Wednesday, November 14, 2018

မ်ိဳးေကာင္းမ်ိဳးသန္႔မ်ား ရရွိေရးအတြက္ အစိုးရ၊ ေတာင္သူႏွင့္ ကုန္သည္မ်ား ပူးေပါင္းလုပ္ေဆာင္ေနျခင္း ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

ႏို၀င္ဘာ   ၈

မႏၲ​ေလးတိုင္းေဒသႀကီးႏွင္​့ စစ္​ကိုင္​းတိုင္​းေဒသႀကီးအတြင္​းရွိ ေတာင္သူမ်ား မ်ဳိးေကာင္း၊ မ်ဳိးသန္႔ အသံုးျပဳ ႏိုင္ေစရန္​အတြက္​ ျမန္မာႏိုင္င ံမ်ဳိးေစ့က႑ ဘက္စံုဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္း WHH(ISSD Myanmar ) တို႔ ပူးေပါင္းကာ စပါးမ်ဳိးသန္႔ တန္ခ်ိန္ ၂၁၀၀ ေက်ာ္ စိုက္ပ်ဳိးထုတ္လုပ္သြားမည့္ စီမံကိန္​းမွာ ၃၀ ရာခိုင္​ႏႈန္​း​ေက်ာ္​ၿပီးစီးသြားျဖစ္ေၾကာင္း ၎ စီမံကိန္းတာ၀န္ခံ ေဒၚသူဇာခင္က ေျပာသည္။

ျမန္​မာႏိုင္​ငံအတြင္​း မ်ဳိးေစ့က႑ ဘက္စံုဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းကို စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ျမင္းမူ၊ ေခ်ာင္းဦး၊ မံုရြာၿမိဳ႕နယ္မ်ားႏွင့္ မႏၱေလးတိုင္းေဒသႀကီးအတြင္းရွိ မတၱရာ၊ ပုသိမ္ႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္မ်ား ရွိ ေတာင္သူ ၁၈၀ ဦး၊ မ်ဳိးေစ့ထုတ္ကုမၸဏီ ေျခာက္ခုျဖင့္ ၂၀၁၇ မွ ၂၀၂၀ ခုႏွစ္​အၿပီး​ ေဆာင္​႐ြက္​မည့္ စီမံကိန္း ကို ေလးႏွစ္အၾကာ အေကာင္အထည္ ေဖာ္ေဆာင္ရြက္သြားမည္ ျဖစ္​သည္​။ 

အဆုိပါ စီမံကိန္းကာလအတြင္း စပါး၊ ကုလားပဲ၊ ပဲတီစိမ္း၊ မတ္ပဲ၊ ပဲစင္းငံု၊ ေျမပဲ၊ ႏွမ္းႏွင့္ ေနၾကာမ်ဳိးေစ့ စုစု ေပါင္း မက္ထရစ္တန္ခ်ိန္ ၃၃၇၄ တန္ ထုတ္လုပ္သြားမည္ ျဖစ္သည္။ 

" ဒီစီမံကိန္းက သီးႏွံ ၈ မ်ဳိး၊ မက္ထရစ္ တန္ခ်ိန္ ၃,၇၀၀ ေက်ာ္ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာ ၿမိဳ႕နယ္ သံုး ၿမိဳ႕နယ္ကေန စပါးမ်ဳိးတန္ ၂,၁၀၀ ေက်ာ္ကို မ်ဳိးစိုက္ေတာင္သူေတြနဲ႔ ပူးေပါင္းထုတ္လုပ္သြားမယ္။ စီမံကိန္းကေန  လိုအပ္တဲ့ မ်ဳိးနဲ႔ သံုးစြဲရမယ့္ သြင္းအားစုေတြ၊ နည္းပညာေတြကို ေထာက္ပံ့ေပးမွာပါ။ ေငြေၾကး လုိအပ္ခ်က္ေတြကို အေသးစားေခ်းေငြ အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ေပးဖို႔ စီစဥ္ေနပါတယ္။ စီမံကိန္​းက အခုဆို ၃၀ ရာခိုင္​ႏႈန္​း​ေက်ာ္​ ၿပီးစီး​ေနၿပီ" ဟု ၎က ေျပာသည္။ 

ေတာင္သူမ်ား မ်ိဳးကာင္း၊ မ်ဳိးသန္႔မ်ား ေရြးခ်ယ္စိုက္ပ်ဳိးျခင္းေၾကာင့္ စိုက္ပ်ဳိးထုတ္လုပ္မႈ ျမင့္မားလာကာ ၎တို႔၏ လူမႈဘ၀ ပိုမိုအဆင္ေျပ ျမင့္မားလာေရးသည္ စီမံကိန္း၏ အဓိကရည္မွန္းခ်က္ ျဖစ္ေသာေၾကာင့္ ယခု ကဲ့သို႔ ပူးေပါင္းထုတ္လုပ္ရျခင္းျဖစ္ေၾကာင္း စီမံကိန္းတာ၀န္ခံ ေဒၚသူဇာခင္က ဆိုသည္။

