Wednesday, November 14, 2018
တရုတ်နိုင်ငံ၏ လိုအပ်ချက် မြင့်မားသည့် သီးနှံများကိုသာ တင်သွင်းခွင့် ပြုနေခြင်းဖြစ်သည်။ ဓာတ်ပုံ- ၀တ်ရည်မွန်(AMIA)
နိုဝင်ဘာ   ၇
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တင်ပို့နေသည့် ဆန်၊ သကြား စသည့်လယ်ယာထွက် ကုန်များအား တရုတ်နိုင်ငံမှ  ၀ယ်ယူမှု ရပ်နားထားသော်လည်း ပြောင်းသီးနှံအား ကိုတာစနစ်ဖြင့် ၀ယ်ယူပေး နေကြောင်း ကုန်သည်များထံမှ သတင်းရရှိသည်။
အဆိုပါ ကိုတာစနစ်မှာ တရုတ်နိုင်ငံ၏ တရားဝင် ခွင့်ပြုချက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ လိုအပ်ချက်ပမာဏ များပြား သည်ကို အခြားနိုင်ငံများ သိရှိမည်ကို စိုးရိမ်ခြင်း၊ ပြည်တွင်းထုတ်လုပ်မှုများ လျော့နည်းသွားနိုင်ခြင်းနှင့် ဈေး နှုန်းမြင့်တက် လာနိုင်ခြင်းတို့ကြောင့် ကိုတာ အရေအတွက်အား တန်ချိန် ၂၆,၀၀၀ သာ ခွင့်ပြုထားခြင်းဖြစ် သည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းများကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ မလေးရှားနှင့် ဟောင် ကောင် ဈေးကွက်စသည့် နိုင်ငံပေါင်း ၉ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု၏ ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင် ပို့သည်။
နယ်စပ်မှ ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ပြောင်းအများဆုံးဝယ်ယူသည့် တရုတ်နိုင်ငံအနေဖြင့် ယခင်က ပြောင်း မှတစ်ဆင့် မက်သနော ထုတ်လုပ်ရန် စီစဉ်ထားရှိသော်လည်း ကမ္ဘာ့ရေနံဈေးကွက် ကျဆင်းလာသည့်အတွက် မက်သနော ထုတ်လုပ်မှု လျော့နည်းသွားသဖြင့် ယူနန်ပြည်နယ်၏ ပြောင်းဝယ်လိုအား ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Unicode
နိုဝင်ဘာ ၇
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တင်ပို့နေသည့် ဆန်၊ သကြား စသည့်လယ်ယာထွက် ကုန်များအား တရုတ်နိုင်ငံမှ ၀ယ်ယူမှု ရပ်နားထားသေ်ာလည်း ပြောင်းသီးနှံအား ကိုတာစနစ်ဖြင့် ၀ယ်ယူပေး နေကြောင်း ကုန်သည်များထံမှ သတင်းရရှိသည်။
“ ကိုတာစနစ်နဲ့တော့ ပြောင်းတစ်တန်ကို ကျပ် သုံးသိန်းကိုးသောင်း ကနေ လေးသိန်းနှစ်သောင်းအထိ ရတယ်။ ပို့တာတော့ နည်းတယ်။ တရုတ် လုံခြုံရေးအရ ပိတ်ထားတဲ့ အချိန်မှာတော့ ကိုတာနဲ့ ပို့နိုင်တော့ နည်းနည်း တော့ အခက်အခဲကို ကျော်လွှားနိုင်တာပေါ့” ဟု အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုနှင့် ပတ်သက်၍ ကိုတာစနစ်ဖြင့် သတ်မှတ်ထားရာ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အတွက် တန်ချိန် ၁၆,၀၀၀ ခန်နှင့် ချင်းရွှေဟော် ကုန် သွယ်ရေး စခန်းအတွက် တန်ချိန် ၁၀,၀၀၀ ခန့် တင်သွင်းခွင့် ပြုထားကြောင်း သိရသည်။
အဆိုပါ ကိုတာစနစ်မှာ တရုတ်နိုင်ငံ၏ တရားဝင် ခွင့်ပြုချက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ လိုအပ်ချက်ပမာဏ များပြား သည်ကို အခြားနိုင်ငံများ သိရှိမည်ကို စိုးရိမ်ခြင်း၊ ပြည်တွင်းထုတ်လုပ်မှုများ လျော့နည်းသွားနိုင်ခြင်းနှင့် စျေး နှုန်းမြင့်တက် လာနိုင်ခြင်းတို့ကြောင့် ကိုတာ အရေအတွက်အား တန်ချိန် ၂၆,၀၀၀ သာ ခွင့်ပြုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ပြောင်းများကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ မလေးရှားနှင့် ဟောင် ကောင် စျေးကွက်စသည့် နိုင်ငံပေါင်း ၉ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှု၏ ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့သည်။
တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းဖြင့် ရှမ်းပြည်မြောက်ပိုင်းဒေသ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီ ပေါ၊ ကျောက်မဲ၊ ပြင်ဦးလွင် စသည့်ဒေသများမှ ပြောင်းများကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်ပြည်၊ ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချလျက် ရှိသည်။
နယ်စပ်မှ ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ပြောင်းအများဆုံးဝယ်ယူသည့် တရုတ်နိုင်ငံအနေဖြင့် ယခင်က ပြောင်း မှတစ်ဆင့် မက်သနော ထုတ်လုပ်ရန် စီစဉ်ထားရှိသော်လည်း ကမ္ဘာ့ရေနံစျေးကွက် ကျဆင်းလာသည့်အတွက် မက်သနော ထုတ်လုပ်မှု လျော့နည်းသွားသဖြင့် ယူနန်ပြည်နယ်၏ ပြောင်းဝယ်လိုအား ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Leave a comment