Sunday, December 16, 2018

EU သို႔ တင္ပို႔ေနသည့္ ဆန္လံုးရွည္အေပၚတြင္ အခြန္ျပန္ေကာက္ရန္ သံုးသပ္ေနျခင္း ျဖစ္သည္။ ဓာတ္ပံု- ေကဇူး(AMIA)

ရန္ကုန္၊   ဒီဇင္ဘာ  ၄

 

ျမန္မာ့ႏိုင္ငံမွ တင္ပို႔ေနသည့္ ဆန္အေပၚအေကာက္ခြန္ သက္သာခြင့္ အထူးအခြင့္အေရး (GSP) အား ယာယီ ျပန္လည္ရုတ္သိမ္းျခင္း ျပဳ၊ မျပဳကို ဥေရာပသမဂ (EU)  အဖြဲ႕မွ  ယခုလအတြင္း ဆံုးျဖတ္သြားမည္ဟု ေျပာ ၾကားထားေၾကာင္း  ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ သတင္းရရွိသည္။

 

“ ျမန္မာႏိုင္ငံ အေနနဲ႔ အီးယူအဖြဲ႕ကို တင္ျပစရာရွိတာ အကုန္လံုး ေဆာင္ရြက္ၿပီးပါၿပီ။ သူတို႔ဘက္က ေပး တဲ့အတိုင္း အခ်ိန္မွီ တင္ျပထားတယ္။ ဒီဇင္ဘာလထဲမွာေတာ့ အေျဖထြက္မယ္လို႔ သိရတယ္။ အေျဖကို ေတာ့ အတိအက် မသိေသးဘူး” ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠဌ ဦးေအာင္သန္းဦးက ေျပာသည္။

 

ဥေရာပသမဂၢ (EU) ႏိုင္ငံမ်ားအတြင္း ဆန္ထြက္သည့္ ႏိုင္ငံမ်ားျဖစ္သည့္ စပိန္ႏွင့္ အီတလီႏိုင္ငံတို႔မွ GSP အခြင့္ အေရးရရွိထားသည့္ ျမန္မာႏိုင္ငံႏွင့္ ကမာၻဒီယား ႏိုင္ငံတို႔မွ  ေစ်းႏႈန္းသက္သက္သာသာျဖင့္ တင္သြင္း လာသည့္ ဆန္မ်ားေၾကာင့္ ၎တို႔၏ လုပ္ငန္းမ်ား ထိခိုက္နစ္နာသည္ဟုု တင္ျပခဲ့ၿပီးေနာက္တြင္   အီးယူအဖြဲ႕မွ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ကာ ျမန္မာႏိုင္ငံမွ ဆန္တင္သြင္းမႈအေပၚတြင္ အခြန္မ်ားျပန္လည္ခ်မွတ္ရန္ စီစဥ္ ေနျခင္းျဖစ္သည္။

 

သို႔ေသာ္ ဥေရာပသမဂၢအေနျဖင့္  အီးယူႏိုင္ငံမ်ားတြင္ စိုက္ပ်ိဳးထုတ္လုပ္ေနေသာ ဆန္လံုးရွည္ အမ်ိဳးအစား၀င္ ဆန္အေပၚတြင္သာ အခြန္ျပန္ေကာက္ရန္ သံုးသပ္ေနျခင္း ျဖစ္သည္။

 

“ ျပန္ေကာက္မယ္ဆိုတာ သူတို႔ဘက္ကပဲ ေျပာတာ။ ဒါေပမယ့္ သူတို႔ အီးယူႏိုင္ငံေတြက မဲခြဲဆံုးျဖတ္ၿပီးမွ အေျဖကိုသိမွာ။ ကၽြန္ေတာ္တို႔ဘက္က တင္တာအမ်ားဆံုး၊ ဆန္ကြဲနဲ႔ ဆန္ပဲ အပို႔မ်ားတာျဖစ္တဲ့အတြက္ သူတို႔ တင္ျပတဲ့အခ်က္က ကၽြန္ေတာ္တို႔အတြက္ သိပ္ထိေရာက္မႈ မရွိႏိုင္ဘူး။  ၿပီးေတာ့ ၀ယ္စားတဲ့ႏိုင္ငံေတြက လည္း ေစ်းသက္သာတာပဲ လိုခ်င္ၾကတာျဖစ္တဲ့အတြက္ အီးယူႏိုင္ငံ ေတာ္ေတာ္မ်ားမ်ား ကၽြန္ေတာ္တို႔ဘက္ ကပဲ ရပ္တည္ၾကမွာပါ” ဟု ဦးေအာင္သန္းဦးက ဆိုသည္။

 

