Sunday, December 16, 2018

ဓာတ္ပံု- daily express

ကြာလာလမ္ပူ၊  ဒီဇင္ဘာ  ၄

 

တ႐ုတ္ႏိုင္ငံမွ ဝယ္လိုအား ျမင့္မားလာေသာေၾကာင့္ မေလးရွားႏိုင္ငံသည္ ဒူးရင္းဧက ေထာင္ေပါင္းမ်ားစြာ တိုး ခ်ဲ႕စိုက္ပ်ိဳးလာရာ  ဒူးရင္းသီးသည္ ေနာင္တြင္ မေလးရွားႏိုင္ငံ၏ အဓိကပို႔ကုန္ ျဖစ္လာေတာ့မည္ ျဖစ္သည္။

 

ယခင္က မိသားစုပိုင္ၿခံဝင္းထဲတြင္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးခဲ့ေသာ ဒူးရင္းသီးပင္မ်ားသည္ ယခုအခါတြင္ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားကို ယခင္ကထက္ အမ်ားအျပား စြဲေဆာင္ေနသည္။

 

အိမ္ၿခံေျမလုပ္ ငန္းရွင္ႀကီးမ်ားႏွင့္ ဆီအုန္းကုမၸဏီႀကီးမ်ားပင္လွ်င္ ဒူးရင္းစိုက္ပ်ိဳးေရး ေဈးကြက္သို႔ ဝင္ေရာက္ လုပ္ကိုင္ရန္ စဥ္းစားေနၾကသည္။

 

မေလးရွားအစိုးရသည္ အႀကီးစားဒူးရင္း စိုက္ပ်ိဳးေရး လုပ္ငန္းမ်ားကို အားေပးေနၿပီး လာမည့္ ၂၀၃၀ ခုႏွစ္တြင္ ၅၀ ရာခိုင္ႏႈန္းအထိ တိုးတက္လာရန္ ရည္မွန္းထားသည္။

 

“ တ႐ုတ္ႏိုင္ငံဘက္က ဝယ္လိုအား ေကာင္းတာေၾကာင့္ ဒူးရင္းလုပ္ငန္းဟာ ေဒသအဆင့္ကေန ကမၻာ့အ ဆင့္ကို ေျပာင္းလဲလာေနတယ္။ ဒီလို အေျခအေန မတိုင္ခင္မွာဆိုရင္ မေလးရွားႏိုင္ငံက ဒူးရင္းလုပ္ငန္းေတြ ဟာ အေပ်ာ္တမ္းစိုက္တဲ့ သေဘာမ်ိဳးပဲ။ အခုေတာ့ ဧကရာေပါင္းမ်ားစြာ ရွိလာၿပီး ႀကီးလာတယ္။ ေနာက္က်ရင္ လည္း ပိုဝင္လာဖို႔ရွိတယ္” ဟု ဒူးရင္းလုပ္ငန္းအႀကံေပး လင္ခ်င္ခီးက ေျပာသည္။

 

အနံ႔ျပင္းသျဖင့္ ဒူးရင္းသီးကို ေလဆိပ္မ်ား၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ေနရာမ်ားတြင္ သယ္မလာရန္ ပိတ္ပင္ထားသည္။  သို႔ေသာ္ တ႐ုတ္တို႔က ဒူးရင္းသီးကို အလြန္ႀကိဳက္ၾကသည္။

 

ဒူးရင္းအရသာႏွင့္ ျပဳလုပ္ေရာင္းခ်ေသာ အစားအစာမ်ားတြင္ ပီဇာ၊ ေထာပတ္၊ အသုပ္ႏွင့္ ႏို႔တို႔လည္း ပါဝင္ သည္။

 

“ အစပိုင္းမွာ အနံျပင္းလို႔ ကြ်န္မလည္း မႀကိဳက္ဘူး။ စားၾကည့္လိုက္တဲ့အခါမွာ ေတာ္ေတာ္ အရသာရွိတယ္။ ဒူးရင္းကို မႀကိဳက္တဲ့လူေတြက အနံ႔ကို မႀကိဳက္ၾကတာ ျဖစ္မယ္။ ဒါေပမယ့္ေတာ့ စားၾကည့္လိုက္ရင္ ႀကိဳက္ သြားၾကမယ္လို႔ ထင္တယ္” ဟု အသက္ ၂၆ ႏွစ္အရြယ္ ဟယ္လင္လီက ရွန္ဟိုင္းရွိ ဒူးရင္းပီဇာဆိုင္တြင္ ပီဇာ စားရင္းေျပာသည္။

