Wednesday, November 14, 2018

ဓာတ္ပံု- jakata post

လန္ဒန္၊ ၾသဂုတ္ ၈

သိပၸံပညာရွင္ေတြဟာ အပင္ေတြ၊ တိရစာၦန္ေတြရဲ႕ မ်ိဳးဗီဇေတြကို ျပဳျပင္ၿပီးေတာ့ အက်ိဳးထူးေတြ ဖန္တီး ခဲ့ၾကတာ ႏွစ္ေပါင္းမ်ားစြာရွိေနပါၿပီ။ မၾကာေသးခင္က ထုတ္ျပန္ခဲ့တဲ့ သုေတသနတစ္ခုအရ သိပၸံပညာ ရွင္ေတြဟာ မ်ိဳးဗီဇျပဳျပင္ထားတဲ့ ဆန္ေတြက HIV ကို ထိန္းခ်ဳပ္ႏိုင္တဲ့ ပ႐ိုတိန္းေတြ ထုတ္လုပ္ႏိုင္စြမ္းရွိတာကို ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ ဒါဆိုရင္ေတာ့ HIV ေရာဂါကူးစက္မႈကို အဆံုးသတ္ေပးႏိုင္ေတာ့မယ့္ သေဘာ ရွိပါတယ္။

Newsweek သတင္းမွာ ေဖာ္ျပထားခ်က္အရ HIV ထိန္းခ်ဳပ္ႏိုင္တဲ့ ပ႐ိုတိန္းထုတ္ေပးႏိုင္တဲ့ ဆန္မ်ိဳးစိတ္ေတြကို ဖန္တီးဖို႔ ယူေက၊ အေမရိကန္နဲ႔ စပိန္ႏိုင္ငံက သုေတသနပညာရွင္ေတြ ပူးေပါင္းခဲ့ၾကပါတယ္။

သုေတသနျပဳလုပ္ရာမွာ သံုးတဲ့ နည္းလမ္းအေၾကာင္းနဲ႔ HIV ကူးဆက္မႈ ကာကြယ္ရာမွာ ဘယ္လိုအသံုးျပဳႏိုင္ သလဲဆိုတာေတြ ေဖာ္ျပထားတဲ့ သုေတသနစာတမ္းကို National Academy of Sciences က ထုတ္ျပန္ ထားပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕ စာတမ္းက ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ HIV တိုက္ဖ်က္ေရး ေဆးဝါးေတြအတြည္း နည္းလမ္းတစ္ခု ေပးလိုက္ပါတယ္” လို႔ စာတမ္းမွာ ေဖာ္ျပထားပါတယ္။

HIV ကူးစက္မႈျဖစ္ရာမွာ ေရာဂါပိုးဟာ လူသားရဲ႕ ကလာပ္စည္းအၾကား အျပန္အလွန္ တုန္႔ျပန္ၿပီးေတာ့ ျဖစ္တာ ပါ။ ဒီမ်ိဳးဗီဇျပဳျပင္ထားတဲ့ ဆန္ကေတာ့ ပဋိဇီ၀ပစၥည္းတစ္ခုနဲ႔ သၾကားဓာတ္ပါတဲ့ ပ႐ိုတိန္းႏွစ္ခု ထုတ္ေပးၿပီး အဲ့ ဒီဓာတ္ေတြကေရာဂါပိုးနဲ႔ ပူးေပါင္းသြားၿပီးေတာ့ လူသားဆဲလ္ေတြနဲ႔ ထပ္ၿပီးတုန္႔ျပန္မႈ မရွိေတာ့ေအာင္ တားဆီး ေပးပါတယ္။

စပါးေတြ ရင့္မွည့္လာတာနဲ႔ အမႈန္႔ႀကိတ္ၿပီးေတာ့ ခရင္မ္ပံုစံလုပ္ၿပီး အပူဒဏ္ခံအျဖစ္ အေရျပားကို လိမ္းလို႔ ရ ပါတယ္။ ဒီလိုျပဳလုပ္ျခင္းျဖင့္ ျဒပ္ေပါင္းေတြ ခႏၶာကိုယ္ထဲ ၀င္လာေစႏိုင္ပါတယ္။

