Wednesday, July 17, 2019

ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သစ္ေတာသတၱဳ၀န္ႀကီး ဦးမန္ဟင္းလ္ဒါး။ ဓာတ္ပံု- ၿဖိဳးလြင္ေအာင္(AMIA)

ဟားခါး၊ မတ္

၂၀၁၂ လယ္ယာေျမ ဥပေဒတြင္ပါရွိသည့္  ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္း စီမံခန္႔ခြဲမႈ ဥပေဒေၾကာင့္ တိုင္းရင္း သားေဒသမ်ားရွိ ဘိုးဘြားအစဥ္အဆက္ စိုက္ပ်ိဳးလုပ္ကိုင္လာၾကသည့္ ဓားမဦးခ် ရိုးရာေျမမ်ားကို လက္လႊတ္ဆံုး ရံႈးခံရမႈမ်ား ျဖစ္ေပၚေနသည့္အတြက္ တိုင္းရင္းသားေဒသအခ်ိဳ႕မွ အဆိုပါ ဥပေဒကို ျဖတ္သိမ္းေပးရန္ႏွင့္ တိုင္းရင္းသားမ်ား၏ ရိုးရာေျမ စီမံခန္႔ခြဲမႈကို အသိအမွတ္ျပဳ ထည့္သြင္းေရးဆြဲထားသည့္ ဥပေဒအသစ္ကို ျပင္ဆင္ျပဌာန္းေပးရန္ ေတာင္းဆိုလႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ေနၾကပါသည္။

ေရွးဘိုးဘြား လက္ထပ္ကစလို႔ ေရႊ႕ေျပာင္းေတာင္ယာစနစ္ျဖင့္  စိုက္ပ်ိဳးလုပ္ကိုင္ အသက္ေမြး၀မ္းေၾကာင္း ျပဳလုပ္ခဲ့သည့္ ခ်င္းျပည္နယ္ရွိ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား၏ ရိုးရာေျမ စီမံခန္႔ခြဲမႈႏွင့္ ပတ္သတ္ၿပီး လုပ္ေဆာင္ ေနမႈ အပိုင္းမ်ားႏွင့္ ၂၀၁၂ လယ္ ယာေျမဥပေဒအပၚ တိုင္းရင္းသား၀န္ႀကီးတစ္ပါး၏ အျမင္သေဘာထားမ်ားကို သိရွိႏိုင္ဖို႔အတြက္ ခ်င္းျပည္နယ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သစ္ေတာ သတၱဳ၀န္ႀကီး ဦးမန္ဟင္းလ္ဒါးအား AMIA- Farmer Digital TV မွ အယ္ဒီတာ ၿဖိဳးလြင္ေအာင္မွ သြားေရာက္ေတြ႕ ဆံုေမးျမန္းခဲ့ပါသည္။

လက္ရွိ ခ်င္းျပည္နယ္မွာ တရား၀င္ မွတ္ပံုတင္ေပးထားတဲ့ လယ္၊ ယာေျမ ဧကေပါင္း ဘယ္ေလာက္ထိ ရွိၿပီး ပိုင္ဆိုင္မႈ အေထာက္အထားမွ မရွိပဲ ေရွးဘိုးဘြားလက္ထပ္ကတည္းက လုပ္ကိုင္စိုက္ပ်ိဳးေနတဲ့ ရိုးရာေျမ ဧက ေပါင္း ဘယ္ေလာက္ထိ ရွိပါသလဲ ခင္ဗ်။

ခ်င္းျပည္နယ္ရဲ႕ ဧရိယာအက်ယ္အ၀န္းက စုစုေပါင္း ဧက (၈၉) သိန္းေက်ာ္ ရွိပါတယ္။ အဲ့ဒီအထဲမွာ လယ္၊ ယာ၊ ကိုင္းကၽြန္း၊ ဥယ်ာဥ္၊ ေတာင္ယာ အသားတင္ စိုက္ပ်ိဳးေျမ ဧကေပါင္း (၁၈၀,၂၆၈) ဧက ရွိပါတယ္။ အဲ့ဒီအထဲ မွာ တရား၀င္ မွတ္ပံုတင္ ပံုစံ(၇) ထုတ္ေပးထားႏိုင္တဲ့ ဧကအေရအတြက္က (၄၉,၀၃၈) ဧက ရွိပါတယ္။ မိရိုးဖ လာ ဘိုးဘြားအစဥ္အဆက္က လုပ္ကိုင္စိုက္ပ်ိဳးလာခဲ့ၾကတဲ့ ရိုးရာေတာင္ယာေျမ ဧကေပါင္း (၁၃၁,၇၉၅) ဧက ရွိပါတယ္။

၂၀၁၂ လယ္ယာေျမ ဥပေဒမွာ ပါရွိတဲ့ လယ္ယာေျမဥပေဒနဲ႔ ေျမလြတ္၊ ေျမလတ္ႏွင့္ ေျမရိုင္း စီမံခန္႔ခြဲေရး ဥပေဒ ျပဌာန္းခ်က္အရ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာၾကတဲ့ တိုင္းရင္းသားေတြ ပိုင္ဆိုင္ခြင့္ ဆံုးရံႈးေနမႈအေပၚမွာ တိုင္းရင္းသား ၀န္ႀကီးတစ္ေယာက္အေနနဲ႔ ဘယ္လိုျမင္ပါသလဲ ခင္ဗ်။

အဲ့ဒါကေတာ့ ကၽြန္ေတာ္တို႔ က်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစားရင္ေပါ့ေနာ္ လယ္ယာေျမ ပိုင္ဆိုင္ခြင့္နဲ႔ ပတ္သတ္ၿပီး ေတာ့ ၿဗိတိသွ်ကိုလိုနီေခတ္မွာ ေျပာရမယ့္ သေဘာရွိပါတယ္။ ၁၈၈၉ (Upper Burma Land and Revenue Regulation) Burma Proper (Upper Burma) ေပါ့ေနာ္ အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ ဥပေဒဟာ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၁၃၀ ေက်ာ္ေလာက္က ထုတ္ျပန္ခဲ့တဲ့ဟာကို တစ္ခ်ိဳ႕ေနရာမွာ ကိုင္တြယ္ၿပီးေတာ့ လုပ္ေဆာင္ေနတာ ကို ေတြ႕ရပါတယ္။ အဲ့ဒီဟာကေတာ့ ကၽြန္ေတာ္အျမင္ အထက္ျမန္မာျပည္ (Upper Burma) နဲ႔ပဲ သက္ဆိုင္ တယ္၊ ဥပေဒ သက္ေရာက္တယ္လို႔ သံုးသပ္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဂၤလိပ္ေတြက  ၁၈၈၉ ျမန္ မာျပည္ကို သိမ္းပိုက္ခဲ့တယ္။ ခ်င္းျပည္နယ္ကိုေတာ့ ၁၈၉၄ ပတ္၀န္းက်င္ေလာက္မွ သိမ္းပုိက္တာျဖစ္တဲ့အ တြက္ ဒီဥပေဒဟာ အထက္ျမန္မာျပည္နဲ႔ပဲ သက္ဆိုင္တာ ျဖစ္တယ္လုိ႔ ယူဆပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ အဂၤလိပ္ေတြက ရွမ္းျပည္နယ္ကိုဆို Shan Federated နဲ႔ အုပ္ခ်ဳပ္တယ္။ ကခ်င္ဆိုလည္း Kachn Hill Regulation နဲ႔ အုပ္ခ်ဳပ္တယ္။ ခ်င္းျပည္နယ္မွာဆိုရင္ ၁၈၉၆ ခုႏွစ္မွာ ထုတ္ျပန္ထားတဲ့ Chin Hill Regulation Act စတဲ့ ဥပေဒေတြနဲ႔ သီးျခားအုပ္ခ်ဳပ္ထားတဲ့အတြက္ ဒီဥပေဒေတြမွာ နဂိုရွိခဲ့တဲ့ ေစာ္ဘြားအုပ္ခ်ဳပ္မႈစနစ္  ေတာင္တန္းေဒသ တိုင္းရင္းသားေတြရဲ႕ မိရိုးဖလာအစဥ္အလာ ေျမယာပိုင္ဆိုင္မႈကို အသိအမွတ္ျပဳ သီးျခား အုပ္ခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ျမန္မာႏိုင္ငံတစ္ခုလံုး အဂၤလိပ္ေအာက္ မက်ခင္ ၁၈၉၃-၁၈၉၄  ပတ္၀န္းက်င္ေလာက္ကေန လြတ္လပ္ေရး မရခင္အထိ က်င့္သံုးလာတာ ျဖစ္ပါတယ္။ အဲ့ဒီဥပေဒမွာဆိုရင္ ခ်င္း ျပည္နယ္မွာ ရွိေနတဲ့ ေစာ္ဘြားေတြကို လုပ္ပိုင္ခြင့္ေပးၿပီးေတာ့ ရိုးရာဓေလ့ထံုးတမ္းေတြကို အသိအမွတ္ျပဳ အုပ္ ခ်ဳပ္တဲ့ သေဘာမ်ိဳး ျဖစ္ပါတယ္။ (အဲ့ဒီတုန္းကဆိုရင္) ဆိုေတာ့ လြတ္လပ္ေရးရေတာ့ Federated Area လို႔ဆို တဲ့ ရွမ္း ရယ္၊ ကခ်င္ ရယ္၊ ခ်င္း ရယ္ လြတ္လပ္ေရး အတူတူ ယူမယ္ဆိုၿပီးေတာ့ ဒါေတြကို ျဖတ္သိမ္းၿပီးေတာ့ ျပန္အုပ္ခ်ဳပ္ပါတယ္။ ေစာ္ဘြားေခတ္ကုန္သြားတယ္။ ကုန္သြားခ်ိန္မွာ ၁၉၄၈ ခုႏွစ္မွာ ကၽြန္ေတာ္တို႔ (Chin Special Division Act  1984) နဲ႔ အုပ္ခ်ဳပ္လာတာ ဒီဟာကလည္း လက္ရွိ အသက္ရွင္ေနတဲ့သေဘာ ဥပေဒအ ရ ေတြ႕ရတယ္။ ဒီဟာမွာလည္း မိရိုးဖလာဓေလ့ထံုးတမ္းနဲ႔ အမ်ားစု အုပ္ခ်ဳပ္ထားတာ၊ ေျမယာစီမံခန္႔ခြဲထားတာ ကို ေတြ႕ရပါတယ္။ ဒီ ၂၀၁၂ ေျမယာဥပေဒကေတာ့ ကၽြန္ေတာ္ျမင္တာကေတာ့ ၁၉၅၃ လယ္ယာေျမ ႏိုင္ငံပိုင္ ျပဳလုပ္ေရး ဥပေဒ၊ ေနာက္ ၁၉၆၃ သီးစားခ်ထားေရး ဥပေဒတို႔ကို အေျခခံၿပီး ျပဳစုထားတယ္လို႔ ယူဆပါတယ္။ အဲ့ဒီမွာ ေစာေစာက ေမးထားသလိုပဲ ကၽြန္ေတာ္တို႔ တိုင္းရင္းသားေတြရဲ႕ မိရိုးဖလာ ေျမယာပိုင္ဆိုင္ခြင့္နဲ႔ ပတ္ သတ္ၿပီး တိုက္ရိုက္အခ်ိဳး မက်ဘူးဆိုတာ ေတြ႕ရတယ္။ ေနာက္တစ္ခုက ကိစၥေတာ္ေတာ္မ်ားမ်ားမွာပဲ ဒီဟာနဲ႔ ပတ္သတ္ၿပီးေတာ့ Conflict ေပါ့ေနာ္ နဲနဲအယူအဆ ခံယူတဲ့အခါမွာ ကြာျခားမႈရွိတယ္လို႔ ေတာင္ေပၚတိုင္းရင္း သားအားလံုးမွာ ရွိၾကတယ္လို႔ ကၽြန္ေတာ္ယူဆပါတယ္။

