Wednesday, November 14, 2018

EU အဖြဲ႕၀င္ ႏိုင္ငံအခ်ိဳ႕၏ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္ ျဖန္႔ျဖဴးမႈကို ကာကြယ္ရန္အတြက္ GSP ယာယီရပ္ဆိုင္းျခင္း ျဖစ္သည္။ ဓာတ္ပံု(AMIA)

ႏို၀င္ဘာ   ၉

ဥေရာပသမဂၢအဖြဲ႕(EU) အဖြဲ႕၀င္ ႏိုင္ငံအခ်ိဳ႕၏ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္ ျဖန္႔ျဖဴးမႈကို ကာကြယ္ရန္အတြက္ ျမန္မာႏိုင္ငံႏွင့္ ကေမၻာဒီယားႏိုင္ငံတို႔မွ (EU) အဖြဲ႕၀င္ႏိုင္ငံမ်ားသို႔  ဆန္ တင္ပို႔မႈအေပၚတြင္ ခြင့္ျပဳေပးထားသည့္ အေကာက္ခြန္သက္သာခြင့္ အထူးအခြင့္အေရး (GSP) အား  ၃ ႏွစ္ခန္႔ ယာယီရပ္ဆိုင္းကာ အခြန္ျပန္လည္ ေကာက္ခံရန္ ဥေရာပသမဂၢအဖြဲ႕ (EU) မွ စဥ္းစားသံုးသပ္ေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သ တင္းရရွိသည္။

ဥေရာပသမဂၢအဖြဲ႕၀င္ (EU) ႏိုင္ငံမ်ားျဖစ္သည့္  အီတလီ၊ စပိန္ႏိုင္ငံမ်ားကဲ့သို႔ ဥေရာပသမဂၢအတြင္း အဓိက ဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္သည့္ ႏိုင္ငံမ်ားမွ ကန္႔ကြက္ခဲ့ျခင္းေၾကာင့္  EU မွ ၎တို႔၏ စိုက္ပ်ိဳးထုတ္လုပ္မႈကို ထိခိုက္ျခင္း မရွိေစေရးအတြက္ ျပန္လည္ဆန္းစစ္သံုးသပ္သည့္ အစီအစဥ္တစ္ခုကို လုပ္ေဆာင္ခဲ့ၿပီး၊ ထိခိုက္ သြားသည့္ ဥေရာပသမဂၢအတြင္းရွိ ႏိုင္ငံအခ်ိဳ႕၏ စိုက္ပ်ိဳးထုတ္လုပ္မႈကို ျပန္လည္ကုစားႏိုင္ရန္  ျမန္မာႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔မွ ဆန္တင္ပို႔မႈအေပၚတြင္ အခြန္ျပန္လည္ေကာက္ခံရန္ စီစဥ္ေဆာင္ရြက္လာျခင္းျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္(UMFCCI) ၏ ဒုတိယဥကၠဌ ဦးရဲမင္းေအာင္က ေျပာသည္။

 “ ျမန္မာႏိုင္ငံရယ္၊ ကမာၻဒီယားႏိုင္ငံနဲ႔ ပက္သက္ၿပီး ေပးထားတဲ့ အခြန္ကင္းလႊတ္ခြင့္နဲ႔ ပက္သက္တဲ့ အထူးအ ခြင့္အေရးကို သံုးႏွစ္ေလာက္ ယာယီျပန္လည္ ရုတ္သိမ္းဖို႔ေပါ့။ သူတို႔က စကားလံုးကအစ အရမ္းဂရုစိုက္ပါ တယ္။ Temporary withdrawal  လို႔ ေခၚတယ္။ ယာယီျပန္ၿပီး ရုပ္သိမ္းလုပ္မယ္လို႔ EU ဘက္က ေျပာပါတယ္ ။ ဒါနဲ႔ ပက္သက္ၿပီး EU နဲ႔ ေဆြးေႏြးေနတုန္းအဆင့္ပဲ ရွိပါေသးတယ္“ ဟု ဦးရဲမင္းေအာင္က ေျပာသည္။

