Sunday, December 16, 2018

လက္ရွိတြင္ တရုတ္အာဏာပိုင္မ်ားမွ ျမန္မာ့ကုန္ပစၥည္းမ်ားအား တရားမ၀င္ ကုန္စည္အျဖစ္ သတ္မွတ္ဖမ္းဆီးမႈမ်ား ျပဳလုပ္ေနသည္။ ဓာတ္ပံု- ၀တ္ရည္မြန္(AMIA)

ဒီဇင္ဘာ   ၃

“ ကိုယ့္ဘက္က တရားဝင္၊ တ႐ုတ္ဘက္မွာ ေမွာင္ခိုျဖစ္ေနတာ ဆိုေတာ့ေလ။ ကြၽန္ေတာ္တို႔ဘက္က အရႈံးေတြ ခ်ည္းပဲ ’’ ဟု ရင္ဖြင့္လာသူမွာ တရုတ္- ျမန္မာ အႀကီးမားဆံုး နယ္စပ္ကုန္သြယ္ေရးစခန္း  မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္မွ ခြာညွိသစ္သီးပြဲ႐ုံပိုင္ရွင္  ဦးစိုင္းမင္းသူႏိုင္ ျဖစ္သည္။

ဤသည္မွာ တ႐ုတ္သို႔ ပို႔ကုန္လုပ္ငန္းမ်ား လုပ္ေနသည့္ ျမန္မာကုန္သည္မ်ား ႏွစ္ေပါင္းမ်ားစြာ ေခါင္းခဲေနရ သည့္ ကိစၥလည္း ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ကုန္သြယ္ဖက္ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္အနက္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံးကုန္ သြယ္ဖက္ ႏိုင္ငံျဖစ္၏။ ျမန္မာ-တ႐ုတ္ ကုန္သြယ္မႈမွာ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၀,၈၀၄ သန္းေက်ာ္၊ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၁,၇၈၆ သန္းေက်ာ္ရွိခဲ့သည္။ သို႔ျဖစ္ရာ တ႐ုတ္ႏိုင္ငံ၏ ကုန္သြယ္ေရးမူဝါဒ အေျပာင္းအလဲတိုင္းသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားကုန္သြယ္မႈအ ေပၚ အနည္းႏွင့္အမ်ား သက္ေရာက္မႈရွိသည္သာ ျဖစ္သည္။

တ႐ုတ္ႏိုင္ငံဘက္က တရားမဝင္ ကုန္သြယ္မႈကို ဖမ္းဆီးလိုက္သည့္အခါတိုင္း၊ စစ္ေဆးေရးလုပ္ငန္းမ်ား တင္း ၾကပ္လိုက္သည့္အခါတိုင္း ျမန္မာႏိုင္ငံ၏ တ႐ုတ္ပို႔ကုန္မ်ားအေပၚ ထိခိုက္သည္။ တ႐ုတ္ဘက္သို႔ ကုန္စည္စီး ဆင္းမႈတန႔္သြားသည္။ မူဆယ္ကဲ့သို႔ အဓိကနယ္စပ္ ကုန္သြယ္ေရးဂိတ္မ်ားတြင္ ကုန္တင္ကားမ်ား ပိတ္ကုန္ သည္။ ျပည္တြင္းသို႔ ျပန္ဆင္းလာမည့္ ကားမ်ားေရာ၊ တ႐ုတ္ဘက္သို႔ တင္ပို႔မည့္ ကုန္စည္မ်ား၊ သယ္ေဆာင္ လာသည့္ ကားမ်ားပါ ေရွ႕တိုးမရ ေနာက္ဆုတ္မရ ျဖစ္ကုန္သည္။ တာရွည္မခံေသာ ကုန္စည္မ်ား ပ်က္စီးကုန္ သည္။ အေဝးေျပးကုန္စည္ ဝန္ေဆာင္မႈမ်ား ေစ်းျမင့္တက္ကုန္သည္။

