Wednesday, July 17, 2019

လက္ရွိ မ်ိဳးေကာင္းမ်ိဳးသန္႔မ်ား ထြက္ေပၚလာေစဖို႔ အစိုးရ၊ ေတာင္သူ၊ ပုဂၢလိက ပူးေပါင္းေဆာင္ရြက္မႈမ်ား ရွိသည္။ ဓာတ္ပံု- AMIA

ေအာက္တိုဘာ  ၁၉


စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘုိခရုိင္တြင္ သီးႏွံမ်ား မ်ိဳးသန္႔မ်ိဳးေစ့ ဖူလံုေရးအတြက္ အစိုးရ၊ ပုဂၢလိက ေတာင္သူ မ်ား ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း ေရႊဘုိခရုိင္စိုက္ပ်ိဳးေရးဦးစီးဌာနမွ သတင္းရရွိသည္။

မ်ိဳးေစ့ ဖူလံုေရးအတြက္ ဌာန/ မ်ဳိးေစ့ထုတ္ သမဝါယမ အသင္းမ်ား၊ မ်ိဳးေစ့ထုတ္ ကုမၸဏီမ်ား၊ မ်ိဳးေစ့ထုတ္လုပ္ သူမ်ားအသင္း SGA အသင္း၀င္ေတာင္သူမ်ားႏွင့္ အက်ိဳးေဆာင္ေတာင္သူမ်ား ပူးေပါင္းေဆာင္ရြက္ေနၿပီး မ်ဳိး သန္႔မ်ဳိးပြား မ်ဳိးေစ့အဆင့္အား ရယူကာ စီးပြားျဖစ္ မ်ဳိးသန္႔မ်ဳိးေစ့ ထုတ္ ၁,၈၇၄ ဧက၊ မ်ဳိးေကာင္းမ်ဳိးသန္႔ စုိက္ ၄၇,၄၉၂ ဧက ခန္႔အား စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိေၾကာင္း ေရႊဘုိခရုိင္စိုက္ပ်ိဳးေရး ဦးစီးဌာန၊ မ်ဳိးေစ့တာ၀န္ခံ ေဒၚ ေမႂကြယ္၀င္းက ေျပာသည္။

 “ ဆက္စပ္ ေဆာင္ရြက္ေနသူေတြအာလံုး ပူးေပါင္းၿပီးေတာ့ ေတာင္သူေတြ အရည္အေသြးမီ မ်ိဳးေကာင္းမ်ိဳး သန္႔ေတြ ရရွိႏုိင္ဖို႔နဲ႔ ေဒသတြင္း မ်ိဳးဖူလံုေရးအတြက္ ရည္ရြယ္ေဆာင္ရြက္ေနပါတယ္” ဟု ၎က ဆက္လက္ ေျပာသည္။

စစ္ကိုင္းတိုင္း ေဒသႀကီးသည္ ပဲအမ်ိဳးမ်ိဳးႏွင့္ ဆီထြက္သီးႏွံမ်ားသာမက သီးႏွံအမယ္စံု စိုက္ပ်ိဳးထုတ္လုပ္ လ်က္ ရွသကဲ့သို႔  ေဒသထြက္ကုန္ျဖစ္သည့္ ေရႊဘိုေပၚဆန္းကို တိုင္းေသႀကီးအတြင္း ယခုႏွစ္ မုိးစပါး စိုက္ဧက ၆၄၀,၀၀၀ ဧကခန္႔ စိုက္ပ်ိဳးထားရာ  ေရႊဘုိခရုိင္တြင္ ေပၚဆန္းရင္ (ေရႊဘုိေပၚဆန္း) ၃၅၉,၈၀၄ ဧကခန္႔ စိုက္ပ်ိဳး ေအာင္ျမင္လ်က္ရွိၿပီး ေျမပဲ၊ ႏွမ္း၊ ပဲတီစိမ္း၊ ပဲစဥ္းငုံ၊ ကုလားပဲႏွင့္ အျခားသီးႏွံ ဧကေပါင္း ၁၇၆,၄၁၂ ဧကခန္႔ စိုက္ပ်ိဳးထားေၾကာင္း သိရသည္။