 

႐ံုးတက္၊ ႐ံုးဆင္းခ်ိန္မ်ားတြင္ဆိုလွ်င္ စားသံုးသူမ်ားမွာ ယြမ္ ၆၀ (အေမရိကန္ေဒၚလာ ၈ဒသမ၅၀) က်သင့္ ေသာ ပီဇာမ်ားကို မွာယူစားသံုးတတ္ၾကသည္။

 

ရွန္ဟိုင္းရွိ အျခားေသာ စားေသာက္ဆိုင္တြင္လည္း ဒူးရင္းၾကက္သာေဟာ့ေပါ့ကို ေရာင္းခ်ေပးေနၿပီး တစ္ပြဲလွ်င္ ယြမ္ ၁၄၈ ယြမ္ (အေမရိ ကန္ေဒၚလာ ၂၁) ေဒၚလာျဖင့္ ေရာင္းခ်ေနသည္။ အဆိုပါ စားေသာက္ဆိုင္မွာ တစ္ လလွ်င္ ထိုင္းဒူးရင္းသီး ကီလိုဂရမ္ ၂၀ မွ ၂၅ ကီလိုဂရမ္အထိ ေရာင္းခ်ရေၾကာင္း ပိုင္ရွင္ ခ်န္ေ၀ဟိုက ေျပာ သည္။

 

ဒူးရင္းသီး တင္သြင္းမႈမွာလည္း ၿပီးခဲ့သည့္ႏွစ္ကထက္ ၁၅ ရာခိုင္ႏႈန္းခန္႔ တက္လာရာ ပမာဏအားျဖင့္ တန္ခ်ိန္ သံုးသိန္းခြဲ၊ တန္ဖိုး အေမရိကန္ေဒၚလာ ၅၁၀ သန္း ရွိေၾကာင္း ကုလသမဂၢ ကုန္သြယ္မႈအခ်က္အလက္မ်ား အရ သိရသည္။

 

တင္ပို႔မႈ စုစုေပါင္း၏ ၄၀ ရာခိုင္ႏႈန္းမွာ ထိုင္းႏိုင္ငံမွ ထုတ္လုပ္တင္ပို႔ေနျခင္း ျဖစ္သည္။ ထိုင္းႏိုင္ငံမွာ ဒူးရင္းသီး အမ်ားဆံုး ထုတ္လုပ္တင္ပို႔ေနသည့္ႏိုင္ငံ ျဖစ္သည္။

 

လက္ရွိ မေလးရွားႏိုင္ငံ၏ ဒူးရင္းသီး ထုတ္လုပ္တင္ပို႔မႈမွာ ၁ ရာခိုင္ႏႈန္းေအာက္သာ ရွိေသးၿပီး၂၀၃၀ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈသည္ တန္ခ်ိန္ ၂၂,၀၆၁ အထိ တိုးျမင့္လာမည္ဟု ေမွ်ာ္လင့္ထားသည္။

 

စိုက္ပ်ိဳးေရးဝန္ႀကီးဌာနသည္ ယခုႏွစ္တြင္ ဒူးရင္းပင္မ်ား စတင္စိုက္ပ်ိဳးေနၿပီျဖစ္ေၾကာင္း  ႏိုင္ငံပိုင္ ဆီအုန္းကုမၸ ဏီ ဖယ္လ္ဒါက ေျပာသည္။

 

ေဆာက္လုပ္ေရးႏွင့္ ဆီအုန္း စိုက္ပ်ိဳးေရးလုပ္ငန္း ပီအယ္လ္ ပလန္႔ေတးရွင္းက ယင္းအေနျဖင့္ ဒူးရင္းသီး တင္ ပို႔ေနေသာလုပ္ငန္းတြင္ အေမရိကန္ေဒၚလာ ၅ သန္း ရွယ္ယာဝယ္ယူသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

 

