Wednesday, November 14, 2018

ဓာတ္ပံု-Thanhtinfood

အိႏၵိယ

၀ယ္လိုအားနည္းေနတာရယ္၊ ႐ူပီးေစ်းအားေပ်ာ့ေနတာရယ္ေၾကာင့္ အိႏၵိယႏိုင္ငံမွာေတာ့ တင္ပို႔ ဆန္ေစ်းဟာ ဒုတိယအပတ္ေျမာက္ ေစ်းဆက္က်ေနၿပီး ထိုင္းႏိုင္ငံရဲ႕ဆန္ေစ်းကေတာ့ ဆန္အ၀င္နည္းတဲ့ အတြက္ တက္ေနၿပီး ဗီယက္နမ္ဆန္ေစ်းဟာလည္း စာခ်ဳပ္အသစ္ေတြ ထပ္ခ်ဳပ္လုိက္ႏုိင္တဲ့အတြက္ ေစ်းတက္ လာပါတယ္။

အိႏၵိယႏိုင္ငံရဲ႕ ငါးမွတ္ဆန္တစ္တန္ေစ်းဟာ အေမရိကန္ေဒၚလာ ၂ ေဒၚလာႏႈန္းက်သြားတဲ့အတြက္ အခုအခါမွာ အေမရိကန္ေဒၚလာ ၄၁၇ ကေန ၄၂၁ ေဒၚလာအထိသာ ရွိပါေတာ့တယ္။

႐ူပီးေစ်းက်ေနတဲ့အတြက္ ဆန္တင္ပို႔ေနတဲ့ ကုန္သြယ္ေတြဟာလည္း ေစ်းခ်ၿပီး တင္ပို႔ေနရတယ္လို႔ အန္ဒရာ ပရာဒက္ရွ္ျပည္နယ္ အေျခစိုက္ ကုန္သည္တစ္ဦးက ေျပာပါတယ္။

႐ူပီးနဲ႔ ေဒၚလာေငြလဲလွယ္ႏႈန္းမွာ အေမရိကန္ေဒၚလာ ေစ်းဟာ ၇ လေလာက္အတြင္းမွာ ပထမဆံုး အႀကိမ္ အျမင့္ဆံုးတက္လာပါတယ္။

ၿပီးေတာ့ ဘဂၤလားေဒ့ရွ္ဘက္ကေန ဆန္၀ယ္လိုအားနည္းလာတာကလည္း အိႏၵိယႏုိင္ငံရဲ႕ ဆန္တင္ပို႔မႈ အေပၚ သက္ေရာက္မႈရွိပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ အတြင္းက ေရႀကီးလို႔ သီးႏံွေတြပ်က္ၿပီး ဆန္ေတြ အမ်ား အျပားတင္သြင္းခဲ့တဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ ဆန္တင္သြင္းမႈထဲမွာ အိႏၵိယဘက္ကေန တင္သြင္းမႈဟာ သံုးပံု ႏွစ္ပံုစာ ရွိပါတယ္။

ဒီႏွစ္ ေႏြစပါးအထြက္ႏႈန္းဟာ တန္ခ်ိန္ ၁၉ သန္းထြက္ႏုိင္တယ္လို႔ ခန္႔မွန္းထားၿပီး တစ္ႏွစ္ေက်ာ္ ကာလအတြင္းမွာ ေႏြစပါး အထြက္ႏႈန္း ၆ ရာခိုင္ႏငန္းနီးပါး တက္လာနိုင္တယ္လို႔ စိုက္ပ်ိဳးေရး ဦးစီးဌာနရဲ႕ ညႊန္ၾကားေရးမွဴးခ်ဳပ္ မိုဟာမက္ မိုဆင္က ေျပာပါတယ္။

တစ္ဖက္မွာ အစိုးရရဲ႕ အရန္ဆန္ပမာဏျမင့္တက္လာၿပီး သီးႏွံေတြ စတင္ရိတ္သိမ္းကတည္းက စာခ်ဳပ္ အသစ္ထပ္မခ်ဳပ္ရေတာ့ဘူးလို႔ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ထိုင္း

