Wednesday, November 14, 2018

၂၀၁၉ ခုႏွစ္တြင္ ျပည္ပသို႔ ေရာ္ဘာ တန္ခ်ိန္ ၂ သန္းေက်ာ္အထိ တင္ပို႔ႏိုင္ရန္ ေမ်ာ္မွန္းထားသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ   ၆

ျမန္မာ့ေရာ္ဘာကို ပင္လယ္ေရေၾကာင္းမွ ပိုမိုတင္ပို႔ေနေသာ္လည္း နယ္စပ္တင္ပို႔မႈ က်ဆင္းေနေၾကာင္း စီးပြား ေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနမွ သတင္းရရွိသည္။

လက္ရွိ ပင္လယ္ေရေၾကာင္းမွ ပါကစၥတန္၊ ဂ်ပန္၊ ကိုရီးယားႏိုင္ငံမ်ားသို႔ ပိုမိုတင္ပို႔ေနၿပီး နယ္စပ္လမ္းေၾကာင္း မ်ားျဖစ္သည့္ ထိုင္းႏိုင္ငံႏွင့္ တရုတ္ႏိုင္ငံမ်ားသို႔ တင္ပို႔မႈ က်ဆင္းေနေၾကာင္း သိရသည္။

ျမန္မာ- ထိုင္း နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွ  တစ္ပတ္လွ်င္ တန္ ၁,၀၀၀ ခန္႔၊ တရုတ္နယ္စပ္ ကုန္သြယ္ေရး စခန္းမ်ားမွာ တစ္ပတ္လွ်င္ တန္ ၆၀၀ ေက်ာ္ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

“ ေရာ္ဘာ အမ်ိဳးအစားအလိုက္ ေစ်းေတာ့ ကြာတယ္။ RSS - ၃ ဆိုရင္ေတာ့ တစ္တန္ကို ယြမ္ ၇,၀၀၀ ကေန ၈,၀၀၀ ၾကားေတာ့ ရရွိတယ္။ ေစ်းကြက္ကေတာ့ တစ္ပတ္နဲ႔ တစ္ပတ္ေတာ့ မတူဘူး။ မ်ားလာလိုက္၊ နည္းလာ လိုက္နဲ႔ ျဖစ္ေနတာ” ဟု မြန္ျပည္နယ္ရွိ ေရာ္ဘာကုန္သည္ ကိုစိုင္းၿဖိဳးေ၀က ေျပာသည္။

လက္ရွိ တစ္ႏိုင္ငံလံုးတြင္ ေရာ္ဘာစိုက္ဧက ၁၆ သိန္း ၀န္းက်င္ထိ ရွိေနၿပီး အေစးျခစ္ရမည့္ အပင္ေပါင္း ခုႏွစ္ သန္းခန္႔ရွိရာ  သက္တမ္းရင့္ အေစးမထြက္ေတာ့သည့္ အပင္ေပါင္း ငါးေသာင္း၀န္းက်င္ ထိရွိေနေၾကာင္း ေရာ္ ဘာ စိုက္ပ်ိဳးသူမ်ားထံမွ သိရသည္။

“ နယ္စပ္ကေန တရုတ္ပို႔တာ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ရွိတာ။ အခုလက္ရွိ တရုတ္ကအ၀ယ္က မလာေတာ့ တင္ပို႔ တာ က်တာေပါ့။ ၂၀၁၉ မွာ ျပည္ပကို ေရာ္ဘာ တန္ခ်ိန္ ၂ သန္းေက်ာ္အထိ တင္ပို႔လာႏုိင္ဖို႔ ေမ်ာ္မွန္း ထား တာလည္း ရွိတယ္” ဟု မူဆယ္ရွိ ေရာ္ဘာကုန္သည္ ဦးစိုင္းခိုင္က ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ေရာ္ဘာကို ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသမ်ားအနက္ မြန္ျပည္နယ္ႏွင့္ အမ်ားဆံုး စိုက္ပ်ဳိးသကဲ့ သို႔ ပဲခူးတိုင္း ၊ ရန္ကုန္တိုင္းႏွင့္ တနသၤာရီတိုင္း ေဒသႀကီးတို႔တြင္ စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။

 

Unicode

နိုဝင်ဘာ ၆


မြန်မာ့ရော်ဘာကို ပင်လယ်ရေကြောင်းမှ ပိုမိုတင်ပို့နေသော်လည်း နယ်စပ်တင်ပို့မှု ကျဆင်းနေကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။


လက်ရှိ ပင်လယ်ရေကြောင်းမှ ပါကစ္စတန်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများသို့ ပိုမိုတင်ပို့နေပြီး နယ်စပ်လမ်းကြောင်း များဖြစ်သည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့မှု ကျဆင်းနေကြောင်း သိရသည်။


မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ပတ်လျှင် တန် ၁,၀၀၀ ခန့်၊ တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ တစ်ပတ်လျှင် တန် ၆၀၀ ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။


“ ရော်ဘာ အမျိုးအစားအလိုက် စျေးတော့ ကွာတယ်။ RSS - ၃ ဆိုရင်တော့ တစ်တန်ကို ယွမ် ရ,၀၀၀ ကနေ ၈,၀၀၀ ကြားတော့ ရရှိတယ်။ စျေးကွက်ကတော့ တစ်ပတ်နဲ့ တစ်ပတ်တော့ မတူဘူး။ များလာလိုက်၊ နည်းလာ လိုက်နဲ့ ဖြစ်နေတာ” ဟု မွန်ပြည်နယ်ရှိ ရော်ဘာကုန်သည် ကိုစိုင်းဖြိုးဝေက ပြောသည်။


လက်ရှိ တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁၆ သိန်း ၀န်းကျင်ထိ ရှိနေပြီး အစေးခြစ်ရမည့် အပင်ပေါင်း ခုနှစ် သန်းခန့်ရှိရာ သက်တမ်းရင့် အစေးမထွက်တော့သည့် အပင်ပေါင်း ငါးသောင်းဝန်းကျင် ထိရှိနေကြောင်း ရော် ဘာ စိုက်ပျိုးသူများထံမှ သိရသည်။


“ နယ်စပ်ကနေ တရုတ်ပို့တာ ၉၀ ရာခိုင်နှုန်းကျော် ရှိတာ။ အခုလက်ရှိ တရုတ်ကအဝယ်က မလာတော့ တင်ပို့ တာ ကျတာပေါ့။ ၂၀၁၉ မှာ ပြည်ပကို ရော်ဘာ တန်ချိန် ၂ သန်းကျော်အထိ တင်ပို့လာနိုင်ဖို့ မျော်မှန်း ထား တာလည်း ရှိတယ်” ဟု မူဆယ်ရှိ ရော်ဘာကုန်သည် ဦးစိုင်းခိုင်က ပြောသည်။


မြန်မာနိုင်ငံတွင် ရော်ဘာကို မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် အများဆုံး စိုက်ပျိုးသကဲ့ သို့ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။

 

 

Leave a comment