Sunday, December 16, 2018

ယခုႏွစ္တြင္ နယ္စပ္မွ ဆန္တင္ပို႔မႈ ေလ်ာ့က်လာျခင္းျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

ဒီဇင္ဘာ  ၄

 

၂၀၁၈ ခုႏွစ္ ရွစ္လ(ဧၿပီလမွ ႏုိ၀င္ဘာလ) အတြင္း  ဆန္ႏွင့္ ဆန္ကြဲ ျပည္ပတင္ပို႔မႈမွာ နယ္စပ္ႏွင့္ ပင္လယ္ ေရေၾကာင္း ကုန္သြယ္မႈ ဆတူနီးပါးအထိ ျဖစ္လာေၾကာင္း ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သတင္းရရွိ သည္။

၈ လအတြင္း ႏုိင္ငံေပါင္း ၆၁ ႏုိင္ငံသို႔ ဆန္ႏွင့္ ဆန္ကြဲ တန္ခ်ိန္ ၁၃ သိန္းခန္႔ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ ေဒၚလာ သန္း ၄၄၀ ေက်ာ္ ရရွိထားေၾကာင္း ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ တြဲဖက္အေထြေထြ အတြင္း ေရးမွဴး ဦးေနလင္းဇင္က ေျပာသည္။

“ နယ္စပ္နဲ႔ ပင္လယ္ေရေၾကာင္း တင္ပို႔မႈက ဆတူနီးပါးအထိ ျဖစ္လာတာက ေရေၾကာင္း ကုန္သြယ္မႈ တိုးတက္ လာတာေပါ့” ဟု ၎က ေျပာသည္။

ႏုိင္ငံေပါင္း ၄၃ ႏုိင္ငံသို႔ ဆန္ မက္ထရစ္တန္ခ်ိန္ ၁၀ သိန္းေက်ာ္ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ သန္း ၃၇၀ ေက်ာ္၊ ႏိုင္ငံေပါင္း ၁၈ ႏုိင္ငံသို႔ ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ သံုးသိန္းခန္႔ တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ ေဒၚလာ ၇၇ သန္းေက်ာ္ ရရွိထားၿပီး ကမာၻ႕ဆန္ေစ်းကြက္တြင္ ယခင္ႏွစ္ႏွင့္ ႏိႈင္းယွဥ္ပါက ၁ဒသမ၃၇ ရာခိုင္ ႏႈန္းခန္႔ ေစ်းႏႈန္းျမင့္တက္လာျခင္းေၾကာင့္ ေစ်းႏႈန္းပိုမို ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိ တင္ပို႔မႈ ပမာဏထဲတြင္ ပင္လယ္ေရေၾကာင္းမွ တန္ခ်ိန္ ေျခာက္သိန္းေက်ာ္၊ ၀င္ေငြ အေမရိကန္ေဒၚလာ ၂၀၂ သန္းေက်ာ္၊  နယ္စပ္မွ တန္ခ်ိန္ ခုႏွစ္သိန္းခန္႔၊ ၀င္ေငြ အေမရိကန္ေဒၚလာ သန္း ၂၄၅ ေက်ာ္ အသီးသီး ရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိ ကမၻာတြင္ ဆန္အမ်ားဆံုး တင္သြင္းသည့္ ႏုိင္ငံမ်ားမွာ ဘီနင္၊ ဘဂၤလားေဒ့ရွ္၊ ကင္မရြန္း၊ တရုတ္၊ အိုင္ ဗရီကို႔စ္၊ အီးယူ၊ အင္ဒိုနီးရွား၊ အီရတ္၊ ကင္ဘာ၊ မေလးရွားး၊ ဖိလစ္ပိုင္၊ မိုဇမ္းဘစ္၊ ႏုိင္ဂ်ီးရီးယား၊ ဆီနီေဂါ၊ ေတာင္အာဖရိက ႏုိင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။

ျပည္ပသို႔ ပင္လယ္ေရေၾကာင္းမွ ဆန္ႏွင့္ ဆန္ကြဲ တင္ပို႔ရာတြင္လည္း ဆိပ္ကမ္း၀န္ေဆာင္မႈ အခက္အခဲမ်ား ႏွင့္  ၀န္ေဆာင္မႈ ၾကန္႔ၾကာသည့္ အခက္အခဲမ်ား ရွိေနေၾကာင္း သိရသည္။

ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈမွ အမ်ားဆံုးတင္ပို႔သည့္ ႏုိင္ငံမ်ားမွာ တရုတ္၊ ဘယ္လဂ်ီယံ၊ အိုင္ဗရီကို႔စ္၊ ပို လန္၊ ဂြာနီယာ၊ ကင္မရြန္း၊ နယ္သာလမ္၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ကေနဒါ၊ စပိန္ႏွင့္ ဖိလစ္ပိုင္ စသည့္ႏိုင္ငံမ်ားျဖစ္ေၾကာင္း သိရသည္။

 

Unicode

ဒီဇင်ဘာ ၄

၂၀၁၈ ခုနှစ် ရှစ်လ(ဧပြီလမှ နို၀င်ဘာလ) အတွင်း ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုမှာ နယ်စပ်နှင့် ပင်လယ် ရေကြောင်း ကုန်သွယ်မှု ဆတူနီးပါးအထိ ဖြစ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။


၈ လအတွင်း နိုင်ငံပေါင်း ၆၁ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၃ သိန်းခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန် ဒေါ်လာ သန်း ၄၄၀ ကျော် ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်း ရေးမှူး ဦးနေလင်းဇင်က ပြောသည်။


“ နယ်စပ်နဲ့ ပင်လယ်ရေကြောင်း တင်ပို့မှုက ဆတူနီးပါးအထိ ဖြစ်လာတာက ရေကြောင်း ကုန်သွယ်မှု တိုးတက် လာတာပေါ့” ဟု ၎င်းက ပြောသည်။
နိုင်ငံပေါင်း ၄၃ နိုင်ငံသို့ ဆန် မက်ထရစ်တန်ချိန် ၁၀ သိန်းကျော် တင်ပို့မှုမှ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော်၊ နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ ဆန်ကွဲ မက်ထရစ်တန်ချိန် သုံးသိန်းခန့် တင်ပို့မှုမှ ၀င်ငွေ အမေရိကန် ဒေါ်လာ ရ၇ သန်းကျော် ရရှိထားပြီး ကမ္ဘာ့ဆန်စျေးကွက်တွင် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁ဒသမ၃၇ ရာခိုင် နှုန်းခန့် စျေးနှုန်းမြင့်တက်လာခြင်းကြောင့် စျေးနှုန်းပိုမို ရရှိခဲ့ကြောင်း သိရသည်။


လက်ရှိ တင်ပို့မှု ပမာဏထဲတွင် ပင်လယ်ရေကြောင်းမှ တန်ချိန် ခြောက်သိန်းကျော်၊ ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၀၂ သန်းကျော်၊ နယ်စပ်မှ တန်ချိန် ခုနှစ်သိန်းခန့်၊ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၄၅ ကျော် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။


လက်ရှိ ကမ္ဘာတွင် ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံများမှာ ဘီနင်၊ ဘင်္ဂလားဒေ့ရှ်၊ ကင်မရွန်း၊ တရုတ်၊ အိုင် ဗရီကို့စ်၊ အီးယူ၊ အင်ဒိုနီးရှား၊ အီရတ်၊ ကင်ဘာ၊ မလေးရှားး၊ ဖိလစ်ပိုင်၊ မိုဇမ်းဘစ်၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ တောင်အာဖရိက နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။


ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင်လည်း ဆိပ်ကမ်းဝန်ဆောင်မှု အခက်အခဲများ နှင့် ၀န်ဆောင်မှု ကြန့်ကြာသည့် အခက်အခဲများ ရှိနေကြောင်း သိရသည်။


ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အများဆုံးတင်ပို့သည့် နိုင်ငံများမှာ တရုတ်၊ ဘယ်လဂျီယံ၊ အိုင်ဗရီကို့စ်၊ ပို လန်၊ ဂွာနီယာ၊ ကင်မရွန်း၊ နယ်သာလမ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကနေဒါ၊ စပိန်နှင့် ဖိလစ်ပိုင် စသည့်နိုင်ငံများ ဖြစ်ကြောင်း သိရသည်။

 

 

Leave a comment