ထိုင္းႏုိင္ငံမွာေတာ့ ငါးမွတ္ဆန္တစ္တန္ဟာ ၿပီးခဲ့တဲ့အပတ္က တစ္တန္ကို အေမရိကန္ေဒၚလာ ၄၃၇ ကေန ၄၃၈ ေဒၚလာရွိေနရာက ဒီတစ္ပတ္မွာေတာ့ အေမရိကန္ေဒၚလာ ၄၄၅ ေဒၚလာကေန ၄၅၄ ေဒၚလာအထိ ရွိလာတယ္လို႔ ဆုိပါတယ္။

 “ဒီႏွစ္ သီးႏွံဖ်က္ပိုးေၾကာင့္ အထြက္ႏႈန္းေလ်ာ့သြားခဲ့တယ္။ တခ်ိဳ႕ေနရာေတြမွာဆိုရင္ ဧၿပီလအတြင္ ခန္႔မွန္းပမာဏထက္ ထက္၀က္ေလာက္ အထြက္ႏႈန္းေလ်ာ့သြားခဲ့ပါတယ္။ လာမယ့္လကုန္ရင္ေတာ့ အေျခ အေနေကာင္းသြားမွာပါ”လို႔ ဘန္ေကာက္အေျခစိုက္ ကုန္သည္တစ္ဦးက ဆုိပါတယ္။

ထိုင္းက ဆန္တန္ပို႔သူမ်ားကေတာ့ အင္ဒိုနီးရွားႏုိင္ငံနဲ႔ စာခ်ဳပ္အသစ္ခ်ဳပ္ရႏုိင္ေခ်ရွိတယ္လို႔ ခန္႔မွန္းၿပီး ဆန္ေတြ ၀ယ္ေလာက္ေနပါတယ္။

 “အင္ဒိုနီးရွားအစိုးရနဲ႔ စာခ်ဳပ္ ခ်ဳပ္နုိင္တယ္ဆိုရင္ ဆန္တန္ခ်ိန္ ႏွစ္သိန္း၊ သံုးသိန္းေလာက္ တင္ပို႔ခြင့္ ရႏုိင္တယ္” လို႔ ကုန္သည္တစ္ေယာက္က ေျပာပါတယ္။

ဖိလစ္ပိုင္  

လာမယ့္ အပတ္ေတြမွာ ဖိလစ္ပိုင္နဲ႔လည္း ဆန္ေရာင္းခ်ေရး စာခ်ဳပ္ ခ်ဳပ္ရႏုိင္ဖြယ္ရွိတယ္လို႔ ဆိုပါ တယ္။

ဒါေပမယ့္ ေနာက္ကုန္သည္တစ္ဦးကေတာ့ ေစ်းကြက္က နည္းနည္း လႈပ္လႈပ္ခတ္ခတ္ရွိတယ္လို႔ ဆိုပါတယ္။

“ဆန္ေစ်းတက္ေနတာက စာခ်ဳပ္အသစ္ေတြ ထပ္ခ်ဳပ္ရႏုိင္တယ္လို႔ ခန္႔မွန္းထားတာေတြေၾကာင့္ ဆန္ေစ်းတက္ေနတာ ျဖစ္ပါတယ္” လို႔ ဆုိပါတယ္။

ဗီယက္နမ္

ဗီယက္နမ္ႏုိင္ငံရဲ႕ ငါးမွတ္ဆန္ေစ်းေတာ့ ေလးပတ္ေျမာက္ ဆက္တက္ေနၿပီး ၿပီးခဲ့တဲ့အပတ္က တစ္တန္ကို အေမရိကန္ေဒၚလာ ၄၃၅ေန ၄၄၀ ရွိခဲ့ရာက ဒီတစ္ပတ္မွာ အေမရိကန္ေဒၚလာ ၄၃၈ ကေန ၄၄၀ ရွိလာပါတယ္။

