္ကတည္းက ထြန္းကားခဲ့တဲ့ အေလ့အထပါ။

          ဂၽြန္စတစ္ကာနဲ႔ ေျမာက္ဒါကိုတာ ျပည္နယ္တကၠသိုလ္ ဒစ္ကင္ဆန္း သုေတသနစင္တာက သုေတသနပညာရွင္ေတြ ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့တာကလည္း အဲဒါပါပဲ။ သူတို႔ဟာ ေျမဆီလႊာက်န္းမာေရးနဲ႔ ပတ္သက္လို႔ ေတြ႕ရွိမႈ အသစ္ေတြ၊ နည္းပညာအသစ္ေတြကို ကမာၻႀကီးကို မိတ္ဆက္ေပးခဲ့ပါတယ္။

          ‘ကၽြန္ေတာ္ ၁၉၉၂ ခုႏွစ္ကတည္းက ေျမဆီလႊာက်န္းမာေရးအေၾကာင္းကိုေျပာခဲ့တယ္။ အဲဒီကေန အသိပညာေတြ ရလာတယ္။ ကၽြန္ေတာ္တုိ႔ ေျမဆီလႊာေတြကို အမ်ိဳးအစား၊ သြင္ျပင္လကၡာေတြနဲ႔ ခြဲၾကည့္လုိ႔ရတယ္။ ေျမဆီလႊာမွာ ပါတဲ့ဓာတ္ပစၥည္းေတြကို ဓာတ္ခြဲ တိုင္းတာလုိ႔ ရတယ္။ ဒါေပမယ့္ ဘယ္သူမွ မေမးတဲ့ ေမးခြန္းရွိတယ္။ ‘ေျမဆီလႊာ ေကာင္းေကာင္း အလုပ္လုပ္သလား’ ဆိုတာပဲ’ လို႔ စတစ္ကာက ေျပာပါတယ္။

          အဲဒီေမးခြန္းကို အေျဖထုတ္ဖို႔ဆုိရင္ေတာ့ ေျမဆီလႊာေတြကို ျမင္ေနတဲ့ အျမင္အေပၚ အမ်ားႀကီး ေျပာင္းလဲ ႐ႈျမင္ဖို႔ လိုပါတယ္။ ေျမဆီလႊာဆိုတာ ဖုန္မႈန္႕ေတြ၊ ေျမမႈန္႕ေတြခ်ည္းပဲ ဖြဲ႕ထားတာ မဟုတ္ဘဲ သက္ရွိေတြလိုမ်ိဳး ရွင္သန္ လႈပ္ရွားေနတယ္ဆိုတာ သက္ေသျပဖို႔ အေထာက္အထားမ်ားစြာ၊ သုေတသနျပဳမႈ မ်ားစြာ ျပဳလုပ္ခဲ့ရပါတယ္။

          ‘အရင္က ျမင္ထားတာ ဘာလဲဆုိေတာ့ ေပးတယ္၊ ယူတယ္ဆိုတာမ်ိဳးေပါ့။ ေျမဆီလႊာဆိုတာ ေတာင္းတစ္ခုလိုမ်ိဳးေပါ့။ ကိုယ္က ဒါေတြ ထည့္မယ္။ ဒါေတြ ျပန္ထုတ္လုိ႔ရမယ္ဆိုတာမ်ိဳးေပါ့။ ဒါေပမယ့္ တကယ္ေတာ့ ကၽြန္ေတာ္တို႔ သိလာရတာ အဲဒီလိုမ်ိဳး မဟုတ္ဘူးဗ်။ ေျမဆီလႊာဆိုတာ သက္ရွိ စနစ္တစ္ခု လိုပဲ။ သူက အပင္ေတြ လိုအပ္တာမွန္သမွ်ကို ထုတ္ေပးႏုိင္တယ္’

