Wednesday, November 14, 2018

ဓာတ္ပံု- brecorder

မတ္။      ။၃၁

အိႏၵိယႏိုင္ငံမွာေတာ့ ဆန္အ၀င္နည္းၿပီး အ၀ယ္လိုက္လာေနတဲ့အတြက္ ဒီတစ္ပတ္မွာ ဆန္ေစ်းတက္ေန ပါ တယ္။ ထိုင္းနိုင္ငံမွာေတာ့ ႏုိင္ငံျခားက အ၀ယ္မလိုက္တဲ့အတြက္ ေစ်းၿငိမ္ေနပါတယ္။

အိႏၵိယ

ကမာၻေပၚမွာ ဆန္အမ်ားဆံုးတင္ပို႔တဲ့ အိႏၵိယႏုိင္ငံမွာေတာ့ ငါးမွတ္ဆန္ေစ်းဟာ တစ္တန္ကို အေမရိကန္ေဒၚ လာ ၆ ေဒၚလာ ေစ်းတက္လာတဲ့အတြက္ ဒီတစ္ပတ္မွာ အေမရိကန္ေဒၚလာ ၄၂၅-၄၂၉ ေဒၚလာ ၀န္းက်င္ရွိ ေနပါတယ္။

“ အာဖရိကနဲ႔ အာရွ ၀ယ္လက္ေတြဘက္က ၀ယ္လိုအားတက္လာတယ္” လို႔ အန္ဒါရာ ပရာဒက္ရွ္အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္

ဘဂၤလားေဒ့ရွ္ႏုိင္ငံကေတာ့ ၂၀၁၇ ဇူလိုင္လကေန ၂၀၁၈ မတ္လအထိ ဆန္တန္ခ်ိန္ ၃ဒသမ၅ သန္း တင္သြင္း ခဲ့တဲ့အတြက္ ပံုမွန္တင္သြင္းေနက် ပမာဏထက္ ေက်ာ္လြန္ေနပါတယ္။

လက္ရွိ ျပည္တြင္းမွာ ေစ်းတက္ေနတဲ့အတြက္ လာမယ့္ လအနည္းငယ္မွာ ဆန္ေတြ ၀ယ္ယူသြားဖြယ္ရွိတယ္လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံ စားနပ္ရိကၡာ၀န္ႀကီးဌာန တာ၀န္ရွိသူတစ္ဦးက ဆိုပါတယ္။

ဗီယက္နမ္

ဗီယက္နမ္မွာလည္း ဆန္ေစ်းေတြ တက္ေနပါတယ္။ ငါးမွတ္ဆန္တစ္တန္ဟာ ၿပီးခဲ့တဲ့အပတ္က အေမရိကန္ ေဒၚလာ ၄၀၅-၅၁၅ ၀န္းက်င္ရွိခဲ့ၿပီး ဒီတစ္ပတ္မွာေတာ့ တစ္တန္ကို ၄၁၀-၄၂၈ ေဒၚလာျဖစ္လာပါတယ္။ ဒါက ေတာ့ အ၀င္နည္းေနခ်ိန္မွာ ျပည္ပကေန ၀ယ္လိုအား ျမင့္လာတဲ့အတြက္ ျဖစ္ပါတယ္။

“ ဥပမာ ဖိလစ္ပိုင္ႏုိင္ငံလိုမ်ိဳး ႏုိင္ငံေတြနဲ႔ အစိုးရခ်င္းခ်ိတ္ဆက္တင္ပို႔မယ့္ စာခ်ဳပ္ေတြကို ေစာင့္ေနတဲ့အတြက္ လယ္သမားေတြနဲ႔ ကုန္သည္ေတြဟာ သိပ္မေရာင္းၾကပါဘူး” လို႔ ဟိုခ်ီမင္းအေျခစိုက္ ကုန္သည္တစ္ဦးက ေျပာ ပါတယ္။

ဗီယက္နမ္ႏုိင္ငံဟာ ဒီႏွစ္ပထမသံုးလပတ္မွာ ဆန္တန္ခ်ိန္ ၁ဒသမ၃၅ သန္း တင္ပို႔ၿပီးၿပီျဖစ္တဲ့အတြက္ အရင္ ႏွစ္ကထက္ ၉ဒသမ၁ ရာခိုင္ႏႈန္းတက္လာခဲ့တယ္လို႔ ဆိုပါတယ္။

