Wednesday, November 14, 2018
အိန္ဒိယတွင် ရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေးနေခြင်းကြောင့် ပဲအထွက်နှုန်း လျော့ကျနေသည်။ ဓာတ်ပုံ- AMIA
နိုဝင်ဘာ  ၈
မန္တလေး ကုန်စည်ဒိုင် ဈေးကွက်၌ အိန္ဒိယ၏ ဝယ်လိုအားကြောင့် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ငွေကျပ် တစ်သိန်း နှုန်းထားအထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ရှိ ပဲ၊ နှမ်း ကုန်သည်များထံမှ သိရ သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ကျပ် ၃၇,၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး သြဂုတ်လမှ စတင်၍ မတ်ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာကာ ယခုနိုဝင်ဘာလတွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ငွေကျပ် တစ်သိန်း ခန့်အထိ မြင့်တက်လာခဲ့ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာက ထိန်တော်အသင်း မန္တလေးကုန်စည်ဒိုင်မှ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိ ပြည်တွင်း၌ မတ်ပဲတန်ချိန်များစွာ ကျန်ရှိနေသေးသော်လည်း အိန္ဒိယ၏ ဝယ်လိုအား ကောင်းမွန်မှု ကြောင့် ပြည်တွင်းရှိ သိုလှောင်ထားသည့် မတ်ပဲ ပမာဏကို လျော့ကျစေပြီး လာမည့်နှစ် မတ်ပဲဈေးကွက်အ တွက် အလားအလာကောင်း တစ်ခုအား ဖြစ်ပေါ်စေမည်ဟု ပဲကုန်သည်များက ဆိုသည်။
ယမန်နှစ် သြဂုတ်လဆန်းပိုင်းမှ စတင်၍ အိန္ဒိယက ဝယ်ယူမှု ရပ်နားခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း နိုဝင် ဘာလ ၆ ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ငွေကျပ် တစ်သိန်း ဈေးအထိ ရောက်ရှိခဲ့သော ဈေးနှုန်း သည် အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိ ဈေးကွက်အတွင်း မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် နိုဝင်ဘာလ ၂ ရက်၌ ငွေကျပ် ၈၂,၀၀၀ ကျပ် သာရှိခဲ့သော်လည်း နိုဝင်ဘာလ ၆ ရက်တွင် ငွေကျပ် တစ်သိန်း ဈေးသို့ရောက်ရှိခဲ့သောကြောင့် ၄ ရက်အတွင်း ငွေကျပ် ၂၈,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေး ကုန်စည်ဒိုင်၏ ပဲဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
Unicode
နိုဝင်ဘာ ၈
မန္တလေး ကုန်စည်ဒိုင် စျေးကွက်၌ အိန္ဒိယ၏ ဝယ်လိုအားကြောင့် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ငွေကျပ် တစ်သိန်း နှုန်းထားအထိ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း မန္တလေးမြို့ရှိ ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ကျပ် ၃၇,၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး သြဂုတ်လမှ စတင်၍ မတ်ပဲစျေးနှုန်းများ ပြန်လည်မြင့်တက်လာကာ ယခုနိုဝင်ဘာလတွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ငွေကျပ် တစ်သိန်း ခန့်အထိ မြင့်တက်လာခဲ့ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာက ထိန်တော်အသင်း မန္တလေးကုန်စည်ဒိုင်မှ စျေးနှုန်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိ အိန္ဒိယတွင်လည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ခြင်းကြောင့် အိန္ဒိယ ကုန်သည်များအနေဖြင့် သတ်မှတ်ထားသော မတ်ပဲ ပမာဏ တန်ချိန်ထက် ပိုမိုဝယ်ယူလာပြီး ဝယ်လိုအား မြင့် တက်လာခြင်းကြောင့်ဖြစ်ကြောင်း စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။
“ အိန္ဒိယ ဝယ်လိုအားက ကောင်းလာတယ်။ ဝယ်လိုအား မြင့်တက်လာတာနဲ့ အတူ စျေးလိုက်လာတယ်။ ပို့ကုန်သမားတွေ အဝယ်များတော့ ပဲစျေးက သိသိသာသာ တက်လာတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ပြည်တွင်း၌ မတ်ပဲတန်ချိန်များစွာ ကျန်ရှိနေသေးသော်လည်း အိန္ဒိယ၏ ဝယ်လိုအား ကောင်းမွန်မှု ကြောင့် ပြည်တွင်းရှိ သိုလှောင်ထားသည့် မတ်ပဲ ပမာဏကို လျော့ကျစေပြီး လာမည့်နှစ် မတ်ပဲစျေးကွက်အ တွက် အလားအလာကောင်း တစ်ခုအား ဖြစ်ပေါ်စေမည်ဟု ပဲကုန်သည်များက ဆိုသည်။
ယမန်နှစ် သြဂုတ်လဆန်းပိုင်းမှ စတင်၍ အိန္ဒိယက ဝယ်ယူမှု ရပ်နားခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း နိုဝင် ဘာလ ၆ ရက်တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျင် ငွေကျပ် တစ်သိန်း စျေးအထိ ရောက်ရှိခဲ့သော စျေးနှုန်း သည် အမြင့်ဆုံးစျေးနှုန်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။
လက်ရှိ စျေးကွက်အတွင်း မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် နိုဝင်ဘာလ ၂ ရက်၌ ငွေကျပ် ၈၂,၀၀၀ ကျပ် သာရှိခဲ့သော်လည်း နိုဝင်ဘာလ ၆ ရက်တွင် ငွေကျပ် တစ်သိန်း စျေးသို့ရောက်ရှိခဲ့သောကြောင့် ၄ ရက်အတွင်း ငွေကျပ် ၂၈,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း မန္တလေး ကုန်စည်ဒိုင်၏ ပဲစျေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
Leave a comment