          ေျမဆီလႊာဆိုတာဟာ ႐ုကၡေဗဒ ဇီ၀စနစ္ (agri-biome)တစ္ခုပါပဲ။ သေဘာကေတာ့ အစုအေပါင္းျဖစ္ေနတဲ့ သဘာ၀ပတ္၀န္းက်င္ရဲ႕ သီးျခား သက္ရွိေတြပါပဲ။ စတစ္ကာက မႏုႆ ဇီ၀စနစ္ (human biome) ကို ဥပမာေပးပါတယ္။  လူသား ခႏၶာကိုယ္တြင္း၊ ခႏၶာကိုယ္ေပၚက ေသးငယ္တဲ့ အဂၤါအစိတ္အပိုင္းေတြကို ေျပာတာပါ။ လူခႏၶာကိုယ္ထဲက သက္ရွိကလာပ္စည္း တစ္၀က္ေလာက္ကို လူခႏၶာကိုယ္လုိ႔ ေျပာလို႔မရဘူးလို႔ စတစ္ကာက ဆိုပါတယ္။

          ကၽြဲႏြားတိရစာၦန္ေတြဟာ သူတုိ႔ အစာအိမ္ထဲက ျမက္ေတြ၊ အစာေတြကို ေခ်ဖ်က္ဖို႔ သူတို႔ ဗိုက္ထဲမွာ ဘက္တီးရီးယားေတြ ရွိေနဖို႔ လိုတယ္ဆိုတာကို သူက ဥပမာ ထပ္ေပးပါတယ္။

          ‘အခု လူေတြမွာ ျဖစ္ေနတဲ့ ေရာဂါေတာ္ေတ္ာမ်ားမ်ားဟာ အစာေခ်စနစ္ထဲမွာ ဘာသက္ရွိေတြ၊ ဘာဘက္တီးရီးယားေတြ ရွိေနသလဲဆိုတာနဲ႔ ဆက္ႏႊယ္ေနပါတယ္။ အဲဒီေတာ့ တခ်ိဳ႕ေရာဂါေတြကို ကုသဖို႔ဆိုတာ ခႏၶာကိုယ္ထဲမွာ ရွိသင့္တဲ့ ပိုးမႊားေတြ ရွိမေနဘူးဆိုတဲ့ သေဘာမ်ိဳးပါပဲ။ ေျမဆီလႊာဆိုတာလည္း အဲဒါမ်ိဳးပဲ’ လုိ႔ သူက ေျပာပါတယ္။

          လြန္ခဲ့တဲ့ ႏွစ္ ၇၀၀၀ ေလာက္ကတည္းက လူသားေတြဟာ စတင္ထြန္ယက္ စိုက္ပ်ိဳးလာခဲ့ၾကပါတယ္။ အဲဒီလို ထြန္ယက္တာဟာ ေျမဆီလႊာေတြ ထြက္ေပၚလာဖို႔ဆိုေပမယ့္ တကယ့္တကယ္က်ေတာ့ ေျမဆီလႊာေတြကို ဖ်က္ဆီးသလို ျဖစ္ေနတယ္လုိ႔ စတစ္ကာ က ဆိုပါတယ္။ ထြန္ယက္တဲ့အတြက္ ေျမဆီလႊာရဲ႕ ဇီ၀စနစ္ ပ်က္စီးသြားပါတယ္။ လူေတြရဲ႕ အိမ္နဲ႔ သူက ဥပမာေပးပါတယ္။ ထြန္ယက္တာဟာ အမိုးကို လွန္လိုက္သလုိပဲပါတဲ့။ ေျမဆီလႊာရဲ႕ စနစ္ေတြကို အားနည္းသြားေစပါသတဲ့။

          ‘ဒီေတာ့ ေျမဆီလႊာကို က်န္းမာေအာင္ လုပ္ဖို႔ဆိုတာ ကၽြန္ေတာ္တုိ႔ လူသားေတြ ဖ်က္ဆီးမပစ္ခင္က ရွိခဲ့တဲ့အတုိင္း ျပန္ျဖစ္လာေအာင္ လုပ္ဖို႔ပါပဲ။ အပင္ေတြအတြက္ လိုအပ္သလို လုပ္ေပးႏုိင္မယ့္ ဇီ၀စနစ္ ရွိေနဖို႔ပါပဲ။ အကယ္၍ အကုန္လံုးကို ျပန္ျဖစ္လာေအာင္ လုပ္ႏုိင္ခဲ့တယ္ဆိုရင္ ေျမဆီလႊာဟာ သူ႔လုပ္ငန္းေတြကို ေကာင္းေကာင္းအလုပ္လုပ္ႏုိင္ပါလိမ့္မယ္’လို႔ သူက ဆုိပါတယ္။

