Wednesday, November 14, 2018

ကၽြဲ၊ ႏြားအရွင္ တင္ပို႔မႈမ်ားအား ျမန္မာဘက္မွ တရား၀င္ ကုန္သြယ္မႈအျဖစ္ သတ္မွတ္ထားေသာ္လည္း တရုတ္ဘက္မွ ဖမ္းဆီးေနသည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ  ၈

ယခု ႏို၀င္ဘာလဆန္းမွ စတင္ကာ ျမန္​မာႏိုင္ငံႏွင္​့ တရုတ္​အစိုးရတို႔ ပူး​ေပါင္​းကာ တရား၀င္ကုန္​သြယ္​မႈမ်ား တိုး ျမွင့္ႏိုင္ရန္​​ေဆြး​ေႏြး​ညွိႏိႈင္းမႈမ်ား ျပဳလုပ္ေနေသာ္လည္း  မူဆည္​ ၁၀၅ မုိင္ နယ္စပ္ကုန္​သြယ္​​ေရးဇုန္တြင္​ ႏြားအေရာင္​းအဝယ္​ လုံးဝနီးပါး ရပ္​တန္​႔​သြား​ေၾကာင္​း မႏၲ​ေလးတိုင္​း​ေဒသႀကီး ကြၽဲ၊ ႏြား၊ သုိး၊ ဆိတ္​ တင္​ပို႔​ေရာင္​းခ်သူ မ်ားအသင္​း ဥကၠဌ ဦးခင္​​ေမာင္​စုိးက ​ေျပာသည္​။

" မူဆည္​မွာက ႏြားအ​ေရာင္​းအဝယ္​ လုံးဝကုိ ရပ္​တန္​႔​ေနတယ္​။ တရုတ္​ဘက္​မွာ ဆက္​တိုက္​ကုိ ဖမ္​းဆီး​ေနတာ။ ဘာလို႔လဲဆို​ေတာ့ အစိုးရအခ်င္​းခ်င္​း ပူး​ေပါင္​းၿပီး ကုန္​သြယ္​မွာ ျဖစ္​တယ္​။ အဲဒီတာ့ ​တရုတ္​ဘက္​က သူတို႔လူ​ေတြကုိ ဖမ္​း​ေနတယ္​။ ဒါ​ေၾကာင္​့ အ​ေရာင္​းအဝယ္​ ရပ္​တန္​႔​ေနရတာ။ ဒီဘက္​က တင္​ပို႔တဲ့သူ​ေတြလည္​း အခုဆို ရင္​ ျပန္​လာ​ေနၾကရၿပီ " ဟု ဦးခင္​​ေမာင္​စုိးက ​ေျပာသည္​။ 

တရုတ္​ႏိုင္ငံဘက္​သုိ႔ ကြၽဲ ၊ ႏြား ၊ သုိး ၊ ဆိတ္​ တင္​ပို႔​ေရာင္​းခ်​ေနမႈမွာ ကုန္​သည္​အခ်င္​းခ်င္​း ဆက္​သြယ္​ၿပီးအ​ေရာင္​းအဝယ္​ လုပ္​ျခင္​း (B  to B ) စနစ္​ျဖစ္​​ၿပီး အဆိုပါ ​ေရာင္​းခ်မႈမွာ ျမန္​မာႏိုင္​ငံဘက္​မွ တရားဝင္ကုန္သြယ္မႈ အျဖစ္ သတ္မွတ္ထားေသာ္​လည္​း တရုတ္​ႏိုင္​ငံဘက္​ကမူ ​တရားမ၀င္ အ​ေရာင္​းအဝယ္အျဖစ္ သတ္မွတ္ကာ ဖမ္းဆီးေနျခင္းျဖစ္ေၾကာင္​း သိရသည္​။

" အစိုးရအခ်င္​းခ်င္​း ကုန္​သြယ္​တာမ်ိဳးက​ ေစ်းကြက္​ပိုခိုင္​မာတယ္​။ ​ေစ်းႏႈန္​းလဲ ပိုရမယ္​။ ​ေစ်းႏွိမ္​လည္​း ခံရမွာမ ဟုတ္​ဘူး။ ​တရားဝင္​ အဆင္​့အတန္​းရွိရိွ တင္​ပို႔ႏိုင္​လာမယ္​။ အခုက် ကုိယ္​က တရားဝင္​လည္​း တရုတ္​ဘက္​က် ​ေမွာင္​ခိုျဖစ္​​ေန​ေတာ့ သူတို႔​ေပၚမူတည္​တယ္​ " ဟု ႏြားကုန္​သည္​့ ဦးသန္​းျမင့္​က​ ေျပာသည္​။ 

ျမန္​မာ - တရုတ္​ အစိုးရအခ်င္​းခ်င္​း ကြၽဲ၊ ႏြား ကုန္​သြယ္​မႈျပဳလုပ္​​ရန္​​ေဆြး​ေႏြး​မႈမွာ  ၿပီးခဲ့သည္​့ စက္​တင္​ဘာလ အ​ေျခအ​ေနမ်ားအရ ဒုတိယအဆင္​့ထိ ၿပီးဆုံးသြားၿပီ ျဖစ္​​သည္​။ 

"​ ေဆြး​ေႏြးမႈက ရာႏႈန္​းျပည္​့ ၿပီးစီးႏိုင္​​ေတာ့မွာပါ။ အဲဒါၿပီးရင္​​ေတာ့ ျမန္​မာကုန္​သည္​​ေတြ အ​ေျခအ​ေန​ေကာင္​းပါ ၿပီ" တိရိစၦာန္​​ေမြးျမဴ​​ေရးႏွင္​့ကုသ​ေရးဦးစီးဌာန တာဝန္​ရွိသူတစ္​ဦးက ​ေျပာသည္​။ 