ယင္းကဲ့သို႔ အခြန္ေကာက္ခံရာတြင္ ျမန္မာႏိုင္ငံမွ ဥေရာပသမဂၢအဖြဲ႕၀င္ (EU) ႏိုင္ငံမ်ားသို႔ တင္ပို႔ေနသည့္ ကုန္စည္မ်ားအေပၚတြင္ အခြန္ေကာက္ခံျခင္းမဟုတ္ဘဲ ဥေရာပသမဂၢႏိုင္ငံမ်ားမွ ကုန္စည္တင္သြင္းသည့္ လုပ္ ငန္းရွင္မ်ားအေပၚတြင္သာ ေကာက္ခံျခင္းျဖစ္သည္။

လက္ရွိ ျမန္မာႏိုင္ငံမွ ဥေရာပသမဂၢအဖြဲ႕၀င္ (EU) ႏိုင္ငံမ်ားသို႔ ဆန္ တင္ပို႔ေရာင္းခ်ေနသည့္ လုပ္ငန္းရွင္မ်ား မွာ အေသးစားႏွင့္ အလတ္စားလုပ္ငန္းရွင္မ်ား ျဖစ္သည့္အတြက္ ေဒသတြင္း အျခားဆန္တင္ပို႔ေနသည့္ ႏိုင္ ငံမ်ားႏွင့္ ယွဥ္ၿပိဳင္ရာတြင္ အခက္အခဲမ်ား ရွိေနသည့္အတြက္ အေကာက္ခြန္သက္သာခြင့္ အထူးအခြင့္အေရး (GSP) အား အခ်ိန္ကာလ တစ္ခုအထိ ဆက္လက္ထားရွိေပးရန္ ဥေရာပသမဂၢ (EU) သို႔ ေတာင္းဆိုထား ေၾကာင္း ဦးရဲမင္းေအာင္က ေျပာသည္။

“ ဒါနဲ႔ ပက္သက္ၿပီး ျမန္မာႏိုင္ငံဘက္က ေဆြးေႏြးခ်င္တာရွိရင္ ဒီလ ၁၉ ရက္ေန႔အထိ အခ်ိန္ေပးထားပါတယ္။ ၿပီးခဲ့တဲ့တစ္ေခါက္တုန္းကလဲ ရခိုင္အေရးကိစၥနဲ႔ ပက္သက္ၿပီး ေလ့လာသုံးသပ္တဲ့အဖြဲ႕ လာတာရွိပါတယ္။ အဲတုန္းကလဲ ကြၽန္ေတာ္တို႔ေျပာပါတယ္။ EU ကို ဆန္တင္ပို႔ေနတာ အေသးစားနဲ႔ အလတ္စား လုပ္ငန္းရွင္ေတြ မ်ားပါတယ္။ သူတို႔က အျခားဆန္တင္ပို႔တဲ့ ႏိုင္ငံေတြက ယွဥ္ၿပိဳင္တင္ပို႔ဖို႔ ခက္ခဲတယ္။ ဒါေၾကာင့္မို႔ အခ်ိန္ကာ လ တစ္ခုေတာ့ GSP အခြင့္အေရး ထပ္ေပးဖို႔လိုပါတယ္ ” ဟု ၎က ဆက္လက္ေျပာသည္။