          အေကာင္ဆံုးဥပမာကေတာ့ သုေတသနဌာနက လုပ္ထားတယ္ ဆယ္ဧကက်ယ္ ေျမကြက္ႀကီးပါပဲ။ အဲဒီအထဲမွာ ေျမဆီလႊာေတြ သဘာ၀အတုိင္းျဖစ္လာေအာင္ လုပ္ထားသလို ေကာက္ပဲသီးႏွံေတြကိုလည္း ေအာင္ျမင္စြာ စိုက္ပ်ိဳးထားႏုိင္ပါၿပီ။ ၿပီးေတာ့ နည္းစနစ္အသစ္ေတြကိုလည္း စမ္းသပ္ၿပီးပါၿပီ။ အဲဒီနည္းစနစ္ေတြထဲက တစ္ခုကေတာ့ အပင္ရဲ႕ အျမစ္ေတြမွာ ကပ္ေနၿပီး အပင္အတြက္ လိုအပ္တဲ့ အာဟာရေတြေပး၊ အဲဒီအာဟာရေတြ စားေနတဲ့ mycorrhizal fungi ေတြနဲ႔ ေျမဆီလႊာကို မ်ိဳးစပ္ေပးျခင္းပါ။

          ‘သူတုိ႔က ေျမႀကီးထဲကို ၀င္သြားႏုိင္တယ္။ အျမစ္ေတြ မ၀င္ႏုိင္ေလာက္ေအာင္ ေသးတဲ့ေနရာေတြကိုလည္း ေရာက္ေအာင္ သြားႏုိင္တယ္။ ေရေတြ၊ ေဖာစေဖာ့ရပ္စေတြ၊ စတာေတြကို အပင္ဆီကို ယူလာေပးတယ္။ အပင္ကလည္း သူတို႔ကို အာဟာရေတြ ျပန္ေကၽြးတယ္။ ကၽြန္ေတာ္တုိ႔ မိုးေခါင္ေတာ့ ဒီႏွစ္မွာ ဒါကို ေတြ႕ခဲ့တာ။ မိုးေခါင္ေပးမယ့္ ကၽြန္ေတာ္တို႔ စိုက္ခင္းေတြက ပံုမွန္အထြက္ႏႈန္းအတိုင္းထြက္တယ္။ Mycorrhizal fungi ဟာ သူတို႔လိုအပ္တဲ့ အာဟာရေတြအတြက္ အပင္နဲ႔ အလုပ္တြဲလုပ္တဲ့ သက္ရွိဆဲလ္ေလးေတြပဲ’ လို႔ သူက ဆုိပါတယ္။

          ေျမဆီလႊာက်န္းမာေရး စီမံကိန္းကေန အလြန္ထူးျခားတဲ့ ရလဒ္ေတါ ထြက္ခဲ့ပါတယ္။ မန္နင္းရဲ႕ ေတာင္ဘက္မွာရွိတဲ့ လယ္ကြက္ေတြက ေျမဆီလႊာေတြကို ရွစ္ႏွစ္ၾကေလ့လာခဲ့ရာမွာ ေျမဆီလႊာေတြဟာ သုေတသန စမ္းသပ္ၿပီးေနာက္မွာ ေရေတြကို မိုးေရေတြကို ပိုၿပီး ထိန္းသိမ္းလာႏုိင္ခဲ့ပါတယ္။

          သုေတသနလုပ္တဲ့ တကၠသိုလ္ကေတာ့ သူတုိ႔ရဲ႕ နည္းလမ္းအသစ္အေပၚ အလြန္ ယံုၾကည္အားရမႈ ရွိေနၿပီး လယ္သမားေတြအေနနဲ႔ ငါးႏွစ္ၾကာ မထြန္ယက္ဘဲစိုက္ပ်ိဳးရင္ တစ္ဧကဆိုရင္ အပင္ေျမၾသဇာ ႏိုက္ထ႐ိုဂ်င္ ေပါင္ငါးဆယ္စာ ဆုေဆာင္းထားၿပီးသားျဖစ္မယ္ လို႔ ဆုိပါတယ္။