အဲ့ဒီေတာ့ တုိင္းရင္းသား ေဒသေတြမွာ မိရိုးဖလာ ႏွစ္ေပါင္းမ်ားစြာ စိုက္ပ်ိဳလာတဲ့ေျမကို ပုိင္ဆုိင္တယ္လို႔ ယူ ဆၾကတယ္။  ဒါေပမ့ဲ လက္ရွိ ၂၀၁၂ လယ္ယာေျမ ဥပေဒအရ မွတ္ပံုမတင္ထားတဲ့ ေျမကုိ အစိုးရက အခ်ိန္မေရြး သိမ္းပိုက္စီမံပိုင္ခြင့္ ရွိသလိုမ်ိဳးဆိုေတာ့ လက္ရွိ တိုင္းရင္းသား စိုက္ပ်ိဳးေရး ၀န္ႀကီးတစ္ပါးအေနနဲ႔ ကိုယ့္တိုင္း ရင္းသားေတြရဲ႕ ေျမယာေတြ နစ္နာမႈ၊ ဆံုးရံႈးမႈ မရွိေအာင္ ဘယ္လိုေဆာင္ရြက္သြားဖို႔ ရွိပါသလဲ ခင္ဗ်ာ။

ဒါကေတာ့ ကၽြန္ေတာ္ေျပာသလိုပဲ ေတာင္ေပၚတိုင္းရင္းသားေတြမွာ အနည္းနဲ႔အမ်ား ဒီလိုမ်ိဳး အဆင္မေျပမႈ ေတြ ရွိၾကတယ္ဆိုတာ သိရတယ္။ နစ္နာမႈ အတိုင္းအတာ ေတာ္ေတာ္မ်ားမ်ား ရွိသလို အျငင္းပြားမႈ၊ ျပည္မေဒ သမ်ားနဲ႔ အေျခခံ သေဘာတရား မတူညီမႈ၊ သေဘာမတူမႈေတြကို ေတာ္ေတာ္မ်ားမ်ားကို ေတြ႕ရပါတယ္။ ဥပမာ ဆို ကယား၊ ကရင္၊ ရွမ္း၊ ကခ်င္၊ ခ်င္းမွာလည္း တစ္ခ်ိဳ႕ကိစၥေတြမွာ ရွိပါတယ္။ ဆိုေတာ့ အဲ့ဒါကို ေရရွည္မွာ ကၽြန္ေတာ္တုိ႔ ဥပေဒအသစ္ ထုတ္မယ္ဆိုရင္ ေတာင္ေပၚတိုင္းရင္းသားေတြရဲ႕ ဓေလ့ထံုးစံ ေျမယာပိုင္ဆိုင္မႈကို အေလးထားထည့္သြင္းၿပီးေတာ့ ဥပေဒျပဌာန္းမယ္ဆိုရင္ေတာ့ ပိုမိုမွ်တတဲ့၊ ပိုမိုလက္ေတြ႕က်တဲ့၊ ပိုမိုအသံုးခ် လို႔ရတဲ့ ဥပေဒ ျဖစ္လာမယ္လို႔ ယူဆပါတယ္။

အဲ့ဒါဆို ၂၀၁၂ လယ္ယာေျမ ဥပေဒ ေျမလြတ္၊ ေျမလတ္၊ ေျမရိုင္း စီမံခန္႕ခြဲမႈ ဥပေဒရဲ႕ ဘယ္အပိုင္းကို ျပင္ဆင္ဖို႔ လိုအပ္ေနလဲ။ ေနာက္ ဘယ္အခ်က္ေတြကို ထပ္မံထည့္သြင္း ေရးဆြဲသင့္ ပါသလဲ။

အဲ့ဒါကေတာ့ ေျမလြတ္၊ ေျမရိုင္း ဥပေဒနဲ႔ ပတ္သတ္လို႔ အသစ္ေရးဆြဲတာ၊ ျပင္ဆင္တာကို အထူးမေျပာလိုဘူး။ ဒါေပမယ့္ ေစာေစာက ေျပာသလို ေျမလြတ္၊ ေျမရိုင္းမွာလည္း မိရိုးဖလာဘိုးဘြားပိုင္ ဆိုင္ရာဆိုင္ခြင့္ ရွိတဲ့ဟာ မ်ိဳးကို ဥပမာ မိရိုးဖလာ ထိန္းသိမ္းလာတဲ့ မိုးႀကိဳး၀ိုင္းလိုဟာမ်ိဳးကို သူတို႔ရြာေတြက ဘိုးဘြားအစဥ္အဆက္ ထိန္း ထားတဲ့ဟာေတြ၊ ေနာက္ၿပီးေတာ့ ေတာင္ယာခုတ္ကြက္ သတ္သတ္မွတ္မွတ္ ရွိတဲ့ဟာေတြ၊ ေနာက္ၿပီးေတာ့ ထင္းခုတ္ကြက္ ရွိတဲ့ဟာေတြကို အကုန္လံုးေတာ့ ေျမလြတ္၊ ေျမရိုင္းအေနနဲ႔ ျမင္ၿပီးေတာ့ စာရင္းထည့္ေနရင္ ေတာ့ အဆင္မေျပဘူးလို႔ ယူဆပါတယ္။ အဲ့ဒါေၾကာင့္မို႔ ေျမပိုင္ဆိုင္မႈကို မရိုးဖလာ ပိုင္ဆိုင္မႈကို အေလးထား ၿပီးေတာ့ ျပဳျပင္အသစ္ဆြဲတယ္ဆိုရင္လည္း အဲ့ဒါကို ထည့္သြင္းစဥ္းစား သင့္ပါတယ္လို႔ ေျပာခ်င္ပါတယ္။

တိုင္းရင္းသား ေဒသအခ်ိဳ႕မွာ ရိုးရာေျမေတြကို အသိအမွတ္ျပဳေပးဖို႔၊ ၂၀၁၂ ေျမလြတ္၊ ေျမလတ္၊ ေျမရိုင္း စီမံခန္႔ခြဲမႈ ဥပေဒကို ျဖတ္သိမ္းေပးဖို႔ ေတာင္းဆိုေနၾကတာ ရွိတယ္။ ခ်င္းျပည္နယ္မွာေရာ အဲ့ဒီလို ေတာင္း ဆိုေနတာေတြ ရွိလားဗ်။

အဲ့ဒီလိုမ်ိဳး အတိအက် ျဖတ္သိမ္းေပးဖို႔ဆိုတဲ့ဟာ ကၽြန္ေတာ္ မၾကားမိေသးဘူးေပါေနာ္။ ဒါေပမယ့္ ဥပေဒ တစ္ခု ထုတ္ရင္ တစ္ျပည္လံုးကို လႊမ္းၿခံဳတဲ့ အာဏာသက္ေရာက္တဲ့ ဥပေဒထုတ္ရင္ တိုင္းရင္းသားေဒသေတြရဲ႕ ဓ ေလ့ထံုးတမ္း၊ အထူးသျဖင့္ ေျမယာနဲ႔ပတ္သတ္တဲ့ သေဘာထားကို CSO ျဖစ္ျဖစ္၊ အဖြဲ႕အစည္း အသီးသီး ေပါ့ေနာ္ ေဒသခံေတြ၊ ေနာက္ၿပီးေတာ့ ေတာင္သူလယ္သမား အဖြဲ႕အစည္းေတြ၊ ျပည္နယ္၊ တိုင္းအစိုးရအဖြဲ႕ ေတြရဲ႕ သေဘာထားေတြနဲ႔ ထုတ္ျပန္ရင္ေတာ့ ပိုၿပီးေတာ့ ထိေရာက္တဲ့ ပိုမိုေကာင္းမြန္တဲ့ ဥပေဒ ျဖစ္လာမယ္ လို႔ ယူဆပါတယ္။ ကၽြန္ေတာ္တို႔ အစိုးရက ျပည္သူအစိုးရ ျပည္သူအသံနဲ႔ ပူးေပါင္းၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ရွိေန တဲ့ သူေဒသနဲ႔သူ ဥပမာ ကၽြန္ေတာ္တို႔ ခ်င္းမွာဆိုရင္ မ်ိဳးႏြယ္စု အမ်ားႀကီးရွိတယ္။ အဲ့ဒါကို စုေပါင္းၿပီးေတာ့ ဒါ ကို အေကာင္းဆံုး ဘယ္လိုျဖစ္မလဲ ဆိုတဲ့ဟာမ်ိဳးကို ညွိႏိႈင္းၿပီးေတာ့ လုပ္ရင္ေတာ့ အဆင္ေျပမယ္ ထင္ပါတယ္။ တစ္ျခားတိုင္းနဲ႔ ျပည္နယ္ ကၽြန္ေတာ္ မသိဘူး။ ခ်င္းျပည္နယ္မွာဆိုရင္ သဘာ၀အားျဖင့္ တူေနတဲ့ အခ်က္ေတြ အမ်ားႀကီး ရွိတယ္။ ေစာ္ဘြားေခတ္ကတည္းက ေျမကုိဘယ္လို ပိုင္ဆိုင္တယ္။ ေရႊ႕ေျပာင္းေတာင္ယာ ခုတ္ ကြက္ကို ဘယ္လိုပိုင္ဆိုင္တယ္၊ ထင္းခုတ္ကြက္ကို ဘယ္လိုပိုင္ဆိုင္တယ္ စသျဖင့္ေပါ့ေနာ္ မိုးႀကိဳး၀ိုင္းအေနနဲ႔ ထိန္းသိမ္းတဲ့ ဓေလ့ထံုးတမ္းအရ သူ႔ေဒသ၊ သူ႔ၿမိဳ႕နယ္၊ သ႔ူမ်ိဳးႏြယ္နဲ႔ သူ ရွိၿပီးသားဆိုေတာ့ ရိုးရာဓေလ့က သိပ္ ကြာျခားခ်က္ မရွိပါဘူး။ သေဘာတူညီမႈ ရယူလို႔ ရပါတယ္။

အဲ့ဒါဆိုရင္ ဥပေဒ ျပင္ဆင္ေပးဖို႔ကို  ေဒသခံ တိုင္းရင္းသားေတြ၊ CSO ေတြရဲ႕ သေဘာတူညီမႈနဲ႔  ျပည္နယ္ အစိုးရက ေတာင္းဆိုေပးသြားမယ္လို႔ ဆိုလိုခ်င္တာလား။