ယင္းကဲ့သို႔ အခြန္ေကာက္ခံရာတြင္ ပထမႏွစ္၌ မတ္ထရစ္တန္ တစ္တန္လွ်င္ ၁၇၅ ယူရုိခန္႔၊ ဒုတိယႏွစ္တြင္ ယူရို ၁၅၀ ၊ တတိယႏွစ္တြင္ ယူရို ၁၂၅ စသျဖင့္ တစ္ႏွစ္ႏွင့္ တစ္ႏွစ္ ေလ်ာ့ခ်၍  ၃ ႏွစ္အစီအစဥ္ျဖင့္ ျပန္လည္ ေကာက္ခံသြားမည္ဟု EU ဘက္မွေျပာဆိုထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမွ ဥေရာပသမဂၢ(EU) ႏိုင္ငံမ်ားသို႔ ဆန္ကြဲႏွင့္ ဆန္ျဖဴ စုစုေပါင္းတန္ခ်ိန္ ေလးသိန္း ေက်ာ္ခန္႔အား ႏွစ္စဥ္ တင္ပို႔ေနၿပီး ျပည္တြင္းမွ EU သို႔ ဆန္တင္ပို႔ေနသူမ်ားမွာ အေသးစားအလတ္စား လုပ္ငန္းရွင္မ်ား အမ်ား စုပါ၀င္ေနၿပီး၊ အျခား ဆန္တင္ပို႔သည့္ ႏိုင္ငံမ်ားႏွင့္ ေစ်းကြက္ယွဥ္ၿပိဳင္ တင္ပို႔ရန္မွာ အခက္အခဲ ရွိေနေသး၍ အ ခ်ိန္ကာလ တစ္ခုအထိ GSP  အခြင့္အေရးအား ထပ္မံေပးရန္ လိုအပ္ေနေသးေၾကာင္း သိရသည္။

ဥေရာပသမဂၢအဖြဲ႕(EU) အေနျဖင့္ ျမန္မာႏိုင္ငံအား ၂၀၁၃ ခုႏွစ္မွစ၍ အေကာက္ခြန္သက္သာခြင့္ အထူးအခြင့္ အေရး(GSP) အား ေပးခဲ့ၿပီး၊ ယင္းအခြင့္အေရးအရ ဥေရာပသမဂၢ အဖြဲ႕၀င္ႏိုင္ငံမ်ားမွ ကုန္သည္မ်ားအေနျဖင့္ ေဒသတြင္းႏိုင္ငံမ်ားႏွင့္ ေစ်းႏႈန္းတူပါက အခြန္သက္သာခြင့္ရရွိသည့္္ ျမန္မာႏိုင္ငံမွ ကုန္စည္မ်ားအား ပိုမို၀ယ္ ယူၾကေၾကာင္း သိရသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနသည့္ ရခိုင္ပဋိပကၡအပါအဝင္ အျခားေဒသမ်ားတြင္ ျဖစ္ပြားခဲ့သည့္ လူ႔ အခြင့္အေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ႏိုင္ငံအတြင္း အလုပ္ရွင္၊ အလုပ္သမားတို႔၏ လုပ္ငန္းခြင္အေျခအေနမ်ား၊ ဆက္ဆံေရးမ်ား စသည္တို႔အေပၚတြင္ ျပန္လည္စိစစ္သုံးသပ္ေလ့လာရန္အတြက္ အီးယူကုန္သြယ္မႈ အခြင့္ အေရး စိစစ္ေလ့လာေရးအဖြဲ႕မွ ျမန္မာႏိုင္ငံသို႔ ေအာက္တိုဘာလ ေနာက္ဆုံးအပတ္အတြင္းက လာေရာက္ခဲ့ သည္။

အဆိုပါ ခရီးစဥ္အတြင္း အီးယူအဖြဲ႕သည္ အစိုးရဝန္ႀကီးဌာနမ်ား၊ အထည္ခ်ဳပ္ အလုပ္သမားမ်ား၊ အလုပ္သ မားသမဂၢမ်ား၊ လုပ္ငန္းက႑ကိုယ္စားလွယ္မ်ား၊ လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။

လက္ရွိတြင္ ယင္းကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္တို႔ ပူးေပါင္းေဆြးေႏြး၍ ဥေရာပသမဂၢသို႔ ျပန္လည္အေၾကာင္းျပန္ကာ ညွိႏႈိင္းေဆာင္ရြက္ သြားရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

 

