Wednesday, November 14, 2018

အမ်ားပိုင္ကုမၸဏီ ထူေထာင္ႏိုင္ရန္အတြက္ ယခုႏွစ္ ဒီဇင္ဘာလအတြင္း ေဆြးေႏြးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ  ၆

ျပည္​ပသို႔ ၾကက္​သြန္​နီ တင္​ပို႔ရာတြင္​ အခက္​အခဲ မရွိ​ေစရန္​အတြက္​ အမ်ားပိုင္ ​ၾကက္​သြန္​နီကုမၸဏီ ထူ​ေထာင္​ရန္​အတြက္​ ၾကက္​သြန္​စိုက္​​ ေတာင္​သူမ်ား စု​ေပါင္​းၿပီး​ေဆြး​ေႏြးရန္​ စီစဥ္​​ေန​ေၾကာင္​း ျမစ္​သားၿမိဳ႕နယ္​မွ ၾကက္​သြန္​စိုက္​​ေတာင္​သူ ဦးျမင္​့ဝင္​းက ​ေျပာသည္​။

အမ်ားပိုင္​ ၾကက္​သြန္​နီကုမၼဏီ ထူ​ေထာင္​ပါက ျပည္​ပသို႔တင္​ပို႔ရာတြင္​ အခက္​အခဲမရွိ လြယ္​ကူႏိုင္​ျခင္​း၊ ​ေစ်းက စားျခင္​းမ်ားကုိ ထိန္​းခ်ဳပ္​ႏိုင္​ျခင္​းမ်ား ျပဳလုပ္​ႏို္​င္​ဖြယ္​ရွိသည္​့အတြက္​ ယခုကဲ့သုိ႔ စီစဥ္​ရျခင္​းျဖစ္​​ေၾကာင္​း သိရ သည္​။

" အမ်ားပိုင္​​ ေထာင္​လိုက္​ရင္​ လက္​ရွိ ၾကက္​သြန္​ကုန္​သည္​​ေတြ ​ေစ်းကစားတာကုိ အနည္​းဆုံး ကာကြယ္​ႏိုင္​မယ္။ တရုတ္​ဘက္​ကို သြားတယ္​ဆိုရင္​လည္​း ​ေစ်းကာင္​း​ေကာင္​းမြန္​မြန္​ ရႏိုင္​မယ္​။ တရုတ္​ ၾကက္​သြန္​​ေတြ ဝင္​လာရင္​လည္​း အစိုးရအဖြဲ႕လူႀကီး​ေတြနဲ႔ စားပြဲဝိုင္​းမွာ ထိပ္​တိုက္​ ေဆြး​ေႏြးႏိုင္​မယ္​။ ဘာလို႔လဲဆိုရင္​ ကုိယ္​က ၾကက္​သြန္​စုိ္​က္​​ေတာင္​သူ မဟုတ္​​ေတာ့ဘူး​ေလ။ တရားဝင္​ကုမၸဏီ ျဖစ္​​ေနၿပီ​ေလ " ဟု ျမစ္​သားၿမိဳ႕နယ္​မွ ၾကက္​သြန္​စိုက္​​ေတာင္​သူ ဦးျမင္​့ဝင္​းက ​ေျပာသည္​။ 

လတ္​တ​ေလာတြင္​ နီးစပ္​ရာ ၾကက္​သြန္​စိုက္​​ ေတာင္​သူမ်ားကုိ စည္​းရုံး​ထား​ေၾကာင္​းႏွင္​့ အမ်ားစုမွာ အမ်ားပိုင္​​ကု မၸဏီ ထူေထာင္​ရန္​ စိတ္​ဝင္​စားမႈ ရွိၾကေၾကာင္​း သိရသည္​။ 