အမွန္ကေတာ့ ျပည္နယ္အစိုးရ ဆိုတာလည္း ျပည္သူအစိုးရပါပဲ။ ျပည္နယ္အစိုးရက သူ႔သေဘာထားနဲ႔ သူ လုပ္ လို႔မရဘူး။ အဲ့ဒီလို ျပည္သူေတြက အႀကံေပးရင္ေတာ့ ရပါတယ္။ အမွန္ကေတာ့ အဲ့ဒါအေကာင္းဆံုးေပါ့ေနာ္၊ ျပည္သူအစိုးရဆိုရင္ေတာ့ ျပည္သူရဲ႕ အသံကို နားေထာင္ရမွာ။ ဆိုေတာ့ အဲ့ဒီလိုပူးေပါင္းၿပီးေတာ့ ညွိညွိႏိႈင္းႏိႈင္း နဲ႔၊ သေဘာတူညီမႈနဲ႔ လုပ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးပဲ။ ျပည္သူအစိုးရဆိုေတာ့ CSO ေတြက တင္တဲ့ဟာက လည္း ေကာင္းတယ္ဆိုရင္ လက္ခံရမွာပဲ။ ျပည္သူတစ္ဦးခ်င္း၊ အဖြဲ႕အစည္းေတြရဲ႕ ေကာင္းမြန္တဲ့ အႀကံျပဳခ်က္ ေတြကို ကၽြန္ေတာ္တို႔က အၿမဲတမ္း ႀကိဳဆိုေနပါတယ္။ လက္ခံပါတယ္။

၂၀၁၂ လယ္ယာေျမ ဥပေဒက တိုင္းရင္းသားေဒသေတြရဲ႕ မိရိုးဖလာ ေျမအသံုးျပဳမႈနဲ႔ လုပ္ကြက္ငယ္ ေတာင္သူေတြရဲ႕ ေျမပိုင္ဆိုင္မႈကို လ်စ္လ်ဴရႈထားတယ္လို႔ေရာ ထင္ပါသလား ခင္ဗ်။

လ်စ္လ်ဴရႈထားတယ္လို႔ေတာ့ ကၽြန္ေတာ္ မေျပာလိုပါဘူး။ ဒါေပမယ့္ တစ္ခ်ိဳ႕ကိစၥမွာ ေတာင္ေပၚတိုင္းရင္းသား ေတြရဲ႕ ေျမပိုင္ဆိုင္မႈနဲ႔ အခ်ိဳးမက်ပဲနဲ႔ နဲနဲေလး လုပ္ရကိုင္ရတာ ခက္ခဲေနတာေတာ့ ေတြ႕ရပါတယ္။ ဆိုေတာ့ အဲ့ ဒါကို ကၽြန္ေတာ္ ေစာေစာက ေျပာတဲ့အတိုင္းပဲ သူရဲ႕ေဒသဆိုင္ရာ အခြင့္အေရး၊ ဥပမာဆို အခုျပင္ဆင္ေနတဲ့ ၂၀၁၇ ေျမသိမ္းဥပေဒဆို တစ္ပိုဒ္ပါတယ္။ ဒီဟာက အေထာက္အထား မရွိေပမယ့္ ေဘးပတ္၀န္းက်င္ရဲ႕ သက္ ေသခံမႈကို အေထာက္အထားအေနနဲ႔ လက္ခံႏိုင္တယ္ဆိုတဲ့ သေဘာမ်ိဳးေပါ့ေနာ္။ ေနာက္တစ္ခုက ကၽြန္ေတာ္ တို႔ မိရိုးဖလာ ေတာေနေတာင္သားေတြက ဥပေဒလည္း သိပ္ၿပီးေတာ့ နားမလည္ဘူး။ ဘယ္လိုမွတ္ပံုတင္ရမ လဲဆိုလည္း နားမလည္ဘူး။ ဒါပမယ့္ ကိုယ့္ရြာသားအခ်င္းခ်င္း ဒီေျမက ဦးျဖဴပိုင္တယ္၊ ဦးနီပိုုင္တယ္၊ သူဦးနီရဲ႕ အဘိုးက ဓားမဦးခ် ခုတ္ထြင္လာခဲ့တဲ့ ဟာဆိုရင္ ကၽြန္ေတာ္တို႔ ေက်းရြာေတြမွာ အမ်ားစုသည္ စည္းကမ္းရွိၾက တယ္။ ဒီေတာင္ယာကို ဦးျဖဴက မခုတ္ႏိုင္လို႔ ဦးမဲက ခုတ္ခ်င္ရင္ ခြင့္ေတာင္းၿပီး ခုတ္ရတယ္။ ဆိုေတာ့ ပိုင္ဆိုင္ မႈက ဓေလ့ထံုးတမ္းအရ တစ္ရြာလံုး၊ တစ္ဖက္ရြာနီးခ်ဳပ္စပ္ အကုန္လံုးက သိေနတဲ့ဟာဆိုေတာ့ ဒါကိုအသိအ မွတ္ျပဳလုပ္ႏိုင္ရင္ လယ္ယာေျမဥပေဒလည္း အဲ့လိုမ်ိဳးျဖစ္လာရင္၊  ဟို ျပည္မကို ကၽြန္ေတာ္မဆိုလိုဘူး။ ေတာင္ ေပၚတိုင္းရင္းသား ေဒသေတြမွာ မိရိုးဖလာဓေလ့ထံုးတမ္းကို အေလးထား ထည့္သြင္းေဆာင္ရြက္ရင္ေတာ့ ပို မိုေကာင္းမြန္မယ္လို႔ ယူဆပါတယ္။

လက္ရွိ ဥပေဒအရ မ်ိဳးရိုးစဥ္ဆက္ လုပ္ကိုင္လာေပမယ့္ ႏွစ္အတိုင္းအတာ တစ္ခုထိ အခြန္ေဆာင္ထားတဲ့ အ ေထာက္အထားရွိမွ ဘိုးဘြားပိုင္ေျမအျဖစ္ အသိအမွတ္ျပဳတယ္လို႔  ကၽြန္ေတာ္ နားလည္ထားတယ္။ ဟိုးအရင္က ခ်င္းတိုင္းရင္းသားေတြ အေနနဲ႔ ဘယ္လိုအခြန္ေဆာင္တဲ့ စနစ္ကို က်င့္သံုးခဲ့ၾကသလဲဗ်။

ကၽြန္ေတာ္တို႔ ဘိုးဘြားပိုင္ေျမနဲ႔ ပတ္သတ္ၿပီးေတာ့ ေတာင္တန္းေဒသ၊ တိုင္းရင္းသားေဒသေတြမွာက ေစာ ေစာက ေျပာသလို ၁၈၈၉ ကိုလိုနီေခတ္က ျပဌာန္းခဲ့တဲ့ (Upper Burma Land and Revenue Regulation) နဲ႔ လႊမ္းၿခံဳမႈ မရွိဘူးဆိုတာ ကၽြန္ေတာ္ထပ္ၿပီး ရွင္းျပမယ္။ ကၽြန္ေတာ္တို႔ ခ်င္းျပည္နယ္မွာဆိုရင္ ၁၈၉၆ ခုႏွစ္မွာ Chin Hill Regulation နဲ႔ အုပ္ခ်ဳပ္ခဲ့တယ္ သီးျခားအုပ္ခ်ဳပ္ခဲ့တယ္ ေပါ့ေနာ္။ အဲ့ဒီမွာ ဘာကိုအဓိကထားလဲဆို ေတာ့ ေစာ္ဘြားအုပ္ခ်ဳပ္ေရးစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့သေဘာ။ ကိုယ့္အခ်င္းခ်င္း အုပ္ခ်ဳပ္တဲ့သေဘာကို အသိအမွတ္ ျပဳ ဥပေဒျပဌာန္း စီမံခန္႔ခြဲတဲ့ သေဘာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ခ်င္းျပည္နယ္မွာဆိုရင္ ေတာက္ေလ်ာက္ဟာ ေရႊ႕ေျပာင္းေတာင္ယာနဲ႔ အသက္ရွင္လာတာ။ ဆိုေတာ့ လူတစ္ဦးသည္ ေရႊ႕ေျပာင္းေတာင္ယာ လုပ္ဖို႔အတြက္ ခုတ္ကြက္ ဆယ္ခု ဒါမွမဟုတ္ရင္ ဆယ့္ငါးခုေလာက္ အၿမဲတမ္း ပိုင္ဆိုင္ထားၾကတယ္။ သူ႕အဘိုး၊ အဘိုးဘယ္ သူရဲ႕ ခုတ္ကြက္စခဲ့တာ၊ ဓားမဦးခ် စခဲ့တာဆိုၿပီးေတာ့ အသိအမွတ္ျပဳခဲ့တယ္။ ေနာက္တစ္ခုက ဒီဟာကို ေစာ္ ဘြားပိုင္ဆိုရင္ ေစာ္ဘြားကို ကၽြန္ေတာ္တို႔က အခြန္ေပးရပါတယ္။ ဥပမာဆိုရင္ ၁၈၈၉ (Upper Burma Land and Revenue Regulation) အထက္ျမန္မာျပည္ ေျမႏွင့္အခြန္ ဥပေဒထဲမွာ ဘိုးဘြားပိုင္ဆိုတဲ့ဟာသည္ ၁၈၈၉ မတိုင္မီ ၁၂ ႏွစ္အတြင္း ေျမျဖစ္ရမယ္ဆိုတဲ့ အခ်က္ရယ္၊ ေနာက္အဲ့ဒီ ၁၈၈၉ မတိုင္မီပဲ ေျမခြန္ေဆာင္ထားတဲ့ သူ ျဖစ္ရမယ္ဆိုတဲ့ဟာ ပါထားတယ္။ အဲ့ေတာ့ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၁၃၀၊ ၄၀ ေလာက္က ျဖစ္ခဲ့တဲ့ဟာကို ျပန္သံုး သပ္ရရင္ အဲ့ဒီမွာ အခြန္ေဆာင္စရာ အဂၤလိပ္လည္း မေရာက္ေသးပါဘူး။ ေနာက္ ကုန္းေဘာင္မင္းဆက္ ေနာက္ဆံုးအထိလည္း ခ်င္းျပည္နယ္တို႔၊ က်န္တဲ့ျပည္နယ္တို႔ ဘာတို႔က ေဆာင္ရတာ မရွိပါဘူး။ ျပည္မအ ေၾကာင္းကေတာ့ ကၽြန္ေတာ္အေသးစိတ္ မသိလို႔ မေျပာဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ေဆာင္တာ ရွိပါတယ္။ ဘယ္မွာေဆာင္လဲဆိုေတာ့ ေစာ္ဘြားေတြဆီမွာ ကၽြန္ေတာ္တို႔က ေတာင္ယာတစ္ကြက္ခုတ္ရင္ ဆန္တစ္တင္း လိုဟာမ်ိဳး၊ ဆန္တစ္ပံုးလိုဟာမ်ိဳး ႏွစ္စဥ္ေဆာငိၿပီးေတာ့ ဆက္သရတယ္ဆိုတာ ကၽြန္ေတာ္တို႔ ေစာ္ဘြားေတြ ဆီမွာ အခြန္ေဆာင္တဲ့ သေဘာမ်ိဳး ဒါကိုသမိုင္းတစ္ေလ်ာက္ ကၽြန္ေတာ္တို႔ေတာင္ နဲနဲမီေတာ့ ဒါကိုအခြန္ ေဆာင္တယ္လို႔ မွတ္ယူေစခ်င္ပါတယ္။ ေနာက္ အမဲပစ္တဲ့အခါမွာလည္း သားေကာင္ရလာရင္ မိုင္ ၃၀၊ ၄၀ ဘယ္ေလာက္ေ၀းေ၀း ပုခံုးတစ္ျခမ္း ပို႔သဆက္သရတယ္။ ဒါကို မိရိုးဖလာအခြန္ေဆာင္တဲ့နည္းလို႔ ကၽြန္ေတာ္က ယူဆပါတယ္။ အဲ့ဒါေၾကာင့္မို႔လို႔ ေရႊ႕ေျပာင္းေတာင္ယာနဲ႔ လုပ္တဲ့ဟာ၊ ထင္းခုတ္ကြက္စနစ္က်နဲ႔ ပိုင္ဆိုင္ထားတဲ့ ဟာကို အကုန္လံုး သိမ္းက်ံဳးၿပီးေတာ့ ေျမလြတ္၊ ေျမရိုင္းအေနနဲ႔ အစိုးရပိုင္းက သိမ္းမယ္ဆိုရင္ ျပည္သူေတြ အ တြက္က ေတာ္ေတာ္ေလးကို နစ္နာမႈ ရွိလာမယ္လို႔ ယူဆပါတယ္။ အဲ့ေတာ့ ေျမလြတ္၊ ေျမရိုင္းထဲက ဘယ္ ဟာေတြပါလဲ၊ ဘယ္ဟာေတြ မပါဘူးလဲဆိုတာ ေသခ်ာစိစစ္ဖို႔လိုတယ္။