လက္ရွိတြင္ ေရႊဘုိခရုိင္ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ၀က္လက္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ပူးေပါင္းေဆာင္ရြက္ သည့္ကုမၸဏီမ်ား၊ ေတာင္သူမ်ား ပူးေပါင္းကာ ယခု ေအာက္တိုဘာလ ၇ ရက္ေန႔က ဝက္လက္ၿမိဳ႕၊ ထံုးဘို ေက်းရြာအနီးရွိ လယ္ေျမ၌ စိုက္ပ်ိဳးထားသည့္ ေပၚဆန္းရင္စပါးမ်ိဳး RS to CS မ်ဳိးေစ့ထုတ္ စုိက္ကြင္း၏ အပင္ ျဖစ္ထြန္းခ်ိန္ (Field Inspection)အား ကြင္းဆင္းစစ္ေဆး ေဆာင္ရြက္ျခင္း၊ စံခ်ိန္စံညႊန္းႏွင့္ ကုိက္ညီေသာ မ်ဳိး သန္႔ မ်ဳိးေစ့မ်ား ရရွိေရးအတြက္ မ်ဳိးကြဲပယ္၊ ေပါင္ရွင္းရန္ႏွင့္ မ်ဳိးေကာင္းမ်ဳိးသန္႔မ်ား စဥ္ဆက္မျပတ္ ထုတ္လုပ္ ေပးႏိုင္ေရး ေဆြးေႏြးထားေၾကာင္း သိရသည္။

 

Unicode

အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် သီးနှံများ မျိုးသန့်မျိုးစေ့ ဖူလုံရေးအတွက် အစိုးရ၊ ပုဂ္ဂလိက တောင်သူ များ ပူးပေါင်းလုပ်ဆောင်နေကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

မျိုးစေ့ ဖူလုံရေးအတွက် ဌာန/ မျိုးစေ့ထုတ် သမဝါယမ အသင်းများ၊ မျိုးစေ့ထုတ် ကုမ္ပဏီများ၊ မျိုးစေ့ထုတ်လုပ် သူများအသင်း SGA အသင်းဝင်တောင်သူများနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်နေပြီး မျိုး သန့်မျိုးပွား မျိုးစေ့အဆင့်အား ရယူကာ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ် ၁,၈၇၄ ဧက၊ မျိုးကောင်းမျိုးသန့် စိုက် ၄၇,၄၉၂ ဧက ခန့်အား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ မျိုးစေ့တာဝန်ခံ ဒေါ် မေကြွယ်ဝင်းက ပြောသည်။

“ ဆက်စပ် ဆောင်ရွက်နေသူတွေအာလုံး ပူးပေါင်းပြီးတော့ တောင်သူတွေ အရည်အသွေးမီ မျိုးကောင်းမျိုး သန့်တွေ ရရှိနိုင်ဖို့နဲ့ ဒေသတွင်း မျိုးဖူလုံရေးအတွက် ရည်ရွယ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးသည် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများသာမက သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ် လျက် ရှသကဲ့သို့ ဒေသထွက်ကုန်ဖြစ်သည့် ရွှေဘိုပေါ်ဆန်းကို တိုင်းသေကြီးအတွင်း ယခုနှစ် မိုးစပါး စိုက်ဧက ၆၄၀,၀၀၀ ဧကခန့် စိုက်ပျိုးထားရာ ရွှေဘိုခရိုင်တွင် ပေါ်ဆန်းရင် (ရွှေဘိုပေါ်ဆန်း) ၃၅၉,၈၀၄ ဧကခန့် စိုက်ပျိုး အောင်မြင်လျက်ရှိပြီး မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် အခြားသီးနှံ ဧကပေါင်း ၁၇၆,၄၁၂ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

လက်ရှိတွင် ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ၀က်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပူးပေါင်းဆောင်ရွက် သည့်ကုမ္ပဏီများ၊ တောင်သူများ ပူးပေါင်းကာ ယခု အောက်တိုဘာလ ရ ရက်နေ့က ဝက်လက်မြို့၊ ထုံးဘို ကျေးရွာအနီးရှိ လယ်မြေ၌ စိုက်ပျိုးထားသည့် ပေါ်ဆန်းရင်စပါးမျိုး RS to CS မျိုးစေ့ထုတ် စိုက်ကွင်း၏ အပင် ဖြစ်ထွန်းချိန် (Field Inspection)အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသော မျိုး သန့် မျိုးစေ့များ ရရှိရေးအတွက် မျိုးကွဲပယ်၊ ပေါင်ရှင်းရန်နှင့် မျိုးကောင်းမျိုးသန့်များ စဉ်ဆက်မပြတ် ထုတ်လုပ် ပေးနိုင်ရေး ဆွေးနွေးထားကြောင်း သိရသည်။

Leave a comment