လက္တေလာ အေျခအေနမွာပင္ တရုတ္အစိုးရက ျမန္မာႏိုင္ငံမႈဆယ္ နယ္စပ္မွတင္သြင္းမည့္ ပို႔ကုန္ ပစၥည္း မ်ားကို ေအာက္တိုဘာ လဆန္းမွစတင္ၿပီး ကန္႔သတ္တားဆီးထားျခင္းေၾကာင့္   မႈဆယ္နယ္စပ္ ကုန္သယ္ေရး တြင္ ပို႔ကုန္ တင္ပို႔မႈ ေလ်ာ့က်လာခဲ့သည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အစ ေအာက္တိုဘာလ  ၁ ရက္ေန႔ကေန ႏို၀င္ဘာလ ၉ ရက္ေန႔အထိ တစ္လေက်ာ္ ကာလအတြင္းမွာ မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္တင္ပို႔ႏိုင္မႈက အေမရိကန္ေဒၚလာ ၂၅၆ဒသမ ၃၆၃ သန္းခန္႔သာ ရွိခဲ့ၿပီး၊ ယခုႏွစ္ကာလတူ တင္ပို႔ႏိုင္မႈႏွင့္ ႏႈိင္းယွဥ္ပါက  ကန္ေဒၚလာ ၁၄၁ သန္းေက်ာ္ ေလ်ာ့ က်ခဲ့သည္ကို ေတြ႕ရသည္။

သို႔ဆိုလွ်င္ ျမန္မာႏိုင္ငံမွ ပို႔ကုန္မ်ားကို တ႐ုတ္နယ္စပ္ကုန္သြယ္ေရး တာ၀န္ရွိသူမ်ားက (လုံး၀)ပိတ္လိုက္ျခင္း လား?။ မဟုတ္ေပ။ အခြန္မေဆာင္ပဲ တရားမ၀င္တင္သြင္းေသာ၊ အရည္အေသြး အသိအမွတ္ျပဳလက္မွတ္ မရွိ ေသာ ကုန္ပစၥည္းမ်ားကိုသာ စစ္ေဆးဖမ္းဆီးေနျခင္း ျဖစ္သည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးရန္ႏိုင္ထြန္းက ေျပာသည္။

 “ အဓိက သူတို႔ႏိုင္ငံက သတ္မွတ္တဲ့ အရည္အေသြး၊ စံခ်ိန္စံၫႊန္းနဲ႔ မကိုက္ညီတဲ့ အတြက္ေၾကာင့္ပါ။ တစ္ႏိုင္ ငံနဲ႔ တစ္ႏိုင္ငံ၊ တစ္ဘက္ႏိုင္ငံေတြရဲ႕ သတ္မွတ္ခ်က္ေတြအတိုင္းပဲ ကုန္ပစၥည္း လက္ခံၾကရတာေလ’’ ဟု ၎ က ဆိုသည္။

သို႔ေသာ္ တရုတ္အစိုးရအေနျဖင့္  ၎တို႔၏ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္လိုသလို ကန္႔သတ္တင္းၾကပ္ ေနျခင္းသာျဖစ္ေၾကာင္း ကုန္သည္အမ်ားစုက ဆိုၾကသည္။

လယ္ယာထြက္ကုန္အခ်ိဳ႕အေပၚ ေကာက္ခံသည့္ တ႐ုတ္၏ သြင္းကုန္အခြန္ ႏႈန္းထားမွာလည္း ျမန္မာကုန္ သည္မ်ားအဖို႔ အေတာ္ပင္ ႀကီးျမင့္ေသာ ႏႈန္းထားျဖစ္ေနသည္။ ဥပမာအားျဖင့္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔သည့္ ျမန္မာ့ပို႔ကုန္မ်ားအနက္ အဓိကပို႔ကုန္ျဖစ္ေသာ ဆန္အေပၚ တ႐ုတ္က အခြန္ ၅၀ ရာခိုင္ႏႈန္း ေကာက္ခံသည္။ စပါးကိုလည္း ၅၀ ရာခိုင္ႏႈန္း၊ ဆန္မႈန႔္ကိုလည္း ၄၀ ရာခိုင္ႏႈန္းေကာက္ခံသည္။ ထိုကဲ့သို႔ ေကာက္ခံျခင္းမွာ ျမန္ မာႏိုင္ငံ တစ္ႏိုင္ငံတည္းကိုသာ ေကာက္ခံျခင္းမဟုတ္ဘဲ အာဆီယံအဖြဲ႕၀င္ ၁၀ ႏိုင္ငံလံုးကို ေကာက္ခံျခင္း ျဖစ္သည္။ သို႔ေသာ္ ျမန္မာကုန္သည္မ်ားအဖို႔ အဆိုပါ အခြန္ႏႈန္းထားအတိုင္း တင္ပို႔ရန္ မလြယ္ကူ၍ တရားမ၀င္ တင္သြင္းမႈအေပၚ ေမြ႕ေလွ်ာ္ေနသည္ဟုလည္း ဆိုႏိုင္သည္။