          ‘ဒီေတာ့ တကၠသုိလ္အေနနဲ႔ ေျပာရမယ္ဆိုရင္ ခင္ဗ်ားေျမကို ငါးႏွစ္ မထြန္ယက္ဘဲစိုက္ပ်ိဳးမယ္ဆိုရင္ ႏိုက္ထ႐ိုဂ်င္ေပါင္ငါးဆယ္ ေခၽြတာၿပီးသားျဖစ္မွာပါ။ အဲဒီေနာက္ ေျမကို ျပန္စမ္းသပ္ေပးမယ္။ အဲဒီအခါက်ရင္ ခင္ဗ်ားက ခင္ဗ်ားေျမအတြက္ ႏုိက္ထ႐ိုဂ်င္ေပါင္တစ္ရာလိုတယ္ဆိုရင္ ကၽြန္ေတာ္တို႔က ငါးဆယ္ေပးမယ္။ ခင္ဗ်ားက ငါးဆယ္ပဲ ကုန္စရာလိုမယ္’ လို႔ သူက ဆိုပါတယ္။

          ေျမာက္ဒါကိုတာက လယ္ယာလုပ္ငန္းရွင္ေတြဟာ ဧက ၁၅၀၀ ကေန ၂၀၀၀ ေလာက္ကို စိုက္ပ်ိဳးေနၾကတာ ျဖစ္ၿပီး တစ္ဧက ႏိုက္ထ႐ိုဂ်င္ ေပါင္ခ်ိန္ ငါးဆယ္ဆိုတာ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၂၀ ပဲ ရွိတာျဖစ္ၿပိး သိပ္မမ်ားဘူးလို႔ ဆုိပါတယ္။

          စတစ္ကာဟာ သူဆိုရင္ သူ႔ၿခံကို မထြန္ယက္ဘဲ စိုက္ပ်ိဳးေနတာ ၁၅ ႏွစ္ရွိၿပီျဖစ္တယ္လုိ႔ ဆုိပါတယ္။ မၾကာခင္ကေတာ့ ႀကံေတြ စိုက္ၾကည့္ခဲ့ပါတယ္။ အဲဒီေျမေတြကို စမ္းသပ္ၾကည့္တဲ့အခါမွာေတာ့ သူ႔ေျမမွာ ေျမၾသဇာ လံုး၀ ထည့္စရာမလုိေတာ့ဘူးဆိုတဲ့ ရလဒ္ထြက္တယ္လို႔ ဆိုပါတယ္။

          ‘ေျမဆီလႊာကို ျပန္က်န္းမာေအာင္ လုပ္ရင္း ဘယ္လို႔ စုိက္ပ်ိဳးရမလဲ၊ တိရစာၦန္ေတြ အက်ိဳးအျမတ္ရေအာင္ ဘယ္လိုေမြးရမလဲဆိုရင္ လြယ္လြယ္ကေလးပါပဲ။ ေျမဆီလႊာကို က်န္းမာေအာင္ လုပ္ရင္ ေျမဆီလႊာအင္အားေကာင္းလာမယ္။ သီးႏွံအထြက္ႏႈန္း တိုးလာမယ္။ အဲဒီအခါမွာ ပိုၿပီး အက်ိဳးအျမတ္ရွိလာမယ္’ လို႔ သူက ေျပာပါတယ္။

 

ဘာသာျပန္ မင္းသူေအာင္ (AMIA)

Unicode

ထွန်ယက်စိုက်ပျိုးခြင်းဆိုတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ရ၀၀၀ ကျော်ကတည်းက ထွန်းကားခဲ့တဲ့ အလေ့အထပါ။

          ဂျွန်စတစ်ကာနဲ့ မြောက်ဒါကိုတာ ပြည်နယ်တက္ကသိုလ် ဒစ်ကင်ဆန်း သုတေသနစင်တာက သုတေသနပညာရှင်တွေ နှစ်ပေါင်းများစွာ လေ့လာခဲ့တာကလည်း အဲဒါပါပဲ။ သူတို့ဟာ မြေဆီလွှာကျန်းမာရေးနဲ့ ပတ်သက်လို့ တွေ့ရှိမှု အသစ်တွေ၊ နည်းပညာအသစ်တွေကို ကမ္ဘာကြီးကို မိတ်ဆက်ပေးခဲ့ပါတယ်။

