Wednesday, November 14, 2018

ႏို၀င္ဘာလ ၇ ရက္ေန႔မွ စတင္ကာ မနက္ ၆ နာရီမွ ည ၈ နာရီခြဲအထိ အခ်ိန္တိုးျမွင့္ စစ္ေဆးေနျခင္းျဖစ္သည္။ ဓာတ္ပံု- ၿဖိဳးလြင္ေအာင္(AMIA)

ႏို၀င္ဘာ  ၉

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕ အ၀င္/ အထြက္ဂိတ္ကို ႏို၀င္ဘာလ ၆ ရက္ေန႔မွ စတင္၍ ေန႔စဥ္ ည ၈ နာရီမွ မနက္ ၆ နာရီထိ ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ား ျဖတ္သန္းသြားလာမႈအား ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္ အစိုးရအဖြဲ႕၊ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီးရံုးမွ ႏို၀င္ဘာလ ၆ ရက္ေန႔ရက္စြဲျဖင့္  တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕အစည္းမ်ားထံသို႔ အေၾကာင္းၾကားစာ ေပးပို႔ထားသည္ကို ေတြ႕ရသည္။

ယင္းအေၾကာင္း ၾကားစာမွာ တရား၀င္ကုန္သြယ္ကားမ်ားအတြက္ ရည္ရြယ္ျခင္းမဟုတ္ဘဲ တရားမ၀င္ ကုန္တင္ ယာဥ္မ်ား ျဖတ္သန္းျခင္း မရွိေစရန္ သတိေပးထားျမစ္ျခင္းျဖစ္၍  နွစ္ႏိုင္ငံကုန္သြယ္မႈအေပၚ သက္ေရာက္မႈ မရွိ ႏိုင္ေၾကာင္း ျမ၀တီနယ္စပ္ကုန္သြယ္ေရး ကုန္သည္ႀကီးမ်ားအသင္း ဥကၠဌ ေဒၚသင္းသင္းျမတ္က ဆိုသည္။

 “ အဓိကကေတာ့  ညဘက္မွာ တရားမ၀င္ ကုန္ကားေတြက အတားအဆီးမရွိ သြားေနတယ္။ ဒါကို တားဆီး ခ်င္တဲ့ သေဘာပါ” ဟု ၎က ဆက္လက္ေျပာဆိုသည္။

လက္ရွိ ျမ၀တီနယ္စပ္ ကုန္သြယ္ေရးဇုန္တြင္ အခြန္ေဆာင္၍ ကုန္သြယ္ေဆာင္ရြက္မႈမ်ား ရွိသကဲ့သို႔ တရားမ ၀င္ ေရွာင္ကြင္းလမ္းေၾကာင္းမ်ားမွ တစ္ဆင့္ အခြန္ေရွာင္၍ တရားမ၀င္ကုန္သြယ္ ေဆာင္ရြက္ေနမႈမ်ားလည္း ႀကီးထြားေနေၾကာင္း ျမ၀တီနယ္စပ္ ကုန္သည္မ်ားက ဆိုသည္။

 “ ျမ၀တီကေတာ့ နည္းနည္း ထိန္းခ်ဳပ္ဖို႔ ခက္တယ္။ ကၽြန္ေတာ္တို႔လည္း တက္ႏိုင္သေလာက္ ထိန္းခ်ဳပ္ တယ္ ဆိုေပမဲ့ တရားမ၀င္လမ္းေၾကာင္းက်ေတာ့ နယ္ေျမအေျခအေနနဲ႔ လက္နက္ကိုင္ အဖြဲ႕အစည္းေတြ အေနအ ထားနဲ႔က်ေတာ့ ထိန္းသိမ္းဖို႔ နည္းနည္းခက္တယ္ “ ဟု  ျမ၀တီနယ္စပ္ကုန္သြယ္ေရးဇုန္၊ အေကာက္ခြန္လုပ္ ငန္းႀကီးၾကပ္ေရး တာ၀န္ခံ ဦးလွမင္းေထြးက ဆိုသည္။