အဲ့ဒီေတာ့  ရိုးယာေျမပိုင္ဆိုင္မႈနဲ႔ ပတ္သတ္တဲ့ ျပႆနာေတြက ကရင္၊ ကယား၊ မြန္၊ ရွမ္း စတဲ့ တိုင္းရင္းသား ေဒသေတြမွာလည္း ျဖစ္ေပၚေနတာေတြရွိေတာ့ လက္ရွိေဖာ္ေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးကိုပါ ထိခိုက္လာ ႏိုင္သလား ခင္ဗ်။

ဒီ ဥပေဒအသစ္က ၿငိမ္းခ်မ္းေရးကို ထိခိုက္လာႏိုင္မလားဆိုတဲ့ အဆင့္ကေတာ့ ႀကီးက်ယ္လြန္းမယ္ ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီၿငိမ္းခ်မ္းေရး Process က သတ္သတ္ေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးဆိုတာကေတာ့ ကၽြန္ေတာ္ တို႔အားလံုး တန္းတူညီမွ်မႈ ရရင္ေတာ့ ၿငိမ္းခ်မ္းေရးရမွာပဲ။ ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္ ေအာက္ေျခ အေနအ ထား မၿငိမ္းခ်မ္းတဲ့ ေနရာေတြေပါ့၊ ပြတ္တိုက္မႈရွိတဲ့ ေနရာမွာေတာ့ တစ္ခ်ိဳ႕ေတာ့ ရွိႏိုင္တယ္။ ကၽြန္ေတာ္တို႔ ခ်င္းျပည္နယ္ တစ္ခုနဲ႔တြက္ရင္ေတာ့ ဒီဥပေဒေၾကာင့္မို႔ ၿငိမ္းခ်မ္းေရး ထိခိုက္ႏိုင္တဲ့ အေနအထားမ်ိဳး မရွိဘူးလို႔ ယူ ဆပါတယ္။

တစ္ခ်ိဳ႕တိုင္းရင္းသား ေဒသေတြမွာ ေျမလြတ္၊ ေျမလတ္၊ ေျမရိုင္းဥပေဒကို ျပင္ဆင္မယ့္အစား ျဖတ္သိမ္းေပးဖို႔ ေတာင္းဆိုေန တာေတြရွိတယ္။ ၀န္ႀကီးအေနနဲ႔ ဘယ္လိုမ်ိဳး သံုးသပ္ခ်င္ပါသလဲ။

ျဖတ္သိမ္းဖို႔ အသစ္ေရးဆြဲဖို႔ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ေကာင္းတဲ့ဟာလို႔ ကၽြန္ေတာ္ျမင္ပါတယ္။ ဒါေပမယ့္ လက္ရွိ ေတာင္ယာခုတ္ကြက္ကို မခုတ္ႏိုင္တဲ့အခ်ိန္မွာ ဒါကို ေျမလြတ္၊ ေျမရိုင္းလို႔ သိမ္းက်ံဳးၿပီး ေခၚဖို႔မသင့္ဘူး လို႔ ေျပာခ်င္းတယ္။ အဲ့ဒီအခ်က္ေလးေတြေတာ့ အသစ္ထုတ္ရင္ပဲ ျဖစ္ျဖစ္၊ ျပဳျပင္ရင္ပဲ ျဖစ္ျဖစ္ ဒီအခ်က္ေတြက ေတာ့ အေလးအနက္ ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ကၽြန္ေတာ္တို႔က ျပည္မမွာလိုမဟုတ္ဘူး Permanence လယ္ယာေျမ မဟုတ္ေတာ့ တစ္ႏွစ္၊ တစ္ႏွစ္နဲ႔ သြားတဲ့ဟာကို အနားေပးတဲ့အခ်ိန္မွာေျမလြတ္၊ ေျမရိုင္းဆိုၿပီး လုပ္လိုက္ရင္ေတာ့ မျဖစ္ပါဘူး။ ဒါေလးကိုေတာ့ ပိုင္ရွင္ရွိတယ္၊ မရွိဘူးဆိုတာကို အဓိက စိစစ္ၿပီးေတာ့ ေျမ လြတ္၊ ေျမရိုင္းထဲမွာ ထည့္သင့္၊ မထည့္သင့္ စဥ္းစားလုပ္ေဆာင္ သင့္ပါတယ္။

အဲ့ေတာ့ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာၾကတဲ့ ကိုယ့္တိုင္းရင္းသားေတြရဲ႕ ေျမယာေတြ ပိုင္ဆိုင္ခြင့္ မဆံုးရံႈး ရေအာင္ ၀န္ႀကီးအေနနဲ႔ ဘယ္လိုျပင္ဆင္မႈေတြ လုပ္ေဆာင္ေနပါသလဲ ခင္ဗ်။

လက္ရွိ ကၽြန္ေတာ္တို႔ ႀကိဳးစားေနတာကေတာ့၊ လုပ္ေနတာကေတာ့ ႀကိဳး၀ိုင္း၊ ႀကိဳးျပင္ အမ်ိဳးသားဥယ်ာဥ္ကို သတ္မွတ္သလို ေဒသခံေတြရဲ႕ ခံစားခ်က္ေပါ့ ဒီအစိုးရကပဲ အကုန္လံုးယူသြားတဲ့ ပံုံစံမ်ိဳးမျဖစ္ေအာင္ ေဒသခံ အစုအဖြဲ႕ပိုင္ ျပဳစုပ်ိဳးေထာင္သစ္ေတာ ျဖစ္လာေအာင္ စည္းရံုးလုပ္ေဆာင္ေနပါတယ္။ ေနာက္တစ္ခ်က္က မိရိုး ဖလာပိုင္ဆိုင္လာတဲ့ ေျမေတြကို ဘယ္လိုနည္းနဲ႔ အသိအမွတ္ ျပဳႏိုင္မလဲေပါ့ေနာ္ ကၽြေတာ္တို႔ ေရႊ႕ေျပာင္း ေတာင္ယာဆိုရင္ ဥပေဒအရ ပံုစံ(၇) ေပးလို႔မရဘူး။ ေပးလို႔မရေတာ့ လယ္သမားအေနနဲ႔ သူ႔မွာပိုင္ဆိုင္မႈက အ သိအမွတ္ျပဳမႈ မရွိဘူး။ ဆိုေတာ့ ဒါကိုကၽြန္ေတာ္တုိ႔ ဘယ္လိုနည္းနဲ႔ ေျဖရွင္းမလဲ။ ဥပမာ မိရိုးဖလာနဲ႔ ဧက ၅၀ ေလာက္ ပိုင္ဆိုင္တဲ့ လူတစ္ေယာက္ကို ေျမလြတ္၊ ေျမရိုင္းနဲ႔ မွတ္ပံုတင္မလားဆိုတဲ့ အခ်က္လည္း ကၽြန္ ေတာ္တို႔ စဥ္းစားေနတယ္။ ဒါေပမယ့္ ေျမလြတ္၊ ေျမရိုင္း ဥပေဒအရ သူ႔ရဲ႕ရည္ရြယ္ခ်က္ သတ္မွတ္ထားတဲ့ အရာကို မလုပ္ပဲနဲ႔၊ တစ္ျခားနည္းနဲ႔ သံုးလို႔မရဘူးဆိုတဲ့ အခ်က္ရယ္၊ ေနာက္တစ္ခ်က္က သူရဲ႕သတ္မွတ္ထား တဲ့၊ အခြန္ေဆာင္ထားတဲ့၊ အာမခံေၾကး သြင္းထားတဲ့လုပ္ငန္းနဲ႔ ဆက္ႏြယ္တဲ့လုပ္ငန္းပဲ လုပ္လို႔ရမယ္ဆိုတဲ့ အ ခ်က္ပါတယ္။ ေနာက္တစ္ခ်က္က အဲ့ဒါကို ေလးႏွစ္အတြင္း မလုပ္ႏိုင္ရင္ အဲ့ဒီအာမခံေၾကးကို သိမ္းၿပီးေတာ့ အ စိုးရရဲ႕ပိုင္ေျမ ျဖစ္မယ္ဆိုတဲ့ ပံုစံမ်ိဳးဆိုေတာ့ အဲ့ဒီေလးႏွစ္ဆိုတဲ့ အကန္႔အသတ္ေလးကို ေျမလြတ္၊ ေျမရိုင္းဥပ ေဒမွာ ျပန္လည္စိစစ္ၿပီးေတာ့ ေျမျပင္အေနအထား၊ ေအာက္ေျခအေနအထားနဲ႔ အံ၀င္ခြင္က် ျဖစ္ေအာင္ ဘယ္ လိုေဆာင္ရြက္သင့္လဲဆိုတာ စဥ္းစားဖို႔ လိုအပ္တယ္လို႔ ယူဆပါတယ္။