“ တကယ္တမ္းက်ရင္ သူတို႔ကလည္း သူတို႔စည္းမ်ဥ္းအတိုင္း လုပ္တာပဲေလ။ သူတို႔အထက္က ေမွာင္ခိုပစၥည္း ဖမ္းပါဆိုရင္ ဖမ္းတာပဲေလ။ ကြၽန္ေတာ္တို႔ ပစၥည္းကလည္း ေမွာင္ခိုပစၥည္း ျဖစ္ေနတယ္။ အခြန္ တရားဝင္ ေဆာင္ၿပီးသြားႏိုင္တဲ့ အေနအထားမရွိဘူးေလ’’ ဟု ျမန္မာႏိုင္ငံသၾကားႏွင့္ ႀကံလုပ္ငန္းရွင္မ်ားအသင္း ဒုတိယ ဥကၠဌ  ဦးဝင္းေဌးက ေျပာသည္။

အကယ္၍ အခြန္ႏႈန္းထား ေလ်ာ့က်ေစလိုပါက ျမန္မာႏိုင္ငံအတြက္ သြင္းကုန္ခြဲတမ္း ပိုမိုရွိေရးေဆာင္႐ြက္ ရန္  (သို႔မဟုတ္) ႏွစ္ႏိုင္ငံကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ရန္ လိုအပ္သည္။ ျမန္မာအစိုးရ တာဝန္ရွိ သူမ်ားသည္ တ႐ုတ္ႏိုင္ငံသို႔ ျမန္မာကုန္စည္မ်ား လြတ္လပ္စြာတင္သြင္းခြင့္ရရန္ ႀကိဳးပမ္းခဲ့သည္မွာ အစိုးရႏွစ္ ဆက္ပင္ ရွိခဲ့ၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္အထိ ေဆြးေႏြးဆဲအဆင့္တြင္သာ ရွိေနေသးသည္။

“ ႏွစ္ႏိုင္ငံ ေဆြးေႏြးတဲ့အေနအထား ေအာင္ျမင္တယ္။ ထိေရာက္တယ္ဆိုတာေတာ့ အခုခ်ိန္ထိ မေတြ႕ ရေသး ဘူး’’ ဟု ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဒုတိယ ဥကၠ႒ ဦးရဲမင္းေအာင္ က ဆိုသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ျမန္မာ့ပို႔ကုန္မ်ား တ႐ုတ္ဘက္သို႔ အခြန္ႏႈန္းထား နည္းနည္းႏွင့္ တင္ပို႔ခြင့္ရရွိေရး အႀကိမ္ ႀကိမ္ ေဆြးေႏြးခဲ့ေသာ္လည္း တ႐ုတ္အေနျဖင့္ ျမန္မာႏိုင္ငံအေပၚ အခြန္ေလွ်ာ့ေပးလိုက္ပါက အျခားႏိုင္ငံမ်ားကို လည္း အခြန္ေလွ်ာ့ေပးရမည္ ျဖစ္သည္။ ထို႔ေၾကာင့္ အဆိုအပါ အခြန္သက္သာခြင့္မ်ားအတြက္ ႏွစ္ႏိုင္ငံသေဘာ တူစာခ်ဳပ္ ခ်ဳပ္ဆိုေရး ေဆြးေႏြးေဆာင္႐ြက္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး႒ာနမွ ဒုတိ ယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းမင္းက ေျပာသည္။