          ‘ကျွန်တော် ၁၉၉၂ ခုနှစ်ကတည်းက မြေဆီလွှာကျန်းမာရေးအကြောင်းကိုပြောခဲ့တယ်။ အဲဒီကနေ အသိပညာတွေ ရလာတယ်။ ကျွန်တော်တို့ မြေဆီလွှာတွေကို အမျိုးအစား၊ သွင်ပြင်လက္ခာတွေနဲ့ ခွဲကြည့်လို့ရတယ်။ မြေဆီလွှာမှာ ပါတဲ့ဓာတ်ပစ္စည်းတွေကို ဓာတ်ခွဲ တိုင်းတာလို့ ရတယ်။ ဒါပေမယ့် ဘယ်သူမှ မမေးတဲ့ မေးခွန်းရှိတယ်။ ‘မြေဆီလွှာ ကောင်းကောင်း အလုပ်လုပ်သလား’ ဆိုတာပဲ’ လို့ စတစ်ကာက ပြောပါတယ်။

          အဲဒီမေးခွန်းကို အဖြေထုတ်ဖို့ဆိုရင်တော့ မြေဆီလွှာတွေကို မြင်နေတဲ့ အမြင်အပေါ် အများကြီး ပြောင်းလဲ ရှုမြင်ဖို့ လိုပါတယ်။ မြေဆီလွှာဆိုတာ ဖုန်မှုန့်တွေ၊ မြေမှုန့်တွေချည်းပဲ ဖွဲ့ထားတာ မဟုတ်ဘဲ သက်ရှိတွေလိုမျိုး ရှင်သန် လှုပ်ရှားနေတယ်ဆိုတာ သက်သေပြဖို့ အထောက်အထားများစွာ၊ သုတေသနပြုမှု များစွာ ပြုလုပ်ခဲ့ရပါတယ်။

          ‘အရင်က မြင်ထားတာ ဘာလဲဆိုတော့ ပေးတယ်၊ ယူတယ်ဆိုတာမျိုးပေါ့။ မြေဆီလွှာဆိုတာ တောင်းတစ်ခုလိုမျိုးပေါ့။ ကိုယ်က ဒါတွေ ထည့်မယ်။ ဒါတွေ ပြန်ထုတ်လို့ရမယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့ သိလာရတာ အဲဒီလိုမျိုး မဟုတ်ဘူးဗျ။ မြေဆီလွှာဆိုတာ သက်ရှိ စနစ်တစ်ခု လိုပဲ။ သူက အပင်တွေ လိုအပ်တာမှန်သမျှကို ထုတ်ပေးနိုင်တယ်’

          မြေဆီလွှာဆိုတာဟာ ရုက္ခဗေဒ ဇီဝစနစ် (agri-biome)တစ်ခုပါပဲ။ သဘောကတော့ အစုအပေါင်းဖြစ်နေတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ သီးခြား သက်ရှိတွေပါပဲ။ စတစ်ကာက မနုဿ ဇီဝစနစ် (human biome) ကို ဥပမာပေးပါတယ်။  လူသား ခန္ဓာကိုယ်တွင်း၊ ခန္ဓာကိုယ်ပေါ်က သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြောတာပါ။ လူခန္ဓာကိုယ်ထဲက သက်ရှိကလာပ်စည်း တစ်ဝက်လောက်ကို လူခန္ဓာကိုယ်လို့ ပြောလို့မရဘူးလို့ စတစ်ကာက ဆိုပါတယ်။

          ကျွဲနွားတိရစ္ဆာန်တွေဟာ သူတို့ အစာအိမ်ထဲက မြက်တွေ၊ အစာတွေကို ချေဖျက်ဖို့ သူတို့ ဗိုက်ထဲမှာ ဘက်တီးရီးယားတွေ ရှိနေဖို့ လိုတယ်ဆိုတာကို သူက ဥပမာ ထပ်ပေးပါတယ်။

          ‘အခု လူတွေမှာ ဖြစ်နေတဲ့ ရောဂါတော်တေ်ာများများဟာ အစာချေစနစ်ထဲမှာ ဘာသက်ရှိတွေ၊ ဘာဘက်တီးရီးယားတွေ ရှိနေသလဲဆိုတာနဲ့ ဆက်နွှယ်နေပါတယ်။ အဲဒီတော့ တချို့ရောဂါတွေကို ကုသဖို့ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိသင့်တဲ့ ပိုးမွှားတွေ ရှိမနေဘူးဆိုတဲ့ သဘောမျိုးပါပဲ။ မြေဆီလွှာဆိုတာလည်း အဲဒါမျိုးပဲ’ လို့ သူက ပြောပါတယ်။