ဒါ့အျပင္ ဆန္ေတြဟာ HIV ကာကြယ္ေပးတဲ့ ေဆးဝါးေတြ ထုတ္လုပ္ရာမွာ အလြယ္တကူရႏိုင္တဲ့ ပစၥည္းေတြ လည္းျဖစ္ပါတယ္။ ထုတ္ရလြယ္ကူတဲ့အတြက္ ဘယ္သူမဆိုး ေဆးကိုလြယ္လြယ္နဲ႔ ၀ယ္လို႔ရႏိုင္မွာျဖစ္ ပါတယ္။

“ အပင္ကထုတ္တဲ့ ေဆးဝါးေတြက အလြယ္တကူနဲ႔ ေစ်းသက္သက္သာ ထုတ္လုပ္ႏိုင္ပါတယ္။ သတ္မွတ္တဲ့ ပ မာဏရေအာင္ ပိုၿပီးစိုက္ဖို႔ပဲ လိုပါတယ္။ မိုက္ခ႐ိုဘိုင္ဆိုက္ထုတ္ေပးတဲ့ ပထမဆံုးအပင္ကို ဖန္တီးၿပီးတဲ့ေနာက္ မွာ ကုန္က်စရိတ္က နည္းသြားပါတယ္။ အပင္တစ္ပင္က ေမာ္လီက်ဴးသံုးခု ထုတ္ေပးႏိုင္တဲ့အတြက္ ကုန္က် စရိတ္က ပိုၿပီးေတာ့ေတာင္ နည္းပါတယ္” လို႔ သုေတသနအဖြဲ႕ ေခါင္းေဆာင္ ေပါ ခရစၥတူးက ေျပာပါတယ္။

HIV ေရာဂါပိုး ကူးစက္မႈကို ေလွ်ာ့ခ်ရာ၊ ကုသရာမွာမ်ားစြာ တိုးတက္မႈရွိလာေပမယ့္ အစြမ္းထက္တဲ့ HIV ကာ ကြယ္ေဆးေတာ့ မထုတ္လုပ္ႏိုင္ေသးပါဘူး။

မင္းသူေအာင္(AMIA)

Source: The Jakarta Post

 

Unicode

 

လန်ဒန်၊ သြဂုတ် ၈


သိပ္ပံပညာရှင်တွေဟာ အပင်တွေ၊ တိရစ္ဆာန်တွေရဲ့ မျိုးဗီဇတွေကို ပြုပြင်ပြီးတော့ အကျိုးထူးတွေ ဖန်တီး ခဲ့ကြတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ သုတေသနတစ်ခုအရ သိပ္ပံပညာ ရှင်တွေဟာ မျိုးဗီဇပြုပြင်ထားတဲ့ ဆန်တွေက HIV ကို ထိန်းချုပ်နိုင်တဲ့ ပရိုတိန်းတွေ ထုတ်လုပ်နိုင်စွမ်းရှိတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ HIV ရောဂါကူးစက်မှုကို အဆုံးသတ်ပေးနိုင်တော့မယ့် သဘော ရှိပါတယ်။


Newsweek သတင်းမှာ ဖော်ပြထားချက်အရ HIV ထိန်းချုပ်နိုင်တဲ့ ပရိုတိန်းထုတ်ပေးနိုင်တဲ့ ဆန်မျိုးစိတ်တွေကို ဖန်တီးဖို့ ယူကေ၊ အမေရိကန်နဲ့ စပိန်နိုင်ငံက သုတေသနပညာရှင်တွေ ပူးပေါင်းခဲ့ကြပါတယ်။