“ bilateral agreement လို ခ်ဳပ္တဲ့ ဟာမ်ိဳးလုပ္တာက ကြၽန္ေတာ္တို႔ ဆန္ဆိုရင္ ဆန္တန္ခ်ိန္ တစ္သိန္း တင္ပို႔ဖို႔ စိုက္ပ်ိဳးေရးနဲ႔ ပက္သက္တဲ့ စာခ်ဳပ္ခ်ဳပ္ေပးတယ္။ ဒါေပမဲ့ ဒီစာခ်ဳပ္ပါ အခ်က္အလက္ေတြက  အပင္ပိုး မႊားကာကြယ္ေရးနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ပါတယ္။ ဒါေပမယ့္ တင္ပို႔တာက ပင္လယ္ေရေၾကာင္း က တင္ပို႔ရမယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံအေနနဲ႔က အဲဒီတန္ခ်ိန္ကို တင္ပို႔ဖို႔ ဒီဘက္က လုပ္ငန္းရွင္ေတြအေနနဲ႔ အခက္အခဲ ရွိတယ္။ Agreement ရွိရင္ေတာင္မွ တစ္ကယ္လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲ ရွိ တယ္လို႔ ေျပာခ်င္တာပါ။  အဓိက အရည္အေသြးပါ။ အရည္အေသြးကို မမွီတာပါ’’ ဟု ၎က ဆိုသည္။

အကယ္၍ ျမန္မာႏိုင္ငံအေနျဖင့္ အရည္အေသြးျပည့္မီေသာ ကုန္ပစၥည္းမ်ား ထုတ္လုပ္ႏိုင္ပါက တ႐ုတ္ေစ်း ကြက္ကိုသာမက အျခားႀကိဳက္သည့္ ေစ်းကြက္မ်ားသို႔ပါ တင္ပို႔ႏိုင္မည္ျဖစ္ေၾကာင္း ဦးမင္းမင္းက ထပ္မံေျပာဆို သည္။

ထိုကဲ့သို႔ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ျဖင့္ တင္ပို႔ရာတြင္ အစားအေသာက္ ေဘးကင္းလုံၿခဳံေရးအတြက္ ပိုးသတ္ ေဆး ကင္းရွင္းမႈ၊ သိုေလွာင္မႈ၊ ထုပ္ပိုးမႈ စသည့္ထုတ္လုပ္မႈ လုပ္ငန္းစဥ္တစ္ေလွ်ာက္ လိုက္နာရမည့္ စံႏႈန္း သတ္မွတ္ခ်က္မ်ားလည္း ပါဝင္မည္ျဖစ္သည္။ ထိုကဲ့သို႔ လုပ္ေဆာင္ရန္ဆိုလွ်င္ ကုန္က်စရိတ္ႏွင့္ နည္းပညာလို အပ္ခ်က္မ်ား ရွိေနသည္။

“ လယ္ယာစိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ထုတ္ကုန္ေတြ တင္ပို႔တဲ့အခါမွာ အရည္အေသြး စစ္ေဆးတဲ့လုပ္ငန္းစဥ္ ေတြက အရမ္းအေရးႀကီးတယ္ေလ။  အဲလုပ္ငန္းစဥ္ေတြက နယ္စပ္ကုန္သြယ္ေရးကို အမွီျပဳၿပီးလုပ္မယ္ဆိုရင္ နယ္စပ္ေဒသေတြက ကုန္သြယ္ေရးဇုန္ေတြမွာ အဓိကအရည္အေသြး စစ္ေဆးတဲ့ ဓာတ္ခြဲခန္းေတြ၊ သိုေလွာင္႐ုံ ေတြ၊ ေနာက္တစ္ခါ စစ္ေဆးေရး လုပ္ငန္းေတြအတြက္ ႐ုံးခန္းေတြ၊ ဒီဟာေတြကအစ လိုအပ္ခ်က္ေတြ အမ်ား ႀကီးရွိတယ္။ အဲတာေတြကို ႏိုင္ငံေတာ္အစိုးရက ျဖည့္ဆည္းၿပီးေတာ့ စီစဥ္ေဆာင္႐ြက္ေပးႏိုင္ေအာင္၊ အားေပးမွ၊ ကူညီေပးမွ ဒီဟာေတြလဲ ရွိလာမွ ကုန္သြယ္ေရးက တရားဝင္လုပ္ႏိုင္တဲ့ အေနအထား ျဖစ္လာမွာ’’ ဟု ျမန္မာ ႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ အေထြေထြအတြင္းေရးမွဴး ဦးရဲမင္းေအာင္က ေထာက္ျပေျပာဆိုသည္။