လက္ရွိမွာလည္း ေရႊ႕ေျပာင္းေတာင္ယာကို တျဖည္းျဖည္းေလ်ာ့ၿပီးေတာ့ Permanence လယ္ယာျဖစ္ဖို႔ေပါ့ေနာ္ ဥပမာဆိုရင္ ႏွစ္ရွည္သီးႏွံ ေထာပတ္သီး၊ စပ်စ္သီး၊ ေကာ္ဖီ၊ ၀ဥ၊ လက္ဖက္၊ ေမ်ာက္ငို စသျဖင့္ ေတာင္ယာခုတ္ တာထက္ လယ္သမားေတြ အက်ိဳးပိုရွိတဲ့ ႏွစ္ရွည္ဥယ်ာဥ္ၿခံေျမ ျဖစ္ေအာင္ ကၽြန္ေတာ္ တစ္ျဖည္းျဖည္းနဲ႔ ႀကိဳး စားၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္။ ေတာင္ယာခုတ္ျခင္းသည္ တစ္ႏွစ္အတြက္ ၀မ္းစာဖူလံုရံု ျဖစ္ပါတယ္။ ေတာလည္းပ်က္တယ္ လုပ္အားလည္း အမ်ားႀကီးေပးရတယ္ ေနာက္ရလာတဲ့ အျမတ္က ရသင့္သေလာက္ မရ ဘူးေပါ့ေနာ္။ အဲ့ေတာ့ ႏွစ္ရွည္ သြားတဲ့အခါက်ေတာ့ သံုး၊ ေလးႏွစ္ အခ်ိန္ယူရတာဆိုေတာ့ အဲ့ဒီၾကားထဲမွာ သူတို႔ စားဖို႔ေသာက္ဖို႔ကို ႏွစ္တို၊ ႏွစ္လတ္ ေခ်းေငြလိုဟာမ်ိဳး ေထာက္ပံ့ေပးႏိုင္မယ္ဆိုရင္ေတာ့ ေရႊ႕ေျပာင္း ေတာင္ယာကို မလုပ္ၾကဖို႔ စည္းရံုးႏိုင္မယ္လို႔ ယူဆပါတယ္။

ဟုတ္ကဲ့ အခုလို အခ်ိန္ေပးၿပီး ျပည့္ျပည့္စံုစံု ေျဖၾကားေပးတာ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ ၀န္ႀကီးခင္ဗ်။

Unicode

ဟားခါး၊ မတ်
၂၀၁၂ လယ်ယာမြေ ဥပဒေတွင်ပါရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် တိုင်းရင်း သားဒေသများရှိ ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလုပ်ကိုင်လာကြသည့် ဓားမဦးချ ရိုးရာမြေများကို လက်လွှတ်ဆုံး ရှုံးခံရမှုများ ဖြစ်ပေါ်နေသည့်အတွက် တိုင်းရင်းသားဒေသအချို့မှ အဆိုပါ ဥပဒေကို ဖြတ်သိမ်းပေးရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာမြေ စီမံခန့်ခွဲမှုကို အသိအမှတ်ပြု ထည့်သွင်းရေးဆွဲထားသည့် ဥပဒေအသစ်ကို ပြင်ဆင်ပြဌာန်းပေးရန် တောင်းဆိုလှုံ့ဆော်မှုများ ပြုလုပ်နေကြပါသည်။


ရှေးဘိုးဘွား လက်ထပ်ကစလို့ ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင် အသက်မွေးဝမ်းကြောင်း ပြုလုပ်ခဲ့သည့် ချင်းပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာမြေ စီမံခန့်ခွဲမှုနှင့် ပတ်သတ်ပြီး လုပ်ဆောင် နေမှု အပိုင်းများနှင့် ၂၀၁၂ လယ် ယာမြေဥပဒေအပါ် တိုင်းရင်းသားဝန်ကြီးတစ်ပါး၏ အမြင်သဘောထားများကို သိရှိနိုင်ဖို့အတွက် ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော သတ္တုဝန်ကြီး ဦးမန်ဟင်းလ်ဒါးအား AMIA- Farmer Digital TV မှ အယ်ဒီတာ ဖြိုးလွင်အောင်မှ သွားရောက်တွေ့ ဆုံမေးမြန်းခဲ့ပါသည်။


လက်ရှိ ချင်းပြည်နယ်မှာ တရားဝင် မှတ်ပုံတင်ပေးထားတဲ့ လယ်၊ ယာမြေ ဧကပေါင်း ဘယ်လောက်ထိ ရှိပြီး ပိုင်ဆိုင်မှု အထောက်အထားမှ မရှိပဲ ရှေးဘိုးဘွားလက်ထပ်ကတည်းက လုပ်ကိုင်စိုက်ပျိုးနေတဲ့ ရိုးရာမြေ ဧက ပေါင်း ဘယ်လောက်ထိ ရှိပါသလဲ ခင်ဗျ။
ချင်းပြည်နယ်ရဲ့ ဧရိယာအကျယ်အဝန်းက စုစုပေါင်း ဧက (၈၉) သိန်းကျော် ရှိပါတယ်။ အဲ့ဒီအထဲမှာ လယ်၊ ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်၊ တောင်ယာ အသားတင် စိုက်ပျိုးမြေ ဧကပေါင်း (၁၈၀,၂၆၈) ဧက ရှိပါတယ်။ အဲ့ဒီအထဲ မှာ တရားဝင် မှတ်ပုံတင် ပုံစံ(၇) ထုတ်ပေးထားနိုင်တဲ့ ဧကအရေအတွက်က (၄၉,၀၃၈) ဧက ရှိပါတယ်။ မိရိုးဖ လာ ဘိုးဘွားအစဉ်အဆက်က လုပ်ကိုင်စိုက်ပျိုးလာခဲ့ကြတဲ့ ရိုးရာတောင်ယာမြေ ဧကပေါင်း (၁၃၁,၇၉၅) ဧက ရှိပါတယ်။


၂၀၁၂ လယ်ယာမြေ ဥပဒေမှာ ပါရှိတဲ့ လယ်ယာမြေဥပဒေနဲ့ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ ပြဌာန်းချက်အရ နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြတဲ့ တိုင်းရင်းသားတွေ ပိုင်ဆိုင်ခွင့် ဆုံးရှုံးနေမှုအပေါ်မှာ တိုင်းရင်းသား ၀န်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။
အဲ့ဒါကတော့ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရင်ပေါ့နော် လယ်ယာမြေ ပိုင်ဆိုင်ခွင့်နဲ့ ပတ်သတ်ပြီး တော့ ဗြိတိသျှကိုလိုနီခေတ်မှာ ပြောရမယ့် သဘောရှိပါတယ်။ ၁၈၈၉ (Upper Burma Land and Revenue Regulation) Burma Proper (Upper Burma) ပေါ့နော် အထက်မြန်မာပြည် မြေနှင့်အခွန် ဥပဒေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်လောက်က ထုတ်ပြန်ခဲ့တဲ့ဟာကို တစ်ချို့နေရာမှာ ကိုင်တွယ်ပြီးတော့ လုပ်ဆောင်နေတာ ကို တွေ့ရပါတယ်။ အဲ့ဒီဟာကတော့ ကျွန်တော်အမြင် အထက်မြန်မာပြည် (Upper Burma) နဲ့ပဲ သက်ဆိုင် တယ်၊ ဥပဒေ သက်ရောက်တယ်လို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်္ဂလိပ်တွေက ၁၈၈၉ မြန် မာပြည်ကို သိမ်းပိုက်ခဲ့တယ်။ ချင်းပြည်နယ်ကိုတော့ ၁၈၉၄ ပတ်ဝန်းကျင်လောက်မှ သိမ်းပိုက်တာဖြစ်တဲ့အ တွက် ဒီဥပဒေဟာ အထက်မြန်မာပြည်နဲ့ပဲ သက်ဆိုင်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်္ဂလိပ်တွေက ရှမ်းပြည်နယ်ကိုဆို Shan Federated နဲ့ အုပ်ချုပ်တယ်။ ကချင်ဆိုလည်း Kachn Hill Regulation နဲ့ အုပ်ချုပ်တယ်။ ချင်းပြည်နယ်မှာဆိုရင် ၁၈၉၆ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ Chin Hill Regulation Act စတဲ့ ဥပဒေတွေနဲ့ သီးခြားအုပ်ချုပ်ထားတဲ့အတွက် ဒီဥပဒေတွေမှာ နဂိုရှိခဲ့တဲ့ စော်ဘွားအုပ်ချုပ်မှုစနစ် တောင်တန်းဒေသ တိုင်းရင်းသားတွေရဲ့ မိရိုးဖလာအစဉ်အလာ မြေယာပိုင်ဆိုင်မှုကို အသိအမှတ်ပြု သီးခြား အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်အောက် မကျခင် ၁၈၉၃-၁၈၉၄ ပတ်ဝန်းကျင်လောက်ကနေ လွတ်လပ်ရေး မရခင်အထိ ကျင့်သုံးလာတာ ဖြစ်ပါတယ်။ အဲ့ဒီဥပဒေမှာဆိုရင် ချင်း ပြည်နယ်မှာ ရှိနေတဲ့ စော်ဘွားတွေကို လုပ်ပိုင်ခွင့်ပေးပြီးတော့ ရိုးရာဓလေ့ထုံးတမ်းတွေကို အသိအမှတ်ပြု အုပ် ချုပ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ (အဲ့ဒီတုန်းကဆိုရင်) ဆိုတော့ လွတ်လပ်ရေးရတော့ Federated Area လို့ဆို တဲ့ ရှမ်း ရယ်၊ ကချင် ရယ်၊ ချင်း ရယ် လွတ်လပ်ရေး အတူတူ ယူမယ်ဆိုပြီးတော့ ဒါတွေကို ဖြတ်သိမ်းပြီးတော့ ပြန်အုပ်ချုပ်ပါတယ်။ စော်ဘွားခေတ်ကုန်သွားတယ်။ ကုန်သွားချိန်မှာ ၁၉၄၈ ခုနှစ်မှာ ကျွန်တော်တို့ (Chin Special Division Act 1984) နဲ့ အုပ်ချုပ်လာတာ ဒီဟာကလည်း လက်ရှိ အသက်ရှင်နေတဲ့သဘော ဥပဒေအ ရ တွေ့ရတယ်။ ဒီဟာမှာလည်း မိရိုးဖလာဓလေ့ထုံးတမ်းနဲ့ အများစု အုပ်ချုပ်ထားတာ၊ မြေယာစီမံခန့်ခွဲထားတာ ကို တွေ့ရပါတယ်။ ဒီ ၂၀၁၂ မြေယာဥပဒေကတော့ ကျွန်တော်မြင်တာကတော့ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ၊ နောက် ၁၉၆၃ သီးစားချထားရေး ဥပဒေတို့ကို အခြေခံပြီး ပြုစုထားတယ်လို့ ယူဆပါတယ်။ အဲ့ဒီမှာ စောစောက မေးထားသလိုပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မိရိုးဖလာ မြေယာပိုင်ဆိုင်ခွင့်နဲ့ ပတ် သတ်ပြီး တိုက်ရိုက်အချိုး မကျဘူးဆိုတာ တွေ့ရတယ်။ နောက်တစ်ခုက ကိစ္စတော်တော်များများမှာပဲ ဒီဟာနဲ့ ပတ်သတ်ပြီးတော့ Conflict ပေါ့နော် နဲနဲအယူအဆ ခံယူတဲ့အခါမှာ ကွာခြားမှုရှိတယ်လို့ တောင်ပေါ်တိုင်းရင်း သားအားလုံးမှာ ရှိကြတယ်လို့ ကျွန်တော်ယူဆပါတယ်။