ယင္းအျပင္ တရားမ၀င္ ကုန္သြယ္မႈမ်ား ပေပ်ာက္ေစေရးအတြက္ ျမ၀တီနယ္စပ္ ကုန္သြယ္ေရးဇုန္တြင္ တရား မ၀င္ကုန္ သြယ္မႈမ်ား စစ္ေဆးေရး လုပ္ငန္းမ်ားကိုလည္း အခ်ိန္မ်ား တိုးျမွင့္ကာ တင္းတင္းၾကပ္ၾကပ္ ေဆာင္ ရြက္ေနေၾကာင္း သိရသည္။

လက္ရွိ တရားမ၀င္ ကုန္သြယ္မႈမ်ားကို လူ၀င္မႈႀကီးၾကပ္ေရး၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊  ရဲတပ္ ဖြဲ႕၊ အေကာက္ခြန္ဦးစီးဌာန စသည့္ ဌာန ၄ ခု ပူးေပါင္းအဖြဲ႕မွ ပံုမွႏ္စစ္ေဆးထိန္းခ်ဳပ္လွ်က္ရွိၿပီး ယခင္က ကုန္ တင္ယာဥ္ႀကီးမ်ား စစ္ေဆးျခင္းကို  ေန႔စဥ္ မနက္ ၆ နာရီမွ ည ၆ နာရီအထိသာ လုပ္ေဆာင္ခဲ့ၿပီး ယခု ႏို၀င္ဘာလ ၇ ရက္ေန႔မွ စတင္ကာ  မနက္ ၆ နာရီမွ ည ၈ နာရီခြဲအထိ အခ်ိန္တိုးျမွင့္၍ စစ္ေဆးေဆာင္ရြက္ သြားမည္ျဖစ္သည္။

“ အရင္တုန္းက မနက္ ၆ နာရီကေန ညေန ၆ နာရီဆိုရင္ တန္းျဖဳတ္ၾကတယ္။ အခုဆိုရင္ ညပိုင္းကို ၈ နာရီခြဲ အထိ ကၽြန္ေတာ္တို႔ ဌာနေတြ အကုန္လံုးက ပူးေပါင္းၿပီးေတာ့ စစ္ေပးပါတယ္။ စစ္ေပးၿပီး ၈ နာရီခြဲမွာေတာ့ ဂိတ္ အကုန္လံုးပိတ္တယ္။ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ လိုလားခ်က္ကေတာ့  ျပည္ေထာင္စု လမ္းမႀကီးေပၚမွာ တရားမ၀င္ ကုန္ပစၥည္းေတြ ဇုန္ထဲကေန ျဖတ္မသြားဖို႕ ရည္ရြယ္ခ်က္ပါ “ ဟု  ဦးလွမင္းေထြးက ဆိုသည္။

ယခင္က ညေန ၆ နာရီေနာက္ပိုင္းတြင္ duty ကားမ်ားကို သြားလာခြင့္ မျပဳထားေသာ္လည္း ယခုအခါ ညပိုင္း ၈:၃၀ အခ်ိန္ထိ ျဖတ္သန္းခြင့္ျပဳလိုက္ျခင္းေၾကာင္း ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ ပိုမ်ားလာႏိုင္ေၾကာင္း ၎ကဆိုသည္။

 

Unicode

နိုဝင်ဘာ ၉


ကရင်ပြည်နယ်၊ မြဝတီမြို့ အဝင်/ အထွက်ဂိတ်ကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်၍ နေ့စဉ် ည ၈ နာရီမှ မနက် ၆ နာရီထိ ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှုအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရုံးမှ နိုဝင်ဘာလ ၆ ရက်နေ့ရက်စွဲဖြင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများထံသို့ အကြောင်းကြားစာ ပေးပို့ထားသည်ကို တွေ့ရသည်။


ယင်းအကြောင်း ကြားစာမှာ တရားဝင်ကုန်သွယ်ကားများအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ တရားမဝင် ကုန်တင် ယာဉ်များ ဖြတ်သန်းခြင်း မရှိစေရန် သတိပေးထားမြစ်ခြင်းဖြစ်၍ နှစ်နိုင်ငံကုန်သွယ်မှုအပေါ် သက်ရောက်မှု မရှိ နိုင်ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်က ဆိုသည်။