တရုတ္ႏိုင္ငံသာမက မည့္သည့္ႏိုင္ငံမဆို  အမ်ိဳးသားအက်ိဳးစီးပြားအတြက္  ၎တို႔၏ ကုန္သြယ္မႈကို ကိုတာျဖင့္ ေသာ္လည္းေကာင္း၊ အခြန္ျဖင့္လည္းေကာင္း အထိုက္အေလ်ာက္ေတာ့ ကာကြယ္မႈ ျပဳလုပ္ေနမည္ ျဖစ္သည္။

သို႔ျဖစ္ရာ  ျမန္မာအစိုးရဘက္မွ တရုတ္ႏိုင္ငံႏွင့္ တရား၀င္ကုန္သြယ္မႈပံုစံ လိုလိုလားလားျဖစ္ေစလိုေသာ္ လည္း  ျမန္မာႏိုင္ငံအေနျဖင့္ အရည္အေသြးျပည့္မီေသာ ထုတ္ကုန္မ်ား မထုတ္ႏိုင္သေ႐ြ႕၊ ႏွစ္ႏိုင္ငံကုန္သြယ္ ေရးစာခ်ဳပ္မ်ား ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေသးသေ႐ြ႕ ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ဘက္မွ သြင္းကုန္မ်ားကို စစ္ေဆး ေရးအား တင္းၾကပ္လိုက္သည့္အခါတိုင္း တ႐ုတ္ဘက္သို႔ တင္ပို႔မည့္ ျမန္မာ့ပို႔ကုန္မ်ားမွာ ယခုကဲသို႔ အခက္ႀကဳံ ေနရဦးမည္ ျဖစ္သည္။

 

Unicode

ဒီဇင်ဘာ ၃


“ ကိုယ့်ဘက်က တရားဝင်၊ တရုတ်ဘက်မှာ မှောင်ခိုဖြစ်နေတာ ဆိုတော့လေ။ ကျွန်တော်တို့ဘက်က အရှုံးတွေ ချည်းပဲ ’’ ဟု ရင်ဖွင့်လာသူမှာ တရုတ်- မြန်မာ အကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ခွာညှိသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းမင်းသူနိုင် ဖြစ်သည်။


ဤသည်မှာ တရုတ်သို့ ပို့ကုန်လုပ်ငန်းများ လုပ်နေသည့် မြန်မာကုန်သည်များ နှစ်ပေါင်းများစွာ ခေါင်းခဲနေရ သည့် ကိစ္စလည်း ဖြစ်သည်။


မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံပေါင်း ၂၀၀ ကျော်အနက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန် သွယ်ဖက် နိုင်ငံဖြစ်၏။ မြန်မာ-တရုတ် ကုန်သွယ်မှုမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀,၈၀၄ သန်းကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁,၇၈၆ သန်းကျော်ရှိခဲ့သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲတိုင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအ ပေါ် အနည်းနှင့်အများ သက်ရောက်မှုရှိသည်သာ ဖြစ်သည်။