Unicode

နိုဝင်ဘာ ၉


ဥရောပသမဂ္ဂအဖွဲ့(EU) အဖွဲ့ဝင် နိုင်ငံအချို့၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးမှုကို ကာကွယ်ရန်အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့မှ (EU) အဖွဲ့ဝင်နိုင်ငံများသို့ ဆန် တင်ပို့မှုအပေါ်တွင် ခွင့်ပြုပေးထားသည့် အကောက်ခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) အား ၃ နှစ်ခန့် ယာယီရပ်ဆိုင်းကာ အခွန်ပြန်လည် ကောက်ခံရန် ဥရောပသမဂ္ဂအဖွဲ့ (EU) မှ စဉ်းစားသုံးသပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သ တင်းရရှိသည်။


ဥရောပသမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံများဖြစ်သည့် အီတလီ၊ စပိန်နိုင်ငံများကဲ့သို့ ဥရောပသမဂ္ဂအတွင်း အဓိက ဆန်စပါး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများမှ ကန့်ကွက်ခဲ့ခြင်းကြောင့် EU မှ ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်ခြင်း မရှိစေရေးအတွက် ပြန်လည်ဆန်းစစ်သုံးသပ်သည့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး၊ ထိခိုက် သွားသည့် ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံအချို့၏ စိုက်ပျိုးထုတ်လုပ်မှုကို ပြန်လည်ကုစားနိုင်ရန် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆန်တင်ပို့မှုအပေါ်တွင် အခွန်ပြန်လည်ကောက်ခံရန် စီစဉ်ဆောင်ရွက်လာခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ ဒုတိယဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။


“ မြန်မာနိုင်ငံရယ်၊ ကမ္ဘာဒီယားနိုင်ငံနဲ့ ပက်သက်ပြီး ပေးထားတဲ့ အခွန်ကင်းလွှတ်ခွင့်နဲ့ ပက်သက်တဲ့ အထူးအ ခွင့်အရေးကို သုံးနှစ်လောက် ယာယီပြန်လည် ရုတ်သိမ်းဖို့ပေါ့။ သူတို့က စကားလုံးကအစ အရမ်းဂရုစိုက်ပါ တယ်။ Temporary withdrawal လို့ ခေါ်တယ်။ ယာယီပြန်ပြီး ရုပ်သိမ်းလုပ်မယ်လို့ EU ဘက်က ပြောပါတယ် ။ ဒါနဲ့ ပက်သက်ပြီး EU နဲ့ ဆွေးနွေးနေတုန်းအဆင့်ပဲ ရှိပါသေးတယ်“ ဟု ဦးရဲမင်းအောင်က ပြောသည်။


ယင်းကဲ့သို့ အခွန်ကောက်ခံရာတွင် မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံများသို့ တင်ပို့နေသည့် ကုန်စည်များအပေါ်တွင် အခွန်ကောက်ခံခြင်းမဟုတ်ဘဲ ဥရောပသမဂ္ဂနိုင်ငံများမှ ကုန်စည်တင်သွင်းသည့် လုပ် ငန်းရှင်များအပေါ်တွင်သာ ကောက်ခံခြင်းဖြစ်သည်။


လက်ရှိ မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂအဖွဲ့ဝင် (EU) နိုင်ငံများသို့ ဆန် တင်ပို့ရောင်းချနေသည့် လုပ်ငန်းရှင်များ မှာ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ဖြစ်သည့်အတွက် ဒေသတွင်း အခြားဆန်တင်ပို့နေသည့် နိုင် ငံများနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲများ ရှိနေသည့်အတွက် အကောက်ခွန်သက်သာခွင့် အထူးအခွင့်အရေး (GSP) အား အချိန်ကာလ တစ်ခုအထိ ဆက်လက်ထားရှိပေးရန် ဥရောပသမဂ္ဂ (EU) သို့ တောင်းဆိုထား ကြောင်း ဦးရဲမင်းအောင်က ပြောသည်။


“ ဒါနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံဘက်က ဆွေးနွေးချင်တာရှိရင် ဒီလ ၁၉ ရက်နေ့အထိ အချိန်ပေးထားပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလဲ ရခိုင်အရေးကိစ္စနဲ့ ပက်သက်ပြီး လေ့လာသုံးသပ်တဲ့အဖွဲ့ လာတာရှိပါတယ်။ အဲတုန်းကလဲ ကျွန်တော်တို့ပြောပါတယ်။ EU ကို ဆန်တင်ပို့နေတာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေ များပါတယ်။ သူတို့က အခြားဆန်တင်ပို့တဲ့ နိုင်ငံတွေက ယှဉ်ပြိုင်တင်ပို့ဖို့ ခက်ခဲတယ်။ ဒါကြောင့်မို့ အချိန်ကာ လ တစ်ခုတော့ GSP အခွင့်အရေး ထပ်ပေးဖို့လိုပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။


ယင်းကဲ့သို့ အခွန်ကောက်ခံရာတွင် ပထမနှစ်၌ မတ်ထရစ်တန် တစ်တန်လျှင် ၁၇၅ ယူရိုခန့်၊ ဒုတိယနှစ်တွင် ယူရို ၁၅၀ ၊ တတိယနှစ်တွင် ယူရို ၁၂၅ စသဖြင့် တစ်နှစ်နှင့် တစ်နှစ် လျော့ချ၍ ၃ နှစ်အစီအစဉ်ဖြင့် ပြန်လည် ကောက်ခံသွားမည်ဟု EU ဘက်မှပြောဆိုထားခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂ(EU) နိုင်ငံများသို့ ဆန်ကွဲနှင့် ဆန်ဖြူ စုစုပေါင်းတန်ချိန် လေးသိန်း ကျော်ခန့်အား နှစ်စဉ် တင်ပို့နေပြီး ပြည်တွင်းမှ EU သို့ ဆန်တင်ပို့နေသူများမှာ အသေးစားအလတ်စား လုပ်ငန်းရှင်များ အများ စုပါ၀င်နေပြီး၊ အခြား ဆန်တင်ပို့သည့် နိုင်ငံများနှင့် စျေးကွက်ယှဉ်ပြိုင် တင်ပို့ရန်မှာ အခက်အခဲ ရှိနေသေး၍ အ ချိန်ကာလ တစ်ခုအထိ GSP အခွင့်အရေးအား ထပ်မံပေးရန် လိုအပ်နေသေးကြောင်း သိရသည်။


ဥရောပသမဂ္ဂအဖွဲ့(EU) အနေဖြင့် မြန်မာနိုင်ငံအား ၂၀၁၃ ခုနှစ်မှစ၍ အကောက်ခွန်သက်သာခွင့် အထူးအခွင့် အရေး(GSP) အား ပေးခဲ့ပြီး၊ ယင်းအခွင့်အရေးအရ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ကုန်သည်များအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် စျေးနှုန်းတူပါက အခွန်သက်သာခွင့်ရရှိသည့်် မြန်မာနိုင်ငံမှ ကုန်စည်များအား ပိုမိုဝယ် ယူကြကြောင်း သိရသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရခိုင်ပဋိပက္ခအပါအဝင် အခြားဒေသများတွင် ဖြစ်ပွားခဲ့သည့် လူ့ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမားတို့၏ လုပ်ငန်းခွင်အခြေအနေများ၊ ဆက်ဆံရေးများ စသည်တို့အပေါ်တွင် ပြန်လည်စိစစ်သုံးသပ်လေ့လာရန်အတွက် အီးယူကုန်သွယ်မှု အခွင့် အရေး စိစစ်လေ့လာရေးအဖွဲ့မှ မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်းက လာရောက်ခဲ့ သည်။


အဆိုပါ ခရီးစဉ်အတွင်း အီးယူအဖွဲ့သည် အစိုးရဝန်ကြီးဌာနများ၊ အထည်ချုပ် အလုပ်သမားများ၊ အလုပ်သ မားသမဂ္ဂများ၊ လုပ်ငန်းကဏ္ဍကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။


လက်ရှိတွင် ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းဆွေးနွေး၍ ဥရောပသမဂ္ဂသို့ ပြန်လည်အကြောင်းပြန်ကာ ညှိနှိုင်းဆောင်ရွက် သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

 

 

         

 

Leave a comment