 “ဗီယက္နမ္က အင္ဒိုနီးရွားနဲ႔ ဖိလစ္ပိုင္တို႔နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏုိင္ဖို႔လုပ္ေနတဲ့အတြက္ ဆန္ေစ်း တက္ေနပါတယ္။ ၿပီးေတာ့ ေဆာင္းစိုက္သီးႏွံေတြကိုလည္း ရိတ္သိမ္းၿပီးသြားၿပီျဖစ္ပါတယ္” လို႔ ဟိုခ်ီမင္း အေျခစိုက္ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံရဲ႕ စားနပ္ရိကၡာ အာဏာပိုင္အဖြဲ႕ဟ ဗီယက္နမ္ႏုိင္ငံကေန ၂၅မွတ္တန္ ဆန္တန္ခ်ိန္ ႏွစ္သိန္းနဲ႔ ၁၅ မွတ္တန္ဆန္တန္ခ်ိန္ ငါးေသာင္း စုစုေပါင္း ဆန္တန္ခ်ိန္ ႏွစ္သိန္းခြဲ ၀ယ္ယူတင္သြင္းဖို႔ ဒီတစ္ပတ္အတြင္းမွာ ကမ္းလွမ္းထားပါတယ္။

ထိုကဲ့သို႔ ၀ယ္ယူေရးမွာ ဖိလစ္ပိုင္အစိုးရရဲ႕ အစိုးရခ်င္း ၀ယ္ယူေရးအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။

ဘာသာျပန္-မင္းသူေအာင္

Source: Reuters

(Unicode)

အိန္ဒိယ

၀ယ်လိုအားနည်းနေတာရယ်၊ ရူပီးစျေးအားပျော့နေတာရယ်ကြောင့် အိန္ဒိယနိုင်ငံမှာတော့ တင်ပို့ ဆန်စျေးဟာ ဒုတိယအပတ်မြောက် စျေးဆက်ကျနေပြီး ထိုင်းနိုင်ငံရဲ့ဆန်စျေးကတော့ ဆန်အဝင်နည်းတဲ့ အတွက် တက်နေပြီး ဗီယက်နမ်ဆန်စျေးဟာလည်း စာချုပ်အသစ်တွေ ထပ်ချုပ်လိုက်နိုင်တဲ့အတွက် စျေးတက် လာပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ငါးမှတ်ဆန်တစ်တန်စျေးဟာ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာနှုန်းကျသွားတဲ့အတွက် အခုအခါမှာ အမေရိကန်ဒေါ်လာ ၄၁၇ ကနေ ၄၂၁ ဒေါ်လာအထိသာ ရှိပါတော့တယ်။

ရူပီးစျေးကျနေတဲ့အတွက် ဆန်တင်ပို့နေတဲ့ ကုန်သွယ်တွေဟာလည်း စျေးချပြီး တင်ပို့နေရတယ်လို့ အန်ဒရာ ပရာဒက်ရှ်ပြည်နယ် အခြေစိုက် ကုန်သည်တစ်ဦးက ပြောပါတယ်။

ရူပီးနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာ စျေးဟာ ရ လလောက်အတွင်းမှာ ပထမဆုံး အကြိမ် အမြင့်ဆုံးတက်လာပါတယ်။

ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဆန်ဝယ်လိုအားနည်းလာတာကလည်း အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှု အပေါ် သက်ရောက်မှုရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ အတွင်းက ရေကြီးလို့ သီးနှံတွေပျက်ပြီး ဆန်တွေ အများ အပြားတင်သွင်းခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဆန်တင်သွင်းမှုထဲမှာ အိန္ဒိယဘက်ကနေ တင်သွင်းမှုဟာ သုံးပုံ နှစ်ပုံစာ ရှိပါတယ်။

ဒီနှစ် နွေစပါးအထွက်နှုန်းဟာ တန်ချိန် ၁၉ သန်းထွက်နိုင်တယ်လို့ ခန့်မှန်းထားပြီး တစ်နှစ်ကျော် ကာလအတွင်းမှာ နွေစပါး အထွက်နှုန်း ၆ ရာခိုင်နငန်းနီးပါး တက်လာနိုင်တယ်လို့ စိုက်ပျိုးရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် မိုဟာမက် မိုဆင်က ပြောပါတယ်။

တစ်ဖက်မှာ အစိုးရရဲ့ အရန်ဆန်ပမာဏမြင့်တက်လာပြီး သီးနှံတွေ စတင်ရိတ်သိမ်းကတည်းက စာချုပ် အသစ်ထပ်မချုပ်ရတော့ဘူးလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
ထိုင်း