တရုတ်နိုင်ငံဘက်က တရားမဝင် ကုန်သွယ်မှုကို ဖမ်းဆီးလိုက်သည့်အခါတိုင်း၊ စစ်ဆေးရေးလုပ်ငန်းများ တင်း ကြပ်လိုက်သည့်အခါတိုင်း မြန်မာနိုင်ငံ၏ တရုတ်ပို့ကုန်များအပေါ် ထိခိုက်သည်။ တရုတ်ဘက်သို့ ကုန်စည်စီး ဆင်းမှုတန့်သွားသည်။ မူဆယ်ကဲ့သို့ အဓိကနယ်စပ် ကုန်သွယ်ရေးဂိတ်များတွင် ကုန်တင်ကားများ ပိတ်ကုန် သည်။ ပြည်တွင်းသို့ ပြန်ဆင်းလာမည့် ကားများရော၊ တရုတ်ဘက်သို့ တင်ပို့မည့် ကုန်စည်များ၊ သယ်ဆောင် လာသည့် ကားများပါ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်ကုန်သည်။ တာရှည်မခံသော ကုန်စည်များ ပျက်စီးကုန် သည်။ အဝေးပြေးကုန်စည် ဝန်ဆောင်မှုများ စျေးမြင့်တက်ကုန်သည်။


လက်တလော အခြေအနေမှာပင် တရုတ်အစိုးရက မြန်မာနိုင်ငံမှုဆယ် နယ်စပ်မှတင်သွင်းမည့် ပို့ကုန် ပစ္စည်း များကို အောက်တိုဘာ လဆန်းမှစတင်ပြီး ကန့်သတ်တားဆီးထားခြင်းကြောင့် မှုဆယ်နယ်စပ် ကုန်သယ်ရေး တွင် ပို့ကုန် တင်ပို့မှု လျော့ကျလာခဲ့သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အစ အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၉ ရက်နေ့အထိ တစ်လကျော် ကာလအတွင်းမှာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့နိုင်မှုက အမေရိကန်ဒေါ်လာ ၂၅၆ဒသမ ၃၆၃ သန်းခန့်သာ ရှိခဲ့ပြီး၊ ယခုနှစ်ကာလတူ တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၄၁ သန်းကျော် လျော့ ကျခဲ့သည်ကို တွေ့ရသည်။


သို့ဆိုလျှင် မြန်မာနိုင်ငံမှ ပို့ကုန်များကို တရုတ်နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက (လုံးဝ)ပိတ်လိုက်ခြင်း လား?။ မဟုတ်ပေ။ အခွန်မဆောင်ပဲ တရားမဝင်တင်သွင်းသော၊ အရည်အသွေး အသိအမှတ်ပြုလက်မှတ် မရှိ သော ကုန်ပစ္စည်းများကိုသာ စစ်ဆေးဖမ်းဆီးနေခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။


“ အဓိက သူတို့နိုင်ငံက သတ်မှတ်တဲ့ အရည်အသွေး၊ စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့်ပါ။ တစ်နိုင် ငံနဲ့ တစ်နိုင်ငံ၊ တစ်ဘက်နိုင်ငံတွေရဲ့ သတ်မှတ်ချက်တွေအတိုင်းပဲ ကုန်ပစ္စည်း လက်ခံကြရတာလေ’’ ဟု ၎င်း က ဆိုသည်။


သို့သော် တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်လိုသလို ကန့်သတ်တင်းကြပ် နေခြင်းသာဖြစ်ကြောင်း ကုန်သည်အများစုက ဆိုကြသည်။