" လူ ၅၀ ​ေက်ာ္​​ေလာက္​ရရင္​ တစ္​ႏိုင္​ငံလုံးကလူ​ေတြ သိဖို႔ သတင္​းစာမွာထည္​့ၿပီး ​ေၾကာ္ညာမယ္​။ ဒါမွ လူ ပိုသိၿပီး အား​ေကာင္​းတဲ့ ကုမၸဏီတစ္​ခု ျဖစ္​လာႏိုင္​မယ္​" ဟု ဦးျမင္​့ဝင္​းက ​ေျပာသည္​။ 

လက္ရွိတြင္ အမ်ားပိုင္​ကုမၸဏီ​ ထူေထာင္​ႏိုင္​ရန္​အတြက္​​မႏၲ​ေလးတိုင္​းေဒသႀကီးမွ ၾကက္​သြန္​စိုက္​​ေတာင္​သူမ်ား ​စုေပါင္းကာ လာမည့္ ဒီဇင္ဘာလအတြင္​း ေဆြးေႏြးမႈမ်ား လုပ္​​ေဆာင္ႏိုင္ရန္ စီစဥ္ေနေၾကာင္​း သိရသည္​။ 

 

Unicode

နိုဝင်ဘာ ၆


ပြည်ပသို့ ကြက်သွန်နီ တင်ပို့ရာတွင် အခက်အခဲ မရှိစေရန်အတွက် အများပိုင် ကြက်သွန်နီကုမ္ပဏီ ထူထောင်ရန်အတွက် ကြက်သွန်စိုက် တောင်သူများ စုပေါင်းပြီးဆွေးနွေးရန် စီစဉ်နေကြောင်း မြစ်သားမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးမြင့်ဝင်းက ပြောသည်။


အများပိုင် ကြက်သွန်နီကုမ္မဏီ ထူထောင်ပါက ပြည်ပသို့တင်ပို့ရာတွင် အခက်အခဲမရှိ လွယ်ကူနိုင်ခြင်း၊ စျေးက စားခြင်းများကို ထိန်းချုပ်နိုင်ခြင်းများ ပြုလုပ်နို်င်ဖွယ်ရှိသည့်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။


" အများပိုင် ထောင်လိုက်ရင် လက်ရှိ ကြက်သွန်ကုန်သည်တွေ စျေးကစားတာကို အနည်းဆုံး ကာကွယ်နိုင်မယ်။ တရုတ်ဘက်ကို သွားတယ်ဆိုရင်လည်း စျေးကာင်းကောင်းမွန်မွန် ရနိုင်မယ်။ တရုတ် ကြက်သွန်တွေ ဝင်လာရင်လည်း အစိုးရအဖွဲ့လူကြီးတွေနဲ့ စားပွဲဝိုင်းမှာ ထိပ်တိုက် ဆွေးနွေးနိုင်မယ်။ ဘာလို့လဲဆိုရင် ကိုယ်က ကြက်သွန်စို်က်တောင်သူ မဟုတ်တော့ဘူးလေ။ တရားဝင်ကုမ္ပဏီ ဖြစ်နေပြီလေ " ဟု မြစ်သားမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးမြင့်ဝင်းက ပြောသည်။


လတ်တလောတွင် နီးစပ်ရာ ကြက်သွန်စိုက် တောင်သူများကို စည်းရုံးထားကြောင်းနှင့် အများစုမှာ အများပိုင်ကု မ္ပဏီ ထူထောင်ရန် စိတ်ဝင်စားမှု ရှိကြကြောင်း သိရသည်။


" လူ ၅၀ ကျော်လောက်ရရင် တစ်နိုင်ငံလုံးကလူတွေ သိဖို့ သတင်းစာမှာထည့်ပြီး ကြော်ညာမယ်။ ဒါမှ လူ ပိုသိပြီး အားကောင်းတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာနိုင်မယ်" ဟု ဦးမြင့်ဝင်းက ပြောသည်။


လက်ရှိတွင် အများပိုင်ကုမ္ပဏီ ထူထောင်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးမှ ကြက်သွန်စိုက်တောင်သူများ စုပေါင်းကာ လာမည့် ဒီဇင်ဘာလအတွင်း ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

Leave a comment