အဲ့ဒီတော့ တိုင်းရင်းသား ဒေသတွေမှာ မိရိုးဖလာ နှစ်ပေါင်းများစွာ စိုက်ပျိုလာတဲ့မြေကို ပိုင်ဆိုင်တယ်လို့ ယူ ဆကြတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၁၂ လယ်ယာမြေ ဥပဒေအရ မှတ်ပုံမတင်ထားတဲ့ မြေကို အစိုးရက အချိန်မရွေး သိမ်းပိုက်စီမံပိုင်ခွင့် ရှိသလိုမျိုးဆိုတော့ လက်ရှိ တိုင်းရင်းသား စိုက်ပျိုးရေး ၀န်ကြီးတစ်ပါးအနေနဲ့ ကိုယ့်တိုင်း ရင်းသားတွေရဲ့ မြေယာတွေ နစ်နာမှု၊ ဆုံးရှုံးမှု မရှိအောင် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါသလဲ ခင်ဗျာ။
ဒါကတော့ ကျွန်တော်ပြောသလိုပဲ တောင်ပေါ်တိုင်းရင်းသားတွေမှာ အနည်းနဲ့အများ ဒီလိုမျိုး အဆင်မပြေမှု တွေ ရှိကြတယ်ဆိုတာ သိရတယ်။ နစ်နာမှု အတိုင်းအတာ တော်တော်များများ ရှိသလို အငြင်းပွားမှု၊ ပြည်မဒေ သများနဲ့ အခြေခံ သဘောတရား မတူညီမှု၊ သဘောမတူမှုတွေကို တော်တော်များများကို တွေ့ရပါတယ်။ ဥပမာ ဆို ကယား၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်းမှာလည်း တစ်ချို့ကိစ္စတွေမှာ ရှိပါတယ်။ ဆိုတော့ အဲ့ဒါကို ရေရှည်မှာ ကျွန်တော်တို့ ဥပဒေအသစ် ထုတ်မယ်ဆိုရင် တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံ မြေယာပိုင်ဆိုင်မှုကို အလေးထားထည့်သွင်းပြီးတော့ ဥပဒေပြဌာန်းမယ်ဆိုရင်တော့ ပိုမိုမျှတတဲ့၊ ပိုမိုလက်တွေ့ကျတဲ့၊ ပိုမိုအသုံးချ လို့ရတဲ့ ဥပဒေ ဖြစ်လာမယ်လို့ ယူဆပါတယ်။


အဲ့ဒါဆို ၂၀၁၂ လယ်ယာမြေ ဥပဒေ မြေလွတ်၊ မြေလတ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေရဲ့ ဘယ်အပိုင်းကို ပြင်ဆင်ဖို့ လိုအပ်နေလဲ။ နောက် ဘယ်အချက်တွေကို ထပ်မံထည့်သွင်း ရေးဆွဲသင့် ပါသလဲ။
အဲ့ဒါကတော့ မြေလွတ်၊ မြေရိုင်း ဥပဒေနဲ့ ပတ်သတ်လို့ အသစ်ရေးဆွဲတာ၊ ပြင်ဆင်တာကို အထူးမပြောလိုဘူး။ ဒါပေမယ့် စောစောက ပြောသလို မြေလွတ်၊ မြေရိုင်းမှာလည်း မိရိုးဖလာဘိုးဘွားပိုင် ဆိုင်ရာဆိုင်ခွင့် ရှိတဲ့ဟာ မျိုးကို ဥပမာ မိရိုးဖလာ ထိန်းသိမ်းလာတဲ့ မိုးကြိုးဝိုင်းလိုဟာမျိုးကို သူတို့ရွာတွေက ဘိုးဘွားအစဉ်အဆက် ထိန်း ထားတဲ့ဟာတွေ၊ နောက်ပြီးတော့ တောင်ယာခုတ်ကွက် သတ်သတ်မှတ်မှတ် ရှိတဲ့ဟာတွေ၊ နောက်ပြီးတော့ ထင်းခုတ်ကွက် ရှိတဲ့ဟာတွေကို အကုန်လုံးတော့ မြေလွတ်၊ မြေရိုင်းအနေနဲ့ မြင်ပြီးတော့ စာရင်းထည့်နေရင် တော့ အဆင်မပြေဘူးလို့ ယူဆပါတယ်။ အဲ့ဒါကြောင့်မို့ မြေပိုင်ဆိုင်မှုကို မရိုးဖလာ ပိုင်ဆိုင်မှုကို အလေးထား ပြီးတော့ ပြုပြင်အသစ်ဆွဲတယ်ဆိုရင်လည်း အဲ့ဒါကို ထည့်သွင်းစဉ်းစား သင့်ပါတယ်လို့ ပြောချင်ပါတယ်။


တိုင်းရင်းသား ဒေသအချို့မှာ ရိုးရာမြေတွေကို အသိအမှတ်ပြုပေးဖို့၊ ၂၀၁၂ မြေလွတ်၊ မြေလတ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ဖြတ်သိမ်းပေးဖို့ တောင်းဆိုနေကြတာ ရှိတယ်။ ချင်းပြည်နယ်မှာရော အဲ့ဒီလို တောင်း ဆိုနေတာတွေ ရှိလားဗျ။
အဲ့ဒီလိုမျိုး အတိအကျ ဖြတ်သိမ်းပေးဖို့ဆိုတဲ့ဟာ ကျွန်တော် မကြားမိသေးဘူးပေါနော်။ ဒါပေမယ့် ဥပဒေ တစ်ခု ထုတ်ရင် တစ်ပြည်လုံးကို လွှမ်းခြုံတဲ့ အာဏာသက်ရောက်တဲ့ ဥပဒေထုတ်ရင် တိုင်းရင်းသားဒေသတွေရဲ့ ဓ လေ့ထုံးတမ်း၊ အထူးသဖြင့် မြေယာနဲ့ပတ်သတ်တဲ့ သဘောထားကို CSO ဖြစ်ဖြစ်၊ အဖွဲ့အစည်း အသီးသီး ပေါ့နော် ဒေသခံတွေ၊ နောက်ပြီးတော့ တောင်သူလယ်သမား အဖွဲ့အစည်းတွေ၊ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ တွေရဲ့ သဘောထားတွေနဲ့ ထုတ်ပြန်ရင်တော့ ပိုပြီးတော့ ထိရောက်တဲ့ ပိုမိုကောင်းမွန်တဲ့ ဥပဒေ ဖြစ်လာမယ် လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရက ပြည်သူအစိုးရ ပြည်သူအသံနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ရှိနေ တဲ့ သူဒေသနဲ့သူ ဥပမာ ကျွန်တော်တို့ ချင်းမှာဆိုရင် မျိုးနွယ်စု အများကြီးရှိတယ်။ အဲ့ဒါကို စုပေါင်းပြီးတော့ ဒါ ကို အကောင်းဆုံး ဘယ်လိုဖြစ်မလဲ ဆိုတဲ့ဟာမျိုးကို ညှိနှိုင်းပြီးတော့ လုပ်ရင်တော့ အဆင်ပြေမယ် ထင်ပါတယ်။ တစ်ခြားတိုင်းနဲ့ ပြည်နယ် ကျွန်တော် မသိဘူး။ ချင်းပြည်နယ်မှာဆိုရင် သဘာဝအားဖြင့် တူနေတဲ့ အချက်တွေ အများကြီး ရှိတယ်။ စော်ဘွားခေတ်ကတည်းက မြေကိုဘယ်လို ပိုင်ဆိုင်တယ်။ ရွှေ့ပြောင်းတောင်ယာ ခုတ် ကွက်ကို ဘယ်လိုပိုင်ဆိုင်တယ်၊ ထင်းခုတ်ကွက်ကို ဘယ်လိုပိုင်ဆိုင်တယ် စသဖြင့်ပေါ့နော် မိုးကြိုးဝိုင်းအနေနဲ့ ထိန်းသိမ်းတဲ့ ဓလေ့ထုံးတမ်းအရ သူ့ဒေသ၊ သူ့မြို့နယ်၊ သူ့မျိုးနွယ်နဲ့ သူ ရှိပြီးသားဆိုတော့ ရိုးရာဓလေ့က သိပ် ကွာခြားချက် မရှိပါဘူး။ သဘောတူညီမှု ရယူလို့ ရပါတယ်။


အဲ့ဒါဆိုရင် ဥပဒေ ပြင်ဆင်ပေးဖို့ကို ဒေသခံ တိုင်းရင်းသားတွေ၊ CSO တွေရဲ့ သဘောတူညီမှုနဲ့ ပြည်နယ် အစိုးရက တောင်းဆိုပေးသွားမယ်လို့ ဆိုလိုချင်တာလား။
အမှန်ကတော့ ပြည်နယ်အစိုးရ ဆိုတာလည်း ပြည်သူအစိုးရပါပဲ။ ပြည်နယ်အစိုးရက သူ့သဘောထားနဲ့ သူ လုပ် လို့မရဘူး။ အဲ့ဒီလို ပြည်သူတွေက အကြံပေးရင်တော့ ရပါတယ်။ အမှန်ကတော့ အဲ့ဒါအကောင်းဆုံးပေါ့နော်၊ ပြည်သူအစိုးရဆိုရင်တော့ ပြည်သူရဲ့ အသံကို နားထောင်ရမှာ။ ဆိုတော့ အဲ့ဒီလိုပူးပေါင်းပြီးတော့ ညှိညှိနှိုင်းနှိုင်း နဲ့၊ သဘောတူညီမှုနဲ့ လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ပြည်သူအစိုးရဆိုတော့ CSO တွေက တင်တဲ့ဟာက လည်း ကောင်းတယ်ဆိုရင် လက်ခံရမှာပဲ။ ပြည်သူတစ်ဦးချင်း၊ အဖွဲ့အစည်းတွေရဲ့ ကောင်းမွန်တဲ့ အကြံပြုချက် တွေကို ကျွန်တော်တို့က အမြဲတမ်း ကြိုဆိုနေပါတယ်။ လက်ခံပါတယ်။