လယ်ယာထွက်ကုန်အချို့အပေါ် ကောက်ခံသည့် တရုတ်၏ သွင်းကုန်အခွန် နှုန်းထားမှာလည်း မြန်မာကုန် သည်များအဖို့ အတော်ပင် ကြီးမြင့်သော နှုန်းထားဖြစ်နေသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် မြန်မာ့ပို့ကုန်များအနက် အဓိကပို့ကုန်ဖြစ်သော ဆန်အပေါ် တရုတ်က အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံသည်။ စပါးကိုလည်း ၅၀ ရာခိုင်နှုန်း၊ ဆန်မှုန့်ကိုလည်း ၄၀ ရာခိုင်နှုန်းကောက်ခံသည်။ ထိုကဲ့သို့ ကောက်ခံခြင်းမှာ မြန် မာနိုင်ငံ တစ်နိုင်ငံတည်းကိုသာ ကောက်ခံခြင်းမဟုတ်ဘဲ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးကို ကောက်ခံခြင်း ဖြစ်သည်။ သို့သော် မြန်မာကုန်သည်များအဖို့ အဆိုပါ အခွန်နှုန်းထားအတိုင်း တင်ပို့ရန် မလွယ်ကူ၍ တရားမဝင် တင်သွင်းမှုအပေါ် မွေ့လျှော်နေသည်ဟုလည်း ဆိုနိုင်သည်။


“ တကယ်တမ်းကျရင် သူတို့ကလည်း သူတို့စည်းမျဉ်းအတိုင်း လုပ်တာပဲလေ။ သူတို့အထက်က မှောင်ခိုပစ္စည်း ဖမ်းပါဆိုရင် ဖမ်းတာပဲလေ။ ကျွန်တော်တို့ ပစ္စည်းကလည်း မှောင်ခိုပစ္စည်း ဖြစ်နေတယ်။ အခွန် တရားဝင် ဆောင်ပြီးသွားနိုင်တဲ့ အနေအထားမရှိဘူးလေ’’ ဟု မြန်မာနိုင်ငံသကြားနှင့် ကြံလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးဝင်းဌေးက ပြောသည်။


အကယ်၍ အခွန်နှုန်းထား လျော့ကျစေလိုပါက မြန်မာနိုင်ငံအတွက် သွင်းကုန်ခွဲတမ်း ပိုမိုရှိရေးဆောင်ရွက် ရန် (သို့မဟုတ်) နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် လိုအပ်သည်။ မြန်မာအစိုးရ တာဝန်ရှိ သူများသည် တရုတ်နိုင်ငံသို့ မြန်မာကုန်စည်များ လွတ်လပ်စွာတင်သွင်းခွင့်ရရန် ကြိုးပမ်းခဲ့သည်မှာ အစိုးရနှစ် ဆက်ပင် ရှိခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ဆွေးနွေးဆဲအဆင့်တွင်သာ ရှိနေသေးသည်။


“ နှစ်နိုင်ငံ ဆွေးနွေးတဲ့အနေအထား အောင်မြင်တယ်။ ထိရောက်တယ်ဆိုတာတော့ အခုချိန်ထိ မတွေ့ ရသေး ဘူး’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင် က ဆိုသည်။


မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ပို့ကုန်များ တရုတ်ဘက်သို့ အခွန်နှုန်းထား နည်းနည်းနှင့် တင်ပို့ခွင့်ရရှိရေး အကြိမ် ကြိမ် ဆွေးနွေးခဲ့သော်လည်း တရုတ်အနေဖြင့် မြန်မာနိုင်ငံအပေါ် အခွန်လျှော့ပေးလိုက်ပါက အခြားနိုင်ငံများကို လည်း အခွန်လျှော့ပေးရမည် ဖြစ်သည်။ ထို့ကြောင့် အဆိုအပါ အခွန်သက်သာခွင့်များအတွက် နှစ်နိုင်ငံသဘော တူစာချုပ် ချုပ်ဆိုရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနမှ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။


“ bilateral agreement လို ချုပ်တဲ့ ဟာမျိုးလုပ်တာက ကျွန်တော်တို့ ဆန်ဆိုရင် ဆန်တန်ချိန် တစ်သိန်း တင်ပို့ဖို့ စိုက်ပျိုးရေးနဲ့ ပက်သက်တဲ့ စာချုပ်ချုပ်ပေးတယ်။ ဒါပေမဲ့ ဒီစာချုပ်ပါ အချက်အလက်တွေက အပင်ပိုး မွှားကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါတယ်။ ဒါပေမယ့် တင်ပို့တာက ပင်လယ်ရေကြောင်း က တင်ပို့ရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့က အဲဒီတန်ချိန်ကို တင်ပို့ဖို့ ဒီဘက်က လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲ ရှိတယ်။ Agreement ရှိရင်တောင်မှ တစ်ကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိ တယ်လို့ ပြောချင်တာပါ။ အဓိက အရည်အသွေးပါ။ အရည်အသွေးကို မမှီတာပါ’’ ဟု ၎င်းက ဆိုသည်။