ၿပီးခဲ့သည့္ႏွစ္က ထူေထာင္ခဲ့ေသာ M7 Plantation Bhd က ဒူးရင္းဧကေပါင္း တစ္ေသာင္းခန္႔ စိုက္ပ်ိဳးေနၿပီး ဒူး ရင္းပင္ တစ္ပင္လွ်င္ အေမရိကန္ေဒၚလာ ၁,၂၀ဝ ျဖင့္ ေရာင္းခ်ေနသည္။

 

ၿပီးခဲ့သည့္ ႏို၀င္ဘာလအတြင္း မေလးရွားႏိုင္ငံ၏ ဒူးရင္းပင္ စိုက္ပ်ိဳးထားရွိမႈမွာ ဟက္တာေပါင္း ၇၂,၀ဝ၀ ရွိခဲ့ၿပီး စိုက္ပ်ိဳးေနဆဲ ဧရိယာပမာဏမွာလည္း တိုးပြားေနေၾကာင္း မေလးရွားႏိုင္ငံ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ထုတ္ျပန္ထား သည္။

 

မင္းသူေအာင္(ဘာသာျပန္)

Source: Daily Express

 

Unicode

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၄

တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်မားလာသောကြောင့် မလေးရှားနိုင်ငံသည် ဒူးရင်းဧက ထောင်ပေါင်းများစွာ တိုး ချဲ့စိုက်ပျိုးလာရာ ဒူးရင်းသီးသည် နောင်တွင် မလေးရှားနိုင်ငံ၏ အဓိကပို့ကုန် ဖြစ်လာတော့မည် ဖြစ်သည်။

ယခင်က မိသားစုပိုင်ခြံဝင်းထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့သော ဒူးရင်းသီးပင်များသည် ယခုအခါတွင် ရင်းနှီး မြှုပ်နှံမှုများကို ယခင်ကထက် အများအပြား စွဲဆောင်နေသည်။

အိမ်ခြံမြေလုပ် ငန်းရှင်ကြီးများနှင့် ဆီအုန်းကုမ္ပဏီကြီးများပင်လျှင် ဒူးရင်းစိုက်ပျိုးရေး ဈေးကွက်သို့ ဝင်ရောက် လုပ်ကိုင်ရန် စဉ်းစားနေကြသည်။

မလေးရှားအစိုးရသည် အကြီးစားဒူးရင်း စိုက်ပျိုးရေး လုပ်ငန်းများကို အားပေးနေပြီး လာမည့် ၂၀၃၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန် ရည်မှန်းထားသည်။

“ တရုတ်နိုင်ငံဘက်က ဝယ်လိုအား ကောင်းတာကြောင့် ဒူးရင်းလုပ်ငန်းဟာ ဒေသအဆင့်ကနေ ကမ္ဘာ့အ ဆင့်ကို ပြောင်းလဲလာနေတယ်။ ဒီလို အခြေအနေ မတိုင်ခင်မှာဆိုရင် မလေးရှားနိုင်ငံက ဒူးရင်းလုပ်ငန်းတွေ ဟာ အပျော်တမ်းစိုက်တဲ့ သဘောမျိုးပဲ။ အခုတော့ ဧကရာပေါင်းများစွာ ရှိလာပြီး ကြီးလာတယ်။ နောက်ကျရင် လည်း ပိုဝင်လာဖို့ရှိတယ်” ဟု ဒူးရင်းလုပ်ငန်းအကြံပေး လင်ချင်ခီးက ပြောသည်။

အနံ့ပြင်းသဖြင့် ဒူးရင်းသီးကို လေဆိပ်များ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး နေရာများတွင် သယ်မလာရန် ပိတ်ပင်ထားသည်။ သို့သော် တရုတ်တို့က ဒူးရင်းသီးကို အလွန်ကြိုက်ကြသည်။

ဒူးရင်းအရသာနှင့် ပြုလုပ်ရောင်းချသော အစားအစာများတွင် ပီဇာ၊ ထောပတ်၊ အသုပ်နှင့် နို့တို့လည်း ပါဝင် သည်။