          လွန်ခဲ့တဲ့ နှစ် ရ၀၀၀ လောက်ကတည်းက လူသားတွေဟာ စတင်ထွန်ယက် စိုက်ပျိုးလာခဲ့ကြပါတယ်။ အဲဒီလို ထွန်ယက်တာဟာ မြေဆီလွှာတွေ ထွက်ပေါ်လာဖို့ဆိုပေမယ့် တကယ့်တကယ်ကျတော့ မြေဆီလွှာတွေကို ဖျက်ဆီးသလို ဖြစ်နေတယ်လို့ စတစ်ကာ က ဆိုပါတယ်။ ထွန်ယက်တဲ့အတွက် မြေဆီလွှာရဲ့ ဇီဝစနစ် ပျက်စီးသွားပါတယ်။ လူတွေရဲ့ အိမ်နဲ့ သူက ဥပမာပေးပါတယ်။ ထွန်ယက်တာဟာ အမိုးကို လှန်လိုက်သလိုပဲပါတဲ့။ မြေဆီလွှာရဲ့ စနစ်တွေကို အားနည်းသွားစေပါသတဲ့။

          ‘ဒီတော့ မြေဆီလွှာကို ကျန်းမာအောင် လုပ်ဖို့ဆိုတာ ကျွန်တော်တို့ လူသားတွေ ဖျက်ဆီးမပစ်ခင်က ရှိခဲ့တဲ့အတိုင်း ပြန်ဖြစ်လာအောင် လုပ်ဖို့ပါပဲ။ အပင်တွေအတွက် လိုအပ်သလို လုပ်ပေးနိုင်မယ့် ဇီဝစနစ် ရှိနေဖို့ပါပဲ။ အကယ်၍ အကုန်လုံးကို ပြန်ဖြစ်လာအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် မြေဆီလွှာဟာ သူ့လုပ်ငန်းတွေကို ကောင်းကောင်းအလုပ်လုပ်နိုင်ပါလိမ့်မယ်’လို့ သူက ဆိုပါတယ်။

          အကောင်ဆုံးဥပမာကတော့ သုတေသနဌာနက လုပ်ထားတယ် ဆယ်ဧကကျယ် မြေကွက်ကြီးပါပဲ။ အဲဒီအထဲမှာ မြေဆီလွှာတွေ သဘာဝအတိုင်းဖြစ်လာအောင် လုပ်ထားသလို ကောက်ပဲသီးနှံတွေကိုလည်း အောင်မြင်စွာ စိုက်ပျိုးထားနိုင်ပါပြီ။ ပြီးတော့ နည်းစနစ်အသစ်တွေကိုလည်း စမ်းသပ်ပြီးပါပြီ။ အဲဒီနည်းစနစ်တွေထဲက တစ်ခုကတော့ အပင်ရဲ့ အမြစ်တွေမှာ ကပ်နေပြီး အပင်အတွက် လိုအပ်တဲ့ အာဟာရတွေပေး၊ အဲဒီအာဟာရတွေ စားနေတဲ့ mycorrhizal fungi တွေနဲ့ မြေဆီလွှာကို မျိုးစပ်ပေးခြင်းပါ။

          ‘သူတို့က မြေကြီးထဲကို ၀င်သွားနိုင်တယ်။ အမြစ်တွေ မဝင်နိုင်လောက်အောင် သေးတဲ့နေရာတွေကိုလည်း ရောက်အောင် သွားနိုင်တယ်။ ရေတွေ၊ ဖောစဖော့ရပ်စတွေ၊ စတာတွေကို အပင်ဆီကို ယူလာပေးတယ်။ အပင်ကလည်း သူတို့ကို အာဟာရတွေ ပြန်ကျွေးတယ်။ ကျွန်တော်တို့ မိုးခေါင်တော့ ဒီနှစ်မှာ ဒါကို တွေ့ခဲ့တာ။ မိုးခေါင်ပေးမယ့် ကျွန်တော်တို့ စိုက်ခင်းတွေက ပုံမှန်အထွက်နှုန်းအတိုင်းထွက်တယ်။ Mycorrhizal fungi ဟာ သူတို့လိုအပ်တဲ့ အာဟာရတွေအတွက် အပင်နဲ့ အလုပ်တွဲလုပ်တဲ့ သက်ရှိဆဲလ်လေးတွေပဲ’ လို့ သူက ဆိုပါတယ်။