ထိုင်းနိုင်ငံမှာတော့ ငါးမှတ်ဆန်တစ်တန်ဟာ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၃၇ ကနေ ၄၃၈ ဒေါ်လာရှိနေရာက ဒီတစ်ပတ်မှာတော့ အမေရိကန်ဒေါ်လာ ၄၄၅ ဒေါ်လာကနေ ၄၅၄ ဒေါ်လာအထိ ရှိလာတယ်လို့ ဆိုပါတယ်။

 “ဒီနှစ် သီးနှံဖျက်ပိုးကြောင့် အထွက်နှုန်းလျော့သွားခဲ့တယ်။ တချို့နေရာတွေမှာဆိုရင် ဧပြီလအတွင် ခန့်မှန်းပမာဏထက် ထက်ဝက်လောက် အထွက်နှုန်းလျော့သွားခဲ့ပါတယ်။ လာမယ့်လကုန်ရင်တော့ အခြေ အနေကောင်းသွားမှာပါ”လို့ ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

ထိုင်းက ဆန်တန်ပို့သူများကတော့ အင်ဒိုနီးရှားနိုင်ငံနဲ့ စာချုပ်အသစ်ချုပ်ရနိုင်ချေရှိတယ်လို့ ခန့်မှန်းပြီး ဆန်တွေ ၀ယ်လောက်နေပါတယ်။

 “အင်ဒိုနီးရှားအစိုးရနဲ့ စာချုပ် ချုပ်နိုင်တယ်ဆိုရင် ဆန်တန်ချိန် နှစ်သိန်း၊ သုံးသိန်းလောက် တင်ပို့ခွင့် ရနိုင်တယ်” လို့ ကုန်သည်တစ်ယောက်က ပြောပါတယ်။
ဖိလစ်ပိုင်  

လာမယ့် အပတ်တွေမှာ ဖိလစ်ပိုင်နဲ့လည်း ဆန်ရောင်းချရေး စာချုပ် ချုပ်ရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါ တယ်။

ဒါပေမယ့် နောက်ကုန်သည်တစ်ဦးကတော့ စျေးကွက်က နည်းနည်း လှုပ်လှုပ်ခတ်ခတ်ရှိတယ်လို့ ဆိုပါတယ်။

“ဆန်စျေးတက်နေတာက စာချုပ်အသစ်တွေ ထပ်ချုပ်ရနိုင်တယ်လို့ ခန့်မှန်းထားတာတွေကြောင့် ဆန်စျေးတက်နေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဗီယက်နမ်

ဗီယက်နမ်နိုင်ငံရဲ့ ငါးမှတ်ဆန်စျေးတော့ လေးပတ်မြောက် ဆက်တက်နေပြီး ပြီးခဲ့တဲ့အပတ်က တစ်တန်ကို အမေရိကန်ဒေါ်လာ ၄၃၅နေ ၄၄၀ ရှိခဲ့ရာက ဒီတစ်ပတ်မှာ အမေရိကန်ဒေါ်လာ ၄၃၈ ကနေ ၄၄၀ ရှိလာပါတယ်။

 “ဗီယက်နမ်က အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့လုပ်နေတဲ့အတွက် ဆန်စျေး တက်နေပါတယ်။ ပြီးတော့ ဆောင်းစိုက်သီးနှံတွေကိုလည်း ရိတ်သိမ်းပြီးသွားပြီဖြစ်ပါတယ်” လို့ ဟိုချီမင်း အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ဟ ဗီယက်နမ်နိုင်ငံကနေ ၂၅မှတ်တန် ဆန်တန်ချိန် နှစ်သိန်းနဲ့ ၁၅ မှတ်တန်ဆန်တန်ချိန် ငါးသောင်း စုစုပေါင်း ဆန်တန်ချိန် နှစ်သိန်းခွဲ ၀ယ်ယူတင်သွင်းဖို့ ဒီတစ်ပတ်အတွင်းမှာ ကမ်းလှမ်းထားပါတယ်။

ထိုကဲ့သို့ ၀ယ်ယူရေးမှာ ဖိလစ်ပိုင်အစိုးရရဲ့ အစိုးရချင်း ၀ယ်ယူရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ဘာသာပြန်-မင်းသူအောင်

Source: Reuters

Leave a comment