အကယ်၍ မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပါက တရုတ်စျေး ကွက်ကိုသာမက အခြားကြိုက်သည့် စျေးကွက်များသို့ပါ တင်ပို့နိုင်မည်ဖြစ်ကြောင်း ဦးမင်းမင်းက ထပ်မံပြောဆိုသည်။


ထိုကဲ့သို့ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တင်ပို့ရာတွင် အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် ပိုးသတ် ဆေး ကင်းရှင်းမှု၊ သိုလှောင်မှု၊ ထုပ်ပိုးမှု စသည့်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် လိုက်နာရမည့် စံနှုန်း သတ်မှတ်ချက်များလည်း ပါဝင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရန်ဆိုလျှင် ကုန်ကျစရိတ်နှင့် နည်းပညာလို အပ်ချက်များ ရှိနေသည်။


“ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်ကုန်တွေ တင်ပို့တဲ့အခါမှာ အရည်အသွေး စစ်ဆေးတဲ့လုပ်ငန်းစဉ် တွေက အရမ်းအရေးကြီးတယ်လေ။ အဲလုပ်ငန်းစဉ်တွေက နယ်စပ်ကုန်သွယ်ရေးကို အမှီပြုပြီးလုပ်မယ်ဆိုရင် နယ်စပ်ဒေသတွေက ကုန်သွယ်ရေးဇုန်တွေမှာ အဓိကအရည်အသွေး စစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေ၊ သိုလှောင်ရုံ တွေ၊ နောက်တစ်ခါ စစ်ဆေးရေး လုပ်ငန်းတွေအတွက် ရုံးခန်းတွေ၊ ဒီဟာတွေကအစ လိုအပ်ချက်တွေ အများ ကြီးရှိတယ်။ အဲတာတွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပြီးတော့ စီစဉ်ဆောင်ရွက်ပေးနိုင်အောင်၊ အားပေးမှ၊ ကူညီပေးမှ ဒီဟာတွေလဲ ရှိလာမှ ကုန်သွယ်ရေးက တရားဝင်လုပ်နိုင်တဲ့ အနေအထား ဖြစ်လာမှာ’’ ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ထောက်ပြပြောဆိုသည်။


တရုတ်နိုင်ငံသာမက မည့်သည့်နိုင်ငံမဆို အမျိုးသားအကျိုးစီးပွားအတွက် ၎င်းတို့၏ ကုန်သွယ်မှုကို ကိုတာဖြင့် သော်လည်းကောင်း၊ အခွန်ဖြင့်လည်းကောင်း အထိုက်အလျောက်တော့ ကာကွယ်မှု ပြုလုပ်နေမည် ဖြစ်သည်။


သို့ဖြစ်ရာ မြန်မာအစိုးရဘက်မှ တရုတ်နိုင်ငံနှင့် တရားဝင်ကုန်သွယ်မှုပုံစံ လိုလိုလားလားဖြစ်စေလိုသော် လည်း မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ မထုတ်နိုင်သရွေ့၊ နှစ်နိုင်ငံကုန်သွယ် ရေးစာချုပ်များ ချုပ်ဆိုနိုင်ခြင်း မရှိသေးသရွေ့ မြန်မာနိုင်ငံအနေဖြင့် တရုတ်ဘက်မှ သွင်းကုန်များကို စစ်ဆေး ရေးအား တင်းကြပ်လိုက်သည့်အခါတိုင်း တရုတ်ဘက်သို့ တင်ပို့မည့် မြန်မာ့ပို့ကုန်များမှာ ယခုကဲသို့ အခက်ကြုံ နေရဦးမည် ဖြစ်သည်။

 

Leave a comment