၂၀၁၂ လယ်ယာမြေ ဥပဒေက တိုင်းရင်းသားဒေသတွေရဲ့ မိရိုးဖလာ မြေအသုံးပြုမှုနဲ့ လုပ်ကွက်ငယ် တောင်သူတွေရဲ့ မြေပိုင်ဆိုင်မှုကို လျစ်လျူရှုထားတယ်လို့ရော ထင်ပါသလား ခင်ဗျ။
လျစ်လျူရှုထားတယ်လို့တော့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် တစ်ချို့ကိစ္စမှာ တောင်ပေါ်တိုင်းရင်းသား တွေရဲ့ မြေပိုင်ဆိုင်မှုနဲ့ အချိုးမကျပဲနဲ့ နဲနဲလေး လုပ်ရကိုင်ရတာ ခက်ခဲနေတာတော့ တွေ့ရပါတယ်။ ဆိုတော့ အဲ့ ဒါကို ကျွန်တော် စောစောက ပြောတဲ့အတိုင်းပဲ သူရဲ့ဒေသဆိုင်ရာ အခွင့်အရေး၊ ဥပမာဆို အခုပြင်ဆင်နေတဲ့ ၂၀၁၇ မြေသိမ်းဥပဒေဆို တစ်ပိုဒ်ပါတယ်။ ဒီဟာက အထောက်အထား မရှိပေမယ့် ဘေးပတ်ဝန်းကျင်ရဲ့ သက် သေခံမှုကို အထောက်အထားအနေနဲ့ လက်ခံနိုင်တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ နောက်တစ်ခုက ကျွန်တော် တို့ မိရိုးဖလာ တောနေတောင်သားတွေက ဥပဒေလည်း သိပ်ပြီးတော့ နားမလည်ဘူး။ ဘယ်လိုမှတ်ပုံတင်ရမ လဲဆိုလည်း နားမလည်ဘူး။ ဒါပမယ့် ကိုယ့်ရွာသားအချင်းချင်း ဒီမြေက ဦးဖြူပိုင်တယ်၊ ဦးနီပိုုင်တယ်၊ သူဦးနီရဲ့ အဘိုးက ဓားမဦးချ ခုတ်ထွင်လာခဲ့တဲ့ ဟာဆိုရင် ကျွန်တော်တို့ ကျေးရွာတွေမှာ အများစုသည် စည်းကမ်းရှိကြ တယ်။ ဒီတောင်ယာကို ဦးဖြူက မခုတ်နိုင်လို့ ဦးမဲက ခုတ်ချင်ရင် ခွင့်တောင်းပြီး ခုတ်ရတယ်။ ဆိုတော့ ပိုင်ဆိုင် မှုက ဓလေ့ထုံးတမ်းအရ တစ်ရွာလုံး၊ တစ်ဖက်ရွာနီးချုပ်စပ် အကုန်လုံးက သိနေတဲ့ဟာဆိုတော့ ဒါကိုအသိအ မှတ်ပြုလုပ်နိုင်ရင် လယ်ယာမြေဥပဒေလည်း အဲ့လိုမျိုးဖြစ်လာရင်၊ ဟို ပြည်မကို ကျွန်တော်မဆိုလိုဘူး။ တောင် ပေါ်တိုင်းရင်းသား ဒေသတွေမှာ မိရိုးဖလာဓလေ့ထုံးတမ်းကို အလေးထား ထည့်သွင်းဆောင်ရွက်ရင်တော့ ပို မိုကောင်းမွန်မယ်လို့ ယူဆပါတယ်။


လက်ရှိ ဥပဒေအရ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာပေမယ့် နှစ်အတိုင်းအတာ တစ်ခုထိ အခွန်ဆောင်ထားတဲ့ အ ထောက်အထားရှိမှ ဘိုးဘွားပိုင်မြေအဖြစ် အသိအမှတ်ပြုတယ်လို့ ကျွန်တော် နားလည်ထားတယ်။ ဟိုးအရင်က ချင်းတိုင်းရင်းသားတွေ အနေနဲ့ ဘယ်လိုအခွန်ဆောင်တဲ့ စနစ်ကို ကျင့်သုံးခဲ့ကြသလဲဗျ။
ကျွန်တော်တို့ ဘိုးဘွားပိုင်မြေနဲ့ ပတ်သတ်ပြီးတော့ တောင်တန်းဒေသ၊ တိုင်းရင်းသားဒေသတွေမှာက စော စောက ပြောသလို ၁၈၈၉ ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ (Upper Burma Land and Revenue Regulation) နဲ့ လွှမ်းခြံုမှု မရှိဘူးဆိုတာ ကျွန်တော်ထပ်ပြီး ရှင်းပြမယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာဆိုရင် ၁၈၉၆ ခုနှစ်မှာ Chin Hill Regulation နဲ့ အုပ်ချုပ်ခဲ့တယ် သီးခြားအုပ်ချုပ်ခဲ့တယ် ပေါ့နော်။ အဲ့ဒီမှာ ဘာကိုအဓိကထားလဲဆို တော့ စော်ဘွားအုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်တဲ့သဘော။ ကိုယ့်အချင်းချင်း အုပ်ချုပ်တဲ့သဘောကို အသိအမှတ် ပြု ဥပဒေပြဌာန်း စီမံခန့်ခွဲတဲ့ သဘောဖြစ်ပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာဆိုရင် တောက်လျောက်ဟာ ရွှေ့ပြောင်းတောင်ယာနဲ့ အသက်ရှင်လာတာ။ ဆိုတော့ လူတစ်ဦးသည် ရွှေ့ပြောင်းတောင်ယာ လုပ်ဖို့အတွက် ခုတ်ကွက် ဆယ်ခု ဒါမှမဟုတ်ရင် ဆယ့်ငါးခုလောက် အမြဲတမ်း ပိုင်ဆိုင်ထားကြတယ်။ သူ့အဘိုး၊ အဘိုးဘယ် သူရဲ့ ခုတ်ကွက်စခဲ့တာ၊ ဓားမဦးချ စခဲ့တာဆိုပြီးတော့ အသိအမှတ်ပြုခဲ့တယ်။ နောက်တစ်ခုက ဒီဟာကို စော် ဘွားပိုင်ဆိုရင် စော်ဘွားကို ကျွန်တော်တို့က အခွန်ပေးရပါတယ်။ ဥပမာဆိုရင် ၁၈၈၉ (Upper Burma Land and Revenue Regulation) အထက်မြန်မာပြည် မြေနှင့်အခွန် ဥပဒေထဲမှာ ဘိုးဘွားပိုင်ဆိုတဲ့ဟာသည် ၁၈၈၉ မတိုင်မီ ၁၂ နှစ်အတွင်း မြေဖြစ်ရမယ်ဆိုတဲ့ အချက်ရယ်၊ နောက်အဲ့ဒီ ၁၈၈၉ မတိုင်မီပဲ မြေခွန်ဆောင်ထားတဲ့ သူ ဖြစ်ရမယ်ဆိုတဲ့ဟာ ပါထားတယ်။ အဲ့တော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၃၀၊ ၄၀ လောက်က ဖြစ်ခဲ့တဲ့ဟာကို ပြန်သုံး သပ်ရရင် အဲ့ဒီမှာ အခွန်ဆောင်စရာ အင်္ဂလိပ်လည်း မရောက်သေးပါဘူး။ နောက် ကုန်းဘောင်မင်းဆက် နောက်ဆုံးအထိလည်း ချင်းပြည်နယ်တို့၊ ကျန်တဲ့ပြည်နယ်တို့ ဘာတို့က ဆောင်ရတာ မရှိပါဘူး။ ပြည်မအ ကြောင်းကတော့ ကျွန်တော်အသေးစိတ် မသိလို့ မပြောဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆောင်တာ ရှိပါတယ်။ ဘယ်မှာဆောင်လဲဆိုတော့ စော်ဘွားတွေဆီမှာ ကျွန်တော်တို့က တောင်ယာတစ်ကွက်ခုတ်ရင် ဆန်တစ်တင်း လိုဟာမျိုး၊ ဆန်တစ်ပုံးလိုဟာမျိုး နှစ်စဉ်ဆောငိပြီးတော့ ဆက်သရတယ်ဆိုတာ ကျွန်တော်တို့ စော်ဘွားတွေ ဆီမှာ အခွန်ဆောင်တဲ့ သဘောမျိုး ဒါကိုသမိုင်းတစ်လျောက် ကျွန်တော်တို့တောင် နဲနဲမီတော့ ဒါကိုအခွန် ဆောင်တယ်လို့ မှတ်ယူစေချင်ပါတယ်။ နောက် အမဲပစ်တဲ့အခါမှာလည်း သားကောင်ရလာရင် မိုင် ၃၀၊ ၄၀ ဘယ်လောက်ဝေးဝေး ပုခုံးတစ်ခြမ်း ပို့သဆက်သရတယ်။ ဒါကို မိရိုးဖလာအခွန်ဆောင်တဲ့နည်းလို့ ကျွန်တော်က ယူဆပါတယ်။ အဲ့ဒါကြောင့်မို့လို့ ရွှေ့ပြောင်းတောင်ယာနဲ့ လုပ်တဲ့ဟာ၊ ထင်းခုတ်ကွက်စနစ်ကျနဲ့ ပိုင်ဆိုင်ထားတဲ့ ဟာကို အကုန်လုံး သိမ်းကျံုးပြီးတော့ မြေလွတ်၊ မြေရိုင်းအနေနဲ့ အစိုးရပိုင်းက သိမ်းမယ်ဆိုရင် ပြည်သူတွေ အ တွက်က တော်တော်လေးကို နစ်နာမှု ရှိလာမယ်လို့ ယူဆပါတယ်။ အဲ့တော့ မြေလွတ်၊ မြေရိုင်းထဲက ဘယ် ဟာတွေပါလဲ၊ ဘယ်ဟာတွေ မပါဘူးလဲဆိုတာ သေချာစိစစ်ဖို့လိုတယ်။


အဲ့ဒီတော့ ရိုးယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သတ်တဲ့ ပြဿနာတွေက ကရင်၊ ကယား၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသား ဒေသတွေမှာလည်း ဖြစ်ပေါ်နေတာတွေရှိတော့ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာ နိုင်သလား ခင်ဗျ။
ဒီ ဥပဒေအသစ်က ငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်မလားဆိုတဲ့ အဆင့်ကတော့ ကြီးကျယ်လွန်းမယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငြိမ်းချမ်းရေး Process က သတ်သတ်ပေါ့နော်။ ငြိမ်းချမ်းရေးဆိုတာကတော့ ကျွန်တော် တို့အားလုံး တန်းတူညီမျှမှု ရရင်တော့ ငြိမ်းချမ်းရေးရမှာပဲ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် အောက်ခြေ အနေအ ထား မငြိမ်းချမ်းတဲ့ နေရာတွေပေါ့၊ ပွတ်တိုက်မှုရှိတဲ့ နေရာမှာတော့ တစ်ချို့တော့ ရှိနိုင်တယ်။ ကျွန်တော်တို့ ချင်းပြည်နယ် တစ်ခုနဲ့တွက်ရင်တော့ ဒီဥပဒေကြောင့်မို့ ငြိမ်းချမ်းရေး ထိခိုက်နိုင်တဲ့ အနေအထားမျိုး မရှိဘူးလို့ ယူ ဆပါတယ်။


တစ်ချို့တိုင်းရင်းသား ဒေသတွေမှာ မြေလွတ်၊ မြေလတ်၊ မြေရိုင်းဥပဒေကို ပြင်ဆင်မယ့်အစား ဖြတ်သိမ်းပေးဖို့ တောင်းဆိုနေ တာတွေရှိတယ်။ ၀န်ကြီးအနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲ။
ဖြတ်သိမ်းဖို့ အသစ်ရေးဆွဲဖို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့ဟာလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် လက်ရှိ တောင်ယာခုတ်ကွက်ကို မခုတ်နိုင်တဲ့အချိန်မှာ ဒါကို မြေလွတ်၊ မြေရိုင်းလို့ သိမ်းကျံုးပြီး ခေါ်ဖို့မသင့်ဘူး လို့ ပြောချင်းတယ်။ အဲ့ဒီအချက်လေးတွေတော့ အသစ်ထုတ်ရင်ပဲ ဖြစ်ဖြစ်၊ ပြုပြင်ရင်ပဲ ဖြစ်ဖြစ် ဒီအချက်တွေက တော့ အလေးအနက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့က ပြည်မမှာလိုမဟုတ်ဘူး Permanence လယ်ယာမြေ မဟုတ်တော့ တစ်နှစ်၊ တစ်နှစ်နဲ့ သွားတဲ့ဟာကို အနားပေးတဲ့အချိန်မှာမြေလွတ်၊ မြေရိုင်းဆိုပြီး လုပ်လိုက်ရင်တော့ မဖြစ်ပါဘူး။ ဒါလေးကိုတော့ ပိုင်ရှင်ရှိတယ်၊ မရှိဘူးဆိုတာကို အဓိက စိစစ်ပြီးတော့ မြေ လွတ်၊ မြေရိုင်းထဲမှာ ထည့်သင့်၊ မထည့်သင့် စဉ်းစားလုပ်ဆောင် သင့်ပါတယ်။