ဇန္န၀ါရီလကေန မတ္လအတြင္း ဆန္တင္ပို႔မႈကေန အေမရိကန္ေဒၚလာ ၆၆၈ သန္းရရွိခဲ့အတြက္ ၂၃ဒသမ၈ ရာခိုင္ႏႈန္းတိုးတက္လာခဲ့ပါတယ္။ မတ္လအတြင္း ဆန္တန္ခ်ိန္ ၅၂၀၀၀၀ တင္ပို႔မႈကေန အေမရိကန္ေဒၚလာ သန္း ၂၆၀ ရရွိခဲ့ၿပီး ေဖေဖာ္၀ါရီလအတြင္း ဆန္တန္ခ်ိန္ ၃၄၀၀၀၀ တင္ပို႔မႈကေန အေမရိကန္ေဒၚလာ ၁၆၉ သန္း ရရွိခဲ့ပါတယ္။

ထိုင္း

ထိုင္းႏုိင္ငံမွာေတာ့ ငါးမွတ္ဆန္တစ္တန္ဟာ အေမရိကန္ေဒၚလာ ၄၁၅-၄၃၅ ၀န္းက်င္မွာ ရွိပါတယ္။ ၿပီးခဲ့တဲ့ အပတ္တုန္းကေတာ့ တစ္တန္ကို အေမရိကန္ေဒၚလာ ၄၃၀-၄၃၂ ၀န္းက်င္ရွိခဲ့ပါတယ္။

“ အခုဆို ဆန္ကုန္သည္ေတြဟာ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္လို ေစ်းကြက္ေတြမွာ အေရာင္းအ၀ယ္အသစ္ေတြ ရွာ ေနၾကပါတယ္။ ဒါေပမယ့္ ၀ယ္လိုအား သိပ္မရွိဘူး။ လက္ရွိမွာ အရင္စာခ်ဳပ္ေတြအတြက္ တ႐ုတ္ကို ဆန္တင္ပို႔ ေနတာေလာက္ပဲ ရွိပါတယ္” လို႔ ဘန္ေကာက္အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ဒါ့အျပင္ အာရွေစ်းကြက္အတြင္းမွာ အေရာင္းထြက္မယ့္ အေနအထားေတြ ရွိေနတဲ့အတြက္ ဆန္ေတြ၀ယ္ေန တယ္လို႔ ဆိုပါတယ္။

ထိုင္းအစိုးရဟာ ႏုိင္ငံရဲ႕ အရန္ဆန္ေတြထဲကေန ဆန္တန္ခ်ိန္ ၄၄,၀၀၀ ကို လူစားဖို႔အတြက္ ထုတ္ေရာင္းသြား မယ္လို႔ ၿပီးခဲ့တဲ့ အဂၤါေန႔က ေၾကညာခဲ့ပါတယ္။

အဲဒီလို ထုတ္ေရာင္းတာဟာ ေရွ႕လထဲမွာ ဆန္ေစ်းတက္သြားႏိုင္တယ္လို႔ ကုန္သည္ေတြက ဆိုပါတယ္။

 

မင္းသူေအာင္(AMIA)

Source: Reuters

 

Unicode

 

မတ်။ ။၃၁


အိန္ဒိယနိုင်ငံမှာတော့ ဆန်အဝင်နည်းပြီး အဝယ်လိုက်လာနေတဲ့အတွက် ဒီတစ်ပတ်မှာ ဆန်စျေးတက်နေ ပါ တယ်။ ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားက အဝယ်မလိုက်တဲ့အတွက် စျေးငြိမ်နေပါတယ်။


အိန္ဒိယ
ကမ္ဘာပေါ်မှာ ဆန်အများဆုံးတင်ပို့တဲ့ အိန္ဒိယနိုင်ငံမှာတော့ ငါးမှတ်ဆန်စျေးဟာ တစ်တန်ကို အမေရိကန်ဒေါ် လာ ၆ ဒေါ်လာ စျေးတက်လာတဲ့အတွက် ဒီတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၄၂၅-၄၂၉ ဒေါ်လာ ၀န်းကျင်ရှိ နေပါတယ်။


“ အာဖရိကနဲ့ အာရှ ၀ယ်လက်တွေဘက်က ၀ယ်လိုအားတက်လာတယ်” လို့ အန်ဒါရာ ပရာဒက်ရှ်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။