“ အစပိုင်းမှာ အနံပြင်းလို့ ကျွန်မလည်း မကြိုက်ဘူး။ စားကြည့်လိုက်တဲ့အခါမှာ တော်တော် အရသာရှိတယ်။ ဒူးရင်းကို မကြိုက်တဲ့လူတွေက အနံ့ကို မကြိုက်ကြတာ ဖြစ်မယ်။ ဒါပေမယ့်တော့ စားကြည့်လိုက်ရင် ကြိုက် သွားကြမယ်လို့ ထင်တယ်” ဟု အသက် ၂၆ နှစ်အရွယ် ဟယ်လင်လီက ရှန်ဟိုင်းရှိ ဒူးရင်းပီဇာဆိုင်တွင် ပီဇာ စားရင်းပြောသည်။

ရုံးတက်၊ ရုံးဆင်းချိန်များတွင်ဆိုလျှင် စားသုံးသူများမှာ ယွမ် ၆၀ (အမေရိကန်ဒေါ်လာ ၈ဒသမ၅၀) ကျသင့် သော ပီဇာများကို မှာယူစားသုံးတတ်ကြသည်။

ရှန်ဟိုင်းရှိ အခြားသော စားသောက်ဆိုင်တွင်လည်း ဒူးရင်းကြက်သာဟော့ပေါ့ကို ရောင်းချပေးနေပြီး တစ်ပွဲလျှင် ယွမ် ၁၄၈ ယွမ် (အမေရိ ကန်ဒေါ်လာ ၂၁) ဒေါ်လာဖြင့် ရောင်းချနေသည်။ အဆိုပါ စားသောက်ဆိုင်မှာ တစ် လလျှင် ထိုင်းဒူးရင်းသီး ကီလိုဂရမ် ၂၀ မှ ၂၅ ကီလိုဂရမ်အထိ ရောင်းချရကြောင်း ပိုင်ရှင် ချန်ဝေဟိုက ပြော သည်။

ဒူးရင်းသီး တင်သွင်းမှုမှာလည်း ပြီးခဲ့သည့်နှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် တက်လာရာ ပမာဏအားဖြင့် တန်ချိန် သုံးသိန်းခွဲ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၁၀ သန်း ရှိကြောင်း ကုလသမဂ္ဂ ကုန်သွယ်မှုအချက်အလက်များ အရ သိရသည်။

တင်ပို့မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ ထုတ်လုပ်တင်ပို့နေခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှာ ဒူးရင်းသီး အများဆုံး ထုတ်လုပ်တင်ပို့နေသည့်နိုင်ငံ ဖြစ်သည်။

လက်ရှိ မလေးရှားနိုင်ငံ၏ ဒူးရင်းသီး ထုတ်လုပ်တင်ပို့မှုမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိသေးပြီး၂၀၃၀ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့မှုသည် တန်ချိန် ၂၂,၀၆၁ အထိ တိုးမြင့်လာမည်ဟု မျှော်လင့်ထားသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနသည် ယခုနှစ်တွင် ဒူးရင်းပင်များ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း နိုင်ငံပိုင် ဆီအုန်းကုမ္ပ ဏီ ဖယ်လ်ဒါက ပြောသည်။

ဆောက်လုပ်ရေးနှင့် ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း ပီအယ်လ် ပလန့်တေးရှင်းက ယင်းအနေဖြင့် ဒူးရင်းသီး တင် ပို့နေသောလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅ သန်း ရှယ်ယာဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ထူထောင်ခဲ့သော M7 Plantation Bhd က ဒူးရင်းဧကပေါင်း တစ်သောင်းခန့် စိုက်ပျိုးနေပြီး ဒူး ရင်းပင် တစ်ပင်လျှင် အမေရိကန်ဒေါ်လာ ၁,၂၀ဝ ဖြင့် ရောင်းချနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မလေးရှားနိုင်ငံ၏ ဒူးရင်းပင် စိုက်ပျိုးထားရှိမှုမှာ ဟက်တာပေါင်း ရ၂,၀ဝဝ ရှိခဲ့ပြီး စိုက်ပျိုးနေဆဲ ဧရိယာပမာဏမှာလည်း တိုးပွားနေကြောင်း မလေးရှားနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထား သည်။

မင်းသူအောင်(ဘာသာပြန်)
Source: Daily Express

 

Leave a comment