          မြေဆီလွှာကျန်းမာရေး စီမံကိန်းကနေ အလွန်ထူးခြားတဲ့ ရလဒ်တေါ ထွက်ခဲ့ပါတယ်။ မန်နင်းရဲ့ တောင်ဘက်မှာရှိတဲ့ လယ်ကွက်တွေက မြေဆီလွှာတွေကို ရှစ်နှစ်ကြလေ့လာခဲ့ရာမှာ မြေဆီလွှာတွေဟာ သုတေသန စမ်းသပ်ပြီးနောက်မှာ ရေတွေကို မိုးရေတွေကို ပိုပြီး ထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။

          သုတေသနလုပ်တဲ့ တက္ကသိုလ်ကတော့ သူတို့ရဲ့ နည်းလမ်းအသစ်အပေါ် အလွန် ယုံကြည်အားရမှု ရှိနေပြီး လယ်သမားတွေအနေနဲ့ ငါးနှစ်ကြာ မထွန်ယက်ဘဲစိုက်ပျိုးရင် တစ်ဧကဆိုရင် အပင်မြေသြဇာ နိုက်ထရိုဂျင် ပေါင်ငါးဆယ်စာ ဆုဆောင်းထားပြီးသားဖြစ်မယ် လို့ ဆိုပါတယ်။

          ‘ဒီတော့ တက္ကသိုလ်အနေနဲ့ ပြောရမယ်ဆိုရင် ခင်ဗျားမြေကို ငါးနှစ် မထွန်ယက်ဘဲစိုက်ပျိုးမယ်ဆိုရင် နိုက်ထရိုဂျင်ပေါင်ငါးဆယ် ချွေတာပြီးသားဖြစ်မှာပါ။ အဲဒီနောက် မြေကို ပြန်စမ်းသပ်ပေးမယ်။ အဲဒီအခါကျရင် ခင်ဗျားက ခင်ဗျားမြေအတွက် နိုက်ထရိုဂျင်ပေါင်တစ်ရာလိုတယ်ဆိုရင် ကျွန်တော်တို့က ငါးဆယ်ပေးမယ်။ ခင်ဗျားက ငါးဆယ်ပဲ ကုန်စရာလိုမယ်’ လို့ သူက ဆိုပါတယ်။

          မြောက်ဒါကိုတာက လယ်ယာလုပ်ငန်းရှင်တွေဟာ ဧက ၁၅၀၀ ကနေ ၂၀၀၀ လောက်ကို စိုက်ပျိုးနေကြတာ ဖြစ်ပြီး တစ်ဧက နိုက်ထရိုဂျင် ပေါင်ချိန် ငါးဆယ်ဆိုတာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ ပဲ ရှိတာဖြစ်ပြိး သိပ်မများဘူးလို့ ဆိုပါတယ်။

          စတစ်ကာဟာ သူဆိုရင် သူ့ခြံကို မထွန်ယက်ဘဲ စိုက်ပျိုးနေတာ ၁၅ နှစ်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်ကတော့ ကြံတွေ စိုက်ကြည့်ခဲ့ပါတယ်။ အဲဒီမြေတွေကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ သူ့မြေမှာ မြေသြဇာ လုံးဝ ထည့်စရာမလိုတော့ဘူးဆိုတဲ့ ရလဒ်ထွက်တယ်လို့ ဆိုပါတယ်။

          ‘မြေဆီလွှာကို ပြန်ကျန်းမာအောင် လုပ်ရင်း ဘယ်လို့ စိုက်ပျိုးရမလဲ၊ တိရစ္ဆာန်တွေ အကျိုးအမြတ်ရအောင် ဘယ်လိုမွေးရမလဲဆိုရင် လွယ်လွယ်ကလေးပါပဲ။ မြေဆီလွှာကို ကျန်းမာအောင် လုပ်ရင် မြေဆီလွှာအင်အားကောင်းလာမယ်။ သီးနှံအထွက်နှုန်း တိုးလာမယ်။ အဲဒီအခါမှာ ပိုပြီး အကျိုးအမြတ်ရှိလာမယ်’ လို့ သူက ပြောပါတယ်။


ဘာသာပြန် မင်းသူအောင် (AMIA)

Leave a comment