ၿပီးခဲ့သည့္ ၂၀၁၇- ၂၀၁၈ ဘ႑ာႏွစ္တြင္ ဥေရာပသမဂၢသို႔ ဆန္ကြဲတန္ခ်ိန္ (၃) သိန္းႏွင့္ ဆန္ျဖဴ တန္ခ်ိန္ (၁) သိန္းေက်ာ္ စုစုေပါင္း (၄) သိန္းေက်ာ္ တင္ပိုႏိုင္ခဲ့သည္။ ယင္းပမာဏတြင္ ဆန္လံုးရွည္တင္ပို႔မႈမွာ ၁၀ ရာခိုင္ ႏႈန္းႏွင့္ ၁၅ ရာခိုင္ႏႈန္းခန႔္သာရွိေၾကာင္း သိရသည္။

 

ျမန္မာႏိုင္ငံမွ တင္ပို႔သည့္ ဆန္အေပၚ GSP အခြင့္အေရးအား အခ်ိန္ကာလတစ္ခုအထိ ဆက္လက္ထားရွိ ေပးေရးအပါအ၀င္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ႏွင့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနတို႔ ပူးေပါင္းညွိႏႈိင္းထားခ်က္မ်ားကို  အီးယူေကာ္မရွင္သို႔ ႏို၀င္ဘာလ ၁၉ ရက္ေန႔မတိုင္မွီ ေပးပို႔တင္ျပထားၿပီးျဖစ္ ေၾကာင္း သိရသည္။

 

“ GSP လို အခြင့္အေရးက အၿမဲတမ္းေပးထားႏိုင္မွာ မဟုတ္ဘူး၊ အခ်ိန္ကာလ တစ္ခုနဲ႔ပဲေပးတာ။ ဒါကို တစ္ခ်ိဳ႕ က နားလည္မႈလြဲၿပီးေတာ့ လံုး၀ EU ကို ဆန္တင္ပို႔ မရေတာ့ဘူးဆုိတဲ့ ပံုစံမ်ိဳးထင္ၾကတာ” ဟု ဦးရဲမင္းေအာင္ က ေျပာသည္။

ဥေရာပသမဂၢအဖြဲ႕ (EU) အေနျဖင့္ ျမန္မာႏိုင္ငံအား ၂၀၁၃ ခုႏွစ္မွစ၍ အေကာက္ခြန္ သက္သာခြင့္အထူးအ ခြင့္အေရး(GSP) အားေပးခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ယွဥ္ၿပိဳင္တင္ပို႔ႏိုင္သည့္ အဆင့္သို႔ ေရာက္ရွိပါက EU မွ အျခားႏိုင္ငံမ်ားနည္းတူ အခြန္ တစ္ေျပးညီ ျပန္လည္သတ္မွတ္ ေကာက္ခံသြားမည္ျဖစ္ရာ ေရရွည္တြင္ ယွဥ္ၿပိဳင္ႏိုင္ရန္ ႀကိဳးစားရမည္ ျဖစ္ သည္။

လတ္တေလာ အခ်ိန္တြင္ ႀကိဳးစားမႈအတြက္ အေထာက္အကူ ျဖစ္ႏိုင္ရန္ EU မွ အခြန္ကင္းလႊတ္ခြင့္ ေပးထား ျခင္းျဖစ္ေၾကာင္း သိရသည္။

 

Unicode

ရန်ကုန်၊ ဒီဇင်ဘာ ၄

မြန်မာ့နိုင်ငံမှ တင်ပို့နေသည့် ဆန်အပေါ် အကောက်ခွန် သက်သာခွင့် အထူးအခွင့်အရေး (GSP) အား ယာယီ ပြန်လည်ရုတ်သိမ်းခြင်း ပြု၊ မပြုကို ဥရောပသမဂ (EU) အဖွဲ့မှ ယခုလအတွင်း ဆုံးဖြတ်သွားမည်ဟု ပြော ကြားထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

“ မြန်မာနိုင်ငံ အနေနဲ့ အီးယူအဖွဲ့ကို တင်ပြစရာရှိတာ အကုန်လုံး ဆောင်ရွက်ပြီးပါပြီ။ သူတို့ဘက်က ပေး တဲ့အတိုင်း အချိန်မှီ တင်ပြထားတယ်။ ဒီဇင်ဘာလထဲမှာတော့ အဖြေထွက်မယ်လို့ သိရတယ်။ အဖြေကို တော့ အတိအကျ မသိသေးဘူး” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။