မ်ဳိးေကာင္းမ်ဳိးသန္႔၊ နည္းပညာႏွင့္ သြင္းအားစုမ်ားကို စနစ္တက် သံုးစြဲမႈေၾကာင့္ ရက္ ၉၀ မ်ဳိးစပါး၊ ေအာင္ျမင္ စြာ ရိတ္သိမ္းႏိုင္ခဲ့ၿပီ ျဖစ္ေသာေၾကာင့္ မၾကာမီေဒသတြင္း မ်ဳိးေကာင္း၊ မ်ဳိးသန္႔ လုိအပ္ခ်က္ကိုပါ ​ေထာက္​ပ့ံ​ေပး ႏိုင္​မည္​ ျဖစ္​သည္။ 

“ စတင္စိုက္ပ်ဳိးကတည္းက ေျမစစ္ျခင္း၊ နည္းစနစ္တက် ေဘာင္တန္းစိုက္ျခင္းနဲ႔ သြင္းအားစုလိုအပ္ ခ်က္အ တိုင္း စနစ္တက် စိုက္ပ်ဳိးထားတာပါ "ဟု စီမံကိန္​းတြင္​ပါဝင္​သည္​့ မတၲရာၿမိဳ႕နယ္​မွ ​ေတာင္​ဦးထြန္​းရွိန္​က​ ေျပာသည္။ 

 

Unicode

နိုဝင်ဘာ ၈


မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ မျိုးကောင်း၊ မျိုးသန့် အသုံးပြု နိုင်စေရန်အတွက် မြန်မာနိုင်င ံမျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း WHH(ISSD Myanmar ) တို့ ပူးပေါင်းကာ စပါးမျိုးသန့် တန်ချိန် ၂၁၀၀ ကျော် စိုက်ပျိုးထုတ်လုပ်သွားမည့် စီမံကိန်းမှာ ၃၀ ရာခိုင်နှုန်းကျော်ပြီးစီးသွားဖြစ်ကြောင်း ၎င်း စီမံကိန်းတာဝန်ခံ ဒေါ်သူဇာခင်က ပြောသည်။


မြန်မာနိုင်ငံအတွင်း မျိုးစေ့ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြင်းမူ၊ ချောင်းဦး၊ မုံရွာမြို့နယ်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မတ္တရာ၊ ပုသိမ်ကြီး၊ ကျောက်ဆည်မြို့နယ်များ ရှိ တောင်သူ ၁၈၀ ဦး၊ မျိုးစေ့ထုတ်ကုမ္ပဏီ ခြောက်ခုဖြင့် ၂၀၁၇ မှ ၂၀၂၀ ခုနှစ်အပြီး ဆောင်ရွက်မည့် စီမံကိန်း ကို လေးနှစ်အကြာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။


အဆိုပါ စီမံကိန်းကာလအတွင်း စပါး၊ ကုလားပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းနှင့် နေကြာမျိုးစေ့ စုစု ပေါင်း မက်ထရစ်တန်ချိန် ၃၃၇၄ တန် ထုတ်လုပ်သွားမည် ဖြစ်သည်။


" ဒီစီမံကိန်းက သီးနှံ ၈ မျိုး၊ မက်ထရစ် တန်ချိန် ၃,၇၀၀ ကျော် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ မြို့နယ် သုံး မြို့နယ်ကနေ စပါးမျိုးတန် ၂,၁၀၀ ကျော်ကို မျိုးစိုက်တောင်သူတွေနဲ့ ပူးပေါင်းထုတ်လုပ်သွားမယ်။ စီမံကိန်းကနေ လိုအပ်တဲ့ မျိုးနဲ့ သုံးစွဲရမယ့် သွင်းအားစုတွေ၊ နည်းပညာတွေကို ထောက်ပံ့ပေးမှာပါ။ ငွေကြေး လိုအပ်ချက်တွေကို အသေးစားချေးငွေ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးဖို့ စီစဉ်နေပါတယ်။ စီမံကိန်းက အခုဆို ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ" ဟု ၎င်းက ပြောသည်။


တောင်သူများ မျိုးကာင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာကာ ၎င်းတို့၏ လူမှုဘဝ ပိုမိုအဆင်ပြေ မြင့်မားလာရေးသည် စီမံကိန်း၏ အဓိကရည်မှန်းချက် ဖြစ်သောကြောင့် ယခု ကဲ့သို့ ပူးပေါင်းထုတ်လုပ်ရခြင်းဖြစ်ကြောင်း စီမံကိန်းတာဝန်ခံ ဒေါ်သူဇာခင်က ဆိုသည်။


မျိုးကောင်းမျိုးသန့်၊ နည်းပညာနှင့် သွင်းအားစုများကို စနစ်တကျ သုံးစွဲမှုကြောင့် ရက် ၉၀ မျိုးစပါး၊ အောင်မြင် စွာ ရိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်သောကြောင့် မကြာမီဒေသတွင်း မျိုးကောင်း၊ မျိုးသန့် လိုအပ်ချက်ကိုပါ ထောက်ပ့ံပေး နိုင်မည် ဖြစ်သည်။


“ စတင်စိုက်ပျိုးကတည်းက မြေစစ်ခြင်း၊ နည်းစနစ်တကျ ဘောင်တန်းစိုက်ခြင်းနဲ့ သွင်းအားစုလိုအပ် ချက်အ တိုင်း စနစ်တကျ စိုက်ပျိုးထားတာပါ "ဟု စီမံကိန်းတွင်ပါဝင်သည့် မတ္တရာမြို့နယ်မှ တောင်ဦးထွန်းရှိန်က ပြော သည်။

 

Leave a comment