သုတေသနပြုလုပ်ရာမှာ သုံးတဲ့ နည်းလမ်းအကြောင်းနဲ့ HIV ကူးဆက်မှု ကာကွယ်ရာမှာ ဘယ်လိုအသုံးပြုနိုင် သလဲဆိုတာတွေ ဖော်ပြထားတဲ့ သုတေသနစာတမ်းကို National Academy of Sciences က ထုတ်ပြန် ထားပါတယ်။


“ကျွန်တော်တို့ရဲ့ စာတမ်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV တိုက်ဖျက်ရေး ဆေးဝါးတွေအတွည်း နည်းလမ်းတစ်ခု ပေးလိုက်ပါတယ်” လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။


HIV ကူးစက်မှုဖြစ်ရာမှာ ရောဂါပိုးဟာ လူသားရဲ့ ကလာပ်စည်းအကြား အပြန်အလှန် တုန့်ပြန်ပြီးတော့ ဖြစ်တာ ပါ။ ဒီမျိုးဗီဇပြုပြင်ထားတဲ့ ဆန်ကတော့ ပဋိဇီဝပစ္စည်းတစ်ခုနဲ့ သကြားဓာတ်ပါတဲ့ ပရိုတိန်းနှစ်ခု ထုတ်ပေးပြီး အဲ့ ဒီဓာတ်တွေကရောဂါပိုးနဲ့ ပူးပေါင်းသွားပြီးတော့ လူသားဆဲလ်တွေနဲ့ ထပ်ပြီးတုန့်ပြန်မှု မရှိတော့အောင် တားဆီး ပေးပါတယ်။


စပါးတွေ ရင့်မှည့်လာတာနဲ့ အမှုန့်ကြိတ်ပြီးတော့ ခရင်မ်ပုံစံလုပ်ပြီး အပူဒဏ်ခံအဖြစ် အရေပြားကို လိမ်းလို့ ရ ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် ဒြပ်ပေါင်းတွေ ခန္ဓာကိုယ်ထဲ ၀င်လာစေနိုင်ပါတယ်။


ဒါ့အပြင် ဆန်တွေဟာ HIV ကာကွယ်ပေးတဲ့ ဆေးဝါးတွေ ထုတ်လုပ်ရာမှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေ လည်းဖြစ်ပါတယ်။ ထုတ်ရလွယ်ကူတဲ့အတွက် ဘယ်သူမဆိုး ဆေးကိုလွယ်လွယ်နဲ့ ၀ယ်လို့ရနိုင်မှာဖြစ် ပါတယ်။


“ အပင်ကထုတ်တဲ့ ဆေးဝါးတွေက အလွယ်တကူနဲ့ စျေးသက်သက်သာ ထုတ်လုပ်နိုင်ပါတယ်။ သတ်မှတ်တဲ့ ပ မာဏရအောင် ပိုပြီးစိုက်ဖို့ပဲ လိုပါတယ်။ မိုက်ခရိုဘိုင်ဆိုက်ထုတ်ပေးတဲ့ ပထမဆုံးအပင်ကို ဖန်တီးပြီးတဲ့နောက် မှာ ကုန်ကျစရိတ်က နည်းသွားပါတယ်။ အပင်တစ်ပင်က မော်လီကျူးသုံးခု ထုတ်ပေးနိုင်တဲ့အတွက် ကုန်ကျ စရိတ်က ပိုပြီးတော့တောင် နည်းပါတယ်” လို့ သုတေသနအဖွဲ့ ခေါင်းဆောင် ပေါ ခရစ္စတူးက ပြောပါတယ်။


HIV ရောဂါပိုး ကူးစက်မှုကို လျှော့ချရာ၊ ကုသရာမှာများစွာ တိုးတက်မှုရှိလာပေမယ့် အစွမ်းထက်တဲ့ HIV ကာ ကွယ်ဆေးတော့ မထုတ်လုပ်နိုင်သေးပါဘူး။


မင်းသူအောင်(AMIA)
Source: The Jakarta Post

 

Leave a comment