ဥရောပသမဂ္ဂ (EU) နိုင်ငံများအတွင်း ဆန်ထွက်သည့် နိုင်ငံများဖြစ်သည့် စပိန်နှင့် အီတလီနိုင်ငံတို့မှ GSP အခွင့် အရေးရရှိထားသည့် မြန်မာနိုင်ငံနှင့် ကမ္ဘာဒီယား နိုင်ငံတို့မှ စျေးနှုန်းသက်သက်သာသာဖြင့် တင်သွင်း လာသည့် ဆန်များကြောင့် ၎င်းတို့၏ လုပ်ငန်းများ ထိခိုက်နစ်နာသည်ဟုု တင်ပြခဲ့ပြီးနောက်တွင် အီးယူအဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုအပေါ်တွင် အခွန်များပြန်လည်ချမှတ်ရန် စီစဉ် နေခြင်းဖြစ်သည်။

သို့သော် ဥရောပသမဂ္ဂအနေဖြင့် အီးယူနိုင်ငံများတွင် စိုက်ပျိုးထုတ်လုပ်နေသော ဆန်လုံးရှည် အမျိုးအစားဝင် ဆန်အပေါ်တွင်သာ အခွန်ပြန်ကောက်ရန် သုံးသပ်နေခြင်း ဖြစ်သည်။

“ ပြန်ကောက်မယ်ဆိုတာ သူတို့ဘက်ကပဲ ပြောတာ။ ဒါပေမယ့် သူတို့ အီးယူနိုင်ငံတွေက မဲခွဲဆုံးဖြတ်ပြီးမှ အဖြေကိုသိမှာ။ ကျွန်တော်တို့ဘက်က တင်တာအများဆုံး၊ ဆန်ကွဲနဲ့ ဆန်ပဲ အပို့များတာဖြစ်တဲ့အတွက် သူတို့ တင်ပြတဲ့အချက်က ကျွန်တော်တို့အတွက် သိပ်ထိရောက်မှု မရှိနိုင်ဘူး။ ပြီးတော့ ၀ယ်စားတဲ့နိုင်ငံတွေက လည်း စျေးသက်သာတာပဲ လိုချင်ကြတာဖြစ်တဲ့အတွက် အီးယူနိုင်ငံ တော်တော်များများ ကျွန်တော်တို့ဘက် ကပဲ ရပ်တည်ကြမှာပါ” ဟု ဦးအောင်သန်းဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဥရောပသမဂ္ဂသို့ ဆန်ကွဲတန်ချိန် (၃) သိန်းနှင့် ဆန်ဖြူ တန်ချိန် (၁) သိန်းကျော် စုစုပေါင်း (၄) သိန်းကျော် တင်ပိုနိုင်ခဲ့သည်။ ယင်းပမာဏတွင် ဆန်လုံးရှည်တင်ပို့မှုမှာ ၁၀ ရာခိုင် နှုန်းနှင့် ၁၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်အပေါ် GSP အခွင့်အရေးအား အချိန်ကာလတစ်ခုအထိ ဆက်လက်ထားရှိ ပေးရေးအပါအဝင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့ ပူးပေါင်းညှိနှိုင်းထားချက်များကို အီးယူကော်မရှင်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့မတိုင်မှီ ပေးပို့တင်ပြထားပြီးဖြစ် ကြောင်း သိရသည်။

“ GSP လို အခွင့်အရေးက အမြဲတမ်းပေးထားနိုင်မှာ မဟုတ်ဘူး၊ အချိန်ကာလ တစ်ခုနဲ့ပဲပေးတာ။ ဒါကို တစ်ချို့ က နားလည်မှုလွဲပြီးတော့ လုံးဝ EU ကို ဆန်တင်ပို့ မရတော့ဘူးဆိုတဲ့ ပုံစံမျိုးထင်ကြတာ” ဟု ဦးရဲမင်းအောင် က ပြောသည်။


ဥရောပသမဂ္ဂအဖွဲ့ (EU) အနေဖြင့် မြန်မာနိုင်ငံအား ၂၀၁၃ ခုနှစ်မှစ၍ အကောက်ခွန် သက်သာခွင့်အထူးအ ခွင့်အရေး(GSP) အားပေးခဲ့ခြင်း ဖြစ်သည်။


မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်တင်ပို့နိုင်သည့် အဆင့်သို့ ရောက်ရှိပါက EU မှ အခြားနိုင်ငံများနည်းတူ အခွန် တစ်ပြေးညီ ပြန်လည်သတ်မှတ် ကောက်ခံသွားမည်ဖြစ်ရာ ရေရှည်တွင် ယှဉ်ပြိုင်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။


လတ်တလော အချိန်တွင် ကြိုးစားမှုအတွက် အထောက်အကူ ဖြစ်နိုင်ရန် EU မှ အခွန်ကင်းလွှတ်ခွင့် ပေးထား ခြင်းဖြစ်ကြောင်း သိရသည်။

 

Leave a comment