ဘင်္ဂလားဒေ့ရှ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ၂၀၁၇ ဇူလိုင်လကနေ ၂၀၁၈ မတ်လအထိ ဆန်တန်ချိန် ၃ဒသမ၅ သန်း တင်သွင်း ခဲ့တဲ့အတွက် ပုံမှန်တင်သွင်းနေကျ ပမာဏထက် ကျော်လွန်နေပါတယ်။


လက်ရှိ ပြည်တွင်းမှာ စျေးတက်နေတဲ့အတွက် လာမယ့် လအနည်းငယ်မှာ ဆန်တွေ ၀ယ်ယူသွားဖွယ်ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။


ဗီယက်နမ်
ဗီယက်နမ်မှာလည်း ဆန်စျေးတွေ တက်နေပါတယ်။ ငါးမှတ်ဆန်တစ်တန်ဟာ ပြီးခဲ့တဲ့အပတ်က အမေရိကန် ဒေါ်လာ ၄၀၅-၅၁၅ ၀န်းကျင်ရှိခဲ့ပြီး ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄၁၀-၄၂၈ ဒေါ်လာဖြစ်လာပါတယ်။ ဒါက တော့ အဝင်နည်းနေချိန်မှာ ပြည်ပကနေ ၀ယ်လိုအား မြင့်လာတဲ့အတွက် ဖြစ်ပါတယ်။


“ ဥပမာ ဖိလစ်ပိုင်နိုင်ငံလိုမျိုး နိုင်ငံတွေနဲ့ အစိုးရချင်းချိတ်ဆက်တင်ပို့မယ့် စာချုပ်တွေကို စောင့်နေတဲ့အတွက် လယ်သမားတွေနဲ့ ကုန်သည်တွေဟာ သိပ်မရောင်းကြပါဘူး” လို့ ဟိုချီမင်းအခြေစိုက် ကုန်သည်တစ်ဦးက ပြော ပါတယ်။


ဗီယက်နမ်နိုင်ငံဟာ ဒီနှစ်ပထမသုံးလပတ်မှာ ဆန်တန်ချိန် ၁ဒသမ၃၅ သန်း တင်ပို့ပြီးပြီဖြစ်တဲ့အတွက် အရင် နှစ်ကထက် ၉ဒသမ၁ ရာခိုင်နှုန်းတက်လာခဲ့တယ်လို့ ဆိုပါတယ်။


ဇန်နဝါရီလကနေ မတ်လအတွင်း ဆန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၆၈ သန်းရရှိခဲ့အတွက် ၂၃ဒသမ၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။ မတ်လအတွင်း ဆန်တန်ချိန် ၅၂၀၀၀၀ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ဆန်တန်ချိန် ၃၄၀၀၀၀ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၆၉ သန်း ရရှိခဲ့ပါတယ်။


ထိုင်း
ထိုင်းနိုင်ငံမှာတော့ ငါးမှတ်ဆန်တစ်တန်ဟာ အမေရိကန်ဒေါ်လာ ၄၁၅-၄၃၅ ၀န်းကျင်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၃၀-၄၃၂ ၀န်းကျင်ရှိခဲ့ပါတယ်။


“ အခုဆို ဆန်ကုန်သည်တွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်လို စျေးကွက်တွေမှာ အရောင်းအဝယ်အသစ်တွေ ရှာ နေကြပါတယ်။ ဒါပေမယ့် ၀ယ်လိုအား သိပ်မရှိဘူး။ လက်ရှိမှာ အရင်စာချုပ်တွေအတွက် တရုတ်ကို ဆန်တင်ပို့ နေတာလောက်ပဲ ရှိပါတယ်” လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။


ဒါ့အပြင် အာရှစျေးကွက်အတွင်းမှာ အရောင်းထွက်မယ့် အနေအထားတွေ ရှိနေတဲ့အတွက် ဆန်တွေဝယ်နေ တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရဟာ နိုင်ငံရဲ့ အရန်ဆန်တွေထဲကနေ ဆန်တန်ချိန် ၄၄,၀၀၀ ကို လူစားဖို့အတွက် ထုတ်ရောင်းသွား မယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။


အဲဒီလို ထုတ်ရောင်းတာဟာ ရှေ့လထဲမှာ ဆန်စျေးတက်သွားနိုင်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မင်းသူအောင်(AMIA)


Source: Reuters

 

 

Leave a comment