Wednesday, November 14, 2018
အဆိုပါ သင်တန်းများကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။ ဓာတ်ပုံ- Ministry of Commerce
မန္တလေး၊  နိုဝင်ဘာ ၆
လက်ရှိတွင် ကြယ်ပဲကို ပြည်ပနိုင်ငံမှ ဝယ်လိုအား များနေသည့်​အပြင်​​ဈေးနှုန်းအရလဲ ဈေးကောင်းရရှိ​နေခြင်း ကြောင့် အချို့ဒေသများမှ တောင်​သူများအနေဖြင့် ကြယ်​ပဲကို စိုက်ပျိုးလို​သော်လည်း နည်းပညာအခက်အခဲများ ရှိနေသည့်အတွက်​ ယခုကဲ့သို့ သင်​တန်းများ​ပို့ချပေးရန်​ စီစဉ်​ရခြင်းဖြစ်​​ကြောင်း ၎င်းကဆက်လက်ပြောသည်​။ 
လက်ရှိ ဈေးကွက်အတွင်း ကြယ်ပဲ တစ်ကီလိုလျှင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေပြီး မြန်မာ့ကြယ်​ပဲကို ထိုင်းနိုင်ငံနှင့်​ ကိုရီးယားနိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း သိရသည်။
Unicode
မန္တလေး၊ နိုဝင်ဘာ ၆
ပြည်တွင်း၌ ကြယ်ပဲစိုက်ဧကများ တိုးချဲ့နိုင်ရန်အတွက် ကြယ်ပဲ စိုက်ပျိုးနည်းသင်တန်းကို နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြယ်ပဲ စိုက်ပျိုးထုတ်လုပ်သူများအသင်း နာယက ဦးဖေသိန်းက ပြောသည်။
လက်ရှိတွင် ကြယ်ပဲကို ပြည်ပနိုင်ငံမှ ဝယ်လိုအား များနေသည့်အပြင် စျေးနှုန်းအရလဲ စျေးကောင်းရရှိနေခြင်း ကြောင့် အချို့ဒေသများမှ တောင်သူများအနေဖြင့် ကြယ်ပဲကို စိုက်ပျိုးလိုသော်လည်း နည်းပညာအခက်အခဲများ ရှိနေသည့်အတွက် ယခုကဲ့သို့ သင်တန်းများပို့ချပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
" ကြယ်ပဲစျေးကွက်က ယခင်ကထက် စျေးနှုန်းက ကောင်းလာတယ်။ အခုဆိုရင် မြန်မာနိုင်ငံက စျေးကွက်မှာ တင်ရောင်းတဲ့ ကြယ်ပဲအားလုံးကို ပြည်ပနိုင်ငံတွေက ထွက်သလောက် ကြယ်ပဲတွေကို အကုန်ဝယ်ယူနေပါ တယ်။ အမှာတွေလည်း ရှိတယ်။ ဒါပေမယ့် ပြည်တွင်းမှာက ကြယ်ပဲစိုက်ဧက နည်းတဲ့အတွက် စျေးကွက်လို အပ်ချက်ကို ဖြည့်စည်းနိုင်သလောက် လုံလုံလောက် လောက်မထုတ်ပေးနိုင်သေးဘူး။ ဒါ့ကြောင့် ကြယ်ပဲစိုက် ဧကများတဲ့ တိုင်းတွေမှာ စိုက်ဧကတွေ တိုးလာအောင်၊ စိုက်ချင်တဲ့ တောင်သူတွေလည်း စိုက်နည်းသိအောင် စိုက်ပျိုးနည်း နည်းပညာသင်တန်းတွေ ပေးသွားမှာ ဖြစ်ပါတယ်" ဟု ဦးဖေသိန်းက ပြောသည်။
မြန်မာ့ ကြယ်ပဲစိုက်ဧကများ တိုးတက်လာစေရန်အတွက် စိုက်ပျိုးရေး နည်းပညာအကူအညီများ ပေးနေသည့် အကူအညီပေးရေး (NGO) အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
" ကြယ်ပဲကိုတော့ ရန်ကုန်နဲ့ မန္တလေးတို့မှာ အများဆုံး စိုက်ပျိုးကြတယ်။ ဒါကြောင့် ဒီမှာ အရင်သင်တန်းပေး မှာဖြစ်တယ်။ အခြားပြည်နယ်နဲ့ တု်ိင်းတွေမှာလဲ စိုက်ပျိူးတာလေးတွေ ရှိပါတယ်။ ဒါပေမယ့် မများသေးဘူး။ ကြယ်ပဲသီးနှံက တစ်ခါ စိုက်ပျိုးပြီးတာနဲ့ နောက်နှစ်တွေမှာ အသီးခူးဆွတ် ရောင်းနေရုံပဲ" ဟု ဦးဖေသိန်းက ပြောသည်။
လက်ရှိ စျေးကွက်အတွင်း ကြယ်ပဲ တစ်ကီလိုလျှင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ ကျပ်အထိ စျေးကောင်းရရှိနေပြီး မြန်မာ့ကြယ်ပဲကို ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း သိရသည်။
Leave a comment