အဲ့တော့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြတဲ့ ကိုယ့်တိုင်းရင်းသားတွေရဲ့ မြေယာတွေ ပိုင်ဆိုင်ခွင့် မဆုံးရှုံး ရအောင် ၀န်ကြီးအနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ဆောင်နေပါသလဲ ခင်ဗျ။
လက်ရှိ ကျွန်တော်တို့ ကြိုးစားနေတာကတော့၊ လုပ်နေတာကတော့ ကြိုးဝိုင်း၊ ကြိုးပြင် အမျိုးသားဥယျာဉ်ကို သတ်မှတ်သလို ဒေသခံတွေရဲ့ ခံစားချက်ပေါ့ ဒီအစိုးရကပဲ အကုန်လုံးယူသွားတဲ့ ပုံံစံမျိုးမဖြစ်အောင် ဒေသခံ အစုအဖွဲ့ပိုင် ပြုစုပျိုးထောင်သစ်တော ဖြစ်လာအောင် စည်းရုံးလုပ်ဆောင်နေပါတယ်။ နောက်တစ်ချက်က မိရိုး ဖလာပိုင်ဆိုင်လာတဲ့ မြေတွေကို ဘယ်လိုနည်းနဲ့ အသိအမှတ် ပြုနိုင်မလဲပေါ့နော် ကျွတော်တို့ ရွှေ့ပြောင်း တောင်ယာဆိုရင် ဥပဒေအရ ပုံစံ(၇) ပေးလို့မရဘူး။ ပေးလို့မရတော့ လယ်သမားအနေနဲ့ သူ့မှာပိုင်ဆိုင်မှုက အ သိအမှတ်ပြုမှု မရှိဘူး။ ဆိုတော့ ဒါကိုကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ။ ဥပမာ မိရိုးဖလာနဲ့ ဧက ၅၀ လောက် ပိုင်ဆိုင်တဲ့ လူတစ်ယောက်ကို မြေလွတ်၊ မြေရိုင်းနဲ့ မှတ်ပုံတင်မလားဆိုတဲ့ အချက်လည်း ကျွန် တော်တို့ စဉ်းစားနေတယ်။ ဒါပေမယ့် မြေလွတ်၊ မြေရိုင်း ဥပဒေအရ သူ့ရဲ့ရည်ရွယ်ချက် သတ်မှတ်ထားတဲ့ အရာကို မလုပ်ပဲနဲ့၊ တစ်ခြားနည်းနဲ့ သုံးလို့မရဘူးဆိုတဲ့ အချက်ရယ်၊ နောက်တစ်ချက်က သူရဲ့သတ်မှတ်ထား တဲ့၊ အခွန်ဆောင်ထားတဲ့၊ အာမခံကြေး သွင်းထားတဲ့လုပ်ငန်းနဲ့ ဆက်နွယ်တဲ့လုပ်ငန်းပဲ လုပ်လို့ရမယ်ဆိုတဲ့ အ ချက်ပါတယ်။ နောက်တစ်ချက်က အဲ့ဒါကို လေးနှစ်အတွင်း မလုပ်နိုင်ရင် အဲ့ဒီအာမခံကြေးကို သိမ်းပြီးတော့ အ စိုးရရဲ့ပိုင်မြေ ဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးဆိုတော့ အဲ့ဒီလေးနှစ်ဆိုတဲ့ အကန့်အသတ်လေးကို မြေလွတ်၊ မြေရိုင်းဥပ ဒေမှာ ပြန်လည်စိစစ်ပြီးတော့ မြေပြင်အနေအထား၊ အောက်ခြေအနေအထားနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဘယ် လိုဆောင်ရွက်သင့်လဲဆိုတာ စဉ်းစားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။


လက်ရှိမှာလည်း ရွှေ့ပြောင်းတောင်ယာကို တဖြည်းဖြည်းလျော့ပြီးတော့ Permanence လယ်ယာဖြစ်ဖို့ပေါ့နော် ဥပမာဆိုရင် နှစ်ရှည်သီးနှံ ထောပတ်သီး၊ စပျစ်သီး၊ ကော်ဖီ၊ ၀ဥ၊ လက်ဖက်၊ မျောက်ငို စသဖြင့် တောင်ယာခုတ် တာထက် လယ်သမားတွေ အကျိုးပိုရှိတဲ့ နှစ်ရှည်ဥယျာဉ်ခြံမြေ ဖြစ်အောင် ကျွန်တော် တစ်ဖြည်းဖြည်းနဲ့ ကြိုး စားပြီးတော့ ဆောင်ရွက်နေပါတယ်။ တောင်ယာခုတ်ခြင်းသည် တစ်နှစ်အတွက် ၀မ်းစာဖူလုံရုံ ဖြစ်ပါတယ်။ တောလည်းပျက်တယ် လုပ်အားလည်း အများကြီးပေးရတယ် နောက်ရလာတဲ့ အမြတ်က ရသင့်သလောက် မရ ဘူးပေါ့နော်။ အဲ့တော့ နှစ်ရှည် သွားတဲ့အခါကျတော့ သုံး၊ လေးနှစ် အချိန်ယူရတာဆိုတော့ အဲ့ဒီကြားထဲမှာ သူတို့ စားဖို့သောက်ဖို့ကို နှစ်တို၊ နှစ်လတ် ချေးငွေလိုဟာမျိုး ထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ ရွှေ့ပြောင်း တောင်ယာကို မလုပ်ကြဖို့ စည်းရုံးနိုင်မယ်လို့ ယူဆပါတယ်။

ဟုတ်ကဲ့ အခုလို အချိန်ပေးပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ် ၀န်ကြီးခင်ဗျ။

 

 

  • I enjoy you because of your whole work on this site. Gloria really likes engaging in investigations and it is obvious why. Almost all hear all relating to the compelling method you render helpful thoughts via this web blog and therefore increase participation from visitors on the topic and our own princess is certainly becoming educated a lot of things. Enjoy the rest of the year. You're performing a great job. michael kors handbags
    by rooxkwgfkx@gmail.com at June 08 2019
  • Thank you a lot for giving everyone an extremely memorable chance to read critical reviews from this site. It's usually very good and packed with a good time for me and my office mates to visit your web site really three times in a week to read the new issues you have. And of course, we're certainly astounded with all the exceptional solutions you serve. Some two ideas on this page are easily the best I have had. yeezy boost 350
    by dvqyyz@gmail.com at June 05 2019
  • I not to mention my guys have already been going through the excellent ideas found on the blog and then all of the sudden I got a terrible feeling I had not thanked the web site owner for those tips. All of the people happened to be totally joyful to learn them and already have simply been taking pleasure in those things. Thank you for turning out to be really considerate as well as for deciding on this form of quality things most people are really wanting to be aware of. My personal honest apologies for not expressing gratitude to you earlier. bape hoodie
    by hjaaklir@gmail.com at June 05 2019
  • Thank you for your entire hard work on this website. My daughter take interest in working on research and it's easy to see why. I know all concerning the compelling means you create very helpful guidance through your web blog and as well as encourage contribution from some other people on the point then my simple princess is without question starting to learn so much. Have fun with the remaining portion of the new year. You are always conducting a dazzling job. jordan shoes
    by wpcgjagapq@gmail.com at June 01 2019
  • My husband and i have been now thrilled when Ervin managed to deal with his researching because of the precious recommendations he gained in your web site. It's not at all simplistic to simply find yourself giving for free things which usually many people have been selling. And we also acknowledge we have got the blog owner to thank because of that. All of the explanations you have made, the easy blog menu, the relationships you make it easier to engender - it's got mostly spectacular, and it's helping our son and our family recognize that the situation is amusing, and that's wonderfully mandatory. Thanks for all! yeezy boost
    by fsoipunavk@gmail.com at May 27 2019
  • I would like to express some thanks to this writer for rescuing me from this particular circumstance. As a result of browsing throughout the search engines and obtaining proposals which were not helpful, I assumed my entire life was gone. Existing without the approaches to the difficulties you've fixed as a result of your main post is a serious case, and those that would have negatively damaged my entire career if I hadn't noticed your website. That understanding and kindness in maneuvering a lot of things was priceless. I don't know what I would've done if I had not discovered such a thing like this. I'm able to at this time look forward to my future. Thank you so much for the specialized and result oriented guide. I will not hesitate to propose the website to anyone who ought to have support on this situation. balenciaga shoes
    by yqjqllm@gmail.com at May 24 2019
  • Thank you a lot for providing individuals with an exceptionally memorable chance to discover important secrets from this website. It is usually so lovely and stuffed with a great time for me personally and my office acquaintances to search the blog particularly three times a week to see the fresh issues you have. Not to mention, I'm so always happy with all the extraordinary pointers you give. Some 3 tips in this article are indeed the most effective we have all ever had. nike air force 1
    by tshctsklo@gmail.com at May 19 2019
  • Thank you a lot for giving everyone a very terrific chance to check tips from this website. It really is so enjoyable and stuffed with a good time for me personally and my office acquaintances to search your web site at the least three times every week to study the latest secrets you will have. And lastly, I'm actually fascinated considering the beautiful thoughts you serve. Some 3 areas in this article are clearly the best I've had. michael kors handbags
    by dawbmsdnzvk@gmail.com at May 15 2019
  • My spouse and i have been so peaceful when Louis managed to conclude his investigations by way of the precious recommendations he obtained out of the web site. It is now and again perplexing to simply always be freely giving key points which other people may have been trying to sell. We really know we've got the writer to appreciate for that. All the illustrations you made, the easy website navigation, the relationships you will assist to promote - it is all superb, and it's really making our son and our family believe that this situation is excellent, which is highly fundamental. Many thanks for all the pieces! ferragamo belts [url=http://www.ferragamobelt.us]ferragamo belts[/url]
    by mouxoffju@gmail.com at May 10 2019
  • I wanted to make a simple comment to appreciate you for the stunning suggestions you are posting on this website. My time consuming internet look up has now been compensated with reliable details to go over with my family and friends. I would assert that most of us visitors are truly blessed to exist in a fabulous site with very many special professionals with valuable guidelines. I feel quite grateful to have encountered your entire website page and look forward to some more awesome times reading here. Thanks once again for a lot of things.
    by http://www.vans-outlet.us.com at May 07 2019

Leave a comment