လက္ရွိတြင္ တရုတ္​ကုန္​သည္​မ်ားမွ ႏြားဝယ္​ယူမႈ ရပ္​တန္​႔လိုက္​သည္​့အတြက္​ မူဆယ္​ ၁၀၅ မိုင္​ ကုန္သြယ္​​ေရး ဇုန္​တြင္​ အ​ေရာင္​းအဝယ္ ​ရပ္​တန္​႔ကာ ႏြားေကာင္ေရ အမ်ားအျပား ေသာင္တင္ေနေသာ္လည္း ျပည္​တြင္း ေစ်းကြက္​မွာမူ ယခင္ အမဲသား တစ္ပိႆာလွ်င္ ၁၀,၀၀၀ က်ပ္ ၀န္းက်င္ေစ်း ရွိရာမွ ၁၂,၀၀၀ က်ပ္အထိ ေစ်း ႏႈန္းမ်ား ျမင့္တက္လာသည္ကို ေတြ႕ရသည္​။

 

Unicode

နိုဝင်ဘာ ၈


ယခု နိုဝင်ဘာလဆန်းမှ စတင်ကာ မြန်မာနိုင်ငံနှင့် တရုတ်အစိုးရတို့ ပူးပေါင်းကာ တရားဝင်ကုန်သွယ်မှုများ တိုး မြှင့်နိုင်ရန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း မူဆည် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် နွားအ ရောင်းအဝယ် လုံးဝနီးပါး ရပ်တန့်သွားကြောင်း မန္တလေးတိုင်းဒေသကြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ် တင်ပို့ရောင်းချသူ များအသင်း ဥက္ကဌ ဦးခင်မောင်စိုးက ပြောသည်။


" မူဆည်မှာက နွားအရောင်းအဝယ် လုံးဝကို ရပ်တန့်နေတယ်။ တရုတ်ဘက်မှာ ဆက်တိုက်ကို ဖမ်းဆီးနေတာ။ ဘာလို့လဲဆိုတော့ အစိုးရအချင်းချင်း ပူးပေါင်းပြီး ကုန်သွယ်မှာ ဖြစ်တယ်။ အဲဒီတာ့ တရုတ်ဘက်က သူတို့လူတွေကို ဖမ်းနေတယ်။ ဒါကြောင့် အရောင်းအဝယ် ရပ်တန့်နေရတာ။ ဒီဘက်က တင်ပို့တဲ့သူတွေလည်း အခုဆို ရင် ပြန်လာနေကြရပြီ " ဟု ဦးခင်မောင်စိုးက ပြောသည်။


တရုတ်နိုင်ငံဘက်သို့ ကျွဲ ၊ နွား ၊ သိုး ၊ ဆိတ် တင်ပို့ရောင်းချနေမှုမှာ ကုန်သည်အချင်းချင်း ဆက်သွယ်ပြီးအရောင်းအဝယ် လုပ်ခြင်း (B to B ) စနစ်ဖြစ်ပြီး အဆိုပါ ရောင်းချမှုမှာ မြန်မာနိုင်ငံဘက်မှ တရားဝင်ကုန်သွယ်မှု အဖြစ် သတ်မှတ်ထားသော်လည်း တရုတ်နိုင်ငံဘက်ကမူ တရားမဝင် အရောင်းအ ဝယ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။


" အစိုးရအချင်းချင်း ကုန်သွယ်တာမျိုးက စျေးကွက်ပိုခိုင်မာတယ်။ စျေးနှုန်းလဲ ပိုရမယ်။ စျေးနှိမ်လည်း ခံရမှာမ ဟုတ်ဘူး။ တရားဝင် အဆင့်အတန်းရှိရှိ တင်ပို့နိုင်လာမယ်။ အခုကျ ကိုယ်က တရားဝင်လည်း တရုတ်ဘက်ကျ မှောင်ခိုဖြစ်နေတော့ သူတို့ပေါ်မူတည်တယ် " ဟု နွားကုန်သည့် ဦးသန်းမြင့်က ပြောသည်။


မြန်မာ - တရုတ် အစိုးရအချင်းချင်း ကျွဲ၊ နွား ကုန်သွယ်မှုပြုလုပ်ရန် ဆွေးနွေးမှုမှာ ပြီးခဲ့သည့် စက်တင်ဘာလ အခြေအနေများအရ ဒုတိယအဆင့်ထိ ပြီးဆုံးသွားပြီ ဖြစ်သည်။


" ဆွေးနွေးမှုက ရာနှုန်းပြည့် ပြီးစီးနိုင်တော့မှာပါ။ အဲဒါပြီးရင်တော့ မြန်မာကုန်သည်တွေ အခြေအနေကောင်းပါ ပြီ" တိရိစ္ဆာန်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။


လက်ရှိတွင် တရုတ်ကုန်သည်များမှ နွားဝယ်ယူမှု ရပ်တန့်လိုက်သည့်အတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် အရောင်းအဝယ် ရပ်တန့်ကာ နွားကောင်ရေ အများအပြား သောင်တင်နေသော်လည်း ပြည်တွင်း စျေးကွက်မှာမူ ယခင် အမဲသား တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ် ၀န်းကျင်စျေး ရှိရာမှ ၁၂,၀၀၀ ကျပ်အထိ စျေး နှုန်းများ မြင့်တက်လာသည်ကို တွေ့ရသည်။

 

Leave a comment