“ အဓိကကတော့ ညဘက်မှာ တရားမဝင် ကုန်ကားတွေက အတားအဆီးမရှိ သွားနေတယ်။ ဒါကို တားဆီး ချင်တဲ့ သဘောပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


လက်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တွင် အခွန်ဆောင်၍ ကုန်သွယ်ဆောင်ရွက်မှုများ ရှိသကဲ့သို့ တရားမ ၀င် ရှောင်ကွင်းလမ်းကြောင်းများမှ တစ်ဆင့် အခွန်ရှောင်၍ တရားမဝင်ကုန်သွယ် ဆောင်ရွက်နေမှုများလည်း ကြီးထွားနေကြောင်း မြဝတီနယ်စပ် ကုန်သည်များက ဆိုသည်။


“ မြဝတီကတော့ နည်းနည်း ထိန်းချုပ်ဖို့ ခက်တယ်။ ကျွန်တော်တို့လည်း တက်နိုင်သလောက် ထိန်းချုပ် တယ် ဆိုပေမဲ့ တရားမဝင်လမ်းကြောင်းကျတော့ နယ်မြေအခြေအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေအ ထားနဲ့ကျတော့ ထိန်းသိမ်းဖို့ နည်းနည်းခက်တယ် “ ဟု မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၊ အကောက်ခွန်လုပ် ငန်းကြီးကြပ်ရေး တာဝန်ခံ ဦးလှမင်းထွေးက ဆိုသည်။


ယင်းအပြင် တရားမဝင် ကုန်သွယ်မှုများ ပပျောက်စေရေးအတွက် မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန်တွင် တရား မဝင်ကုန် သွယ်မှုများ စစ်ဆေးရေး လုပ်ငန်းများကိုလည်း အချိန်များ တိုးမြှင့်ကာ တင်းတင်းကြပ်ကြပ် ဆောင် ရွက်နေကြောင်း သိရသည်။


လက်ရှိ တရားမဝင် ကုန်သွယ်မှုများကို လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ရဲတပ် ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန စသည့် ဌာန ၄ ခု ပူးပေါင်းအဖွဲ့မှ ပုံမှန်စစ်ဆေးထိန်းချုပ်လျှက်ရှိပြီး ယခင်က ကုန် တင်ယာဉ်ကြီးများ စစ်ဆေးခြင်းကို နေ့စဉ် မနက် ၆ နာရီမှ ည ၆ နာရီအထိသာ လုပ်ဆောင်ခဲ့ပြီး ယခု နိုဝင်ဘာလ ရ ရက်နေ့မှ စတင်ကာ မနက် ၆ နာရီမှ ည ၈ နာရီခွဲအထိ အချိန်တိုးမြှင့်၍ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်သည်။


“ အရင်တုန်းက မနက် ၆ နာရီကနေ ညနေ ၆ နာရီဆိုရင် တန်းဖြုတ်ကြတယ်။ အခုဆိုရင် ညပိုင်းကို ၈ နာရီခွဲ အထိ ကျွန်တော်တို့ ဌာနတွေ အကုန်လုံးက ပူးပေါင်းပြီးတော့ စစ်ပေးပါတယ်။ စစ်ပေးပြီး ၈ နာရီခွဲမှာတော့ ဂိတ် အကုန်လုံးပိတ်တယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ လိုလားချက်ကတော့ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တရားမဝင် ကုန်ပစ္စည်းတွေ ဇုန်ထဲကနေ ဖြတ်မသွားဖို့ ရည်ရွယ်ချက်ပါ “ ဟု ဦးလှမင်းထွေးက ဆိုသည်။


ယခင်က ညနေ ၆ နာရီနောက်ပိုင်းတွင် duty ကားများကို သွားလာခွင့် မပြုထားသော်လည်း ယခုအခါ ညပိုင်း ၈:၃၀ အချိန်ထိ ဖြတ်သန်းခွင့်ပြုလိုက်ခြင်းကြောင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပိုများလာနိုင်ကြောင်း ၎င်းကဆိုသည်။

 

 

Leave a comment